သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျဖသိမ့္လို႔ မရႏိုင္တဲ့ လက္ယက္ကုန္း စာသင္ေက်ာင္း တိုက္ခိုက္မႈ


A photo of 14-year-old Zin Ko Oo, who was killed during an airstrike on a school in Myanmar. In an interview with VOA, his father said the teenager did not want to go to school “because it was unsafe for students at school, and he feared soldiers would co

ျမန္မာ့ဒီမိုကေရစီေရးရာ အစီအစဥ္ကို တင္ဆက္ဖို႔ အခ်ိန္ေရာက္ပါၿပီ။ စစ္ကိုင္းတိုင္းေဒသႀကီးက လက္ယက္ကုန္း တြဲဖက္အလယ္တန္းစာသင္ေက်ာင္းကို စစ္တပ္က ေလေၾကာင္းကေန တိုက္ခိုက္ခဲ့တာ ေလးလၾကာျမင့္ခဲ့ပါၿပီ။ သားျဖစ္သူ ဇင္ကိုဦးအပါအဝင္ ေက်ာင္းသူေက်ာင္းသား ေျခာက္ေယာက္နဲ႔ စုစုေပါင္း ၁၂ ဦးေသဆုံးခဲ့တဲ့ စစ္ေကာင္စီရဲ႕ တိုက္ခိုက္မႈျဖစ္ရပ္ကို မိဘေတြအေနနဲ႔ ေျဖသိမ့္လို႔ မရႏိုင္ၾကေသးသလို၊ ကမၻာႀကီးအေနနဲ႔ လ်စ္လ်ဴျပဳမထားဖို႔ ဦးေဌးၫြန္႔က ဗြီအိုေအကို ေျပာပါတယ္။ မအင္ၾကင္းႏိုင္ တင္ဆက္မယ့္ ျမန္မာ့ဒီမိုကေရစီေရးရာအစီအစဥ္မွာ အျပည့္အစုံ နားဆင္ၾကရေအာင္ပါ။

စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္ လက္ယက္ကုန္းေက်း႐ြာက တြဲဖက္အလယ္တန္း စာသင္ေက်ာင္းကို စစ္တပ္က ေလေၾကာင္းကေန တိုက္ခိုက္ခဲ့တဲ့ ျဖစ္ရပ္ဟာ ဇန္နဝါရီလ (၁၆)ရက္ေန႔ဆိုရင္ ေလးလျပည့္ခဲ့ပါၿပီ။ ရဟတ္ယာဥ္ေတြေပၚကေန ေက်ာင္းကို တရစပ္ပစ္ခတ္မႈေၾကာင့္ ေသဆုံးခဲ့တဲ့ ေက်ာင္းသူေက်ာင္းသားေတြထဲ (၇) တန္း ေက်ာင္းသား ဇင္ကိုဦးရဲ႕ဖခင္ ဦးေဌးၫြန္႔က ဗြီအိုေအကို အခုလို ရင္ဖြင့္ေျပာၾကားခဲ့ပါတယ္။

"ယူႀကံဳမရ ျဖစ္ရတာက ဘာမွမေကၽြးရ မေမြးလိုက္ရဘဲ၊ တခါတည္းေသသြားတယ္။ သူ႔ရြာမွာလည္း ေသနတ္ေၾကာက္လို႔ မျပဳရဲ၊ ကူးတိုခေလးထည့္ၿပီး ဘာမွမေကၽြးႏိုင္ေတာ့၊ ဆြမ္းေတာ္တင္ အမွ်တမ္းေဝ အေၾကာင္းျပဳၿပီး လွဴလိုက္တယ္။"

ျပင္းထန္လွတဲ့ ဒဏ္ရာဒဏ္ခ်က္ေတြေၾကာင့္ ေရဦးေဆး႐ုံေရာက္ၿပီ ေနာက္တေန႔မွာ ေသဆုံးခဲ့တဲ့ သားျဖစ္သူရဲ႕အေလာင္းကို စစ္တပ္က ျပန္ၿပီး သယ္ခြင့္ မေပးတဲ့အျပင္၊ သူတို႔ဘာသာသူတို႔ သၿဂိဳလ္လိုက္တဲ့အေၾကာင္း ဦးေဌးၫြန္႔က ေျပာျပသြားတာပါ။ ေခတ္ပ်က္ေနခ်ိန္ စစ္တပ္က အခ်ိန္မေ႐ြး ဝင္ေရာက္ပစ္ခတ္ႏိုင္တဲ့ အေျခအေနေၾကာင့္ ေက်ာင္းဆက္မတက္ခ်င္ေၾကာင္း (၇) တန္းေက်ာင္းသား ဖိုးသားေလး (ေခၚ) ဇင္ကိုဦးက ဖခင္ ဦးေဌးၫြန္႔ကို ေျပာျပခဲ့တာပါ။

"က်ေနာ္တုိ႔က တက္ေစခ်င္ေပမယ့္၊ သူက မတက္ခ်င္ဘူး။ မတက္ခ်င္တဲ့အခါၾကေတာ့ -- အဘရာ ေခတ္ပ်က္ေနခ်ိန္မွာ သူတုိ႔လာပစ္ရင္ ေသမယ္ေျပာေတာ့။ ငါ့သားရာ ပညာေရးရိွမွာ လုပ္ကိုင္စားေသာက္ဖုိ႔ .. လူေနမႈအတြက္ ကာယဥာဏ ရိွဖို႔ဆိုေတာ့ မိဘအတြက္ ေငြရွာတာ။"

The belongings left behind by Zin Ko Oo, a 14-year-old who died when his school in Myanmar was attacked.
The belongings left behind by Zin Ko Oo, a 14-year-old who died when his school in Myanmar was attacked.

စက္တင္ဘာလ (၁၆) ရက္ေန႔မွာ စစ္တပ္က ရဟတ္ယာဥ္ ႏွစ္စင္းနဲ႔ ေဝဟင္ကေန တနာရီေက်ာ္ၾကာပစ္ခတ္ခဲ့တဲ့အျပင္ ေျမျပင္ကေနလည္း ေလးဘက္ေလးတန္ပိတ္ၿပီး နာရီေပါင္းမ်ားစြာၾကာေအာင္ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ မ်က္ျမင္ေတြက ဗြီအိုေအကို ေျပာျပၾကပါတယ္။ အသတ္မေသပဲ လြတ္ေျမာက္လာတဲ့ ေက်ာင္းသူ၊ ေက်ာင္းသားေတြရဲ႕ မ်က္ျမင္ေျပာျပခ်က္ေတြအရ ဇင္ကိုဦးကို က်ည္ဆံေတြထိမွန္ခဲ့တဲ့အေျခအေနကိုလည္း ဦးေဌးၫြန္႔က အခုလိုေျပာျပပါတယ္။

"အထက္က သြပ္ေဖာက္။ သြပ္ကေန ေဖာက္ၿပီးေတာ့ ေက်ာင္းၾကမ္းေဖာက္၊ ေက်ာင္းၾကမ္းကေန ကုတင္ေဖာက္တယ္။ သူ႔သားခ်င္းေလး၊ သူ႔တူမေလးေတြကို လက္နဲ႔အုပ္ထားတယ္။ ေခါင္းကိုေနာက္ကမွန္ၿပီး ေျခေထာက္ကိုမွန္တယ္။ အဲဒီေန႔ သူတုိ႔ ေရဦးကို တင္သြားတယ္။ ကေလးေတြကလည္း အသားဖတ္ေတြ အကုန္လႊင့္ၿပီးေတာ့ ကေလးေျခာက္ေယာက္ကလည္း အသားဖတ္ေတြ စင္ကုန္တယ္။ ကေလးေတြအကုန္လံုး တခါတည္းေသတာ။ က်ေနာ့္သားတေယာက္ပဲ ေရဦးေရာက္မွ ေသတာ။ အဲဒီမွာ သူတုိ႔က အေလာင္းကိုလည္း အသယ္မခံဘူး။ ကေလးေတြကိုလည္း အကယ္မခံဘူူး။ တိုင္းရင္းေဆးခန္းအထိကို အကုန္လံုးယူသြားၾကတာ။ တိုင္းရင္းကို က်ေနာ္က လိုက္ၿပီးေတာ့ ဗိုလ္ႀကီးကေန ဖုန္းနံပါတ္ေတြကို လိုက္ၾကည့္တာ။ အေလာင္းလည္း ျမင္ရတယ္။ အဲဒီကေန ေဆးရံုႀကီးကို ရင္ခြဲရံုတင္ၿပီးေတာ့မွ မီးသၿဂိဳလ္တာ။ က်ေနာ့္သားက ေနာက္ရက္ ရွစ္နာရီမတ္တင္းမွ ေသတာ။ ညေန ရွစ္နာရီမွ ေသတာ။ ျပာေတာ့သၿဂိဳလ္ခိုင္းတယ္။ က်ေနာ္က လိပ္ျပာေခၚၿပီးေတာ့ ကူးတိုခ ငါးေထာင္ထည့္ၿပီးေတာ့ သၿဂိဳလ္ခေပးၿပီးေတာ့ ရုပ္ကလာပ္ေလး လိုခ်င္တယ္လို႔ ဆရာဝန္ကို သြားဆက္ေတာ့၊ ဆရာဝန္က စစ္ဗိုလ္အမိန္႔ဆိုေတာ့ မေပးရဲေတာ့ က်ေနာ္ ငိုျပန္လာခဲ့တယ္။ မင္းတို႔ေခတ္ကလည္း အပုပ္ေကာင္ ငုက္ေပ်ာတံုး လက္ပံတံုးေတာင္မွ အယူမခံေတာ့ ရာထူးရာခံေတြ ျပမေနပါနဲ႔။ ဒါေတြက မတရားပါဘူး။ လူလူခ်င္း ရက္စက္လြန္လွပါတယ္ဆိုကာ ငိုျပန္လာခဲ့ရတယ္။"

ေက်ာင္းသားမိဘေတြ ကိုယ္ထူကိုယ္ထဖြင့္လွစ္ထားတဲ့ လက္ယက္ကုန္း တြဲဖက္အလယ္တန္းေက်ာင္းမွာ စာသင္ၾကားေနတဲ့ ေက်ာင္းသူ၊ ေက်ာင္းသားအေရအတြက္ ၃၅၀ ေက်ာ္ေလာက္႐ွိၿပီး ဆရာ၊ ဆရာမေပါင္း ၂၀ ပတ္ဝန္းက်င္ေလာက္႐ွိပါတယ္။

"ကိုယ္ထူကိုယ္ထနဲ႔ က်ေနာ္တို႔လည္း သမီးပ်ဳိလည္း ဆယ္တန္းေအာင္ေတာ့ ဝိုင္းၿပီးေတာ့ ပညာဒါနျပဳၿပီးေတာ့ သင္ၾကတာ။ ကေလးေတြ အတန္းေနာက္က်မွာဆိုလို႔။ အခ်ိန္အတြင္းမွာ ကိုယ္တတ္ထားတာေလးေတြကို ထိန္းသိမ္းသင္ၾကပါစို႔ဆိုၿပီး ရြာကေခါင္းေဆာင္ေတြ အဲဒီလို လုပ္ၾကတာ။ ဒါေပမဲ့ နာမည္မေပါက္ေသးဘူး။"

ဒီေက်ာင္းတိုက္ခိုက္မႈနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ၿပီးခဲ့တဲ့စက္တင္ဘာလ (၂၁) ရက္ေန႔ ေနျပည္ေတာ္မွာျပဳလုပ္တဲ့ သတင္းစာ႐ွင္းလင္းပြဲအတြင္း ေျပာၾကားရာမွာ - အရပ္သားေတြကို တိုက္ခိုက္တာမဟုတ္ဘဲ၊ KIA အမည္ခံ အၾကမ္းဖက္ေသာင္းက်န္သူေတြနဲ႔ ေဒသခံ PDF ေတြကို ျပန္ၿပီးေခ်မႈန္းတာျဖစ္ေၾကာင္း ေျပာသြားပါတယ္။ တကယ္တမ္းျဖစ္စဥ္မွာ ဘယ္အဖြဲ႕နဲ႔မွ အျပန္အလွန္ပစ္ခတ္တာမ႐ွိပဲ စစ္တပ္ဘက္ကပဲ တရစပ္ပစ္ခတ္ခဲ့တဲ့အျပင္ အျခားစစ္ရဟတ္ယာဥ္ေတြနဲ႔ သယ္လာတဲ့ စစ္သားေတြကလည္း ရြာထဲဝင္ၿပီး ပစ္ခတ္ၾကတဲ့အတြက္ ေဘးလြတ္ရာ ေၾကာက္လန္႔တၾကား ထြက္ေျပးပုန္းေအာင္းၾကရတဲ့ အေျခအေနကို ဦးေဌးၫြန္႔က အခုလိုေျပာပါတယ္။

"စစ္တပ္က မီးဗံုးခ်ၿပီး ေတာင္ကေနဝင္တာ၊ အဲဒီေန႔ အကုန္ထြက္ေျပးၾကတာ - ဗိုက္ႀကီးသည္လည္းေျပး၊ ဆိုင္ကယ္တိုက္လို႔ ေသတယ္လူလည္း ရိွတယ္။ အကုန္လံုး ေၾကာက္ၾကရတာ။ အတင္းပိတ္ပစ္တာ။ ရဟတ္ယာဥ္ေတြနဲ႔ ပစ္တာ။"

"ရဟတ္ယာဥ္နဲ႔ သယ္လာၿပီးေတာ့ ရဟတ္ယာဥ္ေပၚကေန ဆင္းလာတဲ့ စစ္သားေတြကလည္း အားလံုးေပါင္း ဘယ္ႏွစ္ေယာက္ေလာက္ ရိွမယ္လို႔ ခန္႔မွန္းမိလဲ။"

"အဲဒါၾကေတာ့ က်ေနာ္က မျမင္ေတာ့ မခန္႔မွန္းတတ္ဘူး။ မေတြ႔ရဘူး။ ေတြ႔ရတဲ့လူေတြလည္း ပစ္သတ္ခံရမွာ။ ေဆးခန္းနဲ႔ က်ေနာ္တို႔အိမ္က သံုးအိမ္ျခားဆိုေပမဲ့ မသြားရဲဘူး။ အိမ္မွာမကပ္ရဲေတာ့ ... ေက်ာင္းထဲ ေနေနရတယ္။ က်ေနာ္တုိ႔ရြာနဲ႔ ... ေက်ာင္းက ႏွစ္ေခၚေလာက္ေဝးတယ္။ မေဝးဘူးဗ်။"

ဒါအျပင္ PDF ေတြ ေက်ာင္းဝင္းထဲမွာ ႐ွိေနတဲ့ သတင္းအရဆိုၿပီး စစ္တပ္က ရဟတ္ယာဥ္ေတြနဲ႔လာၿပီး စက္ေသနတ္ေတြနဲ႔ တရစပ္ပစ္ခတ္ခဲ့တဲ့အျပင္ အျခားစစ္ရဟတ္ယာဥ္ေတြ နဲ႔ သယ္လာတဲ့ စစ္သားေတြကလည္း ႐ြာထဲဝင္ၿပီး ပစ္ခတ္ၾကတဲ့အတြက္ ေဘးလြတ္ရာေၾကာက္လန္႔တၾကားထြက္ေျပးပုန္းေအာင္းၾကတဲ့အေျခအေနကိုလည္း ဦးေဌးၫြန္႔က အခုလိုေျပာပါတယ္။

လက္ယက္ကုန္း ဘုန္းႀကီးေက်ာင္းအနားမွာ႐ွိတဲ့ သူ႔ရဲ႕ေနအိမ္ အျပင္ ဆိုက္ကယ္ျပင္ဆိုင္ဖြင့္ထားတဲ့အတြက္ ႐ွိေနတဲ့ ဆိုင္ကယ္ေတြေရာ၊ ထရပ္ကားကိုပါ မီး႐ိႈ႕သြားခဲ့ေၾကာင္း ဦးေဌးၫြန္႔က ေျပာျပပါတယ္။

"ေဆးခန္းေတာင္ဘက္က အရက္ဆိုင္ ရိွတယ္။ အရက္ဆိုင္ကေတာ့ .... မီးရိွဳ ႔တာေတြ ဆိုးတာက၊ ရွင္းျပစ္ၿပီးယူသြားတာကို လက္ခံတယ္။ က်ေနာ့္ကားကိုလည္း ယူသြားပါ။ မီးရိွဳ ႔ေတာ့ ျပင္လည္းမရ၊ ျပင္လည္းမျပင္ႏိုင္ေပါ့။ အစကဆို ကားေလးေပၚတင္ အကုန္ထြက္ အသံခ်ဲ ႔စက္ေတြတင္။ က်ေနာ္က နိဗၺာန္ေဆာ္ဆိုေတာ့ ... ဗမာအခ်င္းခ်င္း ကိုယ္ကလည္း ဘာမွေျပာတာ မဟုတ္ဘူး။ ကိုယ္ကမႏုိင္ေတာ့ မ်က္ရည္ေတြက်ေနရ။"

စက္တင္ဘာလ (၂၇) ရက္ေန႔က ထုတ္ျပန္တဲ့ IIMM ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရးယႏၲရားအဖြဲ႕ရဲ႕ ေၾကညာခ်က္မွာ - ႏိုင္ငံတကာ စစ္ဥပေဒအရ အရပ္သားေတြေပၚ အလြန္အကြၽံ တိုက္ခိုက္မႈ မလုပ္ႏိုင္ေအာင္ တားျမစ္ထားၿပီး၊ ဒီတားျမစ္ခ်က္ကို က်ဴးလြန္ရင္ စစ္ရာဇဝတ္မႈ ဒါမွမဟုတ္ လူသားထုအေပၚ ရာဇဝတ္က်ဴးလြန္မႈအျဖစ္ အျပစ္ေပးအေရးယူႏိုင္ေၾကာင္း ေဖၚျပထားပါတယ္။ ဒါေၾကာင့္ လက္ယက္ကုန္း စာသင္ေက်ာင္းကို ျမန္မာစစ္တပ္က ေဝဟင္ကေနေရာ၊ ေျမျပင္ကေနပါ တိုက္ခိုက္မႈကို စစ္ရာဇဝတ္က်ဴးလြန္မႈျဖစ္ႏိုင္တဲ့ အေထာက္အထားေတြ စုေဆာင္းေနတယ္လို႔လည္း IIMM က ဆိုပါတယ္။

သားျဖစ္သူ ဇင္ကိုဦးအပါအဝင္ ေက်ာင္းသူေက်ာင္းသားေျခာက္ဦး၊ ႐ြာသူ႐ြာသားေျခာက္ဦးတို႔ပါ ေသဆုံးခဲ့ရတဲ့ စစ္တပ္ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈနဲ႔ ပတ္သက္လို႔ အမွန္တရား ျဖစ္ရပ္မွန္ကို ႏိုင္ငံတကာအဖြဲ႔အစည္းေတြသိေအာင္ ထုတ္ေဖၚေျပာဆိုသြားမွာ ျဖစ္တယ္လို႔လည္း ဦးေဌးၫြန္႔က ဗြီအိုေအကို ေျပာပါတယ္။

"လုပ္ခြင့္ရရင္ေတာ့ အမွန္တရားအတြက္ ဘယ္အဖြဲ႔အစည္းမဆို တင္ျပေပးမယ္။ ကိုယ္က ေတာသူေတာင္သားဆုိေတာ့ လက္လွမ္းမမီေတာ့လည္း ေၾကာက္တာေပါ့။ ဒီလိုေတြ ေတြ႔လည္းမေတြ႔ဘူးပါဘူး။ ဘာသာေရးသမားဆုိေတာ့ ဘုရားပဲဖက္ရတယ္။ အဲဒီေတာ့ ဒီေလာက္ေတာင္မွ လုပ္ရက္ၾကတာလဲ။ ဘယ္သူမွ ေျပာမယ့္လူ မရိွေတာ့ဘူးလား။ ဒီလူတေယာက္တည္းေၾကာင့္ ေသေနၾကတာ။ ဒီလူက ဘာေတြမ်ား လွဴဒါန္းဖူးလို႔လဲ။ ေထာင္ႏွစ္တရာခ်ေတာင္ လူသက္တမ္း ခုႏွစ္ဆယ္၊ ရွစ္ဆယ္ရိွတာ ... ရယ္ရတာေပါ့။ ခ်တဲ့လူကေရာ ႏွစ္တရာအထိ ေနရမလား။"

ျမန္မာစစ္တပ္အေနနဲ႔ စစ္ဘက္ဆိုင္ရာနည္းလမ္း၊ ဥပေဒေတြကို လိုက္နာတာဝန္ယူျခင္းမ႐ွိဘဲ၊ စာသင္ေက်ာင္းတေက်ာင္းအေပၚ အလြန္အကြၽံအင္အားသုံးတိုက္ခိုက္တဲ့ျဖစ္ရပ္ကို ကမၻာႀကီးအေနနဲ႔ ဝိုင္းဝန္းအေရးယူၾကဖို႔လည္း ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢလူ႔အခြင့္အေရး ကိုယ္စားလွယ္ Tom Andrews က ကုလသမဂၢအဖြဲ႔ဝင္ႏိုင္ငံေတြကို ၿပီးခဲ့တဲ့ စက္တင္ဘာလက တိုက္တြန္းထားေၾကာင္းေျပာၾကားရင္းနဲ႔ ဒီအပတ္အစီအစဥ္ကို အဆုံးသတ္ပါရေစ။

ျမန္မာ့ဒီမိုကေရအစီအစဥ္ကို နားဆင္တဲ့အတြက္ ေက်းဇူးတင္ပါတယ္ရွင္။

=== Unicode ===

မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်ကို တင်ဆက်ဖို့ အချိန်ရောက်ပါပြီ။ စစ်ကိုင်းတိုင်းဒေသကြီးက လက်ယက်ကုန်း တွဲဖက်အလယ်တန်းစာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ လေးလကြာမြင့်ခဲ့ပါပြီ။ သားဖြစ်သူ ဇင်ကိုဦးအပါအဝင် ကျောင်းသူကျောင်းသား ခြောက်ယောက်နဲ့ စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့တဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုဖြစ်ရပ်ကို မိဘတွေအနေနဲ့ ဖြေသိမ့်လို့ မရနိုင်ကြသေးသလို၊ ကမ္ဘာကြီးအနေနဲ့ လျစ်လျူပြုမထားဖို့ ဦးဌေးညွန့်က ဗွီအိုအေကို ပြောပါတယ်။ မအင်ကြင်းနိုင် တင်ဆက်မယ့် မြန်မာ့ဒီမိုကရေစီရေးရာအစီအစဉ်မှာ အပြည့်အစုံ နားဆင်ကြရအောင်ပါ။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာက တွဲဖက်အလယ်တန်း စာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ဟာ ဇန်နဝါရီလ (၁၆)ရက်နေ့ဆိုရင် လေးလပြည့်ခဲ့ပါပြီ။ ရဟတ်ယာဉ်တွေပေါ်ကနေ ကျောင်းကို တရစပ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသူကျောင်းသားတွေထဲ (၇) တန်း ကျောင်းသား ဇင်ကိုဦးရဲ့ဖခင် ဦးဌေးညွန့်က ဗွီအိုအေကို အခုလို ရင်ဖွင့်ပြောကြားခဲ့ပါတယ်။

"ယူကြုံမရ ဖြစ်ရတာက ဘာမှမကျွေးရ မမွေးလိုက်ရဘဲ၊ တခါတည်းသေသွားတယ်။ သူ့ရွာမှာလည်း သေနတ်ကြောက်လို့ မပြုရဲ၊ ကူးတိုခလေးထည့်ပြီး ဘာမှမကျွေးနိုင်တော့၊ ဆွမ်းတော်တင် အမျှတမ်းဝေ အကြောင်းပြုပြီး လှူလိုက်တယ်။"

ပြင်းထန်လှတဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် ရေဦးဆေးရုံရောက်ပြီ နောက်တနေ့မှာ သေဆုံးခဲ့တဲ့ သားဖြစ်သူရဲ့အလောင်းကို စစ်တပ်က ပြန်ပြီး သယ်ခွင့် မပေးတဲ့အပြင်၊ သူတို့ဘာသာသူတို့ သဂြိုလ်လိုက်တဲ့အကြောင်း ဦးဌေးညွန့်က ပြောပြသွားတာပါ။ ခေတ်ပျက်နေချိန် စစ်တပ်က အချိန်မရွေး ဝင်ရောက်ပစ်ခတ်နိုင်တဲ့ အခြေအနေကြောင့် ကျောင်းဆက်မတက်ချင်ကြောင်း (၇) တန်းကျောင်းသား ဖိုးသားလေး (ခေါ်) ဇင်ကိုဦးက ဖခင် ဦးဌေးညွန့်ကို ပြောပြခဲ့တာပါ။

"ကျနော်တို့က တက်စေချင်ပေမယ့်၊ သူက မတက်ချင်ဘူး။ မတက်ချင်တဲ့အခါကြတော့ -- အဘရာ ခေတ်ပျက်နေချိန်မှာ သူတို့လာပစ်ရင် သေမယ်ပြောတော့။ ငါ့သားရာ ပညာရေးရှိမှာ လုပ်ကိုင်စားသောက်ဖို့ .. လူနေမှုအတွက် ကာယဉာဏ ရှိဖို့ဆိုတော့ မိဘအတွက် ငွေရှာတာ။"

စက်တင်ဘာလ (၁၆) ရက်နေ့မှာ စစ်တပ်က ရဟတ်ယာဉ် နှစ်စင်းနဲ့ ဝေဟင်ကနေ တနာရီကျော်ကြာပစ်ခတ်ခဲ့တဲ့အပြင် မြေပြင်ကနေလည်း လေးဘက်လေးတန်ပိတ်ပြီး နာရီပေါင်းများစွာကြာအောင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မျက်မြင်တွေက ဗွီအိုအေကို ပြောပြကြပါတယ်။ အသတ်မသေပဲ လွတ်မြောက်လာတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ မျက်မြင်ပြောပြချက်တွေအရ ဇင်ကိုဦးကို ကျည်ဆံတွေထိမှန်ခဲ့တဲ့အခြေအနေကိုလည်း ဦးဌေးညွန့်က အခုလိုပြောပြပါတယ်။

"အထက်က သွပ်ဖောက်။ သွပ်ကနေ ဖောက်ပြီးတော့ ကျောင်းကြမ်းဖောက်၊ ကျောင်းကြမ်းကနေ ကုတင်ဖောက်တယ်။ သူ့သားချင်းလေး၊ သူ့တူမလေးတွေကို လက်နဲ့အုပ်ထားတယ်။ ခေါင်းကိုနောက်ကမှန်ပြီး ခြေထောက်ကိုမှန်တယ်။ အဲဒီနေ့ သူတို့ ရေဦးကို တင်သွားတယ်။ ကလေးတွေကလည်း အသားဖတ်တွေ အကုန်လွှင့်ပြီးတော့ ကလေးခြောက်ယောက်ကလည်း အသားဖတ်တွေ စင်ကုန်တယ်။ ကလေးတွေအကုန်လုံး တခါတည်းသေတာ။ ကျနော့်သားတယောက်ပဲ ရေဦးရောက်မှ သေတာ။ အဲဒီမှာ သူတို့က အလောင်းကိုလည်း အသယ်မခံဘူး။ ကလေးတွေကိုလည်း အကယ်မခံဘူး။ တိုင်းရင်းဆေးခန်းအထိကို အကုန်လုံးယူသွားကြတာ။ တိုင်းရင်းကို ကျနော်က လိုက်ပြီးတော့ ဗိုလ်ကြီးကနေ ဖုန်းနံပါတ်တွေကို လိုက်ကြည့်တာ။ အလောင်းလည်း မြင်ရတယ်။ အဲဒီကနေ ဆေးရုံကြီးကို ရင်ခွဲရုံတင်ပြီးတော့မှ မီးသဂြိုလ်တာ။ ကျနော့်သားက နောက်ရက် ရှစ်နာရီမတ်တင်းမှ သေတာ။ ညနေ ရှစ်နာရီမှ သေတာ။ ပြာတော့သဂြိုလ်ခိုင်းတယ်။ ကျနော်က လိပ်ပြာခေါ်ပြီးတော့ ကူးတိုခ ငါးထောင်ထည့်ပြီးတော့ သဂြိုလ်ခပေးပြီးတော့ ရုပ်ကလာပ်လေး လိုချင်တယ်လို့ ဆရာဝန်ကို သွားဆက်တော့၊ ဆရာဝန်က စစ်ဗိုလ်အမိန့်ဆိုတော့ မပေးရဲတော့ ကျနော် ငိုပြန်လာခဲ့တယ်။ မင်းတို့ခေတ်ကလည်း အပုပ်ကောင် ငုက်ပျောတုံး လက်ပံတုံးတောင်မှ အယူမခံတော့ ရာထူးရာခံတွေ ပြမနေပါနဲ့။ ဒါတွေက မတရားပါဘူး။ လူလူချင်း ရက်စက်လွန်လှပါတယ်ဆိုကာ ငိုပြန်လာခဲ့ရတယ်။"

ကျောင်းသားမိဘတွေ ကိုယ်ထူကိုယ်ထဖွင့်လှစ်ထားတဲ့ လက်ယက်ကုန်း တွဲဖက်အလယ်တန်းကျောင်းမှာ စာသင်ကြားနေတဲ့ ကျောင်းသူ၊ ကျောင်းသားအရေအတွက် ၃၅၀ ကျော်လောက်ရှိပြီး ဆရာ၊ ဆရာမပေါင်း ၂၀ ပတ်ဝန်းကျင်လောက်ရှိပါတယ်။

"ကိုယ်ထူကိုယ်ထနဲ့ ကျနော်တို့လည်း သမီးပျိုလည်း ဆယ်တန်းအောင်တော့ ဝိုင်းပြီးတော့ ပညာဒါနပြုပြီးတော့ သင်ကြတာ။ ကလေးတွေ အတန်းနောက်ကျမှာဆိုလို့။ အချိန်အတွင်းမှာ ကိုယ်တတ်ထားတာလေးတွေကို ထိန်းသိမ်းသင်ကြပါစို့ဆိုပြီး ရွာကခေါင်းဆောင်တွေ အဲဒီလို လုပ်ကြတာ။ ဒါပေမဲ့ နာမည်မပေါက်သေးဘူး။"

ဒီကျောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့စက်တင်ဘာလ (၂၁) ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားရာမှာ - အရပ်သားတွေကို တိုက်ခိုက်တာမဟုတ်ဘဲ၊ KIA အမည်ခံ အကြမ်းဖက်သောင်းကျန်သူတွေနဲ့ ဒေသခံ PDF တွေကို ပြန်ပြီးချေမှုန်းတာဖြစ်ကြောင်း ပြောသွားပါတယ်။ တကယ်တမ်းဖြစ်စဉ်မှာ ဘယ်အဖွဲ့နဲ့မှ အပြန်အလှန်ပစ်ခတ်တာမရှိပဲ စစ်တပ်ဘက်ကပဲ တရစပ်ပစ်ခတ်ခဲ့တဲ့အပြင် အခြားစစ်ရဟတ်ယာဉ်တွေနဲ့ သယ်လာတဲ့ စစ်သားတွေကလည်း ရွာထဲဝင်ပြီး ပစ်ခတ်ကြတဲ့အတွက် ဘေးလွတ်ရာ ကြောက်လန့်တကြား ထွက်ပြေးပုန်းအောင်းကြရတဲ့ အခြေအနေကို ဦးဌေးညွန့်က အခုလိုပြောပါတယ်။

"စစ်တပ်က မီးဗုံးချပြီး တောင်ကနေဝင်တာ၊ အဲဒီနေ့ အကုန်ထွက်ပြေးကြတာ - ဗိုက်ကြီးသည်လည်းပြေး၊ ဆိုင်ကယ်တိုက်လို့ သေတယ်လူလည်း ရှိတယ်။ အကုန်လုံး ကြောက်ကြရတာ။ အတင်းပိတ်ပစ်တာ။ ရဟတ်ယာဉ်တွေနဲ့ ပစ်တာ။"

"ရဟတ်ယာဉ်နဲ့ သယ်လာပြီးတော့ ရဟတ်ယာဉ်ပေါ်ကနေ ဆင်းလာတဲ့ စစ်သားတွေကလည်း အားလုံးပေါင်း ဘယ်နှစ်ယောက်လောက် ရှိမယ်လို့ ခန့်မှန်းမိလဲ။"

"အဲဒါကြတော့ ကျနော်က မမြင်တော့ မခန့်မှန်းတတ်ဘူး။ မတွေ့ရဘူး။ တွေ့ရတဲ့လူတွေလည်း ပစ်သတ်ခံရမှာ။ ဆေးခန်းနဲ့ ကျနော်တို့အိမ်က သုံးအိမ်ခြားဆိုပေမဲ့ မသွားရဲဘူး။ အိမ်မှာမကပ်ရဲတော့ ... ကျောင်းထဲ နေနေရတယ်။ ကျနော်တို့ရွာနဲ့ ... ကျောင်းက နှစ်ခေါ်လောက်ဝေးတယ်။ မဝေးဘူးဗျ။"

ဒါအပြင် PDF တွေ ကျောင်းဝင်းထဲမှာ ရှိနေတဲ့ သတင်းအရဆိုပြီး စစ်တပ်က ရဟတ်ယာဉ်တွေနဲ့လာပြီး စက်သေနတ်တွေနဲ့ တရစပ်ပစ်ခတ်ခဲ့တဲ့အပြင် အခြားစစ်ရဟတ်ယာဉ်တွေ နဲ့ သယ်လာတဲ့ စစ်သားတွေကလည်း ရွာထဲဝင်ပြီး ပစ်ခတ်ကြတဲ့အတွက် ဘေးလွတ်ရာကြောက်လန့်တကြားထွက်ပြေးပုန်းအောင်းကြတဲ့အခြေအနေကိုလည်း ဦးဌေးညွန့်က အခုလိုပြောပါတယ်။

လက်ယက်ကုန်း ဘုန်းကြီးကျောင်းအနားမှာရှိတဲ့ သူ့ရဲ့နေအိမ် အပြင် ဆိုက်ကယ်ပြင်ဆိုင်ဖွင့်ထားတဲ့အတွက် ရှိနေတဲ့ ဆိုင်ကယ်တွေရော၊ ထရပ်ကားကိုပါ မီးရှို့သွားခဲ့ကြောင်း ဦးဌေးညွန့်က ပြောပြပါတယ်။

"ဆေးခန်းတောင်ဘက်က အရက်ဆိုင် ရှိတယ်။ အရက်ဆိုင်ကတော့ .... မီးရှို့တာတွေ ဆိုးတာက၊ ရှင်းပြစ်ပြီးယူသွားတာကို လက်ခံတယ်။ ကျနော့်ကားကိုလည်း ယူသွားပါ။ မီးရှို့တော့ ပြင်လည်းမရ၊ ပြင်လည်းမပြင်နိုင်ပေါ့။ အစကဆို ကားလေးပေါ်တင် အကုန်ထွက် အသံချဲ့စက်တွေတင်။ ကျနော်က နိဗ္ဗာန်ဆော်ဆိုတော့ ... ဗမာအချင်းချင်း ကိုယ်ကလည်း ဘာမှပြောတာ မဟုတ်ဘူး။ ကိုယ်ကမနိုင်တော့ မျက်ရည်တွေကျနေရ။"

စက်တင်ဘာလ (၂၇) ရက်နေ့က ထုတ်ပြန်တဲ့ IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့ရဲ့ ကြေညာချက်မှာ - နိုင်ငံတကာ စစ်ဥပဒေအရ အရပ်သားတွေပေါ် အလွန်အကျွံ တိုက်ခိုက်မှု မလုပ်နိုင်အောင် တားမြစ်ထားပြီး၊ ဒီတားမြစ်ချက်ကို ကျူးလွန်ရင် စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှုအဖြစ် အပြစ်ပေးအရေးယူနိုင်ကြောင်း ဖေါ်ပြထားပါတယ်။ ဒါကြောင့် လက်ယက်ကုန်း စာသင်ကျောင်းကို မြန်မာစစ်တပ်က ဝေဟင်ကနေရော၊ မြေပြင်ကနေပါ တိုက်ခိုက်မှုကို စစ်ရာဇဝတ်ကျူးလွန်မှုဖြစ်နိုင်တဲ့ အထောက်အထားတွေ စုဆောင်းနေတယ်လို့လည်း IIMM က ဆိုပါတယ်။

သားဖြစ်သူ ဇင်ကိုဦးအပါအဝင် ကျောင်းသူကျောင်းသားခြောက်ဦး၊ ရွာသူရွာသားခြောက်ဦးတို့ပါ သေဆုံးခဲ့ရတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အမှန်တရား ဖြစ်ရပ်မှန်ကို နိုင်ငံတကာအဖွဲ့အစည်းတွေသိအောင် ထုတ်ဖေါ်ပြောဆိုသွားမှာ ဖြစ်တယ်လို့လည်း ဦးဌေးညွန့်က ဗွီအိုအေကို ပြောပါတယ်။

"လုပ်ခွင့်ရရင်တော့ အမှန်တရားအတွက် ဘယ်အဖွဲ့အစည်းမဆို တင်ပြပေးမယ်။ ကိုယ်က တောသူတောင်သားဆိုတော့ လက်လှမ်းမမီတော့လည်း ကြောက်တာပေါ့။ ဒီလိုတွေ တွေ့လည်းမတွေ့ဘူးပါဘူး။ ဘာသာရေးသမားဆိုတော့ ဘုရားပဲဖက်ရတယ်။ အဲဒီတော့ ဒီလောက်တောင်မှ လုပ်ရက်ကြတာလဲ။ ဘယ်သူမှ ပြောမယ့်လူ မရှိတော့ဘူးလား။ ဒီလူတယောက်တည်းကြောင့် သေနေကြတာ။ ဒီလူက ဘာတွေများ လှူဒါန်းဖူးလို့လဲ။ ထောင်နှစ်တရာချတောင် လူသက်တမ်း ခုနှစ်ဆယ်၊ ရှစ်ဆယ်ရှိတာ ... ရယ်ရတာပေါ့။ ချတဲ့လူကရော နှစ်တရာအထိ နေရမလား။"

မြန်မာစစ်တပ်အနေနဲ့ စစ်ဘက်ဆိုင်ရာနည်းလမ်း၊ ဥပဒေတွေကို လိုက်နာတာဝန်ယူခြင်းမရှိဘဲ၊ စာသင်ကျောင်းတကျောင်းအပေါ် အလွန်အကျွံအင်အားသုံးတိုက်ခိုက်တဲ့ဖြစ်ရပ်ကို ကမ္ဘာကြီးအနေနဲ့ ဝိုင်းဝန်းအရေးယူကြဖို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် Tom Andrews က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလက တိုက်တွန်းထားကြောင်းပြောကြားရင်းနဲ့ ဒီအပတ်အစီအစဉ်ကို အဆုံးသတ်ပါရစေရှင်။

မြန်မာ့ဒီမိုကရေအစီအစဉ်ကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

XS
SM
MD
LG