သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်း ၂ နှစ်ပြည့် နိုင်ငံတကာပူးတွဲကြေညာချက်


အသံတိတ်သပိတ်ကြောင့် လူသူခြောက်ကပ်နေတဲ့ ရန်ကုန်မြို့တွင်းတနေရာ (ဖေဖော်ဝါရီ ၁၊ ၂၀၂၃)
အသံတိတ်သပိတ်ကြောင့် လူသူခြောက်ကပ်နေတဲ့ ရန်ကုန်မြို့တွင်းတနေရာ (ဖေဖော်ဝါရီ ၁၊ ၂၀၂၃)

မြန်မာပြည်သူတွေ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး စတဲ့ ကဏ္ဍစုံမှာ ဘေးဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့ရစေတဲ့ စစ်အာဏာသိမ်းမှု ၂ နှစ် အဖြစ်နဲ့ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ သြစတြေးလျ၊ ယူကရိန်း၊ ဆားဘီးယားစတဲ့ နိုင်ငံတွေနဲ့ တခြား နိုင်ငံပေါင်း ၁၂ နိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပစ်ဖို့၊ တရားမဲ့ဖမ်းထားသူတွေကို ချက်ချင်းလွှတ်ပေးဖို့၊ လူသားချင်းစာနာမှု အထောက်ကူတွေ ပေးခွင့်ပြုဖို့၊ လူနည်းစုအဖွဲ့တွေကို အကာကွယ်ပေးဖို့နဲ့ မြန်မာလူထုရဲ့ လူ့အခွင့်ရေးကို လေးစားဖို့တို့အတွက် လုပ်ဆောင်ခွင့်ရစေမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို ၂၀၂၂ တုန်းက ချမှတ်ခဲ့တဲ့အပေါ်မှာ ကြိုဆိုကြောင်း ဒီပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေ ဒီမိုကရေစီအနာဂတ်ကို ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ဖို့ ထောက်ခံအားပေးကြောင်းလည်း ဒီပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးပိုင်းမှာ ချွတ်ခြုံကျမှုတွေ တိုးလာခဲ့ကြောင်း၊ ဒီမိုကရေစီ ပြန်ရရှိရေး၊ ပြည်သူတွေရဲ့ အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့နဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို လွန်ခဲ့တဲ့ ၂ နှစ်တာ ကာလတလျှောက်လုံး ပြည်သူတွေက ဆန့်ကျင်တော်လှန်၊ တောင်းဆိုနေခဲ့ကြကြောင်း၊ အာဏာသိမ်းမှုနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်က အင်အားအဆမတန်သုံး နှိမ်နင်းခဲ့ကြောင်း၊ စစ်တပ်လက်ချက်နဲ့ ဖမ်းဆီးထောင်ချ ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးရတဲ့ အရပ်သားပြည်သူထောင်နဲ့ချီရှိပြီး ဒီထဲမှာ ကလေးငယ်တွေလည်း ပါဝင်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]





ဆက်စပ်သတင်းများ ...

XS
SM
MD
LG