သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဖြေရှင်းရာမှာ ထိုင်းနိုင်ငံပါဝင်ဖို့ မလေးရှားဝန်ကြီးချုပ် တိုက်တွန်း


မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင် (ဘယ်) - ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (ညာ)
မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင် (ဘယ်) - ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (ညာ)

=== [[ ZAWGYI ]] ===

မြန်မာ့အရေး ဖြေရှင်းရာမှာ ထိုင်းနိုင်ငံပါဝင်ဖို့ မလေးရှားဝန်ကြီးချုပ် တိုက်တွန်း

မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က အာဏာသိမ်းမှုဒဏ် ခံနေရတဲ့ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်နိုင်ရေးအတွက် ထိုင်းနိုင်ငံက ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးဖို့ ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

မနှစ် နှစ်ကုန်ပိုင်းက ရာထူးရရှိခဲ့ပြီးနောက်ပိုင်း မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရာမှာ အခုလို ပြောခဲ့တာပါ။

"မြန်မာစစ်အစိုးရနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံရေးလို့ ခေါ်တဲ့ ဒီဆက်ဆံရေးကို ဆက်လုပ်ဖို့ကလွဲလို့ ကျွန်တော်တို့ လုပ်နိုင်တာက သိပ်မရှိပါဘူး။ ကျွန်တော်တို့ အားလုံးရဲ့ စိုးရိမ်ချက်တွေကို ထုတ်ဖော်နိုင်ဖို့ ထိုင်းဝန်ကြီးချုပ်အနေနဲ့ အကောင်းဆုံး အနေအထားမှာ ရှိနေတယ်" လို့ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က ထိုင်းဝန်ကြီးချုပ်နဲ့ ကြာသပတေးနေ့ ဘန်ကောက်မြို့မှာကျင်းပတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။

တဖက်မှာလည်း ထိုင်းအစိုးရဟာ မြန်မာစစ်အစိုးရနဲ့ ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းထားတဲ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တွင်းမှာ မငြိမ်မသက်ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မှု‌တွေ ကြုံနေရတာကို ကာကွယ်ပြောဆိုနေတဲ့အတွက် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေကို ဖြေရှင်းဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)က ဦးဆောင်ပြီး သံတမန်ရေးရာ ကြိုးပမ်းနေပေမယ့် အခုအချိန်အထိတော့ အချည်းနှီး ဖြစ်နေပါတယ်။ စစ်အစိုးရနဲ့ အာဆီယံကြား မနှစ်က သဘောတူထားတဲ့ အကြမ်းဖက်မှု ရပ်တန့်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုထားတဲ့ အချက် ငါးချက်ပါ ဘုံသဘောတူညီချက်ကလည်း တိုးတက်မှု မရှိဘဲ ဖြစ်နေတာပါ။ မြန်မာ့အရေး ကူညီဖြေရှင်းဖို့က အာဆီယံအနေနဲ့ ဘုံသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေ လိုတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ဂျကာတာက ဆွေးနွေးပွဲမှာတော့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို-မာဆူဒီ Retno Marsudi က အာဆီယံနိုင်ငံတွေ အနေနဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ရာမှာ စည်းလုံးညီညွတ်မှုပြသဖို့ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===








XS
SM
MD
LG