သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီရဲ့အကြမ်းဖက်မှု ကုလအကြီးအကဲဆီ ဦးကျော်မိုးထွန်း အစီရင်ခံ


ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံမှာ အရပ်သား ပြည်သူတွေအပေါ် အာဏာသိမ်း စစ်ကောင်စီ က အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antoni Guterres ထံကို အစီရင်ခံစာ တဆောင်ပေးပို့ခဲ့ပြီး၊ တိုးမြှင့်လုပ်ဆောင်ဖို့တောင်းဆိုလိုက်ပါတယ်။  

စစ်ကောင်စီရဲ့အကြမ်းဖက်မှု ကုလအကြီးအကဲဆီ ဦးကျော်မိုးထွန်း အစီရင်ခံ

{{Zawgyi/Unicode}}

ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံမှာ အရပ်သား ပြည်သူတွေအပေါ် အာဏာသိမ်း စစ်ကောင်စီ က အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antoni Guterres ထံကို ဒီဇင်ဘာလ ၁ ရက်နေ့ရက်စွဲနဲ့ အစီရင်ခံစာ တဆောင်ပေးပို့ခဲ့ပြီး၊ စစ်ကောင်စီအပေါ်ပိတ်ဆို့ အရေးယူမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ် ဇူလိုင်လကနေ အောက်တိုဘာအတွင်း စစ်ကောင်စီက လေကြောင်းကနေ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို Rain of Terror “အကြမ်းဖက်မိုးရွာသွန်းခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ NUG အမျိုးသား ညီညွတ်ရေး အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာကို အခြေခံပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း က ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ထံ အစီရင်ခံတင်ပြခဲ့တာ ဖြစ်ပါတယ်။

သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ အစီရင်ခံစာထဲမှာ အာဏာသိမ်း စစ်ကောင်စီကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ လက်နက်တင်ပိုမှု ပိတ်ပင်ရေး ချမှတ်ဖို့ အပါအဝင် ပိတ်ဆို့အရေးယူရေးတွေ လုပ်ဖို့နဲ့ အာဆီယံရဲ့ အရေးပေါ် လူသားခြင်း စာနာမှုဆိုင်ရာ အကူအညီတွေ နယ်စပ်ဖြတ်ကျော်ပေးပို့နိုင်ရေးကို ထောက်ခံကူညီဖို့ စတာတွေ အပါအဝင် ကုလသမဂ္ဂက လုပ်ဆောင်ပေးဖို့ အချက် ၇ ချက်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်း က ကုလ သမဂ္ဂအတွင်းရေမှုးချုပ် ထံ တင်ပြထားပါတယ်။ ဒီအစီရင်ခံစာကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ သဘာပတိထံကိုလည်းပေးပို့ ထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်တော့ တစုံတရာ ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပါဘူး။

စစ်ကောင်စီရဲ့အကြမ်းဖက်မှု ကုလအကြီးအကဲဆီ ဦးကျော်မိုးထွန်း အစီရင်ခံ
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}





XS
SM
MD
LG