သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံျခား ေငြလဲႏႈန္းကို ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ တင္းတင္းၾကပ္ၾကပ္ ထိန္းခ်ဳပ္


မွတ္တမ္း ႐ုပ္ပံု- ရန္ကုန္က ေငြလဲ ေကာင္တာမွာ ေငြစကၠဴကို စစ္ေဆးေနတဲ႔ ၀န္ထမ္းတဦး။ ဧၿပီ ၂၊ ၂၀၁၂။ (ဓာတ္ပံု Ye Aung Thu / AFP)

(Zawgyi / Unicode)

ႏိုင္ငံျခား ေငြေၾကး လဲလွယ္မႈ အတြက္ ၀ယ္ေစ်းႏႈန္း၊ ေရာင္းေစ်းႏႈန္းေတြကို ျမန္မာႏုိင္ငံေတာ္ ဗဟိုဘဏ္က ျပန္လည္ သတ္မွတ္လိုက္ပါတယ္။ ႏုိင္ငံျခား ေငြေၾကး အလြန္အကြ်ံေစ်းတက္မွာေၾကာင့္ အခုလို ကန္႔သတ္တာ ျဖစ္ေၾကာင္း ဗဟိုဘဏ္ တာ၀န္ရွိသူက ေျပာဆိုထားေပမယ့္ ဗဟိုဘဏ္ ရည္ရြယ္တဲ႔ အတိုင္း ျဖစ္လာပါ့မလားဆိုတဲ႔ အေပၚမွာေတာ့ သတိထား ေစာင့္ၾကည့္ေနၾကပါတယ္။ ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထုိက္ တင္ျပထားပါတယ္။

ႏိုင္ငံျခားေငြ အေရာင္းအ၀ယ္မွာ ဗဟိုဘဏ္က ေန႔စဥ္ သတ္မွတ္တဲ႔ ေစ်းႏႈန္းရဲ႕ ၀ ဒသမ ၅ ရာခိုင္ႏႈန္း အတိုး၊ အေလွ်ာ့နဲ႔ အေရာင္းအ၀ယ္ လုပ္ၾကဖို႔ ႏို၀င္ဘာလ ၉ ရက္ေန႔မွာ ဗဟိုဘဏ္က ျပန္လည္ စည္းကမ္း တင္းၾကပ္လိုက္ပါတယ္။ ဒီသတ္မွတ္ခ်က္ အရ အေမရိကန္ တေဒၚလာကို ႏို၀င္ဘာလ ၁၀ ရက္ေန႔က ဗဟိုဘဏ္ ရည္ညႊန္းေစ်း ၁၇၇၆ က်ပ္ ျဖစ္တာေၾကာင့္ တေဒၚလာကို ၈ က်ပ္ေက်ာ္ ၀န္းက်င္ အတိုး အေလွ်ာ့နဲ႔ တရား၀င္ အေရာင္းအ၀ယ္ လုပ္ခြင့္ရတာ ျဖစ္ပါတယ္။ ႏိုင္ငံျခားေငြေစ်း တက္သြားမွာကို ကန္႔သတ္တာျဖစ္ၾကာင္း ဗဟိုဘဏ္ ဒုတိယ ဥကၠဌ ဦး၀င္းေသာ္က ဗီြအိုေအကို ေျပာပါတယ္။

“ AD လိုင္စင္ရဘဏ္ေတြ၊ AD လိုင္စင္ရတဲ့ ဘဏ္မွာရွိတဲ့ money changer ေတြ၊ ေနာက္ ကုမၸဏီေတြကယူထားတဲ့ money changer ေတြ အားလုံးပါပါတယ္။ ထိန္းသိမ္းမႈတခု လုပ္တာပါပဲ။ ေဈးကြက္ထဲမွာ အလြန္အကြၽံ ျမင့္တက္မားမႈမျဖစ္ေအာင္ အတိုင္းအတာတခုအေနနဲ႔ ဒါ limit တခုေပါ့ေနာ္။”

AD လိုင္စင္ရဘဏ္ ဆိုတာကေတာ့ ႏုိင္ငံျခားသံုး ေငြေၾကး ေရာင္း၀ယ္ ေဖာက္ကားခြင့္ ရထားတဲ႔ ဘဏ္ေတြကို ဆိုလိုတာ ျဖစ္ပါတယ္။ MC လိုင္စင္ ဆိုတာကေတာ့ ႏိုင္ငံျခားေငြ အေရာင္းအ၀ယ္လိုင္စင္ ရထားသူေတြကို ဆိုလိုတာပါ။

ျမန္မာႏုိင္ငံတြင္း ႏုိင္ငံျခား ေငြေၾကး ေစ်းကြက္မွာ ဗဟိုဘဏ္ရဲ႕ ရည္ညႊန္းေစ်းနဲ႔ အေရာင္းအ၀ယ္ လုပ္ၾကရတာကေတာ့ အထူးအဆန္း မဟုတ္ပါဘူး။ အရင္ သမၼတ ဦးသိန္းစိန္ လက္ထက္ ၂၀၁၂-၂၀၁၃ ဘ႑ာႏွစ္က စလို႔ ဗဟိုဘဏ္က ရည္ညႊန္းေစ်းႏႈန္း သတ္မွတ္ခ်က္နဲ႔ တရား၀င္ ႏုိင္ငံျခားေငြ အေရာင္းအ၀ယ္ေတြ လုပ္ခဲ႔ၾကတာပါ။ အဲဒီအခ်ိန္က စလို႔ ႏုိင္ငံျခားေငြ တရား၀င္ လဲလွယ္ ေရာင္း၀ယ္ ၾကတဲ႔ လုပ္ငန္းမ်ားဟာ ဗဟိုဘဏ္ သတ္မွတ္ေစ်းႏႈန္းရဲ႕ ၀ ဒသမ ၈ ရာခိုင္ႏႈန္း အတိုး အေလွ်ာ့နဲ႔ အေရာင္းအ၀ယ္ လုပ္ခဲ႔ၾကပါတယ္။ ၀ ဒသမ ၈ ရာခိုင္ႏႈန္း အရ ဆိုရင္ေတာ့ ဗဟိုဘဏ္ သတ္မွတ္ေစ်းႏႈန္း ၁,၀၀၀ က်ပ္တိုင္းမွာ ၈ က်ပ္ အတိုးအေလွ်ာ့ လုပ္ႏုိင္တာ ျဖစ္ပါတယ္။

ဒါေပမယ့္ ၂၀၂၁ ခုႏွစ္ စစ္အာဏာသိမ္းၿပီးေနာက္မွာေတာ့ ႏိုင္ငံျခားေငြေၾကး အထူးသျဖင့္ေတာ့ အေမရိကန္ ေဒၚလာေစ်းက က်ပ္ ၂၀၀၀ ေက်ာ္ထိ ေစ်းတက္သြားၿပီးေနာက္ပိုင္းမွာေတာ့ ဗဟိုဘဏ္ဘက္က ႏုိင္ငံျခား ေငြလဲႏႈန္းကို ထိန္းႏုိင္ေရး နည္းမ်ိဳးစံု ေဆာင္ရြက္လာပါတယ္။ အေမရိကန္ တေဒၚလာကို ျမန္မာေငြ ၁,၇၀၀ ေလာက္မွာ ထိန္းထားႏုိင္ဖို႔ လုပ္မယ့္ အေၾကာင္း ဗဟိုဘဏ္ ဒုဥကၠ႒ ဦးဝင္းေသာ္က ဗြီအိုေအကို စက္တင္ဘာလ ၂ ရက္ေန႔က ေျပာပါတယ္။

“ က်ေနာ္တို႔ ထိန္းခ်ဳပ္မယ္ဆိုတဲ့ အပိုင္းမွာ ႏွစ္ပိုင္းရွိပါတယ္၊ ေဒၚလာေဈးဆိုတာေတာ့ ကိုယ္လိုခ်င္သလိုေဈးကို ထိန္းခ်ဳပ္လို႔ေတာ့ မရဘူးေပါ့။ သို႔ေသာ္ ထိုက္သင့္တဲ့ ေဈးတခုအေပၚမွာ အေရာင္းအဝယ္ျဖစ္ေအာင္ရယ္၊ မလိုအပ္ဘဲနဲ႔ ေဒၚလာေဈးျမင့္မားမႈနဲ႔အတူ က်န္တဲ့ကုန္စည္ေဈးႏႈန္းေတြ မျမင့္မားေအာင္ေတာ့ က်ေနာ္တို႔ ထိန္းရမွာေပါ့။ ဆိုေတာ့ အၾကမ္းဖ်င္းကေတာ့ က်ေနာ္တို႔က ၁၇၀၀ ( က်ပ္) အတြင္းမွာပဲရွိေအာင္ က်ေနာ္တို႔ထိန္းဖို႔ လ်ာထားပါတယ္။”

ဒီေနာက္ စက္တင္ဘာလ ၁၀ ရက္ေန႔မွာေတာ့ ႏိုင္ငံျခားေငြေၾကး ေရာင္းေစ်း ၀ယ္ေစ်းၾကား ကြာဟခ်က္ သတ္မွတ္မႈ ပယ္ဖ်က္ျခင္းဆိုၿပီး ဗဟိုဘဏ္ ဒုတိယ ဥကၠဌ ဦး၀င္းေသာ္ လက္မွတ္ေရးထိုး ထုတ္ျပန္လိုက္ပါတယ္။ ႏိုင္ငံျခားေငြေၾကး အေရာင္းအ၀ယ္ လုပ္ၾကသူေတြ ဗဟိုဘဏ္ ရည္ညႊန္းေစ်းရဲ႕ ၀ ဒသမ ၈ ရာခိုင္ႏႈန္း အတိုးအေလွ်ာ့နဲ႔ လုပ္ဖို႔ မလိုေတာ့ဘူးဆိုတဲ႔ ေၾကညာခ်က္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီ ေၾကညာခ်က္ ထုတ္ၿပီး ၂ လ နီးပါး အၾကာ ႏို၀င္ဘာလ ၉ ရက္ေန႔မွာဘဲ ဗဟိုဘဏ္ သတ္မွတ္ ရည္ညႊန္းေစ်းနဲ႔ အေရာင္းအ၀ယ္ လုပ္ၾကဖို႔ ျပန္ၿပီး ညႊန္ၾကားလာတာပါ။ ဒီတႀကိမ္ ညႊန္ၾကားတာမွာေတာ့ အတိုးအေလွ်ာ့ လုပ္ႏုိင္တဲ႔ ပမာဏကိုလည္း ေလွ်ာ့လိုက္ပါတယ္။ အရင္က က်ပ္ ၁,၀၀၀ ကို ၈ က်ပ္ အတိုးအေလွ်ာ့ လုပ္ႏုိင္တာကေန အခုအခါမွာ က်ပ္ ၁,၀၀၀ အတြက္ ၅ က်ပ္ အတိုးအေလွ်ာ့လုပ္ဖို႔ ျဖစ္ပါတယ္။

ဗဟိုဘဏ္ရဲ႕ ကန္႔သတ္ခ်က္သစ္ဟာ လက္ေတြ႔မက်ဘူးလို႔ ရႈျမင္ၾကသူေတြလည္း ရွိပါတယ္။

“ ဒီဥပေဒ ထုတ္လုိက္ရင္ လူေတြက ေၾကာက္မယ္။ ေၾကာက္လို႔ ရွိရင္ ေစ်းက က်မွာေပါ့။ ”

ဦးစိန္ေဌးဟာ အေမရိကန္ အေျခစိုက္ စီးပြားေရး ပညာရွင္ တဦး ျဖစ္ပါတယ္။

“ခနဘဲ က်မွာဘဲ ဘာျဖစ္ႏုိင္သလဲ ဆိုရင္ ေကာင္းၿပီး အခု သူတို႔ သတ္မွတ္တဲ႔ ေစ်းက ၁၇၀၀ ၀န္းက်င္ေပါ့ဗ်ာ။ ဆိုေတာ့ ၀ယ္တဲ႔ ေနရာမွာ သူတို႔ႏႈန္းနဲ႔ 0.5 % နဲ႔ အ၀ယ္ျပမယ္။ ေရာင္းရင္လည္း ခုနက ႏႈန္းေလးနဲ႔ ေရာင္းေပးမယ္။ သို႔ေသာ္ ေရာင္းစရာ မရွိေတာ့ပါဘူးဆိုၿပီးမွ အေရာင္းပိတ္လုိက္မွာေပါ့။ ပိတ္ရင္ ဘာ အက်ိဳးဆက္ ျဖစ္လာမလဲ ဆိုေတာ့ ေမွာင္ခို - ေဒၚလာ အျပင္မွာ ေမွာင္ခို ေရာင္းတဲ႔ စနစ္ ေပၚလာမွာဘဲ။”

ဗဟိုဘဏ္ရဲ႕ ဒီေၾကညာခ်က္ ထြက္လာၿပီးေနာက္မွာေတာ့ ျပင္ပ ေပါက္ေစ်းနဲ႔ ဗဟိုဘဏ္ သတ္မွတ္ေစ်းႏႈန္းက အၾကမ္းဖ်ဥ္း တေဒၚလာကို ၂၀၀ က်ပ္ေလာက္ ကြာဟေနတာေၾကာင့္ အေရာင္းမရွိဘဲ ၀ယ္လိုသူေတြ မ်ားလာပါတယ္။ ႏုိင္ငံတ၀န္းက ေငြလဲ ေကာင္တာေတြမွာလည္း ၀ယ္လို႔ ရသမွ် ျပန္ေရာင္းေပးမွာ ျဖစ္ေၾကာင္း အသိေပးထားပါတယ္။

ဗဟိုဘဏ္ဘက္က ႏိုင္ငံျခား ေငြေၾကး ေစ်းႏႈန္း ထိန္းခ်ဳပ္ႏိုင္ေရး ႀကိဳးပမ္းလာတဲ႔ အခ်က္ဟာ ႏိုင္ငံရဲ႕ အရန္ေငြေၾကး မလံုေလာက္မႈ ျဖစ္လာႏိုင္တဲ႔ အေျခအေနေၾကာင့္လို႔လည္း စီးပြားေရး ပညာရွင္ ဦးစိန္ေဌးက ယူဆပါတယ္။ ADB -အာရွ ဖြံ႔ၿဖိဳးေရးဘဏ္ရဲ႕ တရား၀င္ စာရင္းေတြ အရ အရင္ အမ်ိဳးသား ဒီမိုကေရစီ အစိုးရ လက္ထက္ ၂၀၂၀ အကုန္မွာ ႏိုင္ငံ အရန္ေငြ ေဒၚလာ သန္း ၇,၀၀၀ ေက်ာ္ ရွိခဲ႔တဲ႔ အေျခအေနနဲ႔ အခု စစ္တပ္ အာဏာရယူထားတဲ႔ အေျခအေန ၂ ခုကို ႏိႈင္းယွဥ္ၿပီး သူက အခုလို ေျပာပါတယ္။

“ ကုန္သြယ္မႈေတြ က်လာတဲ႔ အခါမွာ အရန္ေငြ က်လာၿပီ။ အရန္ေငြ က်လာရင္ သူတို႔ဆီမွာ အရန္ေငြ မရွိရင္ ဘယ္ဟာနဲ႔ ျပန္သြင္းမလဲ။ Import က သြင္းရမယ္ေလ။ ဒါေၾကာင့္ အခု ေလာေလာဆယ္ လုပ္လာတာက ဒီ ကုန္သြယ္မႈနဲ႔ ပတ္သက္ရင္ Export Earning (ပို႔ကုန္ ၀င္ေငြ) က ရတဲ႔ ေငြကို တလ အတြင္းမွာ ဗဟိုဘဏ္ကို ျပန္သြင္းပါ။ ဒါ ပိုက္ဆံ လက္ထဲ မရွိလို႔ ျပန္စုတာ။ Revenue ျပန္ယူတာေပါ့။ ေနာက္တခါ သြင္းကုန္ေတြ။ ၿပီးခဲ႔တဲ႔ ၅ ႏွစ္တာ ကာလမွာ ဆိုရင္ Import (သြင္းကုန္) က မ်ားတာဗ်။ ၂၀၂၀ မွာ ဆိုရင္ ေဒၚလာ သန္း ၅၀၀ ဖိုးထိ သြင္းကုန္က ပိုမ်ားတာ။ အခု သြင္းကုန္ကို ေလွ်ာ့ခ်လာတယ္။ ပို႔ကုန္က်ေတာ့ သြင္းကုန္ကို ေလွ်ာ့မွ။ မေလွ်ာ့ရင္ ၾကာရင္ အရန္ေငြ ေလ်ာ့ေလ်ာ့လာမယ္။ ဒါေၾကာင့္မို႔ အဲလို ျဖစ္လာတာ။ ”

တခ်ိန္တည္းမွာဘဲ ၂၀၁၉ ခုႏွစ္ အတြင္း ပို႔ကုန္ တင္ပို႔ထားၿပီး ပို႔ကုန္ ရေငြ စာရင္း မရွင္းၾကေသးတဲ႔ ကုမၸဏီ ၆၀၀ ေက်ာ္ကိုလည္း ရက္ေပါင္း ၃၀ အတြင္း စာရင္း ရွင္းၾကဖို႔ ႏို၀င္ဘာလ ၂ ရက္ေန႔မွာ ေၾကညာခဲ႔ၿပီး ဒီေၾကညာခ်က္ဟာဆိုရင္ ႏိုင္ငံျခားေငြ ကေန ျမန္မာ က်ပ္ေငြ ေျပာင္းလဲဖို႔ ေၾကညာခ်က္ မဟုတ္ေၾကာင္း ဗဟိုဘဏ္ရဲ႕ ႏိုင္ငံျခားသံုးေငြ စီမံခန္႔ခြဲေရးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒၚေမတိုး၀င္းက ဗြီအိုေအရဲ႕ ေမးျမန္းမႈကို စာေရး အေၾကာင္းျပန္ပါတယ္။ ပို႔ကုန္ ရေငြ စာရင္း ရွင္းဖို႔ က်န္တဲ႔ ကုမၸဏီ ၆၆၃ ခု ရွိေနၿပီး ဒီ ကုမၸဏီေတြ အေနနဲ႔ ပို႔ကုန္ ရေငြနဲ႔ ပတ္သက္လို႔ သတ္မွတ္ခ်ိန္ အတြင္း စာရင္းမရွင္းပါက အေရးယူမယ္လို႔လည္း ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

နိုင်ငံခြား ငွေလဲနှုန်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် တင်းတင်းကြပ်ကြပ် ထိန်းချုပ်

နိုင်ငံခြား ငွေကြေး လဲလှယ်မှု အတွက် ဝယ်ဈေးနှုန်း၊ ရောင်းဈေးနှုန်းတွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြန်လည် သတ်မှတ်လိုက်ပါတယ်။ နိုင်ငံခြား ငွေကြေး အလွန်အကျွံဈေးတက်မှာကြောင့် အခုလို ကန့်သတ်တာ ဖြစ်ကြောင်း ဗဟိုဘဏ် တာဝန်ရှိသူက ပြောဆိုထားပေမယ့် ဗဟိုဘဏ် ရည်ရွယ်တဲ့ အတိုင်း ဖြစ်လာပါ့မလားဆိုတဲ့ အပေါ်မှာတော့ သတိထား စောင့်ကြည့်နေကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

နိုင်ငံခြားငွေ အရောင်းအဝယ်မှာ ဗဟိုဘဏ်က နေ့စဉ် သတ်မှတ်တဲ့ ဈေးနှုန်းရဲ့ ၀ ဒသမ ၅ ရာခိုင်နှုန်း အတိုး၊ အလျှော့နဲ့ အရောင်းအဝယ် လုပ်ကြဖို့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ဗဟိုဘဏ်က ပြန်လည် စည်းကမ်း တင်းကြပ်လိုက်ပါတယ်။ ဒီသတ်မှတ်ချက် အရ အမေရိကန် တဒေါ်လာကို နိုဝင်ဘာလ ၁၀ ရက်နေ့က ဗဟိုဘဏ် ရည်ညွှန်းဈေး ၁၇၇၆ ကျပ် ဖြစ်တာကြောင့် တဒေါ်လာကို ၈ ကျပ်ကျော် ဝန်းကျင် အတိုး အလျှော့နဲ့ တရားဝင် အရောင်းအဝယ် လုပ်ခွင့်ရတာ ဖြစ်ပါတယ်။ နိုင်ငံခြားငွေဈေး တက်သွားမှာကို ကန့်သတ်တာဖြစ်ကြာင်း ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးဝင်းသော်က ဗွီအိုအေကို ပြောပါတယ်။

“ AD လိုင်စင်ရဘဏ်တွေ၊ AD လိုင်စင်ရတဲ့ ဘဏ်မှာရှိတဲ့ money changer တွေ၊ နောက် ကုမ္ပဏီတွေကယူထားတဲ့ money changer တွေ အားလုံးပါပါတယ်။ ထိန်းသိမ်းမှုတခု လုပ်တာပါပဲ။ ဈေးကွက်ထဲမှာ အလွန်အကျွံ မြင့်တက်မားမှုမဖြစ်အောင် အတိုင်းအတာတခုအနေနဲ့ ဒါ limit တခုပေါ့နော်။”

AD လိုင်စင်ရဘဏ် ဆိုတာကတော့ နိုင်ငံခြားသုံး ငွေကြေး ရောင်းဝယ် ဖောက်ကားခွင့် ရထားတဲ့ ဘဏ်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။ MC လိုင်စင် ဆိုတာကတော့ နိုင်ငံခြားငွေ အရောင်းအဝယ်လိုင်စင် ရထားသူတွေကို ဆိုလိုတာပါ။

မြန်မာနိုင်ငံတွင်း နိုင်ငံခြား ငွေကြေး ဈေးကွက်မှာ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းဈေးနဲ့ အရောင်းအဝယ် လုပ်ကြရတာကတော့ အထူးအဆန်း မဟုတ်ပါဘူး။ အရင် သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က စလို့ ဗဟိုဘဏ်က ရည်ညွှန်းဈေးနှုန်း သတ်မှတ်ချက်နဲ့ တရားဝင် နိုင်ငံခြားငွေ အရောင်းအဝယ်တွေ လုပ်ခဲ့ကြတာပါ။ အဲဒီအချိန်က စလို့ နိုင်ငံခြားငွေ တရားဝင် လဲလှယ် ရောင်းဝယ် ကြတဲ့ လုပ်ငန်းများဟာ ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်းရဲ့ ၀ ဒသမ ၈ ရာခိုင်နှုန်း အတိုး အလျှော့နဲ့ အရောင်းအဝယ် လုပ်ခဲ့ကြပါတယ်။ ၀ ဒသမ ၈ ရာခိုင်နှုန်း အရ ဆိုရင်တော့ ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်း ၁,၀၀၀ ကျပ်တိုင်းမှာ ၈ ကျပ် အတိုးအလျှော့ လုပ်နိုင်တာ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ နိုင်ငံခြားငွေကြေး အထူးသဖြင့်တော့ အမေရိကန် ဒေါ်လာဈေးက ကျပ် ၂၀၀၀ ကျော်ထိ ဈေးတက်သွားပြီးနောက်ပိုင်းမှာတော့ ဗဟိုဘဏ်ဘက်က နိုင်ငံခြား ငွေလဲနှုန်းကို ထိန်းနိုင်ရေး နည်းမျိုးစုံ ဆောင်ရွက်လာပါတယ်။ အမေရိကန် တဒေါ်လာကို မြန်မာငွေ ၁,၇၀၀ လောက်မှာ ထိန်းထားနိုင်ဖို့ လုပ်မယ့် အကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော်က ဗွီအိုအေကို စက်တင်ဘာလ ၂ ရက်နေ့က ပြောပါတယ်။

“ ကျနော်တို့ ထိန်းချုပ်မယ်ဆိုတဲ့ အပိုင်းမှာ နှစ်ပိုင်းရှိပါတယ်၊ ဒေါ်လာဈေးဆိုတာတော့ ကိုယ်လိုချင်သလိုဈေးကို ထိန်းချုပ်လို့တော့ မရဘူးပေါ့။ သို့သော် ထိုက်သင့်တဲ့ ဈေးတခုအပေါ်မှာ အရောင်းအဝယ်ဖြစ်အောင်ရယ်၊ မလိုအပ်ဘဲနဲ့ ဒေါ်လာဈေးမြင့်မားမှုနဲ့အတူ ကျန်တဲ့ကုန်စည်ဈေးနှုန်းတွေ မမြင့်မားအောင်တော့ ကျနော်တို့ ထိန်းရမှာပေါ့။ ဆိုတော့ အကြမ်းဖျင်းကတော့ ကျနော်တို့က ၁၇၀၀ ( ကျပ်) အတွင်းမှာပဲရှိအောင် ကျနော်တို့ထိန်းဖို့ လျာထားပါတယ်။”

ဒီနောက် စက်တင်ဘာလ ၁၀ ရက်နေ့မှာတော့ နိုင်ငံခြားငွေကြေး ရောင်းဈေး ဝယ်ဈေးကြား ကွာဟချက် သတ်မှတ်မှု ပယ်ဖျက်ခြင်းဆိုပြီး ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးဝင်းသော် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံခြားငွေကြေး အရောင်းအဝယ် လုပ်ကြသူတွေ ဗဟိုဘဏ် ရည်ညွှန်းဈေးရဲ့ ၀ ဒသမ ၈ ရာခိုင်နှုန်း အတိုးအလျှော့နဲ့ လုပ်ဖို့ မလိုတော့ဘူးဆိုတဲ့ ကြေညာချက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီ ကြေညာချက် ထုတ်ပြီး ၂ လ နီးပါး အကြာ နိုဝင်ဘာလ ၉ ရက်နေ့မှာဘဲ ဗဟိုဘဏ် သတ်မှတ် ရည်ညွှန်းဈေးနဲ့ အရောင်းအဝယ် လုပ်ကြဖို့ ပြန်ပြီး ညွှန်ကြားလာတာပါ။ ဒီတကြိမ် ညွှန်ကြားတာမှာတော့ အတိုးအလျှော့ လုပ်နိုင်တဲ့ ပမာဏကိုလည်း လျှော့လိုက်ပါတယ်။ အရင်က ကျပ် ၁,၀၀၀ ကို ၈ ကျပ် အတိုးအလျှော့ လုပ်နိုင်တာကနေ အခုအခါမှာ ကျပ် ၁,၀၀၀ အတွက် ၅ ကျပ် အတိုးအလျှော့လုပ်ဖို့ ဖြစ်ပါတယ်။

ဗဟိုဘဏ်ရဲ့ ကန့်သတ်ချက်သစ်ဟာ လက်တွေ့မကျဘူးလို့ ရှုမြင်ကြသူတွေလည်း ရှိပါတယ်။

“ ဒီဥပဒေ ထုတ်လိုက်ရင် လူတွေက ကြောက်မယ်။ ကြောက်လို့ ရှိရင် ဈေးက ကျမှာပေါ့။ ”

ဦးစိန်ဌေးဟာ အမေရိကန် အခြေစိုက် စီးပွားရေး ပညာရှင် တဦး ဖြစ်ပါတယ်။

“ခနဘဲ ကျမှာဘဲ ဘာဖြစ်နိုင်သလဲ ဆိုရင် ကောင်းပြီး အခု သူတို့ သတ်မှတ်တဲ့ ဈေးက ၁၇၀၀ ဝန်းကျင်ပေါ့ဗျာ။ ဆိုတော့ ဝယ်တဲ့ နေရာမှာ သူတို့နှုန်းနဲ့ 0.5 % နဲ့ အဝယ်ပြမယ်။ ရောင်းရင်လည်း ခုနက နှုန်းလေးနဲ့ ရောင်းပေးမယ်။ သို့သော် ရောင်းစရာ မရှိတော့ပါဘူးဆိုပြီးမှ အရောင်းပိတ်လိုက်မှာပေါ့။ ပိတ်ရင် ဘာ အကျိုးဆက် ဖြစ်လာမလဲ ဆိုတော့ မှောင်ခို - ဒေါ်လာ အပြင်မှာ မှောင်ခို ရောင်းတဲ့ စနစ် ပေါ်လာမှာဘဲ။”

ဗဟိုဘဏ်ရဲ့ ဒီကြေညာချက် ထွက်လာပြီးနောက်မှာတော့ ပြင်ပ ပေါက်ဈေးနဲ့ ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်းက အကြမ်းဖျဉ်း တဒေါ်လာကို ၂၀၀ ကျပ်လောက် ကွာဟနေတာကြောင့် အရောင်းမရှိဘဲ ဝယ်လိုသူတွေ များလာပါတယ်။ နိုင်ငံတဝန်းက ငွေလဲ ကောင်တာတွေမှာလည်း ဝယ်လို့ ရသမျှ ပြန်ရောင်းပေးမှာ ဖြစ်ကြောင်း အသိပေးထားပါတယ်။

ဗဟိုဘဏ်ဘက်က နိုင်ငံခြား ငွေကြေး ဈေးနှုန်း ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလာတဲ့ အချက်ဟာ နိုင်ငံရဲ့ အရန်ငွေကြေး မလုံလောက်မှု ဖြစ်လာနိုင်တဲ့ အခြေအနေကြောင့်လို့လည်း စီးပွားရေး ပညာရှင် ဦးစိန်ဌေးက ယူဆပါတယ်။ ADB -အာရှ ဖွံ့ဖြိုးရေးဘဏ်ရဲ့ တရားဝင် စာရင်းတွေ အရ အရင် အမျိုးသား ဒီမိုကရေစီ အစိုးရ လက်ထက် ၂၀၂၀ အကုန်မှာ နိုင်ငံ အရန်ငွေ ဒေါ်လာ သန်း ၇,၀၀၀ ကျော် ရှိခဲ့တဲ့ အခြေအနေနဲ့ အခု စစ်တပ် အာဏာရယူထားတဲ့ အခြေအနေ ၂ ခုကို နှိုင်းယှဉ်ပြီး သူက အခုလို ပြောပါတယ်။

“ ကုန်သွယ်မှုတွေ ကျလာတဲ့ အခါမှာ အရန်ငွေ ကျလာပြီ။ အရန်ငွေ ကျလာရင် သူတို့ဆီမှာ အရန်ငွေ မရှိရင် ဘယ်ဟာနဲ့ ပြန်သွင်းမလဲ။ Import က သွင်းရမယ်လေ။ ဒါကြောင့် အခု လောလောဆယ် လုပ်လာတာက ဒီ ကုန်သွယ်မှုနဲ့ ပတ်သက်ရင် Export Earning (ပို့ကုန် ဝင်ငွေ) က ရတဲ့ ငွေကို တလ အတွင်းမှာ ဗဟိုဘဏ်ကို ပြန်သွင်းပါ။ ဒါ ပိုက်ဆံ လက်ထဲ မရှိလို့ ပြန်စုတာ။ Revenue ပြန်ယူတာပေါ့။ နောက်တခါ သွင်းကုန်တွေ။ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလမှာ ဆိုရင် Import (သွင်းကုန်) က များတာဗျ။ ၂၀၂၀ မှာ ဆိုရင် ဒေါ်လာ သန်း ၅၀၀ ဖိုးထိ သွင်းကုန်က ပိုများတာ။ အခု သွင်းကုန်ကို လျှော့ချလာတယ်။ ပို့ကုန်ကျတော့ သွင်းကုန်ကို လျှော့မှ။ မလျှော့ရင် ကြာရင် အရန်ငွေ လျော့လျော့လာမယ်။ ဒါကြောင့်မို့ အဲလို ဖြစ်လာတာ။ ”

တချိန်တည်းမှာဘဲ ၂၀၁၉ ခုနှစ် အတွင်း ပို့ကုန် တင်ပို့ထားပြီး ပို့ကုန် ရငွေ စာရင်း မရှင်းကြသေးတဲ့ ကုမ္ပဏီ ၆၀၀ ကျော်ကိုလည်း ရက်ပေါင်း ၃၀ အတွင်း စာရင်း ရှင်းကြဖို့ နိုဝင်ဘာလ ၂ ရက်နေ့မှာ ကြေညာခဲ့ပြီး ဒီကြေညာချက်ဟာဆိုရင် နိုင်ငံခြားငွေ ကနေ မြန်မာ ကျပ်ငွေ ပြောင်းလဲဖို့ ကြေညာချက် မဟုတ်ကြောင်း ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်းက ဗွီအိုအေရဲ့ မေးမြန်းမှုကို စာရေး အကြောင်းပြန်ပါတယ်။ ပို့ကုန် ရငွေ စာရင်း ရှင်းဖို့ ကျန်တဲ့ ကုမ္ပဏီ ၆၆၃ ခု ရှိနေပြီး ဒီ ကုမ္ပဏီတွေ အနေနဲ့ ပို့ကုန် ရငွေနဲ့ ပတ်သက်လို့ သတ်မှတ်ချိန် အတွင်း စာရင်းမရှင်းပါက အရေးယူမယ်လို့လည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG