သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္တြင္း ဘဏ္အပ္ေငြေတြထုတ္ယူဖို႔ အခက္ႀကံဳေနၾကရဆဲ


ရန္ကုန္ၿမိဳ႕ရွိ CB ဘဏ္ ATM တြင္ ေငြထုတ္ရန္ေစာင့္ေနသူမ်ား။ ေမ ၁၃၊ ၂၀၂၁။

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံက ဘဏ္အသီးသီးမွာ အပ္ႏွံထားတဲ့ ကိုယ့္ရဲ႕ေငြသားေတြကို ထုတ္ယူဖို႔အတြက္ အခုခ်ိန္ထိ အခက္အခဲေတြရွိေနတယ္လို႔ ကာယကံရွင္ေတြက ေျပာပါတယ္။ ဒီလို ကိုယ့္ေငြကို ျပန္ထုတ္ႏိုင္ဖို႔ အခက္အခဲ႐ွိေနခ်ိန္ ကိုယ္စားေငြထုတ္ေပးသူေတြကို ေငြထုတ္ယူမယ့္ပမာဏရဲ႕ ၆% အထိဝန္ေဆာင္ခေပးၿပီး ထုတ္ယူေနၾကတဲ့ အေျခအေနကလည္း က်ယ္က်ယ္ျပန္႔ျပန္႔ျဖစ္ေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလအစ စစ္တပ္ကအာဏာသိမ္းၿပီးခ်ိန္ကတည္းက ဘဏ္ေတြမွာအပ္ႏွံထားတဲ့ ကိုယ္ပိုင္ေငြေတြကို ထုတ္ယူဖို႔ အကန႔္အသတ္ေတြ ရွိလာပါတယ္။ လူပုဂၢိဳလ္တဦးခ်င္းအေနနဲ႔ ATM စက္ကေန ေငြထုတ္ယူမယ္ဆို တရက္ကို အမ်ားဆုံး ေငြက်ပ္ ၅သိန္း ထုတ္ယူႏိုင္ၿပီး ဘဏ္ကေနထုတ္မယ္ဆိုရင္ေတာ့ တပတ္ကို အမ်ားဆုံး က်ပ္သိန္း ၂၀ နဲ႔ ကုမၸဏီအဖြဲ႔အစည္းေတြအေနနဲ႔ ကေတာ့ တပတ္တာ ေငြထုတ္ယူႏိုင္တဲ့ပမာဏ အမ်ားဆုံး က်ပ္သိန္း ၂၀၀ ဆိုၿပီး ဗဟိုဘဏ္က သတ္မွတ္ခဲ့ပါတယ္။

ဒါေပမယ့္လည္း အခုခ်ိန္မွာေတာ့ ATM စက္ေတြမွာ ေငြထုတ္ယူလို႔ မရေတာ့သလို ဘဏ္မွာထုတ္ယူႏိုင္ဖို႔အတြက္လည္း တိုကင္စနစ္နဲ႔ သြားေနရတာ မမွ်မတျဖစ္ေနတယ္လို႔ ကိုယ္ပိုင္ေငြထုတ္ယူဖို႔ ႀကိဳးစားေနသူေတြက ေျပာပါတယ္။ က်န္းမာေရး ပရဟိတအလုပ္ေတြ လုပ္ေပးေနတဲ့ ဟိုတယ္လုပ္ငန္းရွင္ တဦးကေတာ့ ေငြသားထုတ္ယူႏိုင္ဖို႔ အခုခ်ိန္ထိ ခက္ခဲေနတုန္းပဲလို႔ ေျပာပါတယ္။

"ေငြလႊဲေပးတဲ့ဟာ ကေမာၻဇ အေကာင့္အခ်င္းခ်င္းပဲ လႊဲေပးတာ။ ဒါေပမယ့္ ဒီဗဟိုဘဏ္ရဲ႕ ထုတ္ျပန္ ခ်က္ေတြထဲမွာက်ေတာ့ ကိုဗစ္ကာလနဲ႔ပတ္သက္တဲ့ က်န္းမာေရးစီမံခ်က္ကိစၥေၾကာင့္ ေငြေရးေၾကးေရးထုတ္ရမယ္ဆိုရင္ ဒီဟာကို အနည္းဆုံး သိန္း ၂၀၀ ေအာက္ဆို ေရွာေရွာလွ်ဴလွ်ဴ ထုတ္ေပးဖို႔ဆိုလား... စီမံခ်က္ၫႊန္ၾကားတာေတြ ထြက္လာတာလည္း ျမင္ခဲ့တာပဲ။ ဒါေပမယ့္ တကယ္လက္ေတြ႔မွာက်ေတာ့ တပတ္ ၅ သိန္းကို အခုထက္ထိ ဘဏ္မန္ေနဂ်ာနဲ႔ ေတြ႔ၿပီးေတာ့ အရမ္းေက်းဇူးျပဳခိုင္းၿပီးေတာ့ လိုက္ထုတ္ေနရတဲ့ အေနအထားျဖစ္ေနေသးတာေပါ့ေနာ္။ ဆိုေတာ့ သာမန္ျပည္သူတေယာက္ အေနနဲ႔ လိုက္ထုတ္မယ္ဆို အခြင့္ထူးခံလိုခ်င္တာေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ ေဒသအတြက္၊ ကိုလုပ္ေနတဲ့ က်န္းမာေရးအတြက္ဆိုတဲ့ကိစၥမွာ အသင္းအေနနဲ႔ေရာ ေဒသအတြက္ေရာလုပ္တဲ့ဟာမွာ အထက္ကစာတင္တယ္၊ ေအာက္က တလြဲေတြျဖစ္ျဖစ္ေနတဲ့ဟာကလည္း ကို႔ယို႔ကားယားေတြျဖစ္ေတာ့ အၾကပ္အတည္းေတြ ျဖစ္တာေပါ့။"

ဘဏ္ေတြမွာအပ္ႏွံထားတဲ့ ကိုယ့္ရဲ႕ေငြေတြကို ျပန္လည္ရယူႏိုင္ဖို႔အတြက္ ရာခိုင္ႏႈန္းယူၿပီး ေငြသားထုတ္ေပးတဲ့ တရားမဝင္ ေစ်းကြက္ကလည္း ႀကီးမားေနပါတယ္။ ဒီလို ရာခိုင္ႏႈန္းယူၿပီး ေငြသားလဲေပးသူေတြကို ဖမ္းဆီးအေရးယူသြားမယ္လို႔ စစ္ေကာင္စီက ေၾကညာၿပီးတဲ့ေနာက္ ေငြတိုးယူ လဲေပးသူတဦးကို စတင္ဖမ္းဆီးခဲ့တယ္လို႔ စစ္ေကာင္စီက ေမလ ၃၁ ရက္ေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။

ဒါေပမယ့္လည္း ဒီကေန႔အခ်ိန္ထိေတာ့ တရားဝင္ေငြထုတ္ယူႏိုင္ဖို႔ ခက္ခဲေနလို႔ ရာခိုင္ႏႈန္းယူၿပီး ေငြလဲေပးသူေတြကေတာ့ ဆက္ရွိေနတုန္းပါ။ ရန္ကုန္မွာ ကိုယ္စားေငြလဲေပးေနသူတဦးကေတာ့ ရာခိုင္ႏႈန္းေပါက္ေစ်းဟာ ၆% ဝန္းက်င္မွာ ရွိေနတယ္လို႔ ေျပာပါတယ္။

"ရာခိုင္ႏႈန္းကေတာ့ ဘယ္ေလာက္ပဲျဖစ္ျဖစ္ ၅.၈ အႏႈတ္ပါ။ ရာခိုင္ႏႈန္းကေတာ့ မေလွ်ာ့ဘူး။ ရာခ်ီလဲတဲ့သူလည္း အတူတူပဲ။ သိန္း ၁၅၀ - ၂၀၀ လည္း ဒီရာခိုင္ႏႈန္းပဲ။"

ဘဏ္ေတြမွာေငြထုတ္ယူႏိုင္ဖုိ႔ သတ္မွတ္ထားတဲ့အတိုင္း အြန္လုိင္းကေန တိုကင္ယူတဲ့အခါ အခက္အခဲေတြ႐ိွတာေၾကာင့္လဲ ခုလုိ ေငြယူၿပီး ေငြလဲေပးေနသူေတြ အလုပ္ျဖစ္ေနၾကတာပါ။ အြန္လိုင္းကေန ေငြလဲႊ ေငြထုတ္ဝန္ေဆာင္မႈလုပ္ေပးေနတဲ့ Wave Money လို ဝန္ေဆာင္မႈလုပ္ငန္းေတြကလည္း ေငြပို႔ ေငြထုတ္တဲ့အခါ ေပးရတဲ့ ေစ်းႏႈန္း အရင္ကထက္ အဆမတန္တက္သြားတယ္လို႔ ဝန္ေဆာင္မႈယူသူေတြက ေျပာပါတယ္။

မႏၲေလးက ပုဂၢလိကဘဏ္ေတြနဲ႔ ခ်ိတ္ဆက္ၿပီး ေငြထုတ္ယူခ်င္သူေတြအေနနဲ႔ အကန႔္အသတ္မရွိ ေငြသားထုတ္ယူႏိုင္ဖို႔ကို လူမႈကြန္ယက္ကေနတဆင့္ လူသိရွင္ၾကားေဆာင္႐ြက္ေပးေနသူ တဦးကလည္း လက္႐ွိအေျခအေနကို ခုလိုေျပာပါတယ္။

"ရာခိုင္ႏႈန္းကေတာ့ ၆% အနည္းဆုံးယူတယ္ဗ်၊ အခုေလာေလာဆယ္ကေတာ့။ က်ေနာ္တို႔ ဒီသီတင္းကြၽတ္ ဘဏ္ပိတ္ရက္ေတြ ဘာေတြနဲ႔ဆိုေတာ့ ေငြေၾကးေတြကၾကပ္ေနေတာ့ ရာခိုင္ႏႈန္းေတြက နည္းနည္းျပန္တက္ေနတာ။ ၆% ယူတာကေတာ့ ပုံမွန္ အနည္းဆုံးပါပဲ။ စာအုပ္နဲ႔ဆိုရင္ ဘဏ္ကိုလာၿပီးေတာ့ က်ေနာ္တို႔အေကာင့္ထဲကို ေငြလွမ္းထည့္ၿပီးေတာ့မွရမွာ။ ဘဏ္မွာကေတာ့ က်ေနာ္တို႔က စာရင္းေပး ဘာညာနဲ႔ဆိုရင္ နာရီဝက္ေလာက္ကေတာ့ ၾကာမယ္ဗ်။"

စစ္အာဏာသိမ္းၿပီးေနာက္ ဗဟိုဘဏ္ရဲ႕ ကန္႔သတ္ခ်က္ေတြေၾကာင့္ ကိုယ္ပိုင္ဘဏ္စာရင္းေတြကေန ေငြထုတ္ယူႏိုင္ဖုိ႔ ခက္ခဲတာမို႔ ဘဏ္ေတြအေပၚ ျပည္သူေတြရဲ႕ ယုံၾကည္မႈဟာလည္း ေလ်ာ့နည္းလာတယ္လို႔ ေလ့လာသူေတြက သံုးသပ္ပါတယ္။ တရားဝင္ေငြေၾကးလဲလွယ္တဲ့ လမ္းေၾကာင္းေတြမွာ အခက္အခဲေတြ ပိုမ်ားလာလို႔ ရာခိုင္ႏႈန္းယူၿပီး ေငြသားလဲေပးေနတဲ့ ေစ်းကြက္ကို အားကိုးေနရေပမယ့္လည္း ကိုယ့္ရဲ႕ပိုက္ဆံျပန္ရဖုိ႔ ေငြထပ္ အကုန္ခံ ထုတ္ေနရတဲ့အေပၚ ဘဏ္စာရင္းပိုင္႐ွင္ေတြ စိတ္ပ်က္ေနၾကပါတယ္။

=========

{Unicode}}

မြန်မာပြည်တွင်း ဘဏ်အပ်ငွေတွေထုတ်ယူဖို့ အခက်ကြုံနေကြရဆဲ

မြန်မာနိုင်ငံက ဘဏ်အသီးသီးမှာ အပ်နှံထားတဲ့ ကိုယ့်ရဲ့ငွေသားတွေကို ထုတ်ယူဖို့အတွက် အခုချိန်ထိ အခက်အခဲတွေရှိနေတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။ ဒီလို ကိုယ့်ငွေကို ပြန်ထုတ်နိုင်ဖို့ အခက်အခဲရှိနေချိန် ကိုယ်စားငွေထုတ်ပေးသူတွေကို ငွေထုတ်ယူမယ့်ပမာဏရဲ့ ၆% အထိဝန်ဆောင်ခပေးပြီး ထုတ်ယူနေကြတဲ့ အခြေအနေကလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလအစ စစ်တပ်ကအာဏာသိမ်းပြီးချိန်ကတည်းက ဘဏ်တွေမှာအပ်နှံထားတဲ့ ကိုယ်ပိုင်ငွေတွေကို ထုတ်ယူဖို့ အကန့်အသတ်တွေ ရှိလာပါတယ်။ လူပုဂ္ဂိုလ်တဦးချင်းအနေနဲ့ ATM စက်ကနေ ငွေထုတ်ယူမယ်ဆို တရက်ကို အများဆုံး ငွေကျပ် ၅သိန်း ထုတ်ယူနိုင်ပြီး ဘဏ်ကနေထုတ်မယ်ဆိုရင်တော့ တပတ်ကို အများဆုံး ကျပ်သိန်း ၂၀ နဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေအနေနဲ့ ကတော့ တပတ်တာ ငွေထုတ်ယူနိုင်တဲ့ပမာဏ အများဆုံး ကျပ်သိန်း ၂၀၀ ဆိုပြီး ဗဟိုဘဏ်က သတ်မှတ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုချိန်မှာတော့ ATM စက်တွေမှာ ငွေထုတ်ယူလို့ မရတော့သလို ဘဏ်မှာထုတ်ယူနိုင်ဖို့အတွက်လည်း တိုကင်စနစ်နဲ့ သွားနေရတာ မမျှမတဖြစ်နေတယ်လို့ ကိုယ်ပိုင်ငွေထုတ်ယူဖို့ ကြိုးစားနေသူတွေက ပြောပါတယ်။ ကျန်းမာရေး ပရဟိတအလုပ်တွေ လုပ်ပေးနေတဲ့ ဟိုတယ်လုပ်ငန်းရှင် တဦးကတော့ ငွေသားထုတ်ယူနိုင်ဖို့ အခုချိန်ထိ ခက်ခဲနေတုန်းပဲလို့ ပြောပါတယ်။

"ငွေလွှဲပေးတဲ့ဟာ ကမ္ဘောဇ အကောင့်အချင်းချင်းပဲ လွှဲပေးတာ။ ဒါပေမယ့် ဒီဗဟိုဘဏ်ရဲ့ ထုတ်ပြန် ချက်တွေထဲမှာကျတော့ ကိုဗစ်ကာလနဲ့ပတ်သက်တဲ့ ကျန်းမာရေးစီမံချက်ကိစ္စကြောင့် ငွေရေးကြေးရေးထုတ်ရမယ်ဆိုရင် ဒီဟာကို အနည်းဆုံး သိန်း ၂၀၀ အောက်ဆို ရှောရှောလျှူလျှူ ထုတ်ပေးဖို့ဆိုလား... စီမံချက်ညွှန်ကြားတာတွေ ထွက်လာတာလည်း မြင်ခဲ့တာပဲ။ ဒါပေမယ့် တကယ်လက်တွေ့မှာကျတော့ တပတ် ၅ သိန်းကို အခုထက်ထိ ဘဏ်မန်နေဂျာနဲ့ တွေ့ပြီးတော့ အရမ်းကျေးဇူးပြုခိုင်းပြီးတော့ လိုက်ထုတ်နေရတဲ့ အနေအထားဖြစ်နေသေးတာပေါ့နော်။ ဆိုတော့ သာမန်ပြည်သူတယောက် အနေနဲ့ လိုက်ထုတ်မယ်ဆို အခွင့်ထူးခံလိုချင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒေသအတွက်၊ ကိုလုပ်နေတဲ့ ကျန်းမာရေးအတွက်ဆိုတဲ့ကိစ္စမှာ အသင်းအနေနဲ့ရော ဒေသအတွက်ရောလုပ်တဲ့ဟာမှာ အထက်ကစာတင်တယ်၊ အောက်က တလွဲတွေဖြစ်ဖြစ်နေတဲ့ဟာကလည်း ကို့ယို့ကားယားတွေဖြစ်တော့ အကြပ်အတည်းတွေ ဖြစ်တာပေါ့။"

ဘဏ်တွေမှာအပ်နှံထားတဲ့ ကိုယ့်ရဲ့ငွေတွေကို ပြန်လည်ရယူနိုင်ဖို့အတွက် ရာခိုင်နှုန်းယူပြီး ငွေသားထုတ်ပေးတဲ့ တရားမဝင် ဈေးကွက်ကလည်း ကြီးမားနေပါတယ်။ ဒီလို ရာခိုင်နှုန်းယူပြီး ငွေသားလဲပေးသူတွေကို ဖမ်းဆီးအရေးယူသွားမယ်လို့ စစ်ကောင်စီက ကြေညာပြီးတဲ့နောက် ငွေတိုးယူ လဲပေးသူတဦးကို စတင်ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက မေလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီကနေ့အချိန်ထိတော့ တရားဝင်ငွေထုတ်ယူနိုင်ဖို့ ခက်ခဲနေလို့ ရာခိုင်နှုန်းယူပြီး ငွေလဲပေးသူတွေကတော့ ဆက်ရှိနေတုန်းပါ။ ရန်ကုန်မှာ ကိုယ်စားငွေလဲပေးနေသူတဦးကတော့ ရာခိုင်နှုန်းပေါက်ဈေးဟာ ၆% ဝန်းကျင်မှာ ရှိနေတယ်လို့ ပြောပါတယ်။

"ရာခိုင်နှုန်းကတော့ ဘယ်လောက်ပဲဖြစ်ဖြစ် ၅.၈ အနှုတ်ပါ။ ရာခိုင်နှုန်းကတော့ မလျှော့ဘူး။ ရာချီလဲတဲ့သူလည်း အတူတူပဲ။ သိန်း ၁၅၀ - ၂၀၀ လည်း ဒီရာခိုင်နှုန်းပဲ။"

ဘဏ်တွေမှာငွေထုတ်ယူနိုင်ဖို့ သတ်မှတ်ထားတဲ့အတိုင်း အွန်လိုင်းကနေ တိုကင်ယူတဲ့အခါ အခက်အခဲတွေရှိတာကြောင့်လဲ ခုလို ငွေယူပြီး ငွေလဲပေးနေသူတွေ အလုပ်ဖြစ်နေကြတာပါ။ အွန်လိုင်းကနေ ငွေလွဲှ ငွေထုတ်ဝန်ဆောင်မှုလုပ်ပေးနေတဲ့ Wave Money လို ဝန်ဆောင်မှုလုပ်ငန်းတွေကလည်း ငွေပို့ ငွေထုတ်တဲ့အခါ ပေးရတဲ့ ဈေးနှုန်း အရင်ကထက် အဆမတန်တက်သွားတယ်လို့ ဝန်ဆောင်မှုယူသူတွေက ပြောပါတယ်။

မန္တလေးက ပုဂ္ဂလိကဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ငွေထုတ်ယူချင်သူတွေအနေနဲ့ အကန့်အသတ်မရှိ ငွေသားထုတ်ယူနိုင်ဖို့ကို လူမှုကွန်ယက်ကနေတဆင့် လူသိရှင်ကြားဆောင်ရွက်ပေးနေသူ တဦးကလည်း လက်ရှိအခြေအနေကို ခုလိုပြောပါတယ်။

"ရာခိုင်နှုန်းကတော့ ၆% အနည်းဆုံးယူတယ်ဗျ၊ အခုလောလောဆယ်ကတော့။ ကျနော်တို့ ဒီသီတင်းကျွတ် ဘဏ်ပိတ်ရက်တွေ ဘာတွေနဲ့ဆိုတော့ ငွေကြေးတွေကကြပ်နေတော့ ရာခိုင်နှုန်းတွေက နည်းနည်းပြန်တက်နေတာ။ ၆% ယူတာကတော့ ပုံမှန် အနည်းဆုံးပါပဲ။ စာအုပ်နဲ့ဆိုရင် ဘဏ်ကိုလာပြီးတော့ ကျနော်တို့အကောင့်ထဲကို ငွေလှမ်းထည့်ပြီးတော့မှရမှာ။ ဘဏ်မှာကတော့ ကျနော်တို့က စာရင်းပေး ဘာညာနဲ့ဆိုရင် နာရီဝက်လောက်ကတော့ ကြာမယ်ဗျ။"

စစ်အာဏာသိမ်းပြီးနောက် ဗဟိုဘဏ်ရဲ့ ကန့်သတ်ချက်တွေကြောင့် ကိုယ်ပိုင်ဘဏ်စာရင်းတွေကနေ ငွေထုတ်ယူနိုင်ဖို့ ခက်ခဲတာမို့ ဘဏ်တွေအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုဟာလည်း လျော့နည်းလာတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ တရားဝင်ငွေကြေးလဲလှယ်တဲ့ လမ်းကြောင်းတွေမှာ အခက်အခဲတွေ ပိုများလာလို့ ရာခိုင်နှုန်းယူပြီး ငွေသားလဲပေးနေတဲ့ ဈေးကွက်ကို အားကိုးနေရပေမယ့်လည်း ကိုယ့်ရဲ့ပိုက်ဆံပြန်ရဖို့ ငွေထပ် အကုန်ခံ ထုတ်နေရတဲ့အပေါ် ဘဏ်စာရင်းပိုင်ရှင်တွေ စိတ်ပျက်နေကြပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #MyanmarBanking #voaburmese #စစ်အာဏာသိမ်းမှု #ဘဏ်လုပ်ငန်း #ဗွီအိုအေမြန်မာပိုင်း

=========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG