=== [[ ZAWGYI ]] ===
မေလးမွာ ေနထိုင္ခြင့္ ပါမစ္ေလွ်ာက္သူေတြ သတိရွိဖို႔တိုက္တြန္း
ျမန္မာႏိုင္ငံသား သိန္းနဲ႔ခ်ီအလုပ္လုပ္ကိုင္ေနတဲ့ မေလးရွားမွာ ႏိုင္ငံျခားသားေနထိုင္ခြင့္ ပါမစ္ ထုတ္ေပးတာကို ၂၀၂၂ ခုႏွစ္ မတ္လမွာ ရပ္နားထားရာကေန အခု ျပန္ထုတ္ေပးေနပါၿပီ။ ဒီလို ပါမစ္အသစ္ ျပန္ေလွ်ာက္တာမွာ ေငြေၾကးလိမ္လည္သူေတြ အမ်ားအျပားရွိေနတဲ့အတြက္ ပါမစ္ေလွ်ာက္မယ္ဆိုရင္ အာမခံခ်က္ရွိတဲ့ ကုမၸဏီအလုပ္ရွင္နဲ႔ ေလွ်ာက္ထားဖို႔ ျမန္မာအဖြဲ႕အစည္းေတြက သတိေပးေနပါတယ္။ အျပည့္အစုံကို ကိုရဲမြန္ ကေျပာျပမွာပါ။
ပါမစ္ သက္တမ္း မရွိေတာ့တဲ့ ႏိုင္ငံျခားသား အလုပ္သမားေတြ၊ တရားမဝင္ နည္းလမ္းနဲ႔ ေရာက္ရွိလာသူေတြကို မေလးရွားအစိုးရက တရားဝင္ပါမစ္ေတြ ျပန္ထုတ္ေပးေနပါတယ္။ ဒီလိုပါမစ္ ျပန္ေလွ်ာက္ၾကသူေတြထဲမွာ ျမန္မာႏိုင္ငံသားေတြလည္း အမ်ားအျပားရွိေနတာပါ။ မေလးရွားအစိုးရကေတာ့ ပါမစ္ေလွ်ာက္သူေတြကို အာမခံခ်က္ရွိတဲ့ အလုပ္ရွင္၊ ကုမၸဏီပိုင္ရွင္ေတြရဲ႕ ေထာက္ခံမႈနဲ႔ ေလွ်ာက္ၾကဖို႔ တိုက္တြန္းထားပါတယ္။
ဒါေပမဲ့လည္း ျမန္မာႏိုင္ငံသားေတြၾကားမွာ ပါမစ္ရဖို႔အတြက္ နည္းလမ္းအမ်ိဳးမ်ိဳးကို အသုံးျပဳေနတာ၊ ေငြေၾကး အေျမာက္အမ်ား ကုန္က်ေနတာေတြရွိေၾကာင္း ျမန္မာအဖြဲ႕အစည္းတခ်ိဳ႕က ေျပာပါတယ္။
မေလးရွားက ရခိုင္အလုပ္သမားသမဂၢကေတာ့ ဒီလိုကိစၥေတြကို ျမန္မာႏိုင္ငံသားေတြ သိရွိေအာင္ ကုမၸဏီပိုင္ရွင္ေတြ၊ အလုပ္ရွင္ေတြကို ဖိတ္ၾကားၿပီး ေဟာေျပာပြဲတခု စီစဥ္ထားေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။
" ခြင့္ျပဳထားတဲ့အခ်ိန္မွာ ပါမစ္လုပ္ခ်င္ လုပ္လိုက္ေပါ့ေနာ္၊ မလုပ္လို႔ရွိရင္ က်ေနာ္တို႔ overstay သမားေတြနဲ႔ေတာ့ အခက္အခဲရွိတာေပါ့။ တနဂၤေႏြေန႔က်ရင္ ကုမၸဏီက လူႀကီးေတြ၊ ကုမၸဏီပိုင္ရွင္ေတြလာၿပီး အစည္းအေဝးလုပ္ ေျပာျပမယ္ အကုန္လုံးကို၊ နားမလည္တဲ့သူေတြလည္း နားလည္သြားေအာင္၊ ေနာက္ၿပီး လည္တဲ့သူတခ်ိဳ႕က ႐ိုက္စား မလုပ္ရေအာင္ ဆိုၿပီးေတာ့ က်ေနာ္တို႔ ဥကၠ႒ ကူညီမႈနဲ႔ အစည္းအေဝး ေျပာဖို႔ရွိတယ္။"
ပါမစ္ကို ေလွ်ာက္ထားခြင့္ရွိသူေတြထဲမွာ ၂၀၂၂ ဒီဇင္ဘာ ၃၁ ရက္ မတိုင္ခင္ မေလးရွားကို ကုန္းလမ္း၊ ေရလမ္းက ဝင္ေရာက္လာသူေတြ၊ အလည္ဗီဇာနဲ႔ ေရာက္လာသူေတြ၊ ရက္လြန္ေနသူေတြ၊ ပါမစ္ သက္တမ္းကုန္သူေတြ၊ မေလးရွားမွာ တႀကိမ္ ဖမ္းခံရၿပီး ေအာက္လမ္းကေန ျပန္ဝင္လာသူေတြအထိ လုပ္ခြင့္ရမွာျဖစ္ပါတယ္။ ပတ္စ္ပို႔လည္း လက္ကိုင္ရွိထားရမွာပါ။
အာမခံခ်က္ရွိတဲ့ ကုမၸဏီလိုင္စင္ကို ကိုင္ေဆာင္ထားတဲ့ အလုပ္ရွင္သူေဌးရဲ႕ အကူအညီနဲ႔ ေလွ်ာက္ထားဖို႔၊ အလြတ္ ေလွ်ာက္ထားမယ္ဆိုရင္ စိတ္ခ်ရတဲ့ လူမႈကူညီေရးလို အဖြဲ႕အစည္းတခုခုရဲ႕ အကူအညီနဲ႔ အဆင့္ဆင့္ေလွ်ာက္ထားဖို႔ မေလးရွားက ျမန္မာလုပ္ငန္းရွင္တဦးက အႀကံျပဳပါတယ္။ အလုပ္ရွင္ရဲ႕ အကူအညီနဲ႔ ေလွ်ာက္ထားမယ္ဆိုရင္ ပါမစ္ရဖို႔ မေလးရွား ရင္းဂစ္ေငြ ၆,၀၀၀ ေက်ာ္သာ က်သင့္ေၾကာင္း သူကေျပာပါတယ္။
" တခ်ိဳ႕ကလည္း သိတဲ့အတိုင္းပဲ တဆင့္ဆင့္ေတြ လုပ္ၾကတာေလ၊ ပြဲစားေတြ ဘာေတြ ရွိတာေပါ့ဗ်ာ။ အဲဒါေတြက် မတန္တဆေတြ ျဖစ္ကုန္တာေပါ့။ အိုသမားေတြ (ဗီဇာသက္တမ္းကုန္ေတြ) က်ေတာ့ ေနထိုင္ခြင့္ မရွိရင္ ေနာက္ဆို ဖမ္းေတာ့မယ္ေလ၊ အဲဒါမို႔ အစိုးရက ဒါကိုေၾကညာလိုက္တာ။ ပါမစ္ေလွ်ာက္တဲ့ကိစၥနဲ႔ ပတ္သက္တာကေတာ့ ႏိုင္ငံျခားမွာေနတာဆိုေတာ့ ကိုယ့္ျမန္မာေတြကို သူေဌးေကာင္းေကာင္ ရွာၿပီးေတာ့ မွန္မွန္ကန္ကန္ လုပ္ေစခ်င္တာေပါ့။ တခုခုဆို ဖမ္းခံရတာ ဒီမွာလည္း ဒုကၡေရာက္တယ္။"
ပါမစ္ မရွိတဲ့ ျမန္မာႏိုင္ငံသားက ၂ သိန္းကေန ၃ သိန္းဝန္းက်င္ရွိေၾကာင္း ျမန္မာအဖြဲ႕အစည္းတခ်ိဳ႕က ခန႔္မွန္းထားပါတယ္။ မေလးရွားမွာ ေနထိုင္၊ အလုပ္လုပ္ခြင့္ ပါမစ္ေလွ်ာက္ထားတာကို အခု ၂၀၂၃ ဒီဇင္ဘာလ ၃၁ ရက္ကို ေနာက္ဆုံး သတ္မွတ္ထားပါတယ္။ ပါမစ္က တႏွစ္သက္တမ္း ေပးထားတာျဖစ္ၿပီး အလုပ္ရွင္ရဲ႕ ေထာက္ခံခ်က္နဲ႔ တႏွစ္တႀကိမ္ သက္တမ္းတိုးခြင့္ ရမွာျဖစ္ပါတယ္။
=== {{ UNICODE }} ===
မလေးမှာ နေထိုင်ခွင့် ပါမစ်လျှောက်သူတွေ သတိရှိဖို့တိုက်တွန်း
မြန်မာနိုင်ငံသား သိန်းနဲ့ချီအလုပ်လုပ်ကိုင်နေတဲ့ မလေးရှားမှာ နိုင်ငံခြားသားနေထိုင်ခွင့် ပါမစ် ထုတ်ပေးတာကို ၂၀၂၂ ခုနှစ် မတ်လမှာ ရပ်နားထားရာကနေ အခု ပြန်ထုတ်ပေးနေပါပြီ။ ဒီလို ပါမစ်အသစ် ပြန်လျှောက်တာမှာ ငွေကြေးလိမ်လည်သူတွေ အများအပြားရှိနေတဲ့အတွက် ပါမစ်လျှောက်မယ်ဆိုရင် အာမခံချက်ရှိတဲ့ ကုမ္ပဏီအလုပ်ရှင်နဲ့ လျှောက်ထားဖို့ မြန်မာအဖွဲ့အစည်းတွေက သတိပေးနေပါတယ်။ အပြည့်အစုံကို ကိုရဲမွန် ကပြောပြမှာပါ။
ပါမစ် သက်တမ်း မရှိတော့တဲ့ နိုင်ငံခြားသား အလုပ်သမားတွေ၊ တရားမဝင် နည်းလမ်းနဲ့ ရောက်ရှိလာသူတွေကို မလေးရှားအစိုးရက တရားဝင်ပါမစ်တွေ ပြန်ထုတ်ပေးနေပါတယ်။ ဒီလိုပါမစ် ပြန်လျှောက်ကြသူတွေထဲမှာ မြန်မာနိုင်ငံသားတွေလည်း အများအပြားရှိနေတာပါ။ မလေးရှားအစိုးရကတော့ ပါမစ်လျှောက်သူတွေကို အာမခံချက်ရှိတဲ့ အလုပ်ရှင်၊ ကုမ္ပဏီပိုင်ရှင်တွေရဲ့ ထောက်ခံမှုနဲ့ လျှောက်ကြဖို့ တိုက်တွန်းထားပါတယ်။
ဒါပေမဲ့လည်း မြန်မာနိုင်ငံသားတွေကြားမှာ ပါမစ်ရဖို့အတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြုနေတာ၊ ငွေကြေး အမြောက်အများ ကုန်ကျနေတာတွေရှိကြောင်း မြန်မာအဖွဲ့အစည်းတချို့က ပြောပါတယ်။
မလေးရှားက ရခိုင်အလုပ်သမားသမဂ္ဂကတော့ ဒီလိုကိစ္စတွေကို မြန်မာနိုင်ငံသားတွေ သိရှိအောင် ကုမ္ပဏီပိုင်ရှင်တွေ၊ အလုပ်ရှင်တွေကို ဖိတ်ကြားပြီး ဟောပြောပွဲတခု စီစဉ်ထားကြောင်း ဗွီအိုအေကို ပြောပါတယ်။
" ခွင့်ပြုထားတဲ့အချိန်မှာ ပါမစ်လုပ်ချင် လုပ်လိုက်ပေါ့နော်၊ မလုပ်လို့ရှိရင် ကျနော်တို့ overstay သမားတွေနဲ့တော့ အခက်အခဲရှိတာပေါ့။ တနင်္ဂနွေနေ့ကျရင် ကုမ္ပဏီက လူကြီးတွေ၊ ကုမ္ပဏီပိုင်ရှင်တွေလာပြီး အစည်းအဝေးလုပ် ပြောပြမယ် အကုန်လုံးကို၊ နားမလည်တဲ့သူတွေလည်း နားလည်သွားအောင်၊ နောက်ပြီး လည်တဲ့သူတချို့က ရိုက်စား မလုပ်ရအောင် ဆိုပြီးတော့ ကျနော်တို့ ဥက္ကဋ္ဌ ကူညီမှုနဲ့ အစည်းအဝေး ပြောဖို့ရှိတယ်။"
ပါမစ်ကို လျှောက်ထားခွင့်ရှိသူတွေထဲမှာ ၂၀၂၂ ဒီဇင်ဘာ ၃၁ ရက် မတိုင်ခင် မလေးရှားကို ကုန်းလမ်း၊ ရေလမ်းက ဝင်ရောက်လာသူတွေ၊ အလည်ဗီဇာနဲ့ ရောက်လာသူတွေ၊ ရက်လွန်နေသူတွေ၊ ပါမစ် သက်တမ်းကုန်သူတွေ၊ မလေးရှားမှာ တကြိမ် ဖမ်းခံရပြီး အောက်လမ်းကနေ ပြန်ဝင်လာသူတွေအထိ လုပ်ခွင့်ရမှာဖြစ်ပါတယ်။ ပတ်စ်ပို့လည်း လက်ကိုင်ရှိထားရမှာပါ။
အာမခံချက်ရှိတဲ့ ကုမ္ပဏီလိုင်စင်ကို ကိုင်ဆောင်ထားတဲ့ အလုပ်ရှင်သူဌေးရဲ့ အကူအညီနဲ့ လျှောက်ထားဖို့၊ အလွတ် လျှောက်ထားမယ်ဆိုရင် စိတ်ချရတဲ့ လူမှုကူညီရေးလို အဖွဲ့အစည်းတခုခုရဲ့ အကူအညီနဲ့ အဆင့်ဆင့်လျှောက်ထားဖို့ မလေးရှားက မြန်မာလုပ်ငန်းရှင်တဦးက အကြံပြုပါတယ်။ အလုပ်ရှင်ရဲ့ အကူအညီနဲ့ လျှောက်ထားမယ်ဆိုရင် ပါမစ်ရဖို့ မလေးရှား ရင်းဂစ်ငွေ ၆,၀၀၀ ကျော်သာ ကျသင့်ကြောင်း သူကပြောပါတယ်။
" တချို့ကလည်း သိတဲ့အတိုင်းပဲ တဆင့်ဆင့်တွေ လုပ်ကြတာလေ၊ ပွဲစားတွေ ဘာတွေ ရှိတာပေါ့ဗျာ။ အဲဒါတွေကျ မတန်တဆတွေ ဖြစ်ကုန်တာပေါ့။ အိုသမားတွေ (ဗီဇာသက်တမ်းကုန်တွေ) ကျတော့ နေထိုင်ခွင့် မရှိရင် နောက်ဆို ဖမ်းတော့မယ်လေ၊ အဲဒါမို့ အစိုးရက ဒါကိုကြေညာလိုက်တာ။ ပါမစ်လျှောက်တဲ့ကိစ္စနဲ့ ပတ်သက်တာကတော့ နိုင်ငံခြားမှာနေတာဆိုတော့ ကိုယ့်မြန်မာတွေကို သူဌေးကောင်းကောင် ရှာပြီးတော့ မှန်မှန်ကန်ကန် လုပ်စေချင်တာပေါ့။ တခုခုဆို ဖမ်းခံရတာ ဒီမှာလည်း ဒုက္ခရောက်တယ်။"
ပါမစ် မရှိတဲ့ မြန်မာနိုင်ငံသားက ၂ သိန်းကနေ ၃ သိန်းဝန်းကျင်ရှိကြောင်း မြန်မာအဖွဲ့အစည်းတချို့က ခန့်မှန်းထားပါတယ်။ မလေးရှားမှာ နေထိုင်၊ အလုပ်လုပ်ခွင့် ပါမစ်လျှောက်ထားတာကို အခု ၂၀၂၃ ဒီဇင်ဘာလ ၃၁ ရက်ကို နောက်ဆုံး သတ်မှတ်ထားပါတယ်။ ပါမစ်က တနှစ်သက်တမ်း ပေးထားတာဖြစ်ပြီး အလုပ်ရှင်ရဲ့ ထောက်ခံချက်နဲ့ တနှစ်တကြိမ် သက်တမ်းတိုးခွင့် ရမှာဖြစ်ပါတယ်။