သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်လေကြောင်း တိုက်ခိုက်မှုအပေါ် ကုလအကြီးအကဲ စိုးရိမ်


KIA တပ်မဟာ ၉၊ ဖားကန့်ဒေသမှာ တနင်္ဂနွေနေ့ည ဂီတဖျော်ဖြေပွဲကျင်းပနေချိန် မြန်မာစစ်တပ်က လေကြောင်းကတိုက်ခိုက်ခဲ့လို့ ကချင် အနုပညာရှင်တချို့အပါအဝင် အရပ်သားတွေ ဒါဇင်နဲ့ချီ ထိခိုက်သေဆုံးခြင်းအထိမ်းအမှတ်။ (အောက်တိုဘာ ၂၄၊ ၂၀၂၂/Photo Crd: Kachin News Group)
KIA တပ်မဟာ ၉၊ ဖားကန့်ဒေသမှာ တနင်္ဂနွေနေ့ည ဂီတဖျော်ဖြေပွဲကျင်းပနေချိန် မြန်မာစစ်တပ်က လေကြောင်းကတိုက်ခိုက်ခဲ့လို့ ကချင် အနုပညာရှင်တချို့အပါအဝင် အရပ်သားတွေ ဒါဇင်နဲ့ချီ ထိခိုက်သေဆုံးခြင်းအထိမ်းအမှတ်။ (အောက်တိုဘာ ၂၄၊ ၂၀၂၂/Photo Crd: Kachin News Group)

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ လေကြောင်းကနေတိုက်လိုက်ခဲ့တဲ့အတွက် အရပ်သားအများအပြား သေကျေထိခိုက်တဲ့ သတင်းတွေအပေါ် ကုလသမဂ္ဂ အကြီးအကဲ Antonio Guterres အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်ကြောင်း ပြောဆိုလိုက်ကြပါတယ်။

Zawgyi

ဖားကန့်လေကြောင်း တိုက်ခိုက်မှုအပေါ် ကုလအကြီးအကဲ စိုးရိမ်

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ လေကြောင်းကနေတိုက်လိုက်ခဲ့တဲ့အတွက် အရပ်သားအများအပြား သေကျေထိခိုက်တဲ့ သတင်းတွေအပေါ် ကုလသမဂ္ဂ အကြီးအကဲ Antonio Guterres အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်ကြောင်း ပြောဆိုလိုက်ကြပါတယ်။

“ကချင်ပြည်နယ်မှာ လေကြောင်းက တိုက်ခိုက်မှုကြောင့် အရပ်သားအများအပြား ထိခိုက်သေကျေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကို စိစစ်နေတဲ့ တချိန်တည်းမှာပဲ၊ ဒီသတင်းတွေအပေါ် အထူးစိုးရိမ်ကြောင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးနဲ့အတူ အတွင်းရေးမျူးချုပ်က ပြောဆိုလိုက်ပါတယ်။” အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

တနင်္လာနေ့ အစောပိုင်းမှာပဲ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာရုံးက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး အရပ်သားတွေ ထိခိုက်သေကျေတဲ့ တိုက်ခိုက်မှုကို လက်မခံနိုင်ကြောင်း ပြောကြားထားပါတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တနင်္ဂနွေနေ့ညက လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅၀ ထက်မနည်း သေဆုံးပြီး ခန့်မှန်းခြေ ၇၀ လောက် ဒဏ်ရာရကြောင်း ကချင်လက်နက်ကိုင်အဖွဲ့ KIA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး နော်ဘူ ကVOA ကိုပြောဆိုထားပါတယ်။

မြန်မာစစ်ကောင်စီကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးကြောင်း သတင်းဟာ မမှန်ကြောင်း ငြင်းဆိုလိုက်ပြီး၊ KIA တပ်မဟာ ၉ အခြေစိုက်လှုပ်ရှားတဲ့ နယ်မြေက စစ်ဆင်ရေးအတွင်း ကချင်လက်နက်ကိုင်အဖွဲ့ အဆင့်မြင့်တပ်မှူးတချို့နဲ့ PDF အဖွဲ့ဝင်တွေ သေဆုံးခဲ့ကြောင်း တနင်္လာနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂကတော့ အရပ်သားတွေအပေါ် အင်အားအလွန်အကျွံသုံးတဲ့ လုပ်ရပ်ဖြစ်ပုံရတဲ့ တိုက်ခိုက်မှုမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်ဖို့ တိုက်တွန်းခဲ့တာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ဥရောပသမဂ္ဂသံရုံးနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံသံရုံး ၁၆ ခုတို့ကလည်း တနင်္လာနေ့မှာပဲ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပြီး တိုက်ခိုက်မှုဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ အရပ်သားတွေကို အကာအကွယ်ပေးရမည့် တာဝန်ဝတ္တရားကို အလေးမထားကြောင်း ပြသတဲ့ လုပ်ရပ်အဖြစ် ဝေဖန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode






XS
SM
MD
LG