သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စက္သုံးဆီနဲ႔စားသုံးဆီလုပ္ငန္းရွင္​​ေတြကို ဗဟိုဘဏ္ ေလွ်ာ့ေစ်းနဲ႔ေဒၚလာေရာင္းခ်ေပး


ရန္ကုန္က ျပင္ပ ေငြလႊဲေကာင္တာတခု (ဓာတ္ပံု- Reuters)

(Zawgyi/Unicode)

ပို႔ကုန္နည္းၿပီး သြင္းကုန္ပဲမ်ားေနတဲ့ လက္ရွိျပည္တြင္းစီးပြားေရး အေျခအေနမွာ အေမရိကန္ေဒၚလာေငြ လိုအပ္ခ်က္ တေနတျခား မ်ားလာၿပီး ျမန္မာေငြတန္ဖိုးလည္း တေဒၚလာကို က်ပ္ ၂၀၀၀ ေက်ာ္အထိဆက္ၿပီး က်ဆင္းေနတာပါ။ အေျခခံကုန္စည္ေစ်းေတြ တက္မလာေအာင္ စားသုံးဆီနဲ႔ စက္သုံးဆီတင္သြင္းတဲ့ လုပ္ငန္းရွင္ေတြကို ဗဟိုဘဏ္က ေဒၚလာျဖည့္တင္းေပးေပမဲ့ လိုအပ္ခ်က္ကေတာ့ ရွိေနဦးမယ္လို႔ ျပည္တြင္းလုပ္ငန္းရွင္ေတြက ေျပာလိုက္ပါတယ္။ ရန္ကုန္ကကေပးပို႔တဲ့ ဒီသတင္းအျပည့္အစုံကိုေတာ့ ကိုေအာင္ျမတ္သူ က တင္ျပေပးမွာပါ။

သြင္းကုန္လုပ္ငန္းရွင္ေတြ အထူးသျဖင့္ စက္သုံးဆီနဲ႔ စားသုံးဆီတင္သြင္းတဲ့ လုပ္ငန္းရွင္ေတြကို ဗဟိုဘဏ္က ျပင္ပေပါက္ေစ်းထက္ မ်ားစြာေလ်ာ့နည္းတဲ့ ပမာဏနဲ႔ ျဖည့္တင္းေရာင္းခ်ေပးတာကို စတင္လုပ္ေဆာင္ေနပါတယ္။ အဓိကေတာ့ အေျခခံကုန္စည္ေစ်းႏႈန္းေတြ တက္မလာေအာင္ ရည္႐ြယ္ပုံရတယ္လို႔ လုပ္ငန္းရွင္တခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။

တေဒၚလာကို ၁၇၅၃ က်ပ္နဲ႔ စက္သုံးဆီလုပ္ငန္းရွင္ေတြအတြက္ ေဒၚလာ ၅ သန္းကို ၿပီးခဲ့တဲ့ သီတင္းတပတ္က ပထမဦးဆုံးစၿပီး ေရာင္းခ်ေပးခဲ့ပါတယ္။ ျပည္ပေစ်းကြက္မွာေတာ့ တေဒၚလာကို က်ပ္ ၂၀၀၀ ဝန္းက်င္ရွိေနတာပါ။ အခု ဒီရက္ပိုင္းအတြင္း ဒုတိယအႀကိမ္ ေရာင္းခ်မယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေနတာပါ။

အေမရိကန္ေဒၚလာကို ဗဟိုဘဏ္က ျဖည့္ဆည္းေရာင္းခ်ၿပီး ေစ်းကြက္ကို ထိန္းေက်ာင္းေနတာထက္ ပို႔ကုန္၊ သြင္းကုန္ လုပ္ငန္းရွင္ေတြကို ေသခ်ာစိစစ္ၿပီး ဦးစားေပးအလိုက္ ေရာင္းခ်ေပးတာမ်ိဳးနဲ႔ ထိန္းေက်ာင္းသြားသင့္တယ္လို႔ ျမန္မာႏိုင္ငံ စက္သုံးဆီ လုပ္ငန္းရွင္မ်ားအသင္းရဲ႕ တာဝန္ရွိသူ ဦးဝင္းျမင့္က ဗြီအိုေအကို ေျပာပါတယ္။

“ ေဒၚလာေစ်း တက္တဲ့ဟာကို သူတို႔ ေစ်းေတြ တအားသက္သာတာနဲ႔ ေရာင္းေပးတာက တမ်ိဳးေပါ့ေနာ္၊ အဲဒီအစားကို ကိုတို႔ကေတာ့ ဒီ US ေဒၚလာ flow ကို ဗဟိုဘဏ္အေနနဲ႔ ထိန္းသိမ္းႏိုင္ရင္ေတာ့ ပိုသင့္ေတာ္လိမ့္မယ္လို႔ ျမင္တာေပါ့ေလေနာ္။ ေဒၚလာသုံးမယ့္ကိစၥေတြကို စိစစ္ၿပီးေတာ့ မကုန္သင့္တာ မကုန္ေအာင္ေပါ့ေလေနာ္၊ သုံးတဲ့စနစ္ေလး ဒါေလးကို ဗဟိုဘဏ္ကေန ထိန္းေၾကာင္းဖို႔ေတာ့ သင့္တယ္လို႔ေတာ့ အႀကံျပဳပါတယ္။”

သြင္းကုန္ကိုလည္း အေရးႀကီးတဲ့ ကုန္ပစၥည္းေတြကို အဓိကခြင့္ျပဳၿပီး တျခားဇိမ္ခံပစၥည္းေတြ တင္သြင္းတာကို ယာယီရပ္နားထားဖို႔လည္း သူကအႀကံျပဳတာပါ။

ျပည္တြင္းက လုပ္ငန္းရွင္ေတြအတြက္ အေမရိကန္ေဒၚလာ လိုအပ္ခ်က္က အရင္ကတည္းက ရွိေနေပမဲ့ လက္ရွိမွာ ပို႔ကုန္က ပိုၿပီးေလ်ာ့နည္း ေနတဲ့အတြက္ ႏိုင္ငံျခားေငြလိုအပ္ခ်က္ ပိုမ်ားေနေၾကာင္း တိုင္းရင္းသားလုပ္ငန္းရွင္မ်ားအသင္းရဲ႕ အေထြေထြအတြင္းေရးမႉး ဦးေအာင္ရဲေဇာ္က ေျပာပါတယ္။ လုပ္ငန္းရွင္ေတြ လိုတဲ့ပမာဏကို ဗဟိုဘဏ္ဘက္က ျဖည့္ဆည္းေရာင္းခ်ေပးေပမဲ့ လိုအပ္ခ်က္ကိုေတာ့ ျပည့္မီဖို႔မလြယ္ကူေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။

“ လုံေလာက္တဲ့ပမာဏ ရမယ္ဆိုတာကေတာ့ ေတာ္ေတာ္ခက္ပါတယ္၊ ႏိုင္ငံေတာ္ကလည္း က်ေနာ္တို႔အတြက္ လိုအပ္တဲ့၊ လုပ္ငန္းရွင္ေတြ လိုအပ္တဲ့ဟာကို ထုတ္ေရာင္းေပမဲ့လည္း တကယ္တမ္းက်ေတာ့ ဘယ္လိုေျပာေျပာ မျပည့္မီဘူးေလ၊ က်ေနာ္တို႔ supply and demand သေဘာလိုပဲေလ ဝယ္ရမယ့္ဟာက မ်ားေနတယ္၊ ေရာင္းရမယ့္ဟာက နည္းေတာ့ ေစ်းကေတာ့ ျဖည္းျဖည္းခ်င္း ျမင့္တက္လာတာေပါ့ဗ်ာ။ အစိုးရက ထုတ္ေရာင္းတဲ့ခဏပဲ ဆင္းတယ္ ဆိုေသာ္ျငားလည္း ဒီေကာင္က ( ေဒၚလာေစ်းက) အၾကာႀကီး မထိန္းထားႏိုင္ဘူးေလ။”

၂၀၂၁ ဇန္နဝါရီလမွာ အေမရိကန္တေဒၚလာကို ၁၃၃၀ က်ပ္ရွိေပမဲ့ အခု စက္တင္ဘာလမွာေတာ့ ၂၀၀၀ က်ပ္အထိ ေရာက္လာတယ္။ စက္တင္ဘာ ၂၂ ရက္မွာ ဗဟိုဘဏ္က သတ္မွတ္ထားတဲ့ အေမရိကန္ေဒၚလာေငြ လဲလွယ္ႏႈန္းက ၁၇၅၅ က်ပ္ျဖစ္ေပမဲ့ ျပင္ပ ေငြလဲေကာင္တာေတြ ကေတာ့ ၂၀၁၀ နဲ႔ ၂၀၃၀ က်ပ္ၾကားမွာ အေရာင္းအဝယ္ လုပ္ေနၾကတာပါ။

ေစ်းကြက္ထဲမွာ အေမရိကန္ေဒၚလာ လိုအပ္ခ်က္ကို အထိုက္အေလ်ာက္ ျဖည့္တင္းခဲ့ေပမဲ့ ကိုဗစ္တတိယလႈိင္းေၾကာင့္ ဇြန္လထဲမွာ ေဆးနဲ႔ ေဆးပစၥည္းေတြကို အဓိက တင္သြင္းခဲ့ရလို႔ ေဒၚလာလိုအပ္ခ်က္ မ်ားခဲ့တယ္လို႔ ဗဟိုဘဏ္က ေျပာခဲ့တာပါ။ ေဖေဖာ္ဝါရီ ၁ ရက္ေနာက္ပိုင္းကေန စက္တင္ဘာလ ၂၀ ရက္အထိ ဗဟိုဘဏ္က ထုတ္ေရာင္းခဲ့တဲ့ အေမရိကန္ေဒၚလာက သန္း ၁၆၀ ရွိေနပါတယ္။

ဒီလိုထုတ္ေရာင္းရတာဟာ ႏိုင္ငံျခားေငြေၾကးေစ်းကြက္မွာ လိုအပ္ခ်က္ကို ျဖည့္ေပးဖို႔ျဖစ္ၿပီး ေငြလဲေစ်းႏႈန္းကို တန္ဖိုးတခုမွာ ထိန္းသိမ္းထားဖို႔ မဟုတ္ေၾကာင္းလည္း ဗဟိုဘဏ္က ၿပီးခဲ့တဲ့ သီတင္းတပတ္က ထုတ္ျပန္ခဲ့တာပါ။

.............................................................................................

တိုက္႐ိုက္ လင့္ခ္


စက်သုံးဆီနဲ့စားသုံးဆီလုပ်ငန်းရှင်တွေကို ဗဟိုဘဏ် လျှော့ဈေးနဲ့ဒေါ်လာရောင်းချပေး

(Unicode)

ပို့ကုန်နည်းပြီး သွင်းကုန်ပဲများနေတဲ့ လက်ရှိပြည်တွင်းစီးပွားရေး အခြေအနေမှာ အမေရိကန်ဒေါ်လာငွေ လိုအပ်ချက် တနေတခြား များလာပြီး မြန်မာငွေတန်ဖိုးလည်း တဒေါ်လာကို ကျပ် ၂၀၀၀ ကျော်အထိဆက်ပြီး ကျဆင်းနေတာပါ။ အခြေခံကုန်စည်ဈေးတွေ တက်မလာအောင် စားသုံးဆီနဲ့ စက်သုံးဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တွေကို ဗဟိုဘဏ်က ဒေါ်လာဖြည့်တင်းပေးပေမဲ့ လိုအပ်ချက်ကတော့ ရှိနေဦးမယ်လို့ ပြည်တွင်းလုပ်ငန်းရှင်တွေက ပြောလိုက်ပါတယ်။ ရန်ကုန်ကကပေးပို့တဲ့ ဒီသတင်းအပြည့်အစုံကိုတော့ ကိုအောင်မြတ်သူ က တင်ပြပေးမှာပါ။

သွင်းကုန်လုပ်ငန်းရှင်တွေ အထူးသဖြင့် စက်သုံးဆီနဲ့ စားသုံးဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တွေကို ဗဟိုဘဏ်က ပြင်ပပေါက်ဈေးထက် များစွာလျော့နည်းတဲ့ ပမာဏနဲ့ ဖြည့်တင်းရောင်းချပေးတာကို စတင်လုပ်ဆောင်နေပါတယ်။ အဓိကတော့ အခြေခံကုန်စည်ဈေးနှုန်းတွေ တက်မလာအောင် ရည်ရွယ်ပုံရတယ်လို့ လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။

တဒေါ်လာကို ၁၇၅၃ ကျပ်နဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ဒေါ်လာ ၅ သန်းကို ပြီးခဲ့တဲ့ သီတင်းတပတ်က ပထမဦးဆုံးစပြီး ရောင်းချပေးခဲ့ပါတယ်။ ပြည်ပဈေးကွက်မှာတော့ တဒေါ်လာကို ကျပ် ၂၀၀၀ ဝန်းကျင်ရှိနေတာပါ။ အခု ဒီရက်ပိုင်းအတွင်း ဒုတိယအကြိမ် ရောင်းချမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာပါ။

အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်က ဖြည့်ဆည်းရောင်းချပြီး ဈေးကွက်ကို ထိန်းကျောင်းနေတာထက် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေကို သေချာစိစစ်ပြီး ဦးစားပေးအလိုက် ရောင်းချပေးတာမျိုးနဲ့ ထိန်းကျောင်းသွားသင့်တယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီ လုပ်ငန်းရှင်များအသင်းရဲ့ တာဝန်ရှိသူ ဦးဝင်းမြင့်က ဗွီအိုအေကို ပြောပါတယ်။

“ ဒေါ်လာဈေး တက်တဲ့ဟာကို သူတို့ ဈေးတွေ တအားသက်သာတာနဲ့ ရောင်းပေးတာက တမျိုးပေါ့နော်၊ အဲဒီအစားကို ကိုတို့ကတော့ ဒီ US ဒေါ်လာ flow ကို ဗဟိုဘဏ်အနေနဲ့ ထိန်းသိမ်းနိုင်ရင်တော့ ပိုသင့်တော်လိမ့်မယ်လို့ မြင်တာပေါ့လေနော်။ ဒေါ်လာသုံးမယ့်ကိစ္စတွေကို စိစစ်ပြီးတော့ မကုန်သင့်တာ မကုန်အောင်ပေါ့လေနော်၊ သုံးတဲ့စနစ်လေး ဒါလေးကို ဗဟိုဘဏ်ကနေ ထိန်းကြောင်းဖို့တော့ သင့်တယ်လို့တော့ အကြံပြုပါတယ်။”

သွင်းကုန်ကိုလည်း အရေးကြီးတဲ့ ကုန်ပစ္စည်းတွေကို အဓိကခွင့်ပြုပြီး တခြားဇိမ်ခံပစ္စည်းတွေ တင်သွင်းတာကို ယာယီရပ်နားထားဖို့လည်း သူကအကြံပြုတာပါ။

ပြည်တွင်းက လုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ လိုအပ်ချက်က အရင်ကတည်းက ရှိနေပေမဲ့ လက်ရှိမှာ ပို့ကုန်က ပိုပြီးလျော့နည်း နေတဲ့အတွက် နိုင်ငံခြားငွေလိုအပ်ချက် ပိုများနေကြောင်း တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦးအောင်ရဲဇော်က ပြောပါတယ်။ လုပ်ငန်းရှင်တွေ လိုတဲ့ပမာဏကို ဗဟိုဘဏ်ဘက်က ဖြည့်ဆည်းရောင်းချပေးပေမဲ့ လိုအပ်ချက်ကိုတော့ ပြည့်မီဖို့မလွယ်ကူကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ လုံလောက်တဲ့ပမာဏ ရမယ်ဆိုတာကတော့ တော်တော်ခက်ပါတယ်၊ နိုင်ငံတော်ကလည်း ကျနော်တို့အတွက် လိုအပ်တဲ့၊ လုပ်ငန်းရှင်တွေ လိုအပ်တဲ့ဟာကို ထုတ်ရောင်းပေမဲ့လည်း တကယ်တမ်းကျတော့ ဘယ်လိုပြောပြော မပြည့်မီဘူးလေ၊ ကျနော်တို့ supply and demand သဘောလိုပဲလေ ဝယ်ရမယ့်ဟာက များနေတယ်၊ ရောင်းရမယ့်ဟာက နည်းတော့ ဈေးကတော့ ဖြည်းဖြည်းချင်း မြင့်တက်လာတာပေါ့ဗျာ။ အစိုးရက ထုတ်ရောင်းတဲ့ခဏပဲ ဆင်းတယ် ဆိုသော်ငြားလည်း ဒီကောင်က ( ဒေါ်လာဈေးက) အကြာကြီး မထိန်းထားနိုင်ဘူးလေ။”

၂၀၂၁ ဇန်နဝါရီလမှာ အမေရိကန်တဒေါ်လာကို ၁၃၃၀ ကျပ်ရှိပေမဲ့ အခု စက်တင်ဘာလမှာတော့ ၂၀၀၀ ကျပ်အထိ ရောက်လာတယ်။ စက်တင်ဘာ ၂၂ ရက်မှာ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်းက ၁၇၅၅ ကျပ်ဖြစ်ပေမဲ့ ပြင်ပ ငွေလဲကောင်တာတွေ ကတော့ ၂၀၁၀ နဲ့ ၂၀၃၀ ကျပ်ကြားမှာ အရောင်းအဝယ် လုပ်နေကြတာပါ။

ဈေးကွက်ထဲမှာ အမေရိကန်ဒေါ်လာ လိုအပ်ချက်ကို အထိုက်အလျောက် ဖြည့်တင်းခဲ့ပေမဲ့ ကိုဗစ်တတိယလှိုင်းကြောင့် ဇွန်လထဲမှာ ဆေးနဲ့ ဆေးပစ္စည်းတွေကို အဓိက တင်သွင်းခဲ့ရလို့ ဒေါ်လာလိုအပ်ချက် များခဲ့တယ်လို့ ဗဟိုဘဏ်က ပြောခဲ့တာပါ။ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကနေ စက်တင်ဘာလ ၂၀ ရက်အထိ ဗဟိုဘဏ်က ထုတ်ရောင်းခဲ့တဲ့ အမေရိကန်ဒေါ်လာက သန်း ၁၆၀ ရှိနေပါတယ်။

ဒီလိုထုတ်ရောင်းရတာဟာ နိုင်ငံခြားငွေကြေးဈေးကွက်မှာ လိုအပ်ချက်ကို ဖြည့်ပေးဖို့ဖြစ်ပြီး ငွေလဲဈေးနှုန်းကို တန်ဖိုးတခုမှာ ထိန်းသိမ်းထားဖို့ မဟုတ်ကြောင်းလည်း ဗဟိုဘဏ်က ပြီးခဲ့တဲ့ သီတင်းတပတ်က ထုတ်ပြန်ခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG