သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ျမန္မာျပည္သူေတြကို အကူအညီေပးဖို႔ ကုလမွာ ဦးေက်ာ္မိုးထြန္ တင္ျပ


Permanent Representative of Myanmar U Kyaw Moe Htun (Credit - Ministry of Foreign Affairs Myanmar)

ျမန္မာျပည္သူေတြရဲ႕ အကူညီေတာင္းဆိုမႈကို ကမာၻက လွ်စ္လ်ဴမရႈၾကဖို႔ စက္တင္ဘာလ ၃၀ ေသာၾကာေန႔ ကုလသမဂၢရံုးခ်ဳပ္မွာ က်င္းပတဲ့ ၇၇ ႀကိမ္ေျမာက္ အေထြေထြညီလာခံ တတိယေကာ္မတီ အစည္းေဝးမွာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ေတာင္းဆိုလိုက္ပါတယ္။ 

ျမန္မာျပည္သူေတြကို အကူအညီေပးဖို႔ ကုလမွာ ဦးေက်ာ္မိုးထြန္ တင္ျပ

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းခဲ့တဲ့အတြက္ ၾကံဳလာရတဲ့ လူသားစာနာမႈ ျပႆနာေတြကို ျပင္းျပင္းထန္ထန္ခံစားေနၾကရသလို လက္ရွိမွာ စစ္တပ္ရဲ႕ ရက္စက္တဲ့ ေျခမႈန္းမႈ ခံေနရတဲ့ ျမန္မာျပည္သူေတြရဲ႕ အကူညီေတာင္းဆိုမႈကို ကမာၻက လွ်စ္လ်ဴမရႈၾကဖို႔ စက္တင္ဘာလ ၃၀ ေသာၾကာေန႔ ကုလသမဂၢရံုးခ်ဳပ္မွာ က်င္းပတဲ့ ၇၇ ႀကိမ္ေျမာက္ အေထြေထြညီလာခံ တတိယေကာ္မတီ အစည္းေဝးမွာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ေတာင္းဆိုလိုက္ပါတယ္။

“ျမန္မာႏိုင္ငံရဲ႕ အေျခေနဟာ တေန႔ထက္တေန႔ ပိုၿပီးဆိုးလာေနပါတယ္။ ျမန္မာစစ္တပ္က ႏိုင္ငံတလႊား လက္နက္ႀကီးေတြသံုးၿပီး ရက္ရက္စက္စက္ တိုက္ခိုက္မႈေတြ၊ ေလေၾကာင္းတိုက္ခိုက္မႈ တိုးၿပီးလုပ္ေနပါတယ္။ ျမန္မာစစ္တပ္ရဲ႕ လူမဆန္တဲ့ အဆိုးဝါးဆံုး ရက္စက္မႈေတြကို ကမာၻကလည္း ထပ္တလဲလဲ ျမင္ခဲ့ရၿပီးပါၿပီ။ ဒါေၾကာင့္ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ျမန္မာျပည္သူေတြ ျပင္းျပင္းထန္ထန္ အကူအညီေတာင္းေနတာကို ဆက္ၿပီး လွ်စ္လ်ဴရႈမေနသင့္ပါဘူး။” လို႔ ေျပာသြားတာပါ။

လတ္တေလာမွာပဲ စက္တင္ဘာ ၁၆ ရက္တုန္းက စစ္ကိုင္းတိုင္း လက္ယက္ကုန္းရြာ စာသင္ေက်ာင္းကို စစ္ေကာင္စီရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ကေလးငယ္ ၇ ဦးအပါအဝင္ ေဒသခံ ၁၃ ဦးေသဆံုးခဲ့ရ တယ္လို႔လည္း ေျပာပါတယ္။

စစ္တပ္က အာဏာသိမ္းတာ ၁၉ လ ရွိလာၿပီျဖစ္ၿပီး အခုဆို ကေလးငယ္ ၃၈၀ အပါအဝင္ အသတ္ခံရသူ ၂၃၀၀ ေက်ာ္ရွိေနသလို ေဒသခံေတြကို အာဏာပိုင္ေတြက ဖမ္းဆီးတာ ေထာင္ခ်တာနဲ႔ ေနအိမ္မီးရႈိ႕တာေတြ က်ဴးလြန္ေနၿပီး အဖ်က္ဆီးခံရတဲ့ ေနအိမ္အလံုးေပါင္းက ၂၈ ၀၀၀ ေက်ာ္ရွိေနတယ္လို႔လည္း ကုလသမဂၢကို တင္ျပခဲ့တာပါ။ စစ္ေကာင္စီကေတာ့ ေနအိမ္ေတြကို စစ္တပ္က မီးမရႈိ႕ဘူးလို႔ ျငင္းဆိုထားပါတယ္။

အခုဆို ျမန္မာႏိုင္ငံမွာ အိုးအိမ္စြန္႔ခြါ ထြက္ေျပးရတဲ့ ေဒသခံ ၁.၃ သန္းေက်ာ္ရွိေနသလို လူသားစာနာမႈ အကူညီလိုအပ္ေနသူက ၁၄ သန္းေက်ာ္ေနၿပီျဖစ္ၿပီး ျမန္မာျပည္သူေတြ ရင္ဆိုင္ေနရတဲ့ အေျခေနက တေန႔တျခားပိုဆိုးလာေနတာေၾကာင့္ ျမန္မာျပည္သူကို အကာကြယ္ေပးမယ့္ ဘယ္လုပ္ေဆာင္မႈ မ်ိဳးကိုမဆို ကုလသမဂၢအပါအဝင္ ကမာၻ႔ႏိုင္ငံေတြက ခ်က္ခ်င္း အေရးယူ ေဆာင္ရြက္ေပးၾကဖို႔လည္း သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းက တင္ျပခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............................................

မြန်မာပြည်သူတွေကို အကူအညီပေးဖို့ ကုလမှာ ဦးကျော်မိုးထွန် တင်ပြ

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့အတွက် ကြုံလာရတဲ့ လူသားစာနာမှု ပြဿနာတွေကို ပြင်းပြင်းထန်ထန်ခံစားနေကြရသလို လက်ရှိမှာ စစ်တပ်ရဲ့ ရက်စက်တဲ့ ခြေမှုန်းမှု ခံနေရတဲ့ မြန်မာပြည်သူတွေရဲ့ အကူညီတောင်းဆိုမှုကို ကမ္ဘာက လျှစ်လျူမရှုကြဖို့ စက်တင်ဘာလ ၃၀ သောကြာနေ့ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ ၇၇ ကြိမ်မြောက် အထွေထွေညီလာခံ တတိယကော်မတီ အစည်းဝေးမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံရဲ့ အခြေနေဟာ တနေ့ထက်တနေ့ ပိုပြီးဆိုးလာနေပါတယ်။ မြန်မာစစ်တပ်က နိုင်ငံတလွှား လက်နက်ကြီးတွေသုံးပြီး ရက်ရက်စက်စက် တိုက်ခိုက်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှု တိုးပြီးလုပ်နေပါတယ်။ မြန်မာစစ်တပ်ရဲ့ လူမဆန်တဲ့ အဆိုးဝါးဆုံး ရက်စက်မှုတွေကို ကမ္ဘာကလည်း ထပ်တလဲလဲ မြင်ခဲ့ရပြီးပါပြီ။ ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတွေ ပြင်းပြင်းထန်ထန် အကူအညီတောင်းနေတာကို ဆက်ပြီး လျှစ်လျူရှုမနေသင့်ပါဘူး။” လို့ ပြောသွားတာပါ။

လတ်တလောမှာပဲ စက်တင်ဘာ ၁၆ ရက်တုန်းက စစ်ကိုင်းတိုင်း လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၇ ဦးအပါအဝင် ဒေသခံ ၁၃ ဦးသေဆုံးခဲ့ရ တယ်လို့လည်း ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းတာ ၁၉ လ ရှိလာပြီဖြစ်ပြီး အခုဆို ကလေးငယ် ၃၈၀ အပါအဝင် အသတ်ခံရသူ ၂၃၀၀ ကျော်ရှိနေသလို ဒေသခံတွေကို အာဏာပိုင်တွေက ဖမ်းဆီးတာ ထောင်ချတာနဲ့ နေအိမ်မီးရှို့တာတွေ ကျူးလွန်နေပြီး အဖျက်ဆီးခံရတဲ့ နေအိမ်အလုံးပေါင်းက ၂၈ ၀၀၀ ကျော်ရှိနေတယ်လို့လည်း ကုလသမဂ္ဂကို တင်ပြခဲ့တာပါ။ စစ်ကောင်စီကတော့ နေအိမ်တွေကို စစ်တပ်က မီးမရှို့ဘူးလို့ ငြင်းဆိုထားပါတယ်။

အခုဆို မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွါ ထွက်ပြေးရတဲ့ ဒေသခံ ၁.၃ သန်းကျော်ရှိနေသလို လူသားစာနာမှု အကူညီလိုအပ်နေသူက ၁၄ သန်းကျော်နေပြီဖြစ်ပြီး မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေနေက တနေ့တခြားပိုဆိုးလာနေတာကြောင့် မြန်မာပြည်သူကို အကာကွယ်ပေးမယ့် ဘယ်လုပ်ဆောင်မှု မျိုးကိုမဆို ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံတွေက ချက်ချင်း အရေးယူ ဆောင်ရွက်ပေးကြဖို့လည်း သံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြခဲ့ပါတယ်။

XS
SM
MD
LG