သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းနဲ႔ NUCC ကို PRIO အဖြဲ႔က ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆု ဆန္ကာတင္ ၅ ဦးမွာ ထည့္သြင္း


ကုလဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္း

၂၀၂၃ ခုႏွစ္ ၿငိမ္းခ်မ္းေရးႏိုဘဲလ္ဆုအတြက္ ဆန္ကာတင္ လူပုဂၢဳိလ္နဲ႔ အဖြဲ႔အစည္းအမည္စာရင္း ၅ ခုကို သီးျခားလြတ္လပ္တဲ့ သုေတသနအဖြဲ႔တခုျဖစ္တဲ့ PRIO က ဒီကေန႔ ထုတ္ျပန္တာမွာ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းလည္း ပါ၀င္ပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္ဏာသိမ္းယူလိုက္တာကို သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ရႈတ္ခ် ကန္႔ကြက္ၿပီး အာဏာသိမ္းစစ္အုပ္စုကို ႏိုင္ငံတကာက ေထာက္ခံမႈမေပးဖို႔ အခုခ်ိန္ထိ စည္း႐ုံး ေျပာဆိုေနခဲ့သူျဖစ္ေၾကာင္း၊ အာဏာသိမ္းၿပီးတဲ့အခ်ိန္ကစလို႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းဟာ NUG ၾကားကာလအမ်ဳိးသားညီၫြတ္ေရးအစိုးရကို ကိုယ္စားျပဳၿပီး ကုလသမဂၢမွာ ျမန္မာ့အေရးေတြကို ဆက္လက္ ေဆာင္ရြက္ေပးေနေၾကာင္း၊ သံအမတ္ႀကီးဟာ ႏိုင္ငံတကာက ျမန္မာျပည္သူေတြရဲ႕အသံကို ၾကားသိႏိုင္ေအာင္ ေဆာင္ရြက္ေပးေနသူျဖစ္ေၾကာင္း သူ႔ကို ဘာေၾကာင့္ အခုလို ဆန္ကာတင္ေရြးခ်ယ္ရတယ္ဆိုတဲ့ အေျခခံအေၾကာင္းရင္းနဲ႔ ပတ္သက္လို႔ PRIO အဖြဲ႔က ဒီကေန႔ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းနဲ႔အတူ လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူ အမ်ဳိးသမီး ၂ ဦးျဖစ္တဲ့ အီရန္က Narges Mohammadi နဲ႔ အာဖဂန္နစၥတန္က Mahbouba Seraj ၊ ဌာေနတိုင္းရင္းသားအခြင့္အေရးကိစၥေတြ ေဆာင္ရြက္ေနသူ ဖိလစ္ပိုင္ႏိုင္ငံသူ Victoria Tauli-Corpuz နဲ႔ အီေကြဒါႏိုင္ငံက Juan Carlos Jintiach တို႔ ၂ ဦးကို အသီးသီး ပူးတြဲ တင္သြင္းတာအျပင္၊ ICJ ႏိုင္ငံတကာတရား႐ုံးခ်ဳပ္၊ လူ႔အခြင့္အေရးဆိုင္ရာ အခ်က္အလက္ေတြ စုေဆာင္း၊ သုေတသနျပဳေနတဲ့ Human Rights Data Analysis Group (HRDAG) အဖြဲ႔တို႔ကိုလည္း PRIO အဖြဲ႔က ဇကာတင္စာရင္းမွာ ထည့္သြင္းထားပါတယ္။

ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆုအတြက္ ေရြးခ်ယ္ခံရသူရဲ႕ အမည္စာရင္းကို ေနာ္ေ၀းႏိုင္ငံမွာ အေျခစိုက္တဲ့ ႏိုဘဲလ္ေကာ္မတီက ႏွစ္စဥ္ ေအာက္တိုဘာလမွာ ေၾကညာေလ့ရွိၿပီး ဆုခ်ီးျမႇင့္ပြဲကိုေတာ့ ဒီဇင္ဘာ ၁၀ ရက္ေန႔မွာ က်င္းပေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUCC ကို PRIO အဖွဲ့က နိုဘဲလ်ငြိမ်းချမ်းရေးဆု ဆန်ကာတင် ၅ ဦးမှာ ထည့်သွင်း

၂၀၂၃ ခုနှစ် ငြိမ်းချမ်းရေးနိုဘဲလ်ဆုအတွက် ဆန်ကာတင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအမည်စာရင်း ၅ ခုကို သီးခြားလွတ်လပ်တဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ PRIO က ဒီကနေ့ ထုတ်ပြန်တာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်ဏာသိမ်းယူလိုက်တာကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရှုတ်ချ ကန့်ကွက်ပြီး အာဏာသိမ်းစစ်အုပ်စုကို နိုင်ငံတကာက ထောက်ခံမှုမပေးဖို့ အခုချိန်ထိ စည်းရုံး ပြောဆိုနေခဲ့သူဖြစ်ကြောင်း၊ အာဏာသိမ်းပြီးတဲ့အချိန်ကစလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရကို ကိုယ်စားပြုပြီး ကုလသမဂ္ဂမှာ မြန်မာ့အရေးတွေကို ဆက်လက် ဆောင်ရွက်ပေးနေကြောင်း၊ သံအမတ်ကြီးဟာ နိုင်ငံတကာက မြန်မာပြည်သူတွေရဲ့အသံကို ကြားသိနိုင်အောင် ဆောင်ရွက်ပေးနေသူဖြစ်ကြောင်း သူ့ကို ဘာကြောင့် အခုလို ဆန်ကာတင်ရွေးချယ်ရတယ်ဆိုတဲ့ အခြေခံအကြောင်းရင်းနဲ့ ပတ်သက်လို့ PRIO အဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့အတူ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီး ၂ ဦးဖြစ်တဲ့ အီရန်က Narges Mohammadi နဲ့ အာဖဂန်နစ္စတန်က Mahbouba Seraj ၊ ဌာနေတိုင်းရင်းသားအခွင့်အရေးကိစ္စတွေ ဆောင်ရွက်နေသူ ဖိလစ်ပိုင်နိုင်ငံသူ Victoria Tauli-Corpuz နဲ့ အီကွေဒါနိုင်ငံက Juan Carlos Jintiach တို့ ၂ ဦးကို အသီးသီး ပူးတွဲ တင်သွင်းတာအပြင်၊ ICJ နိုင်ငံတကာတရားရုံးချုပ်၊ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်တွေ စုဆောင်း၊ သုတေသနပြုနေတဲ့ Human Rights Data Analysis Group (HRDAG) အဖွဲ့တို့ကိုလည်း PRIO အဖွဲ့က ဇကာတင်စာရင်းမှာ ထည့်သွင်းထားပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေးဆုအတွက် ရွေးချယ်ခံရသူရဲ့ အမည်စာရင်းကို နော်ဝေးနိုင်ငံမှာ အခြေစိုက်တဲ့ နိုဘဲလ်ကော်မတီက နှစ်စဉ် အောက်တိုဘာလမှာ ကြေညာလေ့ရှိပြီး ဆုချီးမြှင့်ပွဲကိုတော့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျင်းပလေ့ရှိပါတယ်။

XS
SM
MD
LG