သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

IIMM ရရွိထားတဲ႔ ျမန္မာ အေထာက္အထား လံုျခံဳေရးေကာင္စီ တင္ျပဖို႔ ဦးေက်ာ္မိုးထြန္း တိုက္တြန္း


Permanent Representative of Myanmar U Kyaw Moe Htun (Credit - Ministry of Foreign Affairs Myanmar) (မွတ္တမ္းဓါတ္ပုံ)

ကုလသမဂၢ လူ႔အခြင့္ေရးေကာင္စီ အေနနဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္တဲ့ စံုစမ္းစစ္ေဆးေရးယႏၲရား IIMM ကရထားတဲ့ သက္ေသ အေထာက္ထားေတြကို အျမန္အသံုးျပဳဖို႔ နည္းလမ္းရွာသင့္ၿပီလို႔ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္း ကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက တိုက္တြန္းလိုက္ ပါတယ္။ 

IIMM ရရွိထားတဲ႔ ျမန္မာ အေထာက္အထား လံုျခံဳေရးေကာင္စီ တင္ျပဖို႔ ဦးေက်ာ္မိုးထြန္း တိုက္တြန္း

{{Zawgyi/Unicode}}
ကုလသမဂၢ လူ႔အခြင့္ေရးေကာင္စီ အေနနဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္တဲ့စံုစမ္းစစ္ေဆးေရးယႏၲရား IIMM ကရထားတဲ့ သက္ေသအေထာက္ထားေတြကို အျမန္အသံုးျပဳဖို႔ အခ်ိန္ေရာက္ေနၿပီျဖစ္ၿပီး ဒါကိုလံုျခံဳေရးေကာင္စီကို တင္ျပဖို႔ နည္းလမ္းရွာသင့္ၿပီလို႔ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ၇၇ ႀကိမ္ေျမာက္ ကုလအေထြေထြညီလာခံ တတိယေကာ္မတီမွာ ႏိုဝင္ဘာ ၂ ရက္ က တိုက္တြန္းလိုက္ ပါတယ္။

တတိယေကာ္မတီမွာ လူ႔အခြင့္ေရးေကာင္စီရဲ႕ အစီရင္ခံစာနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးခဲ့တာပါ။ ဒီအစီရင္ခံစာမွာ ျမန္မာနဲ႔ပတ္သက္တဲ့ အဆိုမူၾကမ္း ၂ ခု ပါဝင္ၿပီး မႏွစ္ကေဖေဖၚဝါရီ ၁ ရက္စစ္တပ္အာဏာသိမ္းတာအတြက္ ကန္႔ကြက္တဲ့ မူၾကမ္းကို ဒီႏွစ္ ဇန္နဝါရီမွာ အတည္ျပဳေပးခဲ့သလို ျမန္မာစစ္တပ္နဲ႔လံုျခံဳေရးေတြရဲ႕ ႐ိုဟင္ဂ်ာနဲ႔ တျခားလူနည္းစုေတြအေပၚ က်ဴးလြန္မႈကို ကန္႔ကြက္တဲ့ မူၾကမ္းကို ေတာ့ ဒီႏွစ္ ဇူလိုင္လမွာ အတည္ျပဳခဲ႔ ၾကတာျဖစ္ပါတယ္။ ၂ ခုစလံုးကို မဲမခဲြပဲ အတည္ျပဳခဲ႔တာျဖစ္တယ္လို႔ ဦးေက်ာ္မိုးထြြန္းက ဆိုပါတယ္။

စစ္တပ္အာဏာသိမ္းထားတာ ၂၁ လရွိလာၿပီျဖစ္တဲ့ ျမန္မာႏိုင္ငံမွာ ျပည္သူေတြဟာ ဆိုးဝါးတဲ့ လူ႔အခြင့္ေရးခ်ိဳးေဖါက္မႈေတြ ခံေနရၿပီး စစ္တပ္က ႏိုင္ငံေရးအက်ဥ္းသားေတြကို ေသဒဏ္ေပးတာ၊ မတရားဖမ္းဆီးတာ မိသားစုဝင္ေတြကိုပါ ဓါးစာခံအျဖစ္ဖမ္းဆီးေနဆဲ အျပင္ မၾကာခင္ကပဲ လက္ယက္ကုန္းက စာသင္ေက်ာင္းနဲ႔ ကခ်င္ျပည္နယ္ အနန္႔ပါ က ဂီတေဖ်ာ္ေျဖပြဲကို ေလေၾကာင္း တိုက္ခိုက္တာ အပါအဝင္ စစ္တပ္ဟာ စစ္ရာဇဝတ္မႈေတြ ဆက္လက္က်ဴးလြန္ေနတယ္လို႔ သံအမတ္ႀကီးက တင္ျပခဲ့တာပါ။

အခုလို က်ဴးလြန္မႈေတြ အတြက္ IIMM က သန္းနဲ႔ခ်ီတဲ့ အေထာက္ထားေတြရထားတာ ျဖစ္ၿပီး အခုအခ်ိန္ဟာ ဒီအေထာက္အထားေတြကို ထိေရာက္တဲ့ အေရးယူေဆာင္ရြက္မႈေတြ အျဖစ္ ေျပာင္းလဲလုပ္ေဆာင္ရမယ့္ အခ်ိန္ျဖစ္ေၾကာင္းလည္း ေထာက္ျပခဲ့ပါတယ္။ ျမန္မာျပည္သူေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္ေတြကို ကယ္တင္ေပးဖို႔အတြက္ အခ်ိန္ဟာ သိပ္အေရးႀကီးေနၿပီ ျဖစ္တဲ့တြက္ လူ႔အခြင့္ေရးေကာင္စီအေနနဲ႔ ဒီအေထာက္အထားေတြကို လံုျခံဳေရးေကာင္စီကို တင္ျပႏိုင္မယ္႔ နည္းလမ္းရွာဖို႔ လည္း သံအမတ္ႀကီးက ေတာင္းဆိုခဲ့ပါတယ္။ ဒါမွာ လံုျခံဳေရးေကာင္စီကေန ျမန္မာ့အေရးကိစၥကို ႏိုင္ငံတကာရာဇဝတ္ခံုရံုးကို လႊဲေပးႏိုင္မွာ ျဖစ္သလို ျမန္မာျပည္သူေတြကို အကာကြယ္ေပးႏိုင္မွာ ျဖစ္ေၾကာင္းလည္း တင္ျပခဲ့တာ ျဖစ္ပါတယ္။ အခုလို တတိယေကာ္မတီမွာ ျမန္မာႏိုင္ငံအေျခေန ေဆြးေႏြးခ်က္ေတြ အေပၚ စစ္ေကာင္စီဘက္က တစံုတရာ တုန္႔ျပန္တာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

...........................................................

IIMM ရရှိထားတဲ့ မြန်မာ အထောက်အထား လုံခြုံရေးကောင်စီ တင်ပြဖို့ ဦးကျော်မိုးထွန်း တိုက်တွန်း

{{Zawgyi/Unicode}}

ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးယန္တရား IIMM ကရထားတဲ့ သက်သေအထောက်ထားတွေကို အမြန်အသုံးပြုဖို့ အချိန်ရောက်နေပြီဖြစ်ပြီး ဒါကိုလုံခြုံရေးကောင်စီကို တင်ပြဖို့ နည်းလမ်းရှာသင့်ပြီလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၇၇ ကြိမ်မြောက် ကုလအထွေထွေညီလာခံ တတိယကော်မတီမှာ နိုဝင်ဘာ ၂ ရက် က တိုက်တွန်းလိုက် ပါတယ်။

တတိယကော်မတီမှာ လူ့အခွင့်ရေးကောင်စီရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာပါ။ ဒီအစီရင်ခံစာမှာ မြန်မာနဲ့ပတ်သက်တဲ့ အဆိုမူကြမ်း ၂ ခု ပါဝင်ပြီး မနှစ်ကဖေဖေါ်ဝါရီ ၁ ရက်စစ်တပ်အာဏာသိမ်းတာအတွက် ကန့်ကွက်တဲ့ မူကြမ်းကို ဒီနှစ် ဇန်နဝါရီမှာ အတည်ပြုပေးခဲ့သလို မြန်မာစစ်တပ်နဲ့လုံခြုံရေးတွေရဲ့ ရိုဟင်ဂျာနဲ့ တခြားလူနည်းစုတွေအပေါ် ကျူးလွန်မှုကို ကန့်ကွက်တဲ့ မူကြမ်းကို တော့ ဒီနှစ် ဇူလိုင်လမှာ အတည်ပြုခဲ့ ကြတာဖြစ်ပါတယ်။ ၂ ခုစလုံးကို မဲမခွဲပဲ အတည်ပြုခဲ့တာဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းထားတာ ၂၁ လရှိလာပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေဟာ ဆိုးဝါးတဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ခံနေရပြီး စစ်တပ်က နိုင်ငံရေးအကျဉ်းသားတွေကို သေဒဏ်ပေးတာ၊ မတရားဖမ်းဆီးတာ မိသားစုဝင်တွေကိုပါ ဓါးစာခံအဖြစ်ဖမ်းဆီးနေဆဲ အပြင် မကြာခင်ကပဲ လက်ယက်ကုန်းက စာသင်ကျောင်းနဲ့ ကချင်ပြည်နယ် အနန့်ပါ က ဂီတဖျော်ဖြေပွဲကို လေကြောင်း တိုက်ခိုက်တာ အပါအဝင် စစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတယ်လို့ သံအမတ်ကြီးက တင်ပြခဲ့တာပါ။

အခုလို ကျူးလွန်မှုတွေ အတွက် IIMM က သန်းနဲ့ချီတဲ့ အထောက်ထားတွေရထားတာ ဖြစ်ပြီး အခုအချိန်ဟာ ဒီအထောက်အထားတွေကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ အဖြစ် ပြောင်းလဲလုပ်ဆောင်ရမယ့် အချိန်ဖြစ်ကြောင်းလည်း ထောက်ပြခဲ့ပါတယ်။ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကယ်တင်ပေးဖို့အတွက် အချိန်ဟာ သိပ်အရေးကြီးနေပြီ ဖြစ်တဲ့တွက် လူ့အခွင့်ရေးကောင်စီအနေနဲ့ ဒီအထောက်အထားတွေကို လုံခြုံရေးကောင်စီကို တင်ပြနိုင်မယ့် နည်းလမ်းရှာဖို့ လည်း သံအမတ်ကြီးက တောင်းဆိုခဲ့ပါတယ်။ ဒါမှာ လုံခြုံရေးကောင်စီကနေ မြန်မာ့အရေးကိစ္စကို နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွှဲပေးနိုင်မှာ ဖြစ်သလို မြန်မာပြည်သူတွေကို အကာကွယ်ပေးနိုင်မှာ ဖြစ်ကြောင်းလည်း တင်ပြခဲ့တာ ဖြစ်ပါတယ်။ အခုလို တတိယကော်မတီမှာ မြန်မာနိုင်ငံအခြေနေ ဆွေးနွေးချက်တွေ အပေါ် စစ်ကောင်စီဘက်က တစုံတရာ တုန့်ပြန်တာ မရှိသေးပါဘူး။

XS
SM
MD
LG