ျမန္မာႏိုင္ငံမွာစစ္တပ္က အာဏာသိမ္းထားတာဒီကေန႔ဆိုရင္ ၂ႏွစ္ျပည့္ခဲ့ၿပီလဲျဖစ္ပါတယ္။ ဒီကေန႔မွာပဲ ျမန္မာႏိုင္ငံအတြင္းက ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားမွာ အသံတိတ္သပိတ္ေတြျပဳ လုပ္တာရွိသလို ထိုင္းႏိုင္ငံဘန္ ေကာက္ၿမိဳ႕ေပၚကျမန္မာသံ႐ုံးေရွ႕မွာ ဒီကေန႔မနက္ ၁၀နာရီ ကစၿပီးေတာ့ထိုင္ေရာက္ ျမန္မာေတြ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။ ဒီအေၾကာင္း အျပည့္အစုံကိုေတာ့ ကိုေဇာ္ဝင္းလႈိင္က တင္ျပေပးပါမယ္။
ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းထားတာ ၂ႏွစ္ျပည့္အေနနဲ႔ ျမန္မာႏိုင္ငံအတြင္းမွာ စစ္အုပ္စုကို ဆန႔္က်င္ေၾကာင္း နည္းမ်ိဳးစုံနဲ႔ ဆႏၵထုတ္ေဖာ္ေနၾကတာပါ။ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ ျမန္မာသံ႐ုံးေရွ႕မွာလည္း ဒီကေန႔ မနက္ပိုင္း ၁၀နာရီေလာက္က ေထာင္နဲ႔ခ်ီတဲ့ ထိုင္းေရာက္ျမန္မာေတြ စစ္အုပ္စုကို ဆန႔္က်င္ဆႏၵထုတ္ေဖာ္ခဲ့ၾကတာပါ။
ဒီကေန႔ဆႏၵျပပြဲမွာဦးေဆာင္ပါဝင္တဦးကေတာ့ ဒီမိုကေရစီအတြက္ အခုလို ဆႏၵေဖာ္ထုတ္ရတာျဖစ္ၿပီး အာဏာသိမ္းထားတဲ့ စစ္အုပ္စုကို အဆုံးစြန္ထိ ဆန႔္က်င္သြားမယ္လို႔ေျပာပါတယ္။
“ ထိုင္းႏိုင္ငံမွာရွိတဲ့ ဗမာေတြ ဘယ္ေလာက္ထိ စည္း႐ုံးလဲဆိုတာ အခုေတြ႕တယ္၊ အခုလက္ရွိၾကည့္ ဗမာေတြ ဘယ္ေလာက္ထိ စည္း႐ုံးလဲ၊ ဒီမိုကေရစီကို ဘယ္ေလာက္ထိ လိုလားလဲဆိုတာ လက္ေတြ႕ပဲဗ်ာဒီေန႔။ ေတာ္လွန္ေရးထဲကို ဝင္ကတည္းက အဆုံးထိသြားဖို႔ ကိုယ္ကဝင္ၿပီးသားပဲ အဆုံးအထိကိုသြားမွာ က်ေနာ္တို႔ အစိုးရ NUGက ေျပာထားတယ္ ဒီႏွစ္ေနာက္ဆုံး အစြန္းကုန္တိုက္မယ္၊ ၿပီေတာ့ ဒီမိုကေရစီကို ျပည္သူလက္ထဲမွာအပ္တယ္၊ ၿပီးသြားရင္ ဗမာျပည္ရဲ႕ ေဘးနားက ႏိုင္ငံေတြရဲ႕ ဒီမိုကေရစီကိုပါ အားေပးမွာက်ေနာ္တို႔က”
ဆႏၵထုတ္ေဖာ္ပြဲမွာ ပါဝင္တဲ့ ျမန္မာအမ်ိဳးသမီးတဦးကေတာ့ အာဏာသိမ္းထားသေ႐ြ႕ စစ္အုပ္စုကို ဆန႔္က်င္ေနမွာ ျဖစ္တယ္လို႔ေျပာပါတယ္။
“ ခံစားရတယ္ ခံစားရတာကေတာ့ ေခြးဆြဲတာထက္နာတယ္၊ ေခြးကိုက္တာထက္နာတယ္၊ ဒီေန႔အေမ့ကို ထိန္းထားတာ ၂ႏွစ္ျပည့္ေတာ့ ညီမတို႔ဒီလိုလာျပရတာျဖစ္တယ္၊ ေနာက္ဆက္ထိန္းထားမယ္ဆိုရင္လည္း ညီမတို႔ကေတာ့ ဆႏၵဆက္ျပေနအုံးမွာပဲ”
စစ္အာဏာရွင္စနစ္က်ဆုံးေရးေႂကြးေၾကာ္ခဲ့ၾကသလို ျမန္မာစစ္အုပ္စုနဲ႔ မဆက္ဆံဖို႔ထိုင္း အစိုးရကိုလဲ ေတာင္းဆိုခဲ့ၾကၿပီး ျမန္မာသံ႐ုံးနဲ႔ ကုလသမဂၢအဖြဲ႕ (UN)႐ုံးေရွ႕မွာလဲ စုေဝး ဆႏၵထုတ္ေဖာ္ခဲ့ၾကတာလဲျဖစ္ပါတယ္။
[Unicode]
စစ်အာဏာသိမ်း ၂ နှစ်ပြည့် ထောင်နဲ့ချီတဲ့မြန်မာတွေ ဘန်ကောက်မြို့မှာ ဆန္ဒဖော်ထုတ်
မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းထားတာဒီကနေ့ဆိုရင် ၂နှစ်ပြည့်ခဲ့ပြီလဲဖြစ်ပါတယ်။ ဒီကနေ့မှာပဲ မြန်မာနိုင်ငံအတွင်းက မြို့နယ်တော်တော်များများမှာ အသံတိတ်သပိတ်တွေပြု လုပ်တာရှိသလို ထိုင်းနိုင်ငံဘန် ကောက်မြို့ပေါ်ကမြန်မာသံရုံးရှေ့မှာ ဒီကနေ့မနက် ၁၀နာရီ ကစပြီးတော့ထိုင်ရောက် မြန်မာတွေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၂နှစ်ပြည့်အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ စစ်အုပ်စုကို ဆန့်ကျင်ကြောင်း နည်းမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်နေကြတာပါ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာလည်း ဒီကနေ့ မနက်ပိုင်း ၁၀နာရီလောက်က ထောင်နဲ့ချီတဲ့ ထိုင်းရောက်မြန်မာတွေ စစ်အုပ်စုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ဒီကနေ့ဆန္ဒပြပွဲမှာဦးဆောင်ပါဝင်တဦးကတော့ ဒီမိုကရေစီအတွက် အခုလို ဆန္ဒဖော်ထုတ်ရတာဖြစ်ပြီး အာဏာသိမ်းထားတဲ့ စစ်အုပ်စုကို အဆုံးစွန်ထိ ဆန့်ကျင်သွားမယ်လို့ပြောပါတယ်။
“ ထိုင်းနိုင်ငံမှာရှိတဲ့ ဗမာတွေ ဘယ်လောက်ထိ စည်းရုံးလဲဆိုတာ အခုတွေ့တယ်၊ အခုလက်ရှိကြည့် ဗမာတွေ ဘယ်လောက်ထိ စည်းရုံးလဲ၊ ဒီမိုကရေစီကို ဘယ်လောက်ထိ လိုလားလဲဆိုတာ လက်တွေ့ပဲဗျာဒီနေ့။ တော်လှန်ရေးထဲကို ဝင်ကတည်းက အဆုံးထိသွားဖို့ ကိုယ်ကဝင်ပြီးသားပဲ အဆုံးအထိကိုသွားမှာ ကျနော်တို့ အစိုးရ NUGက ပြောထားတယ် ဒီနှစ်နောက်ဆုံး အစွန်းကုန်တိုက်မယ်၊ ပြီတော့ ဒီမိုကရေစီကို ပြည်သူလက်ထဲမှာအပ်တယ်၊ ပြီးသွားရင် ဗမာပြည်ရဲ့ ဘေးနားက နိုင်ငံတွေရဲ့ ဒီမိုကရေစီကိုပါ အားပေးမှာကျနော်တို့က”
ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်တဲ့ မြန်မာအမျိုးသမီးတဦးကတော့ အာဏာသိမ်းထားသရွေ့ စစ်အုပ်စုကို ဆန့်ကျင်နေမှာ ဖြစ်တယ်လို့ပြောပါတယ်။
“ ခံစားရတယ် ခံစားရတာကတော့ ခွေးဆွဲတာထက်နာတယ်၊ ခွေးကိုက်တာထက်နာတယ်၊ ဒီနေ့အမေ့ကို ထိန်းထားတာ ၂နှစ်ပြည့်တော့ ညီမတို့ဒီလိုလာပြရတာဖြစ်တယ်၊ နောက်ဆက်ထိန်းထားမယ်ဆိုရင်လည်း ညီမတို့ကတော့ ဆန္ဒဆက်ပြနေအုံးမှာပဲ”
စစ်အာဏာရှင်စနစ်ကျဆုံးရေးကြွေးကြော်ခဲ့ကြသလို မြန်မာစစ်အုပ်စုနဲ့ မဆက်ဆံဖို့ထိုင်း အစိုးရကိုလဲ တောင်းဆိုခဲ့ကြပြီး မြန်မာသံရုံးနဲ့ ကုလသမဂ္ဂအဖွဲ့ (UN)ရုံးရှေ့မှာလဲ စုဝေး ဆန္ဒထုတ်ဖော်ခဲ့ကြတာလဲဖြစ်ပါတယ်။