သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူနည္းစုအခြင့္ေရး ဆိုင္ရာ ျမန္မာမူၾကမ္း ကုလမဲမခြဲပဲ အတည္ျပဳမႈ စစ္ေကာင္စီ ကန္႔ကြက္


ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း (မွတ္တမ္းဓါတ္ပုံ)

(၇၇)ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံမွာ ျမန္မာအၿမဲတမ္း ကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းရဲ ႔ “ျမန္မာႏိုင္ငံရွိ ႐ိုဟင္ဂ်ာ မြတ္ဆလင္မ်ားႏွင့္ အျခားလူနည္းစုမ်ား၏ လူ႔အခြင့္အေရးအေျခအေန”မူၾကမ္းကို မဲမခြဲပဲ သေဘာတူ အတည္ျပဳခဲ့တဲ့အေပၚ စစ္ေကာင္စိီႏုိင္ငံျခားေရးရုံးက ကန္႔ကြက္ခ်က္ထုတ္ျပန္ပါတယ္။

လူနည္းစုအခြင့္ေရး ဆိုင္ရာ ျမန္မာမူၾကမ္း ကုလမဲမခြဲပဲ အတည္ျပဳမႈ စစ္ေကာင္စီ ကန္႔ကြက္

{{Zawgyi/Unicode}}
(၇၇)ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံမွာ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္း ကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းရဲ ႔ “ျမန္မာႏိုင္ငံရွိ ႐ိုဟင္ဂ်ာ မြတ္ဆလင္မ်ားႏွင့္ အျခားလူနည္းစုမ်ား၏ လူ႔အခြင့္အေရးအေျခအေန”မူၾကမ္းကို မဲမခြဲပဲ သေဘာတူ အတည္ျပဳခဲ့တဲ့အေပၚ စစ္ေကာင္စိီႏုိင္ငံျခားေရးရုံးက ကန္႔ကြက္ခ်က္ထုတ္ျပန္ပါတယ္။

ရခုိင္အေရးကိုၾကည့္ရင္ ျမန္မာႏုိင္ငံမွာ တည္ၿငိမ္မႈ ပ်က္ျပားၿပီး ပဋိပကၡျဖစ္ေအာင္ အေနာက္ႏုိင္ငံတခ်ိဳ႔က ဓနအင္အားနဲ႔ မီဒီယာေတြကို အသုံးခ် ဖန္တီးခဲ့တာျဖစ္တယ္လို႔ နုိ၀င္ဘာ ၁၈ ရက္ေန႔ထုတ္ စစ္ေကာင္စီႏုိင္ငံျခားေရးရုံးရဲ ႔ ထုတ္ျပန္ခ်က္မွာေဖာ္ျပပါတယ္။

တတိယေကာ္မတီရဲ ႔ဆုံးျဖတ္ခ်က္ဟာ ျမန္မာနုိင္ငံမွာ ႀကဳံေတြ႔ေနရတဲ့ စိန္ေခၚခ်က္ေတြကို လ်စ္လ ွ်ဴရႈၿပီး ႏုိင္ငံေရး သြတ္သြင္းတဲ့ အဆိုျဖစ္သလို လက္ေတြ႔က်မႈမရွိဘူးလို႔လည္း စြပ္စြဲေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ရခိုင္ျပည္နယ္မွာ ARSA အၾကမ္းဖက္အဖြဲ႔ရဲ႔လက္ခ်က္ေၾကာင့္ ၂၀၁၇ ခုႏွစ္က ေနရပ္စြန္႔ခြါထြက္ေျပးတာေတြ စတင္ခဲ့ရတာျဖစ္သလို ဘဂၤလားေဒ့ရွ္ ေရာက္ ဒုကၡသည္ေတြကို အေသအခ်ာ စီစစ္ၿပီး လက္ခံဖို႔ အသင့္ရွိတယ္လုိ႔ ေၾကညာခ်က္မွာ ေျပာထားေပမယ့္ ရိုဟင္ဂ်ာဆိုတဲ့ အသုံးအနႈန္းကို အသိအမွတ္မျပဳေၾကာင္း ေဖာ္ျပထားပါတယ္။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ကေတာ့ ႐ိုဟင္ဂ်ာ နဲ႔ အျခား လူနည္းစုေတြ အပါအဝင္ ျမန္မာႏိုင္ငံရွိ ျပည္သူတစ္ရပ္လုံးရဲ ႔ လူ႔အခြင့္အေရးကို ကာကြယ္ျမႇင့္တင္ေပးဖို႔၊ သူတို႔ရင္ဆုိင္ေနရတဲ့ ဒုကၡေတြ ဖယ္ရွားေပးႏိုင္ဖို႔နဲ႔ အလားတူ အျဖစ္မ်ိဳး ထပ္မျဖစ္ေအာင္ လူသားထုအေပၚက်ဴးလြန္သည့္ ရာဇဝတ္မႈအား က်ဴးလြန္ေနသည့္ စစ္တပ္ကို အျမန္ဆုံးအျပစ္ေပးအေရးယူၿပီး တာဝန္ခံမႈရွိေအာင္လုပ္ေဆာင္ဖို႔ အေထြေထြညီလာခံ၊ တတိယေကာ္မတီအစည္းအေ၀းမွာ ႏုိ္၀င္ဘာ (၁၆)ရက္ေန႔က ေထာက္ျပခဲ့တာပါ။

ျမန္မာ စစ္တပ္ရဲ႔ ရက္စက္ၾကမ္းၾကဳတ္တဲ့လုပ္ရပ္ေတြရပ္တန္႔ေရး၊ စစ္အာဏာရွင္စနစ္ အၿပီးတိုင္ ခ်ဳပ္ၿငိမ္းေရးနဲ႔ ျမန္မာျပည္သူမ်ားအတြက္ ဒီမိုကေရစီစနစ္ ျပန္လည္ေပၚထြန္းလာေစေရး ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြက တိက်ခိုင္မာျပတ္သားသည့္ ဆုံးျဖတ္ခ်က္မ်ား ခ်မွတ္ေပးဖို႔လည္း ဦးေက်ာ္မိုးထြန္းက တင္ျပေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.............................................

လူနည်းစုအခွင့်ရေး ဆိုင်ရာ မြန်မာမူကြမ်း ကုလမဲမခွဲပဲ အတည်ပြုမှု စစ်ကောင်စီ ကန့်ကွက်

{{Zawgyi/Unicode}}
(၇၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ”မူကြမ်းကို မဲမခွဲပဲ သဘောတူ အတည်ပြုခဲ့တဲ့အပေါ် စစ်ကောင်စီနိုင်ငံခြားရေးရုံးက ကန့်ကွက်ချက်ထုတ်ပြန်ပါတယ်။

ရခိုင်အရေးကိုကြည့်ရင် မြန်မာနိုင်ငံမှာ တည်ငြိမ်မှု ပျက်ပြားပြီး ပဋိပက္ခဖြစ်အောင် အနောက်နိုင်ငံတချို့က ဓနအင်အားနဲ့ မီဒီယာတွေကို အသုံးချ ဖန်တီးခဲ့တာဖြစ်တယ်လို့ နိုဝင်ဘာ ၁၈ ရက်နေ့ထုတ် စစ်ကောင်စီနိုင်ငံခြားရေးရုံးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

တတိယကော်မတီရဲ့ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်ချက်တွေကို လျစ်လ ျှူရှုပြီး နိုင်ငံရေး သွတ်သွင်းတဲ့ အဆိုဖြစ်သလို လက်တွေ့ကျမှုမရှိဘူးလို့လည်း စွပ်စွဲဖော်ပြထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့လက်ချက်ကြောင့် ၂၀၁၇ ခုနှစ်က နေရပ်စွန့်ခွါထွက်ပြေးတာတွေ စတင်ခဲ့ရတာဖြစ်သလို ဘင်္ဂလားဒေ့ရှ် ရောက် ဒုက္ခသည်တွေကို အသေအချာ စီစစ်ပြီး လက်ခံဖို့ အသင့်ရှိတယ်လို့ ကြေညာချက်မှာ ပြောထားပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်မပြုကြောင်း ဖော်ပြထားပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း ကတော့ ရိုဟင်ဂျာ နဲ့ အခြား လူနည်းစုတွေ အပါအဝင် မြန်မာနိုင်ငံရှိ ပြည်သူတစ်ရပ်လုံးရဲ့ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးဖို့၊ သူတို့ရင်ဆိုင်နေရတဲ့ ဒုက္ခတွေ ဖယ်ရှားပေးနိုင်ဖို့နဲ့ အလားတူ အဖြစ်မျိုး ထပ်မဖြစ်အောင် လူသားထုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုအား ကျူးလွန်နေသည့် စစ်တပ်ကို အမြန်ဆုံးအပြစ်ပေးအရေးယူပြီး တာဝန်ခံမှုရှိအောင်လုပ်ဆောင်ဖို့ အထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးမှာ နိုဝင်ဘာ (၁၆)ရက်နေ့က ထောက်ပြခဲ့တာပါ။

မြန်မာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေရပ်တန့်ရေး၊ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ မြန်မာပြည်သူများအတွက် ဒီမိုကရေစီစနစ် ပြန်လည်ပေါ်ထွန်းလာစေရေး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက တိကျခိုင်မာပြတ်သားသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးဖို့လည်း ဦးကျော်မိုးထွန်းက တင်ပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG