သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဟြန္ဒီေငြလႊဲစနစ္အသုံးမ်ားတဲ့ ျမန္မာႏိုင္ငံ 


ရန္ကုန္ၿမိဳ႕က ဘဏ္လုပ္ငန္းတခုမွာေတြ႔ရတဲ့ ျမန္မာက်ပ္ေငြမ်ား

ျမန္မာျပည္တြင္း ေငြေၾကးစီးဆင္းမႈအားလုံးကို ထိန္းခ်ဳပ္ေစာင့္ၾကည့္ဖို႔ စစ္ေကာင္စီဘက္က ႀကိဳးပမ္းေနေပမယ့္ ျမန္မာအမ်ားစုဟာ အခုလိုထိန္းခ်ဳပ္ထားတဲ့ ေငြလႊဲစနစ္ေတြထက္ ဟြန္ဒီေငြလႊဲစနစ္ကိုပဲ တြင္တြင္က်ယ္က်ယ္ျပန္ၿပီး အသုံးျပဳလာၾကပါတယ္။ ျမန္မာအဏာပိုင္ေတြ ျမန္မာသံ႐ုံးေတြကေတာ့ တရားဝင္ေငြလႊဲစနစ္ကို သုံးဖို႔အားေပးေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္သတင္းေပးပို႔ခ်က္ကို ကိုၿငိမ္းခ်မ္းက တင္ျပပါမယ္။

ေငြေၾကးစီးဆင္းမႈ အားလုံးကို ထိန္းခ်ဳပ္ေစာင့္ၾကည့္ေနတဲ့ ျမန္မာစစ္တပ္ရဲ႕ ေငြလႊဲစနစ္ေတြကေန ကင္းလြတ္ေအာင္ ဟြန္ဒီေငြလႊဲစနစ္ကို ျမန္မာႏိုင္ငံမွာ တြင္တြင္က်ယ္က်ယ္ ျပန္ၿပီးေတာ့ အသုံးျပဳလာၾကတယ္လို႔ ႏိုင္ငံတကာေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕ေတြက ေျပာေနပါတယ္။

ဘဏ္စနစ္ေတြနဲ႔ ခ်ိတ္ဆက္ထားတဲ့ အြန္လိုင္းေငြလႊဲေတြအပါအဝင္ ျပည္ပေငြလႊဲစနစ္ေတြ အားလုံးကို ကန႔္သတ္မႈေတြ စည္းမ်ဥ္းေတြ တိုးျမင့္ၿပီးေနာက္ပိုင္း ျပည္တြင္းက လူသားခ်င္း စာနာေထာက္ထားေရး လုပ္ငန္းေတြအတြက္လည္း လုပ္ကိုင္ရ ပိုၿပီးခက္ခဲလာပါတယ္။ ၂၀၂၁ အာဏာသိမ္းခံရၿပီး ေနာက္ပိုင္းမွာ အာဏာသိမ္းစစ္ေကာင္စီေရာ ၿပိဳင္ဘက္အဖြဲ႕အစည္းေတြကပါ ဝင္ေငြရရွိေရးအတြက္ လုံးပမ္းလာၾကတယ္လို႔ ICG ရဲ႕ ဒီေန႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာပါ။ ၿပိဳင္ဖက္အခ်င္းခ်င္း ၾကားမွာလည္း ေငြေၾကးစီးဆင္းတဲ့ လမ္းေၾကာင္းေတြကို အျပန္အလွန္ ပိတ္ဆို႔ႏိုင္ဖို႔ ႏွစ္ဖက္လုံးက ႀကိဳးပမ္းေနၾကတာပါ။

ျပည္ပကို အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ တရားမဝင္ လမ္းေၾကာင္းကေန ေရာက္လာသူေတြဟာ တရားဝင္ေငြလႊဲစနစ္ထက္ ဟြန္ဒီေငြလႊဲစနစ္ကိုပဲ သုံးေနၾကတာပါ။ ျမန္မာသံ႐ုံးဘက္ကေတာ့ တရားဝင္ေငြလႊဲစနစ္ကို အသုံးျပဳဖို႔ အလုပ္သမားေတြကို အႀကံျပဳတာရွိေၾကာင္း မေလးရွား ရခိုင္အလုပ္သမား သမဂၢရဲ႕ တာဝန္ခံက ဗြီအိုေအကို ေျပာပါတယ္။

" ဒီသံ႐ုံးဘက္က ေျပာတာေတြလည္း ရွိတယ္ေလ၊ ေငြလႊဲတဲ့ဟာေတြက အတိုက္အခံေတြကို ေထာက္ပံ့တာတို႔ အဲဒါေတြကို မလုပ္ဖို႔ သူတို႔သတိေပးတာ ေပါ့ဗ်ာ။ ျမန္မာသံ႐ုံးဘက္က မွာတာေပါ့ဗ်ာ၊ သြားတဲ့သူေတြ၊ စားေသာက္ဆိုင္ေတြ ေငြလႉတဲ့အခါ တဖက္အင္အားေတြကို မလႉၾကဖို႔ အဲဒါကို သတိထားဖို႔။"

ဟြန္ဒီေငြလႊဲစနစ္ကို လြန္ခဲ့တဲ့ အႏွစ္၂၀ေက်ာ္ကတည္းက ျပည္ပေရာက္ ျမန္မာေတြ အသုံးမ်ားတဲ့ နည္းလည္းျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာ ဒီစနစ္က ျပန္ၿပီး တြင္က်ယ္လာတာပါ။ အဓိကေတာ့ ျမန္ဆန္ၿပီး လုံၿခဳံစိတ္ခ်ရတဲ့အတြက္ ဒီနည္းလမ္းကိုပဲ သုံးေနၾကတာလို႔ မေလးရွား ရခိုင္အလုပ္သမားသမဂၢရဲ႕ တာဝန္ခံက ေျပာပါတယ္။

"နံပတ္တစ္အခ်က္က ဘဏ္ကိုသြားဖို႔ သူတို႔မွာ တခ်ိဳ႕ဆိုရင္ ဘာအေထာက္အထားမွ မရွိဘူးဗ်၊ UNHCR ကတ္လည္း မကိုင္ထားဘူး၊ ပတ္စ္ပို႔လည္း မရွိဘူး။ ဒီဘက္ကို တိုင္းျပည္ အခက္အခဲေၾကာင့္၊ တိုင္းျပည္မွာ ျပႆနာ အမ်ိဳးမ်ိဳးေၾကာင့္ အခက္အခဲေတြနဲ႔ ထြက္လာၾကတဲ့သူက မ်ားတာကိုး။ သြားထုတ္ရတာလည္း လြယ္တယ္ေလ၊ အစစ္အေဆးကလည္း မရွိ။ ဆိုေတာ့ အျမန္လည္း ေရာက္တာကိုး။ ျမန္ဆန္တယ္၊ လုံၿခဳံတယ္။"

ျမန္မာအလုပ္သမားေရး ဌာနရဲ႕ ေျပာဆိုခ်က္အရဆိုရင္ ၿပီးခဲ့တဲ့ ၂၀၂၂ ေမလ၁၀ရက္ ေနာက္ပိုင္းကစၿပီး ထိုင္းတခုတည္းကို အလုပ္သမားစာခ်ဳပ္နဲ႔ ထြက္ခြာသြားတဲ့ အလုပ္သမား အေရအတြက္က ၉ ေသာင္း ဝန္းက်င္ရွိပါတယ္။ တရားမဝင္ ထြက္ခြာတဲ့သူေတြကိုပါ ထည့္တြက္မယ္ဆိုရင္ တသိန္းခြဲေလာက္ ရွိႏိုင္ေၾကာင္း ခန႔္မွန္းေနတာလည္း ရွိပါတယ္။ စစ္ေကာင္စီကေတာ့ ျပည္ပေရာက္ ျမန္မာအလုပ္သမားေတြကို တရားဝင္ခ်ိတ္ဆက္ထားတဲ့ ႏိုင္ငံျခား ဘဏ္ေတြကေန ေငြလႊဲဖို႔ ဖိအားေပးေနပါတယ္။

" က်ေနာ္တို႔ ဒီမွာရွိတဲ့ ထိုင္းမွာအေနၾကာတဲ့သူ အေတာ္မ်ားမ်ားက ဒီလိုေငြလႊဲေတြ ျပန္လုပ္တာေတာေပါ့ေနာ္။ ဒီလိုပါ မိသားစုကိုပို႔တဲ့ပိုက္ဆံ တသိန္း၊ ႏွစ္သိန္းေပါ့ အဲဒါကို သူတို႔ေငြေဈး ဘယ္ေလာက္ရွိတယ္၊ အခ်င္းခ်င္း စကားေျပာၿပီးေတာ့ ၿပီးရင္ ျမန္မာျပည္မွာရွိတဲ့ အိမ္ေတြမွာ ျပန္ၿပီးသြားထုတ္တာေပါ့ဗ်ာ။ ဒါက်ေနာ္တို႔ တိုင္းရင္းသားေဒသမွာ လုပ္ထုံးလုပ္နည္းေပါ့ေနာ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ အဲလိုပဲ လႊဲၾကတယ္။"

ထိုင္းေရာက္ ျမန္မာႏိုင္ငံသားတဦး ေျပာျပသြားတာပါ။ ၂၀၂၂ ႏွစ္လယ္ပိုင္းကစၿပီး ထိုင္း၊ မေလးရွား၊ ကိုရီးယားနဲ႔ ဂ်ပန္ကို ထြက္ခြာသြားတဲ့ ျမန္မာႏိုင္ငံသား အမ်ားအျပား ရွိေနပါတယ္။ သူတို႔အားလုံးရဲ႕ ေငြလႊဲစနစ္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ျမန္မာစစ္တပ္ဘက္က ႀကိဳးပမ္းေနပါတယ္။ ႏိုင္ငံကူးလက္မွတ္ ထုတ္ေပးေနတာေတြကိုလည္း စစ္ေကာင္စီက ကန႔္သတ္မႈေတြပိုလုပ္လာပါတယ္။

တိုက္႐ိုက္ လင့္ခ္

ဟွန်ဒီငွေလွှဲစနစ်အသုံးများတဲ့ မြန်မာနိုင်ငံ

မြန်မာပြည်တွင်း ငွေကြေးစီးဆင်းမှုအားလုံးကို ထိန်းချုပ်စောင့်ကြည့်ဖို့ စစ်ကောင်စီဘက်က ကြိုးပမ်းနေပေမယ့် မြန်မာအများစုဟာ အခုလိုထိန်းချုပ်ထားတဲ့ ငွေလွှဲစနစ်တွေထက် ဟွန်ဒီငွေလွှဲစနစ်ကိုပဲ တွင်တွင်ကျယ်ကျယ်ပြန်ပြီး အသုံးပြုလာကြပါတယ်။ မြန်မာအဏာပိုင်တွေ မြန်မာသံရုံးတွေကတော့ တရားဝင်ငွေလွှဲစနစ်ကို သုံးဖို့အားပေးနေပါတယ်။ ဒီအကြောင်း ရန်ကုန်သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပါမယ်။

ငွေကြေးစီးဆင်းမှု အားလုံးကို ထိန်းချုပ်စောင့်ကြည့်နေတဲ့ မြန်မာစစ်တပ်ရဲ့ ငွေလွှဲစနစ်တွေကနေ ကင်းလွတ်အောင် ဟွန်ဒီငွေလွှဲစနစ်ကို မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် ပြန်ပြီးတော့ အသုံးပြုလာကြတယ်လို့ နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ပြောနေပါတယ်။

ဘဏ်စနစ်တွေနဲ့ ချိတ်ဆက်ထားတဲ့ အွန်လိုင်းငွေလွှဲတွေအပါအဝင် ပြည်ပငွေလွှဲစနစ်တွေ အားလုံးကို ကန့်သတ်မှုတွေ စည်းမျဉ်းတွေ တိုးမြင့်ပြီးနောက်ပိုင်း ပြည်တွင်းက လူသားချင်း စာနာထောက်ထားရေး လုပ်ငန်းတွေအတွက်လည်း လုပ်ကိုင်ရ ပိုပြီးခက်ခဲလာပါတယ်။ ၂၀၂၁ အာဏာသိမ်းခံရပြီး နောက်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီရော ပြိုင်ဘက်အဖွဲ့အစည်းတွေကပါ ဝင်ငွေရရှိရေးအတွက် လုံးပမ်းလာကြတယ်လို့ ICG ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ ပြိုင်ဖက်အချင်းချင်း ကြားမှာလည်း ငွေကြေးစီးဆင်းတဲ့ လမ်းကြောင်းတွေကို အပြန်အလှန် ပိတ်ဆို့နိုင်ဖို့ နှစ်ဖက်လုံးက ကြိုးပမ်းနေကြတာပါ။

ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ တရားမဝင် လမ်းကြောင်းကနေ ရောက်လာသူတွေဟာ တရားဝင်ငွေလွှဲစနစ်ထက် ဟွန်ဒီငွေလွှဲစနစ်ကိုပဲ သုံးနေကြတာပါ။ မြန်မာသံရုံးဘက်ကတော့ တရားဝင်ငွေလွှဲစနစ်ကို အသုံးပြုဖို့ အလုပ်သမားတွေကို အကြံပြုတာရှိကြောင်း မလေးရှား ရခိုင်အလုပ်သမား သမဂ္ဂရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

" ဒီသံရုံးဘက်က ပြောတာတွေလည်း ရှိတယ်လေ၊ ငွေလွှဲတဲ့ဟာတွေက အတိုက်အခံတွေကို ထောက်ပံ့တာတို့ အဲဒါတွေကို မလုပ်ဖို့ သူတို့သတိပေးတာ ပေါ့ဗျာ။ မြန်မာသံရုံးဘက်က မှာတာပေါ့ဗျာ၊ သွားတဲ့သူတွေ၊ စားသောက်ဆိုင်တွေ ငွေလှူတဲ့အခါ တဖက်အင်အားတွေကို မလှူကြဖို့ အဲဒါကို သတိထားဖို့။"

ဟွန်ဒီငွေလွှဲစနစ်ကို လွန်ခဲ့တဲ့ အနှစ်၂၀ကျော်ကတည်းက ပြည်ပရောက် မြန်မာတွေ အသုံးများတဲ့ နည်းလည်းဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ဒီစနစ်က ပြန်ပြီး တွင်ကျယ်လာတာပါ။ အဓိကတော့ မြန်ဆန်ပြီး လုံခြုံစိတ်ချရတဲ့အတွက် ဒီနည်းလမ်းကိုပဲ သုံးနေကြတာလို့ မလေးရှား ရခိုင်အလုပ်သမားသမဂ္ဂရဲ့ တာဝန်ခံက ပြောပါတယ်။

"နံပတ်တစ်အချက်က ဘဏ်ကိုသွားဖို့ သူတို့မှာ တချို့ဆိုရင် ဘာအထောက်အထားမှ မရှိဘူးဗျ၊ UNHCR ကတ်လည်း မကိုင်ထားဘူး၊ ပတ်စ်ပို့လည်း မရှိဘူး။ ဒီဘက်ကို တိုင်းပြည် အခက်အခဲကြောင့်၊ တိုင်းပြည်မှာ ပြဿနာ အမျိုးမျိုးကြောင့် အခက်အခဲတွေနဲ့ ထွက်လာကြတဲ့သူက များတာကိုး။ သွားထုတ်ရတာလည်း လွယ်တယ်လေ၊ အစစ်အဆေးကလည်း မရှိ။ ဆိုတော့ အမြန်လည်း ရောက်တာကိုး။ မြန်ဆန်တယ်၊ လုံခြုံတယ်။"

မြန်မာအလုပ်သမားရေး ဌာနရဲ့ ပြောဆိုချက်အရဆိုရင် ပြီးခဲ့တဲ့ ၂၀၂၂ မေလ၁၀ရက် နောက်ပိုင်းကစပြီး ထိုင်းတခုတည်းကို အလုပ်သမားစာချုပ်နဲ့ ထွက်ခွာသွားတဲ့ အလုပ်သမား အရေအတွက်က ၉ သောင်း ဝန်းကျင်ရှိပါတယ်။ တရားမဝင် ထွက်ခွာတဲ့သူတွေကိုပါ ထည့်တွက်မယ်ဆိုရင် တသိန်းခွဲလောက် ရှိနိုင်ကြောင်း ခန့်မှန်းနေတာလည်း ရှိပါတယ်။ စစ်ကောင်စီကတော့ ပြည်ပရောက် မြန်မာအလုပ်သမားတွေကို တရားဝင်ချိတ်ဆက်ထားတဲ့ နိုင်ငံခြား ဘဏ်တွေကနေ ငွေလွှဲဖို့ ဖိအားပေးနေပါတယ်။

" ကျနော်တို့ ဒီမှာရှိတဲ့ ထိုင်းမှာအနေကြာတဲ့သူ အတော်များများက ဒီလိုငွေလွှဲတွေ ပြန်လုပ်တာတောပေါ့နော်။ ဒီလိုပါ မိသားစုကိုပို့တဲ့ပိုက်ဆံ တသိန်း၊ နှစ်သိန်းပေါ့ အဲဒါကို သူတို့ငွေဈေး ဘယ်လောက်ရှိတယ်၊ အချင်းချင်း စကားပြောပြီးတော့ ပြီးရင် မြန်မာပြည်မှာရှိတဲ့ အိမ်တွေမှာ ပြန်ပြီးသွားထုတ်တာပေါ့ဗျာ။ ဒါကျနော်တို့ တိုင်းရင်းသားဒေသမှာ လုပ်ထုံးလုပ်နည်းပေါ့နော်။ တော်တော်များများကတော့ အဲလိုပဲ လွှဲကြတယ်။"

ထိုင်းရောက် မြန်မာနိုင်ငံသားတဦး ပြောပြသွားတာပါ။ ၂၀၂၂ နှစ်လယ်ပိုင်းကစပြီး ထိုင်း၊ မလေးရှား၊ ကိုရီးယားနဲ့ ဂျပန်ကို ထွက်ခွာသွားတဲ့ မြန်မာနိုင်ငံသား အများအပြား ရှိနေပါတယ်။ သူတို့အားလုံးရဲ့ ငွေလွှဲစနစ်ကို ထိန်းချုပ်နိုင်ဖို့ မြန်မာစစ်တပ်ဘက်က ကြိုးပမ်းနေပါတယ်။ နိုင်ငံကူးလက်မှတ် ထုတ်ပေးနေတာတွေကိုလည်း စစ်ကောင်စီက ကန့်သတ်မှုတွေပိုလုပ်လာပါတယ်။

XS
SM
MD
LG