{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ လက္ရွိရင္ဆိုင္ေနရတဲ့ စီးပြားေရးအၾကပ္အတည္းေတြ ျဖစ္ေပၚလာေအာင္ ႏိုင္ငံျခားတိုင္းျပည္ေတြက ေက်ာေထာက္ေနာက္ခံျပဳၿပီး လုပ္ေဆာင္ေနၾကတယ္လို႔ စစ္ေကာင္စီက ခန္႔ထားတဲ့ ရင္းႏွီးျမွဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခား စီးပြားဆက္သြယ္ေရးဝန္ႀကီး ဦးေအာင္ႏိုင္ဦးက ေျပာပါတယ္။
“ပထမအခ်က္အေနနဲ႔ ႏိုင္ငံအတြင္းက ဘဏ္လုပ္ငန္းေတြပ်က္စီးေအာင္ သူတို႔ေတြ လုပ္ေဆာင္ၾကပါတယ္။ ျပည္သူေတြ ဘဏ္ေတြကေန ေငြေတြထုတ္ယူၾကေအာင္ သူတို႔ လုပ္ေဆာင္ၾကပါတယ္။ ေနာက္ၿပီးေတာ့ Digital ေငြေပးေခ်မႈစံနစ္ကို အသုံးမျပဳဘဲ ေငြသားနဲ႔ အေရာင္းအဝယ္ျပဳတဲ့ဘက္ ျပည္သူေတြ လွည့္သြားေအာင္ လုပ္ေဆာင္ၾကပါတယ္။”
႐ိုက္တာသတင္းဌာနနဲ႔ သီးျခားျပဳလုပ္တဲ့ အြန္လိုင္း ေမးျမန္းမႈအတြင္း ဝန္ႀကီး ဦးေအာင္ႏိုင္ဦးက အဲဒီလို ေျပာၾကားလိုက္တာျဖစ္ေပမယ့္ ဘယ္ႏိုင္ငံျခားတိုင္းျပည္ေတြနဲ႔ အတိုက္အခံ အင္အားစုေတြက ေနာက္ကြယ္ကေန လုပ္ေနၾကတယ္ဆိုတာကိုေတာ့ အတိအလင္း ေျပာဆိုျခင္း မရွိပါဘူး။
ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း ႏိုင္ငံေရးနဲ႔ စီးပြားေရး မတည္ၿငိမ္မႈေတြ ျဖစ္ေပၚခဲ့တာေၾကာင့္ ေဒၚလာနဲ႔ယွဥ္လိုက္ရင္ ျမန္မာက်ပ္ေငြတန္ဖိုးဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလအတြင္း ၆၀% အထိ က်သြားခဲ့ပါတယ္။ ျမန္မာက်ပ္ေငြတည္ၿငိမ္ဖို႔ အတြက္ ဗဟိုဘဏ္အေနနဲ႔ အစြမ္းကုန္ ႀကိဳးစားေဆာင္ရြက္ေနေၾကာင္း စစ္ေကာင္စီခန္႔ထားတဲ့ ဗဟိုဘဏ္ တာဝန္ရွိသူေတြ ေျပာေပမယ့္ က်ပ္ေငြတန္ဖိုး အနည္းငယ္သာ ျပန္တက္ခဲ့ၿပီး စစ္တပ္ က အာဏာမသိမ္းခင္ NLD အစိုးရလက္ထက္မွာ ရွိခဲ့တဲ့ ေငြလွဲႏႈန္းကို ျပန္မေရာက္ေသးပါဘူး။
ဒါ့အျပင္ စစ္တပ္ကအာဏာမသိမ္းခင္မွာ ေငြေၾကးေဖာင္းပြမႈႏႈန္း ၁.၅၁% ရွိခဲ့ရာက လက္ရွိ ေငြေၾကးေဖာင္းပြမႈႏႈန္းဟာ ၆.၅၁% ရွိေနၿပီး ေလာင္စာဆီနဲ႔ အေျခခံစားေသာက္ကုန္အပါအဝင္ ကုန္ေစ်းႏႈန္းေတြလည္း သိသိသာသာ တက္ကုန္ပါတယ္။
=======
{{Unicode}}
မြန်မာငွေကြေးအကျပ်အတည်း ဖျက်လိုဖျက်ဆီးမှုကြောင့်ဟု စစ်ကောင်စီဝန်ကြီးအပြစ်တင်
မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ စီးပွားရေးအကြပ်အတည်းတွေ ဖြစ်ပေါ်လာအောင် နိုင်ငံခြားတိုင်းပြည်တွေက ကျောထောက်နောက်ခံပြုပြီး လုပ်ဆောင်နေကြတယ်လို့ စစ်ကောင်စီက ခန့်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ပြောပါတယ်။
“ပထမအချက်အနေနဲ့ နိုင်ငံအတွင်းက ဘဏ်လုပ်ငန်းတွေပျက်စီးအောင် သူတို့တွေ လုပ်ဆောင်ကြပါတယ်။ ပြည်သူတွေ ဘဏ်တွေကနေ ငွေတွေထုတ်ယူကြအောင် သူတို့ လုပ်ဆောင်ကြပါတယ်။ နောက်ပြီးတော့ Digital ငွေပေးချေမှုစံနစ်ကို အသုံးမပြုဘဲ ငွေသားနဲ့ အရောင်းအဝယ်ပြုတဲ့ဘက် ပြည်သူတွေ လှည့်သွားအောင် လုပ်ဆောင်ကြပါတယ်။”
ရိုက်တာသတင်းဌာနနဲ့ သီးခြားပြုလုပ်တဲ့ အွန်လိုင်း မေးမြန်းမှုအတွင်း ဝန်ကြီး ဦးအောင်နိုင်ဦးက အဲဒီလို ပြောကြားလိုက်တာဖြစ်ပေမယ့် ဘယ်နိုင်ငံခြားတိုင်းပြည်တွေနဲ့ အတိုက်အခံ အင်အားစုတွေက နောက်ကွယ်ကနေ လုပ်နေကြတယ်ဆိုတာကိုတော့ အတိအလင်း ပြောဆိုခြင်း မရှိပါဘူး။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ဒေါ်လာနဲ့ယှဉ်လိုက်ရင် မြန်မာကျပ်ငွေတန်ဖိုးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ၆၀% အထိ ကျသွားခဲ့ပါတယ်။ မြန်မာကျပ်ငွေတည်ငြိမ်ဖို့ အတွက် ဗဟိုဘဏ်အနေနဲ့ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေကြောင်း စစ်ကောင်စီခန့်ထားတဲ့ ဗဟိုဘဏ် တာဝန်ရှိသူတွေ ပြောပေမယ့် ကျပ်ငွေတန်ဖိုး အနည်းငယ်သာ ပြန်တက်ခဲ့ပြီး စစ်တပ် က အာဏာမသိမ်းခင် NLD အစိုးရလက်ထက်မှာ ရှိခဲ့တဲ့ ငွေလှဲနှုန်းကို ပြန်မရောက်သေးပါဘူး။
ဒါ့အပြင် စစ်တပ်ကအာဏာမသိမ်းခင်မှာ ငွေကြေးဖောင်းပွမှုနှုန်း ၁.၅၁% ရှိခဲ့ရာက လက်ရှိ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၆.၅၁% ရှိနေပြီး လောင်စာဆီနဲ့ အခြေခံစားသောက်ကုန်အပါအဝင် ကုန်ဈေးနှုန်းတွေလည်း သိသိသာသာ တက်ကုန်ပါတယ်။
#MyanmarEconomy #MyanmarCurrency #VOABurmese
#မြန်မာ့ငွေကြေးဖောင်းပွ#အောင်နိုင်ဦး#စစ်ကောင်စီ#စီးပွါးရေးဝန်ကြီး
=======