သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၂၀၀၈ ေျခဥ ျပင္မယ္ဆို႐ုံနဲ႔ တိုင္းရင္းသားအေရး မေျပလည္ႏိုင္ (သံုးသပ္သူတခ်ိဳ႕)


 စစ္ေကာင္စီ အႀကီးအကဲနဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔တခ်ဳိ႕ ေနျပည္ေတာ္မွာေတြ႕ဆုံမႈ။

[[ ZAWGYI / UNICODE ]]

၂၀၀၈ ေျခဥျပင္မယ္ဆိုရံုနဲ႔ တိုင္းရင္းသားအေရး မေျပလည္ႏိုင္ (သံုးသပ္သူတခ်ိဳ႕)

တိုင္းရင္းသားေတြရဲ႕ေတာင္းဆိုခ်က္ကို အေကာင္အထည္ေဖၚႏိုင္ဖို႔ ၊ လိုအပ္ရင္ ၂၀၀၈ ဖြဲ႔စည္းပုံ အေျခခံဥပေဒကို ျပင္ဆင္ေရးဆြဲတာ လုပ္သင့္တယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းထဲ စစ္ေကာင္စီ ဥကၠဌက ကတိေပး ေျပာၾကားလိုက္တာဟာ ျမန္မာစစ္တပ္ ရင္ဆိုင္ေနရတဲ့ ျပည္တြင္းစစ္အရွိန္ကို ေလ်ာ့က်သြားေအာင္ လုပ္လိုပုံရေပမယ့္ တိုင္းရင္းသားအေရး ဖယ္ဒရယ္အေရးနဲ႔ ပတ္သက္တဲ့ ျပႆနာေတြကို စစ္ေကာင္စီက ေျဖရွင္းေပးႏိုင္မွာ မဟုတ္ေသးဘူးလို႔ ဥပေဒပညာရွင္ေတြနဲ႔ ႏိုင္ငံေရးအကဲခတ္တခ်ဳိ႕က ျမင္ၾကပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။


ျမန္မာႏိုင္ငံမွာ တိုင္းရင္းသားလူနည္းစုေတြရဲ႕ အခြင့္အေရးကို ထည့္သြင္း စဥ္းစားတဲ့အေနနဲ႔ လႊတ္ေတာ္အလိုက္ သီးျခား ဥပေဒျပဳခြင့္ရွိေအာင္ ဥပေဒမ႑ိဳင္ အတြင္းကေန ျပဳျပင္ေျပာင္းလဲမႈ လုပ္သင့္တဲ့အေၾကာင္း စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က NCA အပစ္ရပ္ (၇)ႏွစ္ျပည့္ျဖစ္တဲ့ ေအာက္တိုဘာ(၁၅)ရက္ေန႔ မိန႔္ခြန္းမွာ ထည့္သြင္း ေျပာဆိုခဲ့တာပါ။

တိုင္းရင္းသား ကိုယ္စားျပဳမႈ အမ်ားစုရွိတဲ့ အမ်ိဳးသားလႊတ္ေတာ္ကေန အဆိုျပဳလိုက္တဲ့ ဥပေဒမူၾကမ္းေတြဟာ ျပည္သူ႔ လႊတ္ေတာ္မွာ သေဘာထားကြဲလြဲမႈေတြ ရွိတတ္ၿပီး၊ ျပည္ေထာင္စုလႊတ္ေတာ္အတြင္း မဲခြဲဆုံးျဖတ္ၾကတဲ့အခါမွာေတာ့ အမ်ားစုျဖစ္တဲ့ ျပည္သူ႔လႊတ္ေတာ္က လႊမ္းမိုး အသာစီးရသြားတာ ရွိတတ္တာေၾကာင့္ လႊတ္ေတာ္အလိုက္ သီးျခားဥပေဒ ျပဳခြင့္ ရွိသင့္ေၾကာင္း၊ အဲဒီအတြက္ ဖြဲ႔စည္းပုံကို ျပင္ဆင္ေရးဆြဲတာေတြ လုပ္သင့္တယ္လို႔လည္း သူက ေျပာခဲ့ပါတယ္။

စစ္ေကာင္စီဥကၠဌအေနနဲ႔ တိုင္းရင္းသားေတြကို အထူးသျဖင့္ လက္နက္ကိုင္တိုင္းရင္းသားအဖြဲ႔ေတြကို ဟိုအရင္တုန္းကနဲ႔ မတူတဲ့ လိုက္ေလ်ာမႈေတြ ခုလို ဘာ့ေၾကာင့္ လုပ္လာတာပါလဲ။ အေမရိကန္ အင္ဒီယားနားျပည္နယ္က ျမန္မာ့အေရး ေလ့လာသူ ေဒါက္တာ ႐ိုဒင္းငါက ခုလို သုံးသပ္ပါတယ္။

“ က်ေနာ္ျမင္တာေတာ့ မင္းေအာင္လႈိင္က အခုက ရန္သူေတြဝိုင္းေနၿပီ၊ NUG ရဲ႕ PDF ေတြကို တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔ႀကီးေတြျဖစ္တဲ့ KNU တို႔ KIA တို႔၊ CNF တို႔ KNPP တို႔ကအစ ေထာက္ပံ့ကူညီေနတယ္။ ဒါ အားလုံးအသိပဲ။ အဲဒီအခ်ိန္မွာ ‘ဝ’တို႔ ဘာတို႔ တျခားလက္နက္ကိုင္ေတြကလည္း စစ္ေကာင္စီကို ေတာ္လွန္ၿပီးေတာ့ PDF နဲ႔ေပါင္းမယ္ NUG နဲ႔ေပါင္းသြားမယ္ ဆိုတာကို ေၾကာက္တယ္ေလ။ အဲဒါ ရန္သူကို ထိုးခဲြတဲ့အေနနဲ႔ ဖဲ့ၿပီးေတာ့စည္း႐ုံးေန တယ္လို႔ က်ေနာ္ျမင္တယ္။ လက္ရွိ သူတို႔ဆုပ္ကိုင္ေနတဲ့ ၂၀၀၈ ဖြဲ႔စည္းပုံ အေျခခံဥပေဒအရလည္း လုံးဝ မျဖစ္ႏိုင္တဲ့ ကိစၥေတြကို သူ႔ဖက္က မက္လုံးေတြ ေပးေနတယ္လို႔ပဲ က်ေနာ္ သုံးသပ္ပါတယ္။”

ဖြဲ႔စည္းပုံ ျပင္ဆင္ေရးကို ေျပာလာ႐ုံတင္မက ၊ UWSA ဝျပည္ေသြးစည္းညီၫြတ္ေရး တပ္ဖြဲ႔က ေျပာလာတဲ့ ‘ဝ’ျပည္နယ္ ေတာင္းဆိုမႈကိုလည္း မူအားျဖင့္ သေဘာတူေၾကာင္း စစ္ေကာင္စီက ကတိေပးထားတာပါ။ စစ္ေကာင္စီဥကၠဌရဲ႕ လိုက္ေလ်ာ ကတိေပးမႈေတြက လက္ေတြ႕က်ပါရဲ႕လား။ ဖြဲ႔စည္းပုံအေျခခံဥပေဒေရးရာ ကၽြမ္းက်င္သူ လူ႔အခြင့္အေရး ေရွ႕ေန ဦးေအာင္ထူးက ခုလို ရွင္းျပပါတယ္။

“ ဒီလိုဗ် ၊ လႊတ္ေတာ္မွာ ဥပေဒျပဌာန္းတယ္ဆိုတဲ့ ကိစၥက မင္းေအာင္လႈိင္ေျပာသလို အလြယ္တကူ လုပ္လို႔ မရဘူးေလ။ အေျခခံက ဘာလဲဆိုေတာ့၊ တိုင္းျပည္က ဘယ္လိုပုံစံနဲ႔ ဖြဲ႔စည္း တည္ေဆာက္မွာလဲဆိုတာ အရင္းခံကစၿပီး စဥ္းစားရမွာ ျဖစ္တယ္။ ဆိုလိုတာက တျပည္ေထာင္စနစ္နဲ႔ သြားမွာလည္း ဖယ္ဒရယ္ျပည္ေထာင္စုလား။ ဖယ္ဒရယ္ ျပည္ေထာင္စုဆိုရင္ ဘယ္လိုဖယ္ဒရယ္ျပည္ေထာင္စုမ်ဳိးလဲဆိုတာကို အရင္သြားရမယ္ေလ။ က်ေနာ္တို႔ တိုင္းျပည္က အေမရိကန္ျပည္ေထာင္စု၊ ၾသစေၾတးလ်၊ ဂ်ာမနီ၊ ဆြစ္ဇာလန္ အစရွိတဲ့ တိုင္းျပည္ေတြလို Coming Together Federalism ကိုသြားရမွာ။ အဲဒါက ဘာလဲဆိုေတာ့ ျပည္ေထာင္စုဖြဲ႔စည္းရာမွာပါတဲ့ ျပည္နယ္ေတြက အေျခခံအားျဖင့္ အခ်ဳပ္အျခာအာဏာ ပိုင္ရမယ္။ အဲဒီေတာ့ Provincial Sovereignty လို႔ေခၚတယ္။ အဲဒီအေျခခံကေန ဖြဲ႔စည္းပုံတခုကို အစအဆုံး ျပန္ေရးရမယ္။ အိႏၵိယတို႔ ဘရာဇီးတို႔လို ရွိထားၿပီးသား တျပည္ေထာင္စနစ္ကေန တျဖည္းျဖည္းခ်င္းသြားတဲ့ ဖယ္ဒရယ္မ်ဳိး မဟုတ္ဘူး။ ဆိုေတာ့ အဲဒါကို မရွင္းေသးပဲနဲ႔ အခုရွိထားၿပီးသား တျပည္ေထာင္စနစ္မွာမွ အျမင့္ဆုံးျဖစ္တဲ့ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံ ဥပေဒေအာက္ကေနမွ လႊတ္ေတာ္ေတြကို လုပ္ပိုင္ခြင့္ ျပဌာန္းေပးမယ္ ဆိုတဲ့ဟာက ၂၀၀၈ ေအာက္မွာ ျဖစ္ကိုမျဖစ္ႏိုင္ဘူး။ ဘာ့ေၾကာင့္လဲဆိုေတာ့ ၂၀၀၈ ဖြဲ႔စည္းပုံ အေျခခံဥပေဒဆိုတာ အင္မတန္တင္းၾကပ္တဲ့ တျပည္ေထာင္စနစ္ ျဖစ္ေနတယ္။”

ကိုဉာဏ္ဝင္းေအာင္။ ။ အဲဒီေတာ့ တိုင္းရင္းသားေတြ လိုလားတဲ့ ဖယ္ဒရယ္ျပည္ေထာင္စုကို စစ္ေကာင္စီက တကယ္ ေပးခ်င္တဲ့စိတ္ ရွိလာၿပီလို႔ ေျပာႏိုင္မလား ခင္ဗ်။

ဦးေအာင္ထူး ။ ။ “တကယ္တမ္းေတာ့ တကယ့္ စစ္မွန္တဲ့ ဖယ္ဒရယ္ကိုေပးဖို႔ မရွိပါဘူး။ အခု အာဏာသိမ္းအၿပီးမွာ NUG ေခါင္းေဆာင္ၿပီးေတာ့မွ PDF ေတြ အားေကာင္းလာၾကတယ္။ ေနာက္တခါ တိုင္းရင္းသား ခုခံစစ္ဆင္ေနတဲ့အဖြဲ႔ ထဲကလည္းပဲ KIO ဦးေဆာင္ၿပီးေတာ့မွ တိုက္တဲ့ တိုက္ပဲြေတြက အေတာ္ကို ထိထိေရာက္ေရာက္ တိုက္ႏိုင္တာ ေတြ႔ရတယ္။ အဲဒီေတာ့ သူ႔ရဲ႕အာဏာကို ၿခိမ္းေျခာက္လာႏိုင္တဲ့ အေျခအေနရွိတယ္။ အဲလိုရွိတဲ့အခါက်ေတာ့ ႐ိုး႐ိုးေလး ေျပာရရင္ ေခ်ာ့တာပဲဗ်။ တကယ္တမ္းက်ေတာ့ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံေအာက္မွာ ဘယ္လိုလုပ္ၿပီးေတာ့ ဝျပည္နယ္တခုထဲ သြားေပးလို႔ မရဘူး။ တဖက္မွာလည္းပဲ UWSA က သိပါတယ္။ သိေသာ္ျငားလည္းပဲ သူတို႔ရဲ႕ ႏိုင္ငံေရး ရပ္တည္ခ်က္က မရွင္းဘူးေလဗ်ာ။ အဲဒီခါက်ေတာ့ က်န္တဲ့အဖြဲ႔ေတြ တိုက္ခ်င္ တိုက္ေနပေလ့ေစ.. ငါတို႔ မတိုက္ရရင္ ၿပီးေရာဆိုတဲ့ပုံစံနဲ႔ ေမွ်ာၿပီး လိုက္ေနတာပဲ။ သူတို႔ ၂ ဖက္လုံးအတြက္က အက်ဳိးရွိခ်င္ရွိမယ္။ ျပည္ေထာင္စု တခုလုံးအတြက္က အက်ဳိး မရွိဘူး။”

စစ္အာဏာ သိမ္းၿပီးေနာက္ သိပ္မၾကာခင္ လပိုင္းထဲမွာပဲ CRPH (ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ)၊ NUG (အမ်ဳိးသားညီၫြတ္ေရးအစိုးရ) နဲ႔ အာဏာသိမ္းမႈကို လက္မခံတဲ့ ျပည္သူလူထုကပါ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒကို ဖ်က္သိမ္းေၾကာင္း ေၾကညာခဲ့ၾကပါတယ္။

စစ္ေကာင္စီကေတာ့ ၂၀၀၈ ဖြဲ႔စည္းပုံေဘာင္အတြင္းကသာ အာဏာကို ထိမ္းယူခဲ့တယ္ ေျပာထားသလို၊ ၂၀၀၈ ေျခဥေပၚ အေျခခံၿပီး လာမယ့္ႏွစ္ထဲ ေရြးေကာက္ပဲြအသစ္လုပ္မယ္လို႔ေတာင္ ေျပာထားပါတယ္။ ဒါေပမဲ့ စစ္ေကာင္စီေျပာေနသလို ၂၀၀၈ ဖြဲ႔စည္းပုံေရာ ၊ NCA အပစ္ရပ္စာခ်ဳပ္ေရာ ပ်က္ျပယ္သြားၿပီလို႔ အေမရိကန္အေနာက္ဖက္ျခမ္း ကယ္လီဖိုးနီးယား ျပည္နယ္မွာေနတဲ့ တိုင္းရင္းသားအေရး ေလ့လာသုံးသပ္သူ ေဒါက္တာ စိုင္းေထြးေမာင္က ျမင္ပါတယ္။

“ သူ စစ္အာဏာသိမ္းၿပီး ကတည္းက ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒ ဆိုတာလည္း မရွိေတာ့ဘူး။ NCA ဆိုတာလည္း မရွိေတာ့ဘူး။ ဒါေၾကာင့္မို႔ ၂၀၀၈ တို႔ NCA တို႔ဆိုတာ ဘာမွ အက်ဳံးမဝင္ေတာ့ဘူးလို႔ က်ေနာ္ျမင္တယ္။ ဖယ္ဒရယ္ အေျခခံစည္းမ်ည္းေတြ မရွိပဲနဲ႔ ဖယ္ဒရယ္ျပည္ေထာင္စု ဖြဲ႔စည္းလို႔ မရဘူး။ ဆိုေတာ့ အဲဒီ ဖယ္ဒရယ္စည္းမ်ည္း ဥပေဒေတြ ေရးဆဲြ အတည္ျပဳဖို႔ဆိုတာကလည္း တကယ္ ျပည္သူလူထုက ေရြးေကာက္တင္ေျမႇာက္ထားတဲ့ အစိုးရကမွ ဖယ္ဒရယ္အေျခခံစည္းမ်ည္းဥပေဒ ေရးဆြဲေရးေကာ္မတီ ကေနၿပီးမွ ေရးဆြဲၿပီး တိုင္းျပဳျပည္ျပဳ အားလုံးကအတည္ျပဳၿပီးမွ ျဖစ္မွာ။ ”

NCA အပစ္ရပ္စာခ်ဳပ္ကို ၂၀၁၅ ခုႏွစ္မွာ (၈)ဖြဲ႔ ၊ ၂၀၁၈ မွာ (၂)ဖြဲ႔ထပ္တိုးၿပီး စုစုေပါင္း(၁၀)ဖြဲ႔နဲ႔ ခ်ဳပ္ဆိုထားေပမဲ့ ၂၀၂၁ ေဖေဖၚဝါရီ စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ NCA စာခ်ဳပ္မွာလက္မွတ္ထိုးခဲ့ၾကတဲ့ KNU ကရင္အမ်ဳိးသားအစည္းအ႐ုံး / CNF ခ်င္းအမ်ဳိးသားတပ္ဦးနဲ႔ ABSDF ဒီမိုကရက္တစ္ေက်ာင္းသားတပ္မေတာ္ တို႔လို အဖြဲ႔ေတြက စစ္ေကာင္စီကို ျပန္လည္ တိုက္ခိုက္ေနၾကၿပီး ၊ ေဒသအလိုက္ေပၚလာတဲ့ PDF တပ္ဖြဲ႔ေတြကလည္း တိုက္ခိုက္ေနၾကတာမို႔ စစ္ေကာင္စီအတြက္ စစ္မ်က္ႏွာေတြ မ်ားေနပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

===================

{{ UNICODE }}

၂၀၀၈ ခြေဥပြင်မယ်ဆိုရုံနဲ့ တိုင်းရင်းသားအရေး မပြေလည်နိုင် (သုံးသပ်သူတချို့)

တိုင်းရင်းသားတွေရဲ့တောင်းဆိုချက်ကို အကောင်အထည်ဖေါ်နိုင်ဖို့ ၊ လိုအပ်ရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲတာ လုပ်သင့်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းထဲ စစ်ကောင်စီ ဥက္ကဌက ကတိပေး ပြောကြားလိုက်တာဟာ မြန်မာစစ်တပ် ရင်ဆိုင်နေရတဲ့ ပြည်တွင်းစစ်အရှိန်ကို လျော့ကျသွားအောင် လုပ်လိုပုံရပေမယ့် တိုင်းရင်းသားအရေး ဖယ်ဒရယ်အရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို စစ်ကောင်စီက ဖြေရှင်းပေးနိုင်မှာ မဟုတ်သေးဘူးလို့ ဥပဒေပညာရှင်တွေနဲ့ နိုင်ငံရေးအကဲခတ်တချို့က မြင်ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။


မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးကို ထည့်သွင်း စဉ်းစားတဲ့အနေနဲ့ လွှတ်တော်အလိုက် သီးခြား ဥပဒေပြုခွင့်ရှိအောင် ဥပဒေမဏ္ဍိုင် အတွင်းကနေ ပြုပြင်ပြောင်းလဲမှု လုပ်သင့်တဲ့အကြောင်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA အပစ်ရပ် (၇)နှစ်ပြည့်ဖြစ်တဲ့ အောက်တိုဘာ(၁၅)ရက်နေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။

တိုင်းရင်းသား ကိုယ်စားပြုမှု အများစုရှိတဲ့ အမျိုးသားလွှတ်တော်ကနေ အဆိုပြုလိုက်တဲ့ ဥပဒေမူကြမ်းတွေဟာ ပြည်သူ့ လွှတ်တော်မှာ သဘောထားကွဲလွဲမှုတွေ ရှိတတ်ပြီး၊ ပြည်ထောင်စုလွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ကြတဲ့အခါမှာတော့ အများစုဖြစ်တဲ့ ပြည်သူ့လွှတ်တော်က လွှမ်းမိုး အသာစီးရသွားတာ ရှိတတ်တာကြောင့် လွှတ်တော်အလိုက် သီးခြားဥပဒေ ပြုခွင့် ရှိသင့်ကြောင်း၊ အဲဒီအတွက် ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲတာတွေ လုပ်သင့်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဌအနေနဲ့ တိုင်းရင်းသားတွေကို အထူးသဖြင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကို ဟိုအရင်တုန်းကနဲ့ မတူတဲ့ လိုက်လျောမှုတွေ ခုလို ဘာ့ကြောင့် လုပ်လာတာပါလဲ။ အမေရိကန် အင်ဒီယားနားပြည်နယ်က မြန်မာ့အရေး လေ့လာသူ ဒေါက်တာ ရိုဒင်းငါက ခုလို သုံးသပ်ပါတယ်။

“ ကျနော်မြင်တာတော့ မင်းအောင်လှိုင်က အခုက ရန်သူတွေဝိုင်းနေပြီ၊ NUG ရဲ့ PDF တွေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးတွေဖြစ်တဲ့ KNU တို့ KIA တို့၊ CNF တို့ KNPP တို့ကအစ ထောက်ပံ့ကူညီနေတယ်။ ဒါ အားလုံးအသိပဲ။ အဲဒီအချိန်မှာ ‘ဝ’တို့ ဘာတို့ တခြားလက်နက်ကိုင်တွေကလည်း စစ်ကောင်စီကို တော်လှန်ပြီးတော့ PDF နဲ့ပေါင်းမယ် NUG နဲ့ပေါင်းသွားမယ် ဆိုတာကို ကြောက်တယ်လေ။ အဲဒါ ရန်သူကို ထိုးခွဲတဲ့အနေနဲ့ ဖဲ့ပြီးတော့စည်းရုံးနေ တယ်လို့ ကျနော်မြင်တယ်။ လက်ရှိ သူတို့ဆုပ်ကိုင်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စတွေကို သူ့ဖက်က မက်လုံးတွေ ပေးနေတယ်လို့ပဲ ကျနော် သုံးသပ်ပါတယ်။”

ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ပြောလာရုံတင်မက ၊ UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့က ပြောလာတဲ့ ‘ဝ’ပြည်နယ် တောင်းဆိုမှုကိုလည်း မူအားဖြင့် သဘောတူကြောင်း စစ်ကောင်စီက ကတိပေးထားတာပါ။ စစ်ကောင်စီဥက္ကဌရဲ့ လိုက်လျော ကတိပေးမှုတွေက လက်တွေ့ကျပါရဲ့လား။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ ကျွမ်းကျင်သူ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးက ခုလို ရှင်းပြပါတယ်။

“ ဒီလိုဗျ ၊ လွှတ်တော်မှာ ဥပဒေပြဌာန်းတယ်ဆိုတဲ့ ကိစ္စက မင်းအောင်လှိုင်ပြောသလို အလွယ်တကူ လုပ်လို့ မရဘူးလေ။ အခြေခံက ဘာလဲဆိုတော့၊ တိုင်းပြည်က ဘယ်လိုပုံစံနဲ့ ဖွဲ့စည်း တည်ဆောက်မှာလဲဆိုတာ အရင်းခံကစပြီး စဉ်းစားရမှာ ဖြစ်တယ်။ ဆိုလိုတာက တပြည်ထောင်စနစ်နဲ့ သွားမှာလည်း ဖယ်ဒရယ်ပြည်ထောင်စုလား။ ဖယ်ဒရယ် ပြည်ထောင်စုဆိုရင် ဘယ်လိုဖယ်ဒရယ်ပြည်ထောင်စုမျိုးလဲဆိုတာကို အရင်သွားရမယ်လေ။ ကျနော်တို့ တိုင်းပြည်က အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ဂျာမနီ၊ ဆွစ်ဇာလန် အစရှိတဲ့ တိုင်းပြည်တွေလို Coming Together Federalism ကိုသွားရမှာ။ အဲဒါက ဘာလဲဆိုတော့ ပြည်ထောင်စုဖွဲ့စည်းရာမှာပါတဲ့ ပြည်နယ်တွေက အခြေခံအားဖြင့် အချုပ်အခြာအာဏာ ပိုင်ရမယ်။ အဲဒီတော့ Provincial Sovereignty လို့ခေါ်တယ်။ အဲဒီအခြေခံကနေ ဖွဲ့စည်းပုံတခုကို အစအဆုံး ပြန်ရေးရမယ်။ အိန္ဒိယတို့ ဘရာဇီးတို့လို ရှိထားပြီးသား တပြည်ထောင်စနစ်ကနေ တဖြည်းဖြည်းချင်းသွားတဲ့ ဖယ်ဒရယ်မျိုး မဟုတ်ဘူး။ ဆိုတော့ အဲဒါကို မရှင်းသေးပဲနဲ့ အခုရှိထားပြီးသား တပြည်ထောင်စနစ်မှာမှ အမြင့်ဆုံးဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်ကနေမှ လွှတ်တော်တွေကို လုပ်ပိုင်ခွင့် ပြဌာန်းပေးမယ် ဆိုတဲ့ဟာက ၂၀၀၈ အောက်မှာ ဖြစ်ကိုမဖြစ်နိုင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ အင်မတန်တင်းကြပ်တဲ့ တပြည်ထောင်စနစ် ဖြစ်နေတယ်။”

ကိုဉာဏ်ဝင်းအောင်။ ။ အဲဒီတော့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို စစ်ကောင်စီက တကယ် ပေးချင်တဲ့စိတ် ရှိလာပြီလို့ ပြောနိုင်မလား ခင်ဗျ။

ဦးအောင်ထူး ။ ။ “တကယ်တမ်းတော့ တကယ့် စစ်မှန်တဲ့ ဖယ်ဒရယ်ကိုပေးဖို့ မရှိပါဘူး။ အခု အာဏာသိမ်းအပြီးမှာ NUG ခေါင်းဆောင်ပြီးတော့မှ PDF တွေ အားကောင်းလာကြတယ်။ နောက်တခါ တိုင်းရင်းသား ခုခံစစ်ဆင်နေတဲ့အဖွဲ့ ထဲကလည်းပဲ KIO ဦးဆောင်ပြီးတော့မှ တိုက်တဲ့ တိုက်ပွဲတွေက အတော်ကို ထိထိရောက်ရောက် တိုက်နိုင်တာ တွေ့ရတယ်။ အဲဒီတော့ သူ့ရဲ့အာဏာကို ခြိမ်းခြောက်လာနိုင်တဲ့ အခြေအနေရှိတယ်။ အဲလိုရှိတဲ့အခါကျတော့ ရိုးရိုးလေး ပြောရရင် ချော့တာပဲဗျ။ တကယ်တမ်းကျတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအောက်မှာ ဘယ်လိုလုပ်ပြီးတော့ ဝပြည်နယ်တခုထဲ သွားပေးလို့ မရဘူး။ တဖက်မှာလည်းပဲ UWSA က သိပါတယ်။ သိသော်ငြားလည်းပဲ သူတို့ရဲ့ နိုင်ငံရေး ရပ်တည်ချက်က မရှင်းဘူးလေဗျာ။ အဲဒီခါကျတော့ ကျန်တဲ့အဖွဲ့တွေ တိုက်ချင် တိုက်နေပလေ့စေ.. ငါတို့ မတိုက်ရရင် ပြီးရောဆိုတဲ့ပုံစံနဲ့ မျှောပြီး လိုက်နေတာပဲ။ သူတို့ ၂ ဖက်လုံးအတွက်က အကျိုးရှိချင်ရှိမယ်။ ပြည်ထောင်စု တခုလုံးအတွက်က အကျိုး မရှိဘူး။”

စစ်အာဏာ သိမ်းပြီးနောက် သိပ်မကြာခင် လပိုင်းထဲမှာပဲ CRPH (ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ)၊ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) နဲ့ အာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်သူလူထုကပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ကြပါတယ်။

စစ်ကောင်စီကတော့ ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်းကသာ အာဏာကို ထိမ်းယူခဲ့တယ် ပြောထားသလို၊ ၂၀၀၈ ခြေဥပေါ် အခြေခံပြီး လာမယ့်နှစ်ထဲ ရွေးကောက်ပွဲအသစ်လုပ်မယ်လို့တောင် ပြောထားပါတယ်။ ဒါပေမဲ့ စစ်ကောင်စီပြောနေသလို ၂၀၀၈ ဖွဲ့စည်းပုံရော ၊ NCA အပစ်ရပ်စာချုပ်ရော ပျက်ပြယ်သွားပြီလို့ အမေရိကန်အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယား ပြည်နယ်မှာနေတဲ့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းထွေးမောင်က မြင်ပါတယ်။

“ သူ စစ်အာဏာသိမ်းပြီး ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာလည်း မရှိတော့ဘူး။ NCA ဆိုတာလည်း မရှိတော့ဘူး။ ဒါကြောင့်မို့ ၂၀၀၈ တို့ NCA တို့ဆိုတာ ဘာမှ အကျုံးမဝင်တော့ဘူးလို့ ကျနော်မြင်တယ်။ ဖယ်ဒရယ် အခြေခံစည်းမျည်းတွေ မရှိပဲနဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းလို့ မရဘူး။ ဆိုတော့ အဲဒီ ဖယ်ဒရယ်စည်းမျည်း ဥပဒေတွေ ရေးဆွဲ အတည်ပြုဖို့ဆိုတာကလည်း တကယ် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကမှ ဖယ်ဒရယ်အခြေခံစည်းမျည်းဥပဒေ ရေးဆွဲရေးကော်မတီ ကနေပြီးမှ ရေးဆွဲပြီး တိုင်းပြုပြည်ပြု အားလုံးကအတည်ပြုပြီးမှ ဖြစ်မှာ။ ”

NCA အပစ်ရပ်စာချုပ်ကို ၂၀၁၅ ခုနှစ်မှာ (၈)ဖွဲ့ ၊ ၂၀၁၈ မှာ (၂)ဖွဲ့ထပ်တိုးပြီး စုစုပေါင်း(၁၀)ဖွဲ့နဲ့ ချုပ်ဆိုထားပေမဲ့ ၂၀၂၁ ဖေဖေါ်ဝါရီ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် NCA စာချုပ်မှာလက်မှတ်ထိုးခဲ့ကြတဲ့ KNU ကရင်အမျိုးသားအစည်းအရုံး / CNF ချင်းအမျိုးသားတပ်ဦးနဲ့ ABSDF ဒီမိုကရက်တစ်ကျောင်းသားတပ်မတော် တို့လို အဖွဲ့တွေက စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်နေကြပြီး ၊ ဒေသအလိုက်ပေါ်လာတဲ့ PDF တပ်ဖွဲ့တွေကလည်း တိုက်ခိုက်နေကြတာမို့ စစ်ကောင်စီအတွက် စစ်မျက်နှာတွေ များနေပါတယ်ခင်ဗျာ။

XS
SM
MD
LG