သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာေငြေစ်းကြက္ အေမရိကန္ေဒၚလာေစ်းက်ဆင္း


ျမန္မာက်ပ္ေငြမ်ားနဲ႔ အေမရိကန္ေဒၚလာမ်ား။ (ၾသဂုတ္ ၁၈၊ ၂၀၁၁)

[Zawgyi/Unicode]

အေမရိကန္ေဒၚလာေငြ တန္ဖိုးဟာ ျမန္မာက်ပ္ေငြနဲ႔ လဲလွယ္ရာမွာ မၾကာေသးခင္ကစလုိ႔ က်ဆင္းလာတဲ့အေပၚ စီးပြားေရး ပညာရွင္တခ်ဳိ႕ရဲ႕ အျမင္ေတြကုိ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးပါမယ္။

ကပ္ေရာဂါေၾကာင့္ ကမာၻတ၀န္း စီးပြားေရး က်ဆင္းေနခ်ိန္မွာပဲ အေမရိကန္ေဒၚလာတန္ဖိုး က်ဆင္းလာေနတာေၾကာင့္ ျမန္မာက်ပ္ေငြနဲ႔ လဲလွယ္ရာမွာလည္း သိသိသာသာ ႐ုိက္ခတ္လာေနတာပါ။ အေမရိကန္ေဒၚလာဟာ ဥေရာပယူ႐ုိ၊ ဂ်ပန္ယန္းေငြ အပါအ၀င္ ႏုိင္ငံတကာက အဓိက ေငြေၾကးေတြနဲ႔ လဲလွယ္ရာမွာ ဒီႏွစ္ထဲ ၃ ရာခုိင္ႏႈန္း က်ဆင္းခဲ့ေၾကာင္းလည္း အေမရိကန္႐ုပ္သံ CNN စီးပြားေရးအစီအစဥ္က ေဖာ္ျပပါတယ္။ ျမန္မာႏုိင္ငံမွာလည္း ေဒၚလာေငြတန္ဖိုး တျဖည္းျဖည္းက်ဆင္းလာရာမွာ ဒီကေန႔ ေအာက္တုိဘာလ ၇ ရက္ေန႔ ပုဂၢလိက ဘဏ္ေတြနဲ႔ ျပင္ပေစ်းကြက္မွာ တေဒၚလာကို ၁,၂၉၂ က်ပ္ ေစ်းေပါက္ခဲ့ပါတယ္။

ျမန္မာႏုိင္ငံ ဗဟုိဘဏ္ကေတာ့ ေငြေၾကးေစ်းကြက္ တည္ၿငိမ္ဖုိ႔ ရည္ရြယ္ခ်က္နဲ႔ ျပင္ပေပါက္ေစ်းထက္ ေစ်းပုိေပး ၀ယ္ယူထိန္းညွိတာေတြ ရွိပါတယ္။ ဗဟုိဘဏ္ဒုဥကၠ႒ေဟာင္းလည္းျဖစ္ ကေမာၻဇဘဏ္ရဲ႕ အႀကီးတန္း အႀကံေပးလည္းျဖစ္တဲ့ ဦးသန္းလြင္ကေတာ့ ဗဟုိဘဏ္က ေစ်းကြက္တည္ၿငိမ္ေအာင္ အခုအခ်ိန္အထိ ထိန္းထားႏုိင္တယ္လုိ႔ သုံးသပ္ပါတယ္။

"က်တဲ့ကိစၥမွာေတာ့ ဗဟိုဘဏ္က အၿမဲတေစပဲ သူကေတာ့ သူ႔ရဲ႕အဓိက တာဝန္က ဘာလဲဆိုေတာ့ ေငြေရးေၾကးေရးစနစ္ ခိုင္မာဖို႔၊ တည္ၿငိမ္ဖို႔ဆိုတာ သူ႔ရဲ႕ အဓိက ရည္မွန္းခ်က္ပဲေလ။ ဥပမာ လဲလွယ္ႏႈန္းတခု မတရားထိုးက်တယ္၊ မတရားတက္သြားတယ္ဆိုရင္ အတက္အက် မ်ားလို႔ရွိရင္ေတာ့ ဒါ ေငြေရးေၾကးေရး တည္ၿငိမ္ေရးကို ထိခိုက္တာေပါ့။ ဗဟိုဘဏ္ကေတာ့ က်တယ္ဆိုရင္ သူကဝယ္ရမွာပဲ။ ေဒၚလာေစ်းတက္တယ္ ဆိုရင္လည္း သူကထုတ္ေရာင္းရမွာပဲ။ ဒါသူ႔ရဲ႕ တာဝန္ပဲ။ အခုသူဝယ္လို႔ပဲ ေစ်းေလးေတြ နည္းနည္း ထိန္းႏိုင္တယ္ ေျပာရမွာေပါ့။”

ျမန္မာႏိုင္ငံဗဟိုဘဏ္က အခုႏွစ္စကေန ေအာက္တိုဘာလအထိ အေမရိကန္ေဒၚလာ သန္း ၂၆၀ ေက်ာ္ကို ေလလံစနစ္နဲ႔ ဝယ္ယူထားၿပီး ျပန္ေရာင္းခ်တာမ်ိဳးလည္း လုပ္ခဲ့ပါတယ္။ ဗဟိုဘဏ္က ေန႔စဥ္ အေမရိကန္ေဒၚလာ ၃.၈ သန္းကို ေလလံစနစ္နဲ႔ ပုံမွန္ဝယ္ယူေလ့ရွိၿပီး စက္တင္ဘာ ၃၀ ရက္မွာ တေဒၚလာကို ၁,၃၀၈.၅ က်ပ္နဲ႔ ဝယ္ၿပီးခဲ့ရာက ရက္ပိုင္းအတြင္းပဲ ေအာက္တိုဘာ ၆ ရက္မွာ က်ပ္ေငြ ၁,၂၉၈ က်ပ္ကိုခ်ၿပီး ဝယ္ယူခဲ့တာ ျဖစ္ပါတယ္။

ျပည္တြင္းေငြေၾကးေစ်းကြက္ကုိ တည္ၿငိမ္ေအာင္ ဗဟုိဘဏ္က ႀကိဳးပမ္းေနတယ္ဆုိေပမဲ့ ေဒၚလာတန္ဖိုး က်ဆင္းမႈက ႏုိင္ငံတကာ အတုိင္းအတာနဲ႔ ႀကံဳေနရတဲ့ ျပႆနာျဖစ္တယ္လုိ႔ ျပည္ေထာင္စုလႊတ္ေတာ္ စီးပြားေရးအႀကံေပး ဦးေဇာ္ေဖဝင္း ကျမင္ပါတယ္။

“အထူးသျဖင့္ ေဒၚလာေပါ့ေနာ္။ ေဒၚလာေစ်းကြက္ကို ထိန္းခ်ဳပ္ခ်င္တဲ့သေဘာ ရွိတယ္ေပါ့၊ ေဒၚလာေစ်း က်ေနတဲ့ အခ်ိန္မွာဆိုရင္ ျပန္တက္ေအာင္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ လုပ္တဲ့သေဘာမ်ိဳး ျဖစ္ႏိုင္တယ္၊ အခုဟာက တကမာၻလုံးမွာ ကပ္ဆိုက္ေနတဲ့အခါ က်ေတာ့ကာ ျပည္တြင္းမွာတင္ လုပ္ေပမဲ့လည္း ထူးထူးျခားျခားႀကီးေတာ့ ေဒၚလာေစ်းက ျပန္မတက္လာႏိုင္ဘူး၊ အဲဒီေတာ့ အစိုးရ လုပ္တာလည္း လုပ္တာပဲ သို႔ေသာ္သိပ္ထိေရာက္မႈ မရွိႏိုင္ေလာက္ဘူးပဲ တြက္မိပါတယ္။”

ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ ထုတ္ျပန္ခဲ့တဲ့ ကမာၻ႔ဘဏ္ရဲ႕ အေရွ႕အာရွနဲ႔ ပစိဖိတ္ေဒသအတြက္ စီးပြားေရး ခန္႔မွန္းခ်က္မွာေတာ့ ကပ္ေရာဂါေၾကာင့္ စီးပြားေရးတုိးတက္မႈ ၀.၅ ရာခုိင္ႏႈန္းက်ဆင္းခဲ့တဲ့ ျမန္မာႏုိင္ငံမွာ ျပည္တြင္းဘ႑ာေရးက႑မွာ မေသခ်ာမႈေတြ၊ လက္နက္ကုိင္ ပဋိပကၡေတြ၊ ေရြးေကာက္ပဲြနဲ႔ ႏုိင္ငံေရးအရ မေရရာမႈေတြအျပင္ ေဒသတြင္းေရာဂါကူးစက္မႈသစ္ေတြနဲ႔ ကမာၻ႔စီးပြားေရးထိခုိက္မႈ ၾကာရွည္မယ့္ အေျခအေနေတြလုိ ျပင္ပက ႐ုိက္ခတ္မႈေတြေၾကာင့္ စိန္ေခၚမႈေတြ ရွိေနဆဲျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

ကပ္ေရာဂါေၾကာင့္ ကမာၻမွာေသဆုံးမႈ အမ်ားဆုံးျဖစ္ေနတဲ့ အေမရိကန္ ျပည္ေထာင္စုမွာ အေရးေပၚေငြေၾကးသုံးစဲြရမယ့္ အေျခအေနေတြေၾကာင့္ ေဒၚလာတန္ဖိုး ဆက္လက္ က်ဆင္းႏုိင္တယ္လုိ႔လည္း စီးပြားေရးပညာရွင္ေတြ ခန္႔မွန္းေနၾကပါတယ္။

ျမန္မာေငြေစ်းကြက္ အေမရိကန္ေဒၚလာေစ်းက်ဆင္း
please wait

No media source currently available

0:00 0:03:27 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာငွေဈေးကွက် အမေရိကန်ဒေါ်လာဈေးကျဆင်း

စဉ်က ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒေါ်လာငွေတန်ဖိုး တဖြည်းဖြည်းကျဆင်းလာရာမှာ ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့ ပုဂ္ဂလိက ဘဏ်တွေနဲ့ ပြင်ပဈေးကွက်မှာ တဒေါ်လာကို ၁,၂၉၂ ကျပ် ဈေးပေါက်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ဗဟိုဘဏ်ကတော့ ငွေကြေးဈေးကွက် တည်ငြိမ်ဖို့ ရည်ရွယ်ချက်နဲ့ ပြင်ပပေါက်ဈေးထက် ဈေးပိုပေး ဝယ်ယူထိန်းညှိတာတွေ ရှိပါတယ်။ ဗဟိုဘဏ်ဒုဥက္ကဋ္ဌဟောင်းလည်းဖြစ် ကမ္ဘောဇဘဏ်ရဲ့ အကြီးတန်း အကြံပေးလည်းဖြစ်တဲ့ ဦးသန်းလွင်ကတော့ ဗဟိုဘဏ်က ဈေးကွက်တည်ငြိမ်အောင် အခုအချိန်အထိ ထိန်းထားနိုင်တယ်လို့ သုံးသပ်ပါတယ်။

"ကျတဲ့ကိစ္စမှာတော့ ဗဟိုဘဏ်က အမြဲတစေပဲ သူကတော့ သူ့ရဲ့အဓိက တာဝန်က ဘာလဲဆိုတော့ ငွေရေးကြေးရေးစနစ် ခိုင်မာဖို့၊ တည်ငြိမ်ဖို့ဆိုတာ သူ့ရဲ့ အဓိက ရည်မှန်းချက်ပဲလေ။ ဥပမာ လဲလှယ်နှုန်းတခု မတရားထိုးကျတယ်၊ မတရားတက်သွားတယ်ဆိုရင် အတက်အကျ များလို့ရှိရင်တော့ ဒါ ငွေရေးကြေးရေး တည်ငြိမ်ရေးကို ထိခိုက်တာပေါ့။ ဗဟိုဘဏ်ကတော့ ကျတယ်ဆိုရင် သူကဝယ်ရမှာပဲ။ ဒေါ်လာဈေးတက်တယ် ဆိုရင်လည်း သူကထုတ်ရောင်းရမှာပဲ။ ဒါသူ့ရဲ့ တာဝန်ပဲ။ အခုသူဝယ်လို့ပဲ ဈေးလေးတွေ နည်းနည်း ထိန်းနိုင်တယ် ပြောရမှာပေါ့။”

မြန်မာနိုင်ငံဗဟိုဘဏ်က အခုနှစ်စကနေ အောက်တိုဘာလအထိ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော်ကို လေလံစနစ်နဲ့ ဝယ်ယူထားပြီး ပြန်ရောင်းချတာမျိုးလည်း လုပ်ခဲ့ပါတယ်။ ဗဟိုဘဏ်က နေ့စဉ် အမေရိကန်ဒေါ်လာ ၃.၈ သန်းကို လေလံစနစ်နဲ့ ပုံမှန်ဝယ်ယူလေ့ရှိပြီး စက်တင်ဘာ ၃၀ ရက်မှာ တဒေါ်လာကို ၁,၃၀၈.၅ ကျပ်နဲ့ ဝယ်ပြီးခဲ့ရာက ရက်ပိုင်းအတွင်းပဲ အောက်တိုဘာ ၆ ရက်မှာ ကျပ်ငွေ ၁,၂၉၈ ကျပ်ကိုချပြီး ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းငွေကြေးဈေးကွက်ကို တည်ငြိမ်အောင် ဗဟိုဘဏ်က ကြိုးပမ်းနေတယ်ဆိုပေမဲ့ ဒေါ်လာတန်ဖိုး ကျဆင်းမှုက နိုင်ငံတကာ အတိုင်းအတာနဲ့ ကြုံနေရတဲ့ ပြဿနာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် စီးပွားရေးအကြံပေး ဦးဇော်ဖေဝင်း ကမြင်ပါတယ်။

“အထူးသဖြင့် ဒေါ်လာပေါ့နော်။ ဒေါ်လာဈေးကွက်ကို ထိန်းချုပ်ချင်တဲ့သဘော ရှိတယ်ပေါ့၊ ဒေါ်လာဈေး ကျနေတဲ့ အချိန်မှာဆိုရင် ပြန်တက်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တဲ့သဘောမျိုး ဖြစ်နိုင်တယ်၊ အခုဟာက တကမ္ဘာလုံးမှာ ကပ်ဆိုက်နေတဲ့အခါ ကျတော့ကာ ပြည်တွင်းမှာတင် လုပ်ပေမဲ့လည်း ထူးထူးခြားခြားကြီးတော့ ဒေါ်လာဈေးက ပြန်မတက်လာနိုင်ဘူး၊ အဲဒီတော့ အစိုးရ လုပ်တာလည်း လုပ်တာပဲ သို့သော်သိပ်ထိရောက်မှု မရှိနိုင်လောက်ဘူးပဲ တွက်မိပါတယ်။”

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသအတွက် စီးပွားရေး ခန့်မှန်းချက်မှာတော့ ကပ်ရောဂါကြောင့် စီးပွားရေးတိုးတက်မှု ဝ.၅ ရာခိုင်နှုန်းကျဆင်းခဲ့တဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းဘဏ္ဍာရေးကဏ္ဍမှာ မသေချာမှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ၊ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးအရ မရေရာမှုတွေအပြင် ဒေသတွင်းရောဂါကူးစက်မှုသစ်တွေနဲ့ ကမ္ဘာ့စီးပွားရေးထိခိုက်မှု ကြာရှည်မယ့် အခြေအနေတွေလို ပြင်ပက ရိုက်ခတ်မှုတွေကြောင့် စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ကပ်ရောဂါကြောင့် ကမ္ဘာမှာသေဆုံးမှု အများဆုံးဖြစ်နေတဲ့ အမေရိကန် ပြည်ထောင်စုမှာ အရေးပေါ်ငွေကြေးသုံးစွဲရမယ့် အခြေအနေတွေကြောင့် ဒေါ်လာတန်ဖိုး ဆက်လက် ကျဆင်းနိုင်တယ်လို့လည်း စီးပွားရေးပညာရှင်တွေ ခန့်မှန်းနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG