ပိုင္ဆိုင္မႈအျငင္းပြားေနတဲ့ ေတာင္တ႐ုတ္ပင္လယ္ျပင္အတြင္း မျဖစ္မေန လိုက္နာရမယ့္ ေရေၾကာင္းသြားမႈဆိုင္ရာ စည္းမ်ဥ္းစည္းကမ္း (Code of Conduct) ေတြ အၿပီးသတ္ ခ်မွတ္ႏိုင္ေရးအတြက္ တ႐ုတ္ႏိုင္ငံနဲ႔ ေဆြးေႏြးမႈေတြကို အ႐ွိန္ျမင့္ လုပ္ေဆာင္သြားမယ္လို႔ အင္ဒိုနီး႐ွားႏိုင္ငံျခားေရးဝန္ႀကီးက မေန႔ ေဖေဖာ္ဝါရီ ၄ ရက္ေန႔မွာ ေျပာၾကားလိုက္ပါတယ္။ မဟာဗ်ဴဟာက်တဲ့ ဒီေရပိုင္နက္အတြင္း တင္းမာမႈေတြ တိုးျမင့္ျဖစ္ေပၚေနခ်ိန္မွာ အင္ဒိုနီး႐ွား ႏိုင္ငံျခားေရးဝန္ႀကီးက အခုလို ေျပာၾကားလိုက္တာပါ။
အင္ဒိုနီး႐ွားႏိုင္ငံ ဂ်ာကာတာၿမိဳ႕မွာက်င္းပတဲ့ အာဆီယံ-အေ႐ွ႕ေတာင္အာ႐ွ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အစည္းအေဝးအၿပီးမွာ ဝန္ႀကီး Retno Marsudi က အဲဒီလို ေျပာၾကားလိုက္တာပါ။
ေတာင္တ႐ုတ္ပင္လယ္ျပင္အတြင္း ပိုင္ဆိုင္မႈအျငင္းပြားေနၾကတဲ့ ႏိုင္ငံတခုခ်င္းစီက တ႐ုတ္နဲ႔ ႏွစ္ႏိုင္ငံဆက္ဆံေရးကို ဦးစားေပးလုပ္ေဆာင္ေနၾကတဲ့အတြက္ ဒီ Code of Conduct နဲ႔ဆိုင္တဲ့ အေျခခံ အဆိုျပဳခ်က္မူၾကမ္းအေပၚ အမ်ားသေဘာတူ ဆုံးျဖတ္ခ်က္ခ်ႏိုင္ေရး ေဆြးေႏြးမႈေတြဟာလည္း လတ္တေလာမွာ ရပ္တန္႔ေနပါတယ္။
ဒါေၾကာင့္ ဒီ Code of Conduct ဆိုင္ရာ ေဆြးေႏြးပြဲကို အင္ဒိုနီး႐ွားက အိမ္႐ွင္အျဖစ္လက္ခံၿပီး လာမယ့္ မတ္လအတြင္း ပထမဆုံးအႀကိမ္ ျပဳလုပ္သြားမယ္လို႔ ဝန္ႀကီး Marsudi က ေျပာပါတယ္။ အာဆီယံအဖြဲ႔ဝင္ ၁၀ ႏိုင္ငံထဲက ဖိလစ္ပိုင္၊ ဗီယက္နမ္၊ မေလး႐ွားနဲ႔ ဘ႐ူႏိုင္းႏိုင္ငံတို႔ဟာ တ႐ုတ္နဲ႔ ေရပိုင္နက္ ပိုင္ဆိုင္မႈ အျငင္းပြားေနတဲ့ ႏိုင္ငံေတြ ျဖစ္ၾကပါတယ္။
==== Unicode =====
ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း မဖြစ်မနေ လိုက်နာရမယ့် ရေကြောင်းသွားမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း (Code of Conduct) တွေ အပြီးသတ် ချမှတ်နိုင်ရေးအတွက် တရုတ်နိုင်ငံနဲ့ ဆွေးနွေးမှုတွေကို အရှိန်မြင့် လုပ်ဆောင်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ မဟာဗျူဟာကျတဲ့ ဒီရေပိုင်နက်အတွင်း တင်းမာမှုတွေ တိုးမြင့်ဖြစ်ပေါ်နေချိန်မှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောကြားလိုက်တာပါ။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာကျင်းပတဲ့ အာဆီယံ-အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီးမှာ ဝန်ကြီး Retno Marsudi က အဲဒီလို ပြောကြားလိုက်တာပါ။
တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှုအငြင်းပွားနေကြတဲ့ နိုင်ငံတခုချင်းစီက တရုတ်နဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ဦးစားပေးလုပ်ဆောင်နေကြတဲ့အတွက် ဒီ Code of Conduct နဲ့ဆိုင်တဲ့ အခြေခံ အဆိုပြုချက်မူကြမ်းအပေါ် အများသဘောတူ ဆုံးဖြတ်ချက်ချနိုင်ရေး ဆွေးနွေးမှုတွေဟာလည်း လတ်တလောမှာ ရပ်တန့်နေပါတယ်။
ဒါကြောင့် ဒီ Code of Conduct ဆိုင်ရာ ဆွေးနွေးပွဲကို အင်ဒိုနီးရှားက အိမ်ရှင်အဖြစ်လက်ခံပြီး လာမယ့် မတ်လအတွင်း ပထမဆုံးအကြိမ် ပြုလုပ်သွားမယ်လို့ ဝန်ကြီး Marsudi က ပြောပါတယ်။ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံထဲက ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနဲ့ ဘရူနိုင်းနိုင်ငံတို့ဟာ တရုတ်နဲ့ ရေပိုင်နက် ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။