သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံျခားေငြေၾကးေစ်းကြက္ ဝယ္ေရာင္းသတ္မွတ္မႈ ဗဟိုဘဏ္ပယ္ဖ်က္


ရန္ကုန္ ေငြလဲေကာင္တာတခု (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံက ေငြေၾကးေဈးကြက္မွာ ေရာင္းေဈးနဲ႔ ဝယ္ေဈးႏႈန္းၾကား အမ်ားဆုံးထားရွိရမယ့္ကြာဟခ်က္ (Spread) သတ္မွတ္ထားတာကို ဗဟိုဘဏ္က ပယ္ဖ်က္ေပးခဲ့ၿပီးေနာက္ တရားဝင္ေငြလႊဲေကာင္တာေတြမွာ ၁ ေဒၚလာကို ၁၉ ၉ ၀ က်ပ္ထက္ မနည္းနဲ႔ ေရာင္းေနပါတယ္။ အရင္သတ္မွတ္ခ်က္ရွိခ်ိန္က တရားဝင္ေကာင္တာေတြမွာ ၁၇၂၀ က်ပ္ဝန္းက်င္နဲ႔ ေဈးသတ္မွတ္ေပမဲ့ လြယ္လြယ္ကူကူ ဝယ္ဖို႔ မလြယ္ခဲ့ပါဘူး။ အခုေတာ့ ကြာဟခ်က္ကန႔္သတ္ႏႈန္း မရွိေတာ့တဲ့အတြက္ တရားဝင္ေကာင္တာေတြမွာ အေရာင္းအဝယ္ ပိုအဆင္ေျပၿပီး ေဒၚလာေမွာင္ခိုေဈး က်သြားႏိုင္တယ္လို႔ ေဈးကြက္ကြၽမ္းက်င္သူေတြက သုံးသပ္ပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို မျမသဇင္ေအာင္ေျပာျပမွာပါ။

ႏိုင္ငံျခားေငြေၾကးေစ်းကြက္မွာ ေရာင္းေစ်းနဲ႔ ဝယ္ေစ်းႏႈန္းအၾကား အမ်ားဆုံးထားရမယ့္ ကြာဟခ်က္ သတ္မွတ္ထားတာကို ဗဟိုဘဏ္က စက္တင္ဘာ ၁၀ ရက္ေန႔က စတင္ ပယ္ဖ်က္ခဲ့ပါတယ္။ ေန႔စဥ္ဗဟိုဘဏ္က သတ္မွတ္တဲ့ ေဒၚလာေငြလဲႏႈန္းေပၚ အေျခခံၿပီး ေရာင္းေစ်းနဲ႔ ဝယ္ေစ်းကို ၀.၈ ရာခိုင္ႏႈန္းသာ အမ်ားဆံုး ကြာဟခ်က္ထားရမယ္လို႔ သတ္မွတ္ခဲ့တာပါ။ ေမွာင္ခိုေစ်းကြက္မွာ ေဒၚလာေစ်း တက္ေနရင္လည္း သတ္မွတ္ေစ်းနဲ႔သာ ေရာင္းခြင့္႐ွိခဲ့တဲ့အတြက္ တရားဝင္ေငြလႊဲေကာင္တာေတြမွာ တကယ္တမ္း အေရာင္းအဝယ္လုပ္ဖုိ႔ အဆင္မေျပတာမ်ားတယ္လို႔ ေဒၚလာ ဝယ္ခ်င္ ေရာင္းခ်င္သူေတြက ေျပာပါတယ္။

ဒါေၾကာင့္လဲ အျပင္ေမွာင္ခိုေစ်းကြက္မွာ ႀကိဳက္ေရာင္း ႀကိဳက္ဝယ္ေစ်းေတြနဲ႔ အေရာင္းအဝယ္လုပ္ေနၾကရတာပါ။ အဲဒီလို အေျခအေနေၾကာင့္ ေမွာင္ခိုေစ်းကြက္မွာ ၁ ေဒၚလာကို က်ပ္ ၂၀၀၀ ေက်ာ္အထိ ေစ်းတက္သြားခ့ဲပါတယ္။ ေဒၚလာေစ်းေတြတက္ေနခ်ိန္မွာ ဗဟိုဘဏ္က ေရာင္းေစ်း ဝယ္ေစ်း ကြာဟခ်က္ကန္႔သတ္ႏႈန္းကို ပယ္ဖ်က္လိုက္တာျဖစ္ပါတယ္။ ဒီလို ပယ္ဖ်က္ခဲ့ၿပီးေနာက္ အေရာင္းအဝယ္ ပိုၿပီးအဆင္ေျပလာတယ္လို႔ ရန္ကုန္မွာဖြင့္လွစ္ထားတဲ့ ေငြလဲေကာင္တာတခုက ေျပာပါတယ္။

"ပယ္ဖ်က္လိုက္တယ္ဆိုတဲ့ အခါက်ေတာ့ ပိုၿပီးေတာ့ အဆင္ေျပသြားတာေပါ့ေနာ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေဒၚလာက အရင္တုန္းကဆိုရင္ ညီမတို႔က ဗဟိုဘဏ္ေပါက္ေစ်းနဲ႔ အေရာင္းအဝယ္လုပ္ရတဲ့ အခါမွာ ေရာင္းတဲ့သူကနည္းၿပီးေတာ့ အျပင္ေစ်းေတြက သပ္သပ္တမ်ိဳးျဖစ္ေနတဲ့ အခါက်ေတာ့ ဝယ္တဲ့သူကမ်ားၿပီး လိုသေလာက္လည္း မေရာင္းေပးႏိုင္ဘူးေပါ့ေနာ္။ ကိုယ္လိုသေလာက္လည္း ဝယ္လို႔ေတာ့အဆင္မေျပဘူးေပါ့။ အခုလိုမ်ိဳး အျပင္ေပါက္ေစ်းအတိုင္းဆိုေတာ့ Customer ေတြရဲ႕ လိုအပ္ခ်က္ကိုလည္း လိုသေလာက္ ကိုယ့္မွာရွိတယ္ဆိုရင္ ျပန္ေရာင္းေပးလို႔ရတယ္။ ဝယ္လို႔လည္း ရတာေပါ့ေနာ္။"

ဒီေန႔ တနလၤာေန႔အတြက္ ဗဟိုဘဏ္ရဲ႕ သတ္မွတ္ေစ်းက တေဒၚလာ ၁,၇၅၀ က်ပ္ျဖစ္ၿပီး တရားဝင္ေငြလဲႊေကာင္တာေတြမွာ ၁ ေဒၚလာကို ၁၉ ၉ ၀ က်ပ္ ဝန္းက်င္နဲ႔ ေရာင္းခ်ေနၾကပါတယ္။ ေမွာင္ခိုေဒၚလာေစ်းေတြေတာ့ ဒီေန႔ ျပန္က်သြားပါတယ္။ ေသာၾကာေန႔က ၂၀၅၀ က်ပ္အထိ ေစ်းေပါက္ခဲ့ေပမဲ့ ဒီကေန႔မွာေတာ့ တေဒၚလာကို ၁,၉၉၀ ကေန ၂,၁၀၀ က်ပ္ အထိျပန္က်သြားခဲ့ပါတယ္။

သတ္မွတ္ခ်က္ေတြ ပယ္ဖ်က္လိုက္လို႔ အေရာင္းအဝယ္ပိုအဆင္ေျပလာတဲ့ ေငြလဲေကာင္တာေတြရွိေနသလို ေစ်းကြက္အေျခအေနကို ေစာင့္ၾကည့္ေနတဲ့အတြက္ အေရာင္းအဝယ္ သိသိသာသာ ထူးျခားမလာေသးတဲ့ ေငြလဲေကာင္တာတခ်ိဳ႕လည္း ရွိေနပါတယ္။

"အရင္က သတ္မွတ္ထားတဲ့အခ်ိန္ထက္ေတာ့ ပိုၿပီးေတာ့ အေရာင္းအဝယ္ျဖစ္မယ္လို႔ေတာ့ ျမင္တယ္ေပါ့ေနာ္။ ဒါေပမယ့္ ေလာေလာဆယ္ေတာ့ ေစ်းကြက္အေနအထားအရ ဝယ္မယ္ ေရာင္းမယ္ဆိုတဲ့ သူေတြကလည္း ေစာင့္ၾကည့္ေနတုန္းဆိုေတာ့ ေစ်းကြက္ေအးေနတုန္းပါပဲ။"

ႏိုင္ငံျခားေငြေၾကး ေစ်းကြက္ကြၽမ္းက်င္သူတဦးကေတာ့ တရားဝင္ေငြလႊဲေကာင္တာေတြမွာ ေဒၚလာေစ်း စိတ္ႀကိဳက္အေရာင္းအဝယ္လုပ္ေဆာင္လာႏိုင္လို႔ ေဒၚလာေစ်းက်သြားႏိုင္တယ္လို႔သံုးသပ္ပါတယ္။

"အျပင္မွာ လြတ္လြတ္လပ္လပ္ ေရာင္းဝယ္ႏိုင္ၿပီ ျဖစ္တဲ့အတြက္ ေဒၚလာေတြက အျပင္မွာပိုၿပီး က်ယ္ျပန႔္လာတယ္။ က်ယ္ျပန႔္လာတဲ့အတြက္ ေငြသားေတြက တြင္တြင္က်ယ္က်ယ္ မ်ားျပားလာႏိုင္တယ္။ မ်ားျပားလာေတာ့ ေဒၚလာလည္း က်လာႏိုင္သလို အခုေငြသားထုတ္ရင္ ရာခိုင္ႏႈန္းေပးရတာေတြ ရွိတယ္။ အဲဒီ ရာခိုင္ႏႈန္းေပးရတဲ့ ႏႈန္းေတြလည္း က်ႏိုင္ဖို႔ မ်ားတယ္။"

တေဒၚလာကို ျမန္မာေငြ ၁,၇၀၀ က်ပ္ အတြင္းမွာရွိေအာင္ အၾကမ္းဖ်ဥ္းသတ္မွတ္ဖို႔ လ်ာထားတယ္လို႔လည္း ဗဟိုဘဏ္ ဒုဥကၠ႒ ဦးဝင္းေသာ္က ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက VOA ကိုေျပာထားပါတယ္။ ဗဟိုဘဏ္က ရည္ၫြန္းေငြလဲလွယ္ႏႈန္း ေန႔စဥ္သတ္မွတ္ေပးၿပီး တရားဝင္လိုင္စင္ရ ေငြလႊဲေကာင္တာေတြမွာ ေရာင္းခ်တဲ့ စနစ္ကို ဦးသိန္းစိန္အစိုးရလက္ထက္ ၂၀၁၂-၂၀၁၃ ဘ႑ာႏွစ္မွာ စတင္ခဲ့တာျဖစ္ပါတယ္။ အဲဒီထဲကစလို႔ ဗဟိုဘဏ္သတ္မွတ္ႏႈန္းေပၚမူတည္ၿပီး ေရာင္းေစ်းနဲ႔ ဝယ္ေစ်းႏႈန္းၾကား အမ်ားဆံုးထား႐ွိရမယ့္ ကြာဟခ်က္ ၀.၈% နဲ႔ေရာင္းခြင့္ျပဳခဲ့ပါတယ္။

............................................................................

တိုက္႐ိုက္ လင့္ခ္


နိုင်ငံခြားငွေကြေးဈေးကွက် ဝယ်ရောင်းသတ်မှတ်မှု ဗဟိုဘဏ်ပယ်ဖျက်

(Unicode)

မြန်မာနိုင်ငံက ငွေကြေးဈေးကွက်မှာ ရောင်းဈေးနဲ့ ဝယ်ဈေးနှုန်းကြား အများဆုံးထားရှိရမယ့်ကွာဟချက် (Spread) သတ်မှတ်ထားတာကို ဗဟိုဘဏ်က ပယ်ဖျက်ပေးခဲ့ပြီးနောက် တရားဝင်ငွေလွှဲကောင်တာတွေမှာ ၁ ဒေါ်လာကို ၁၉ ၉ ၀ ကျပ်ထက် မနည်းနဲ့ ရောင်းနေပါတယ်။ အရင်သတ်မှတ်ချက်ရှိချိန်က တရားဝင်ကောင်တာတွေမှာ ၁၇၂၀ ကျပ်ဝန်းကျင်နဲ့ ဈေးသတ်မှတ်ပေမဲ့ လွယ်လွယ်ကူကူ ဝယ်ဖို့ မလွယ်ခဲ့ပါဘူး။ အခုတော့ ကွာဟချက်ကန့်သတ်နှုန်း မရှိတော့တဲ့အတွက် တရားဝင်ကောင်တာတွေမှာ အရောင်းအဝယ် ပိုအဆင်ပြေပြီး ဒေါ်လာမှောင်ခိုဈေး ကျသွားနိုင်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို မမြသဇင်အောင်ပြောပြမှာပါ။

နိုင်ငံခြားငွေကြေးဈေးကွက်မှာ ရောင်းဈေးနဲ့ ဝယ်ဈေးနှုန်းအကြား အများဆုံးထားရမယ့် ကွာဟချက် သတ်မှတ်ထားတာကို ဗဟိုဘဏ်က စက်တင်ဘာ ၁၀ ရက်နေ့က စတင် ပယ်ဖျက်ခဲ့ပါတယ်။ နေ့စဉ်ဗဟိုဘဏ်က သတ်မှတ်တဲ့ ဒေါ်လာငွေလဲနှုန်းပေါ် အခြေခံပြီး ရောင်းဈေးနဲ့ ဝယ်ဈေးကို ဝ.၈ ရာခိုင်နှုန်းသာ အများဆုံး ကွာဟချက်ထားရမယ်လို့ သတ်မှတ်ခဲ့တာပါ။ မှောင်ခိုဈေးကွက်မှာ ဒေါ်လာဈေး တက်နေရင်လည်း သတ်မှတ်ဈေးနဲ့သာ ရောင်းခွင့်ရှိခဲ့တဲ့အတွက် တရားဝင်ငွေလွှဲကောင်တာတွေမှာ တကယ်တမ်း အရောင်းအဝယ်လုပ်ဖို့ အဆင်မပြေတာများတယ်လို့ ဒေါ်လာ ဝယ်ချင် ရောင်းချင်သူတွေက ပြောပါတယ်။

ဒါကြောင့်လဲ အပြင်မှောင်ခိုဈေးကွက်မှာ ကြိုက်ရောင်း ကြိုက်ဝယ်ဈေးတွေနဲ့ အရောင်းအဝယ်လုပ်နေကြရတာပါ။ အဲဒီလို အခြေအနေကြောင့် မှောင်ခိုဈေးကွက်မှာ ၁ ဒေါ်လာကို ကျပ် ၂၀၀၀ ကျော်အထိ ဈေးတက်သွားခဲ့ပါတယ်။ ဒေါ်လာဈေးတွေတက်နေချိန်မှာ ဗဟိုဘဏ်က ရောင်းဈေး ဝယ်ဈေး ကွာဟချက်ကန့်သတ်နှုန်းကို ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။ ဒီလို ပယ်ဖျက်ခဲ့ပြီးနောက် အရောင်းအဝယ် ပိုပြီးအဆင်ပြေလာတယ်လို့ ရန်ကုန်မှာဖွင့်လှစ်ထားတဲ့ ငွေလဲကောင်တာတခုက ပြောပါတယ်။

"ပယ်ဖျက်လိုက်တယ်ဆိုတဲ့ အခါကျတော့ ပိုပြီးတော့ အဆင်ပြေသွားတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်လာက အရင်တုန်းကဆိုရင် ညီမတို့က ဗဟိုဘဏ်ပေါက်ဈေးနဲ့ အရောင်းအဝယ်လုပ်ရတဲ့ အခါမှာ ရောင်းတဲ့သူကနည်းပြီးတော့ အပြင်ဈေးတွေက သပ်သပ်တမျိုးဖြစ်နေတဲ့ အခါကျတော့ ဝယ်တဲ့သူကများပြီး လိုသလောက်လည်း မရောင်းပေးနိုင်ဘူးပေါ့နော်။ ကိုယ်လိုသလောက်လည်း ဝယ်လို့တော့အဆင်မပြေဘူးပေါ့။ အခုလိုမျိုး အပြင်ပေါက်ဈေးအတိုင်းဆိုတော့ Customer တွေရဲ့ လိုအပ်ချက်ကိုလည်း လိုသလောက် ကိုယ့်မှာရှိတယ်ဆိုရင် ပြန်ရောင်းပေးလို့ရတယ်။ ဝယ်လို့လည်း ရတာပေါ့နော်။"

ဒီနေ့ တနင်္လာနေ့အတွက် ဗဟိုဘဏ်ရဲ့ သတ်မှတ်ဈေးက တဒေါ်လာ ၁,၇၅၀ ကျပ်ဖြစ်ပြီး တရားဝင်ငွေလွဲှကောင်တာတွေမှာ ၁ ဒေါ်လာကို ၁၉ ၉ ၀ ကျပ် ဝန်းကျင်နဲ့ ရောင်းချနေကြပါတယ်။ မှောင်ခိုဒေါ်လာဈေးတွေတော့ ဒီနေ့ ပြန်ကျသွားပါတယ်။ သောကြာနေ့က ၂၀၅၀ ကျပ်အထိ ဈေးပေါက်ခဲ့ပေမဲ့ ဒီကနေ့မှာတော့ တဒေါ်လာကို ၁,၉၉၀ ကနေ ၂,၁၀၀ ကျပ် အထိပြန်ကျသွားခဲ့ပါတယ်။

သတ်မှတ်ချက်တွေ ပယ်ဖျက်လိုက်လို့ အရောင်းအဝယ်ပိုအဆင်ပြေလာတဲ့ ငွေလဲကောင်တာတွေရှိနေသလို ဈေးကွက်အခြေအနေကို စောင့်ကြည့်နေတဲ့အတွက် အရောင်းအဝယ် သိသိသာသာ ထူးခြားမလာသေးတဲ့ ငွေလဲကောင်တာတချို့လည်း ရှိနေပါတယ်။

"အရင်က သတ်မှတ်ထားတဲ့အချိန်ထက်တော့ ပိုပြီးတော့ အရောင်းအဝယ်ဖြစ်မယ်လို့တော့ မြင်တယ်ပေါ့နော်။ ဒါပေမယ့် လောလောဆယ်တော့ ဈေးကွက်အနေအထားအရ ဝယ်မယ် ရောင်းမယ်ဆိုတဲ့ သူတွေကလည်း စောင့်ကြည့်နေတုန်းဆိုတော့ ဈေးကွက်အေးနေတုန်းပါပဲ။"

နိုင်ငံခြားငွေကြေး ဈေးကွက်ကျွမ်းကျင်သူတဦးကတော့ တရားဝင်ငွေလွှဲကောင်တာတွေမှာ ဒေါ်လာဈေး စိတ်ကြိုက်အရောင်းအဝယ်လုပ်ဆောင်လာနိုင်လို့ ဒေါ်လာဈေးကျသွားနိုင်တယ်လို့သုံးသပ်ပါတယ်။

"အပြင်မှာ လွတ်လွတ်လပ်လပ် ရောင်းဝယ်နိုင်ပြီ ဖြစ်တဲ့အတွက် ဒေါ်လာတွေက အပြင်မှာပိုပြီး ကျယ်ပြန့်လာတယ်။ ကျယ်ပြန့်လာတဲ့အတွက် ငွေသားတွေက တွင်တွင်ကျယ်ကျယ် များပြားလာနိုင်တယ်။ များပြားလာတော့ ဒေါ်လာလည်း ကျလာနိုင်သလို အခုငွေသားထုတ်ရင် ရာခိုင်နှုန်းပေးရတာတွေ ရှိတယ်။ အဲဒီ ရာခိုင်နှုန်းပေးရတဲ့ နှုန်းတွေလည်း ကျနိုင်ဖို့ များတယ်။"

တဒေါ်လာကို မြန်မာငွေ ၁,၇၀၀ ကျပ် အတွင်းမှာရှိအောင် အကြမ်းဖျဉ်းသတ်မှတ်ဖို့ လျာထားတယ်လို့လည်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော်က ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက VOA ကိုပြောထားပါတယ်။ ဗဟိုဘဏ်က ရည်ညွန်းငွေလဲလှယ်နှုန်း နေ့စဉ်သတ်မှတ်ပေးပြီး တရားဝင်လိုင်စင်ရ ငွေလွှဲကောင်တာတွေမှာ ရောင်းချတဲ့ စနစ်ကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီထဲကစလို့ ဗဟိုဘဏ်သတ်မှတ်နှုန်းပေါ်မူတည်ပြီး ရောင်းဈေးနဲ့ ဝယ်ဈေးနှုန်းကြား အများဆုံးထားရှိရမယ့် ကွာဟချက် ဝ.၈% နဲ့ရောင်းခွင့်ပြုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG