သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသတင်းစာဆရာက သူရရှိတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ယူကရိန်းအတွက် လေလံတင်ရောင်း


Russia Media Novaya Gazeta
Russia Media Novaya Gazeta

[[Zawgyi/Unicode]]

ရုရှား သတင်းစာဆရာ Dmitry Muratov က သူ ရရှိခဲ့တဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆု တံဆိပ် ကို ယူကရိန်း ဒုက္ခသည် ကလေးတွေအတွက် ဒီနေ့ တနင်္လာနေ့ မှာ လေလံပစ်ပြီး ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့ (UNICEF) ကို တိုက်ရိုက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ဆုတံဆိပ် ကို လေလံပစ် ဖို့ စိတ်ကူး ဟာ သူ့ ရဲ့ စိတ်ကူးဖြစ်ပြီး၊ ဆုရရှိခဲ့တဲ့ ဒေါ်လာ ၅ သိန်းကိုလည်း လှူဒါန်းဖို့ ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ခုလို လှူဒါန်းတာ ဟာ “ကလေးဒုက္ခသည်တွေ အတွက် အနာဂတ် အခွင့်အလမ်းတစ်ရပ် ကို ပေးဖို့ ဖြစ်ပါတယ်” လို့ သူ က ဆိုပါတယ်။

လေလံ ပစ်ပွဲ ကို နယူးယောက် မြို့တော်မှာ ဒီကနေ့ အမေရိကန် အရှေ့ကမ်း စံတော်ချိန် နေ့လည် မှာ ကျင်းပမှာဖြစ်ပါတယ်။ သူ ဟာ ရုရှားကနေ ကြာသပတေးနေ့ က ထွက်ခွါလာခဲ့ပြီး ဖြစ်ပါတယ်။ အင်တာနက် စာမျက်နှာ ကလည်း လေလံခေါ်ထားခဲ့ပြီး၊ တနင်္လာနေ့ မနက်ပိုင်းအထိ အမြင့်ဆုံး ကမ်းလှမ်းငွေ က အမေရိကန် ဒေါ်လာ ၅ သိန်း ၅ သောင်း ရှိနေပြီ ဖြစ်ပါတယ်။ Heritage Auctions က လေလံပွဲ ကို ဦးစီး ကျင်းပပေးမှာ ဖြစ်ပြီး၊ လေလံရငွေ ကနေ ဘာ အခကြေးငွေကိုမှ မယူဘူး လို့ ပြောပါတယ်။ လေလံဆွဲငွေ ကို ယူနီဆက်ဖ် ကိုလည်း တိုက်ရိုက် ပေးနိုင်တယ်လို့ ကြေညာထားပါတယ်။

Dmitry Muratov ဟာ Novaya Gazeta ရုရှား သတင်းစာ ရဲ့ အယ်ဒီတာချုပ် ဖြစ်ပြီး၊ နိုဘယ် ငြိမ်းချမ်း‌ရေးဆု ကို ဖိလစ်ပိုင် က သတင်းစာဆရာ Maria Ressa နဲ့ ၂၀၂၁ ခုနှစ်မှာ ပူးတွဲ ရရှိခဲ့တာပါ။ သူ ဟာ ခရိုင်းမီးယား ကျွန်းဆွယ် ကို ရုရှား က ၂၀၁၄ ခုနှစ် မှာ သိမ်းပိုက်တာကိုရော၊ ဖေဖော်ဝါရီလ က ယူကရိန်း ကို ကျူးကျော်ခဲ့တာကိုပါ ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။ သူ့ သတင်းစာ ဟာ မတ်လ မှာ အပိတ်ခံခဲ့ရပါတယ်။ ဧပြီလတုန်း က ရုရှား ရထားပေါ် အတက်မှာ ဆေးနီတွေ ပက်ပြီး အတိုက်ခိုက်လည်း ခံခဲ့ရသူပါ။

သည်မတိုင်မီ DNA ရဲ့ ဖွဲ့စည်းတည်ဆောက်ထားပုံ ကို တွေ့ရှိခဲ့လို့ နိုဘယ်ဆုရခဲ့တဲ့ James Watson ဟာ ၂၀၁၄ မှာ သူ့ ရဲ့ ဆုတံဆိပ် ကို လေလံတင် ရောင်းချခဲ့ရာမှာ ဒေါ်လာ ၄.၇၆ သန်း ရရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

==========================

[[Unicode]]







==========================

XS
SM
MD
LG