သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံသည် မြန်မာ့အရေးတခုတည်းကို ဆောင်ရွက်ရန်မဟုတ် (အင်ဒိုနီးရှား)

Sidharto Suryodipuro. (Foto:VOA)

အာဆီယံအဖွဲ့ကြီး အနေနဲ့ အကြောင်းကိစ္စတခုတည်းကိုသာ မူတည်ပြီး အဓိကထား ဆွေးနွေးတဲ့အဖွဲ့အစည်း မဟုတ်တဲ့အတွက် မြန်မာနိုင်ငံရေးကိစ္စကိုပဲ ဇောင်းပေးလုပ်ဆောင်မှာ မဟုတ်ဘူးလို့ အလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံ က ပြောပါတယ်။

အာဆီယံသည် မြန်မာ့အရေးတခုတည်းကို ဆောင်ရွက်ရန်မဟုတ် (အင်ဒိုနီးရှား)

{{Zawgyi/Unicode}}

ဒါပေမယ့်လည်း မြန်မာနိုင်ငံက နိုင်ငံရေး မငြိမ်မသက်မှုတွေဟာ အင်မတန် ရှုပ်ထွေးနက်နဲတယ်ဆိုတာကိုတော့ ဝန်ခံရမှာဖြစ်ကြောင်း မကြာသေးခင်က အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနရဲ့ အာဆီယံဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Sidharto R Suryodiputro ပြောပါတယ်။

ပထဝီ နိုင်ငံရေး နဲ့ စီးပွာရေးဆိုင်ရာ စိန်ခေါ်မှုတွေ အများအပြားကို ပိုမိုတုံ့ပြန်ဆောင်ရွက်တဲ့ အဖွဲ့ကြီးဖြစ်လာဖို့အတွက် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေနဲ့တော့ အာဆီယံအဖွဲ့ကြီးအနေနဲ့ ရပ်ဆိုင်းမနေသင့်ဘူးလို့ သူကပြောပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာ အဖွဲ့အစည်း အားလုံးပါဝင်ကြတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ကြဖို့ အာဆီယံအနေနဲ့ ဆက်လက် အားပေးသွားမှာဖြစ်ပြီး တပြိုင်တည်းမှာပဲ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကိုလည်း ပေးသွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနရဲ့ အာဆီယံဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Sidharto R Suryodiputro က ပြောပါတယ်။

မြန်မာနိုင်ငံရေးက ရှုပ်ထွေးလွန်းတဲ့အတွက် သူတို့အချင်းချင်းကြားမှာပဲ ဖြေရှင်းသင့်တယ်လို့ သူကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG