သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘဏ္အပ္ေငြကို အျမတ္ေပး ထုတ္ယူမႈ ႏုိင္ငံတ၀န္း တြင္က်ယ္


(Zawgyi/ Unicode)
စစ္အာဏာသိမ္းတဲ႔ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔က စလို႔ ဘဏ္အပ္ေငြ အလြယ္ တကူ ထုတ္မရတဲ႔ ကိစၥက အခု ၄ လအတြင္းကို ေရာက္လာခ်ိန္မွာ အေျခအေန ပိုဆိုးလာပါတယ္။ ဘဏ္အပ္ေငြကို ထုတ္ယူ အသံုးျပဳႏုိင္ေရး အတြက္ အနည္းဆံုး ၃ ရာခိုင္ႏႈန္းကေန ၁၀ ရာခိုင္ႏႈန္းထိ အက်ိဳးအျမတ္ေပးေနၾကရတာပါ။ ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထုိက္ စုစည္းတင္ျပထားပါတယ္။


လက္ရွိ တိုက္ပြဲေတြ ျပင္းထန္ေနတဲ႔ ကယားျပည္နယ္ လိြဳင္ေကာ္မွာ ေန႔စဥ္ အသံုးအတြက္ ေငြထုတ္ဖို႔ေတာင္ မလြယ္ပါဘူး။ ေငြစကၠဴရွိမွ ေစ်း၀ယ္လို႔ ရတဲ႔ အေျခအေနမွာ ဘဏ္က ေငြထုတ္မရတဲ႔ ျပသနာေၾကာင့္ ဘဏ္အပ္ေငြကို အသံုးျပဳႏုိင္ေရး အတြက္ ေငြက်ပ္ ၁၀၀ ကို ၃ က်ပ္နဲ႔ အထက္ အျမတ္ေပးၿပီး ထုတ္ယူေနၾကရတာပါ။

“ ဘဏ္ကေတာ့ ဘာမွ ထုတ္လို႔ မရဘူး။ သူတို႔ တံုကင္ေတြ ေပးတယ္။ အဲဒီ ATM ကလည္း တံုကင္ေပးၿပီးေတာ့ ထုတ္တယ္ ေျပာတာဘဲ ဒါေပမယ့္ က်ေနာ္တို႔ သြားထုတ္ေတာ့ အခု အထိေတာ့ အဆင္မေျပေသးဘူး။ အဲဒီေတာ့ ၆ လပိုင္း ၁ ရက္ေန႔မွ တံုကင္ လာယူပါလို႔ ေျပာတယ္။ က်ေနာ္တို႔ကေတာ့ CB ဘဏ္ သံုးတာေပါ့ေနာ္။ အဲေတာ့ ဘဏ္တိုင္းဘဲ။ ကေမၻာဇလည္း ဒီတိုင္းပါဘဲ။ ထုတ္လို႔ မရၾကဘူး။ ”

ဒီအေျခအေနမွာ ေန႔စဥ္ အသံုးအတြက္ ဘယ္လို ေျဖရွင္းၾကပါသလဲ။

“ ေငြေၾကးကေတာ့ ျပတ္ၾကတာေပါ့။ အခုဟာက ရာခုိင္ႏႈန္းေတြနဲ႔ ေပးရတာေပါ့ေနာ္။ တသိန္းထုတ္ရင္ ပြဲစားေတြက ငါးေထာင္ ယူတာေပါ့။ ဆယ္သိန္းဆိုရင္ ငါးေသာင္း ေပးရတာေပါ့။ ”

ပြဲစားေတြက ဘယ္သူေတြပါလဲ။

“အဲဒါေတာ့ အတိအက် မသိဘူး။ အဲလိုမ်ိဳး ပိုက္ဆံ ရွိတဲ႔လူေပါ့ေနာ္။ သူကေတာ့ ရာခိုင္ႏႈန္းနဲ႔ ယူၿပီးေတာ့ ထုတ္ေပးၾကတာေပါ့။ အျပင္မွာ ေျပာေနၾကတာေတာ့ ဘဏ္နဲ႔ ခ်ိတ္ဆက္ထားတဲ႔ လူေတြေပါ့။”

ပဲြစားေတြကို ဘယ္ေလာက္ ေပးရပါသလဲ။

“ဒီေန႔ကေတာ့ ၅ ရာခုိင္ႏႈန္းလို႔ ေျပာတယ္။ ဟိုအရင္တုန္းကေတာ့ အေရးႀကီးရင္ အေရးႀကီးသလိုေပါ့ေနာ္။ လူခ်င္းလည္း မတူၾကဘူး။ ၈ ရာခိုင္ႏႈန္း အထိ ေပးရတဲ႔ သူေတြလည္း ရွိတယ္။ သူတို႔ရဲ႕ ဘဏ္စာရင္းထဲကို ပိုက္ဆံ လိုခ်င္တဲ႔သူက ေငြလႊဲေပါ့။ သူတို႔က ေငြသား ထုတ္ေပးတာေပါ့။ သူတို႔က ဘဏ္လို ျဖစ္သြားတာေပါ့။ ”

ႏုိင္ငံေရး အေျပာင္းအလဲေၾကာင့္ ဘဏ္ေတြ အျပည့္အ၀ မလည္ပတ္ႏုိင္တာေၾကာင့္ ဖြင့္လွစ္ လည္ပတ္တဲ႔ ဘဏ္ေတြမွာ လူေတြ မ်ားသြားရတာ အျပင္ ဖ်က္စီးလိုသူေတြရဲ႕ ပေရာဂလည္း မကင္းဘူးဆိုတဲ႔ သေဘာမ်ိဳး ဗဟိုဘဏ္ ဒုတိယ ဥကၠဌ ဦး၀င္းေသာ္က ဗီႊအိုေအကို ေျပာဆိုထားပါတယ္။

“အခုဒီေလာက္တိုးေဝွ.ျဖစ္ေနတဲ့ ျဖစ္စဥ္ေတြသည္ ဘာေၾကာင့္လဲဆိုေတာ့ ၀န္ထမ္းေတြ ဒီလို ႏိုင္ငံေရးအေျပာင္းအလဲျဖစ္တဲ့အေပၚမွာ မူတည္ၿပီးေတာ့ ရံုးမတက္ႏိုင္တဲ့အခါမွာ ဘဏ္ေတြမွာ ဖြင့္ႏိုင္တဲ့အင္အားနည္းသြားပါတယ္။ ဒီအခ်ိန္မွာပဲ ဘဏ္ေတြမွာ လူေတြတိုးလာတယ္။ တိုးလာတယ္ဆုိတာက ၂ ေၾကာင္းရွိပါတယ္၊ တစ္ခ်က္ကေတာ့ တကယ္ကို လိုအပ္လို႔ ထုတ္တာ ။ ဘဏ္ ၁၀၀ ရွိတယ္ဆိုရင္ ဖြင့္ႏိုင္တာက ဘဏ္ ၂၀ ေလာက္ပဲ ျဖစ္တဲ့အတြက္ အဲဒီထက္ ၅ ဆေလာက္ရွိတဲ့အင္အားက ဘဏ္မွာ သြားၿပီး ျပဳံတာပဲ ။ အဲဒီအေပၚမွာ မူတည္ၿပီးေတာ့ ေနာက္တခ်က္ ဖ်က္ဆီးလိုသူေတြက ဘဏ္ေတြမွာ လူေတြ၀ိုင္းထုတ္ေနၿပီ ထုတ္ၾကပါဆိုတဲ့ Message ျဖစ္တာကမွ ဒီျပႆနာ ေပၚလာတဲ့ အရင္းခံပါပဲ။ ဘဏ္ေတြေပၚမွာ ယံုၾကည္မႈမရွိနဲ႔ဆိုတဲ့ဟာသည္ လံုး၀မဟုတ္ဘူး ဆိုတာကို ဗဟိုဘဏ္က ထုတ္ျပန္ခ်က္ ထုတ္ၿပီးျဖစ္တယ္။ အခုလတ္တလာေတာ့ အကန္႔အသတ္နဲ႔ ျဖစ္သြားတဲ့ ကိစၥေလးေတြမွာ လူေတြတန္းစီတဲ့ အေၾကာင္းအရာေလး ၁ ခ်က္ရွိပါတယ္၊ က်ေနာ္တို႔ အင္တာနက္ connection ပါ။ အခု အင္တာနက္ connection က အားလံုး ျပန္ၿပီးေတာ့ Data transfer ေတြအားလံုး က်ေနာ္တို႔ ျပန္လုပ္လို႔ရသြားပါၿပီ။”

တကယ္တန္းမွာေတာ့ ေငြစကၠဴ မရွိရင္ လုပ္ငန္း လည္ပတ္လို႔ မလြယ္ေတာ့တဲ႔ အေနအထားကို ေရာက္ေနတာပါလို႔ လုပ္ငန္းရွင္ေတြက ရွင္းျပထားပါတယ္။

“ တခ်ိဳ႕ ပစၥည္းေတြကလည္း ေငြသားနဲ႔ဘဲ လက္ခံေတာ့တယ္။ ပိုက္ဆံ ေကာက္တဲ႔ ကုန္သည္ေတြကလည္း ေငြသားနဲ႔ဘဲ ေပးပါဆိုၿပီး ျဖစ္လာတယ္။ ေရႊေခ်ာင္းေတြ ဘာေတြ ဆိုရင္လည္း ေငြသားဘဲ ေပးရတယ္။ ဘဏ္ Payment ကုိ လက္မခံၾကေတာ့ဘူး။ ”
“ လုပ္ေနတဲ႔ လုပ္ငန္းေပၚ မူတည္ၿပီးေတာ့မွေလ ဘဏ္ေရွ႕မွာ သြားၿပီး အခ်ိန္ အၾကာႀကီး ရပ္ေစာင့္ဖို႔ ဆိုတာလည္း မျဖစ္ႏုိင္ဘူး။ တိုကင္ ယူၿပီးေတာ့ ကိုယ့္အလွည့္ေရာက္မွ ေငြ ကုန္သြားတာမ်ိဳး ဆိုရင္လည္း တေနကုန္ႀကီး ျဖစ္မွာေလ။ အဲလိုက်ေတာ့ က်မ အေနနဲ႔ ဘဏ္မွာသြားၿပီး ေငြသြင္း ေငြထုတ္ဖို႔ က်ေတာ့ မရဲဘူး။ မရဲေတာ့ Wave ကေနဘဲ တသိန္းကို ၄ ေထာင္ ဆိုလည္း ၄ ေထာင္ေပါ့၊ ၅ သိန္းေလာက္ ဆိုရင္ေတာ့ ၂ ေသာင္း ျဖစ္သြားၿပီေပါ့။ အရံႈးခံၿပီးေတာ့ဘဲ ကိုယ့္ေငြကိုယ္ အဲလို အရံႈးခံၿပီးေတာ့ဘဲ ထုတ္ေနရတာေတြ ရွိတာေပါ့။ ”

ဘဏ္အပ္ေငြ ထုတ္တာမွာလည္း လူတဦးကို သီတင္းတပတ္ အတြင္း အမ်ားဆံုး က်ပ္သိန္း ၂၀ သာ ထုတ္ယူႏုိင္ေၾကာင္းနဲ႔ ကုမၸဏီေတြ အဖြဲ႔အစည္းေတြ ကေတာ့ သီတင္းတပတ္မွာ အမ်ားဆံုး က်ပ္သိန္း ၂၀၀ ဘဲ ထုတ္ယူဖို႔ ဗဟိုဘဏ္က သတ္မွတ္ေၾကညာထားတာပါ။ ဒါေပမယ့္လည္း ၇ ရက္တခါ ဘဏ္မွာ သိန္း ၂၀ ထုတ္ယူခြင့္ ရေရးကဘဲ အေတာ္ ခက္ခဲေနတာပါ။ ဒီအေျခအေနမွာ ဘဏ္ကေန ေငြလႊဲလက္ခံၿပီး ရာခိုင္ႏႈန္း တခု အက်ိဳးအျမတ္ ရယူကာ ေငြစကၠဴ လဲလွယ္သူေတြက ဘယ္သူေတြ ျဖစ္ႏုိင္ပါသလဲ။

“ ကုမၸဏီေတြ ဆိုတာ ဘဏ္မွာ ကုမၸဏီ ဘဏ္စရင္းေတြ ဖြင့္ထားတယ္။ ကုမၸဏီ ဘဏ္စာရင္းဆိုရင္ တပတ္ကို သိန္း ၂၀၀ ထုတ္ေပးတယ္။ အဲလို ကုမၸဏီ အေကာင့္ ရွိတဲ႔ လူေတြ။ တခ်ိဳ႕ကလည္း ကုမၸဏီ အေကာင့္ရွိတယ္ လုပ္မစားဘူး။ တခ်ိဳ႕ လုပ္စားတဲ႔သူေတြကို ေပးတယ္။ တခ်ိဳ႕ကလည္း သူတို႔ကိုယ္တိုင္ ကုမၸဏီ အေကာင့္နဲ႔ ထုတ္ၿပီး ျပန္ေပးတယ္။
တခ်ိဳ႕က က်ေတာ့လည္း City Mart လိုမ်ိဳးတို႔ ဘီယာ စက္ရံုေတြတို႔ စက္ရံု အႀကီးေတြက ေန႔စဥ္ ေရာင္းရေငြေတြ ရွိတယ္။ ေန႔စဥ္ ေရာင္းရေငြေတြကို အိမ္ထဲမွာ သိမ္းထားတာမ်ိဳး မဟုတ္ဘူး။ ေန႔တိုင္း ေန႔တိုင္း ဘဏ္ ေငြလႊဲနဲ႔ သြားတာဆိုေတာ့ သူတို႔က ေန႔စဥ္ အသြင္း ရွိတယ္။ ဘဏ္ကို။ အဲလို ပိုက္ဆံ ရွိတဲ႔ သူေတြကို လိုက္ရွာၿပီး လွယ္တဲ႔သူေတြလည္း ရွိတယ္။ ”

MCRB - ျမန္မာ့ စီးပြားေရး က႑ တာ၀န္ယူမႈ ရွိေရး အေထာက္အကူျပဳ ဌာနရဲ႕ ျမန္မာႏုိင္ငံတြင္း လုပ္ငန္း လည္ပတ္ေနေသာ စိုးရိမ္မႈ ရွိေနသည့္ စီးပြားေရး လုပ္ငန္းမ်ားရဲ႕ ထုတ္ျပန္ခ်က္မွာ ျပည္တြင္း ဘဏ္ တခ်ိဳ႕လည္း ပါ၀င္ လက္မွတ္ေရးထိုးထားပါတယ္။

စီးပြားေရး လုပ္ငန္းေတြကို တာ၀န္ယူမႈ ရွိရွိ ေဆာင္ရြက္ဖို႔၊ ႏုိင္ငံတကာ စီးပြားေရးနဲ႔ လူ႔အခြင့္အေရး စံခ်ိန္ စံညြန္းေတြနဲ႔ အညီ ေဆာင္ရြက္မယ္လုိ႔ ကတိျပဳထားတဲ႔ အဲဒီ ေၾကညာခ်က္ထဲမွာေတာ့ UAB ဘဏ္၊ ရိုးမဘဏ္၊ KBZ ဘဏ္၊ Wave Money၊ ေရႊဘဏ္ တို႔ကို ေဖာ္ျပထားတာ ေတြ႔ရပါတယ္။ အေမရိကန္၊ ဥေရာပ သမဂၢနဲ႔ ၿဗိတိန္တို႔က ဒဏ္ခတ္ ပိတ္ဆို႔ထားတဲ႔ လုပ္ငန္းေတြ၊ ဒါမွမဟုတ္လည္း ပုဂၢိဳလ္ေတြကို ဘဏ္ အေနနဲ႔ ၀န္ေဆာင္မႈ ေပးမထားေၾကာင္းလည္း အတည္ျပဳတဲ႔ အေၾကာင္းလည္း KBZ ဘဏ္ရဲ႕ အဂၤလိပ္ပိုင္း ၀က္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာ့ စီးပြားေရး က႑ တာ၀န္ယူမႈ ရွိေရး အေထာက္အကူျပဳ ဌာန MCRB က ထုတ္တဲ႔ ဌာနရဲ႕ ျမန္မာႏုိင္ငံတြင္း လုပ္ငန္း လည္ပတ္ေနေသာ စိုးရိမ္မႈ ရွိေနသည့္ စီးပြားေရး လုပ္ငန္းမ်ားရဲ႕ ထုတ္ျပန္ခ်က္ကို European Chamber of Commerce in Myanmar က ေထာက္ခံထားၿပီး ျမန္မာႏုိင္ငံတြင္းက တျခား ႏုိင္ငံျခား ကုန္သည္ႀကီးမ်ား အသင္းေတြထံကိုလည္း ျဖန္႔ေ၀ထားေၾကာင္း လည္း MCRB - ျမန္မာ့ စီးပြားေရး က႑ တာ၀န္ယူမႈ ရွိေရး အေထာက္အကူျပဳ ဌာန ၀ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဘဏ်အပ်ငွေကို အမြတ်ပေး ထုတ်ယူမှု နိုင်ငံတဝန်း တွင်ကျယ်


စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စလို့ ဘဏ်အပ်ငွေ အလွယ် တကူ ထုတ်မရတဲ့ ကိစ္စက အခု ၄ လအတွင်းကို ရောက်လာချိန်မှာ အခြေအနေ ပိုဆိုးလာပါတယ်။ ဘဏ်အပ်ငွေကို ထုတ်ယူ အသုံးပြုနိုင်ရေး အတွက် အနည်းဆုံး ၃ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းထိ အကျိုးအမြတ်ပေးနေကြရတာပါ။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ် လွိုင်ကော်မှာ နေ့စဉ် အသုံးအတွက် ငွေထုတ်ဖို့တောင် မလွယ်ပါဘူး။ ငွေစက္ကူရှိမှ ဈေးဝယ်လို့ ရတဲ့ အခြေအနေမှာ ဘဏ်က ငွေထုတ်မရတဲ့ ပြသနာကြောင့် ဘဏ်အပ်ငွေကို အသုံးပြုနိုင်ရေး အတွက် ငွေကျပ် ၁၀၀ ကို ၃ ကျပ်နဲ့ အထက် အမြတ်ပေးပြီး ထုတ်ယူနေကြရတာပါ။

“ ဘဏ်ကတော့ ဘာမှ ထုတ်လို့ မရဘူး။ သူတို့ တုံကင်တွေ ပေးတယ်။ အဲဒီ ATM ကလည်း တုံကင်ပေးပြီးတော့ ထုတ်တယ် ပြောတာဘဲ ဒါပေမယ့် ကျနော်တို့ သွားထုတ်တော့ အခု အထိတော့ အဆင်မပြေသေးဘူး။ အဲဒီတော့ ၆ လပိုင်း ၁ ရက်နေ့မှ တုံကင် လာယူပါလို့ ပြောတယ်။ ကျနော်တို့ကတော့ CB ဘဏ် သုံးတာပေါ့နော်။ အဲတော့ ဘဏ်တိုင်းဘဲ။ ကမ္ဘောဇလည်း ဒီတိုင်းပါဘဲ။ ထုတ်လို့ မရကြဘူး။ ”

ဒီအခြေအနေမှာ နေ့စဉ် အသုံးအတွက် ဘယ်လို ဖြေရှင်းကြပါသလဲ။

“ ငွေကြေးကတော့ ပြတ်ကြတာပေါ့။ အခုဟာက ရာခိုင်နှုန်းတွေနဲ့ ပေးရတာပေါ့နော်။ တသိန်းထုတ်ရင် ပွဲစားတွေက ငါးထောင် ယူတာပေါ့။ ဆယ်သိန်းဆိုရင် ငါးသောင်း ပေးရတာပေါ့။ ”

ပွဲစားတွေက ဘယ်သူတွေပါလဲ။

“အဲဒါတော့ အတိအကျ မသိဘူး။ အဲလိုမျိုး ပိုက်ဆံ ရှိတဲ့လူပေါ့နော်။ သူကတော့ ရာခိုင်နှုန်းနဲ့ ယူပြီးတော့ ထုတ်ပေးကြတာပေါ့။ အပြင်မှာ ပြောနေကြတာတော့ ဘဏ်နဲ့ ချိတ်ဆက်ထားတဲ့ လူတွေပေါ့။”

ပွဲစားတွေကို ဘယ်လောက် ပေးရပါသလဲ။

“ဒီနေ့ကတော့ ၅ ရာခိုင်နှုန်းလို့ ပြောတယ်။ ဟိုအရင်တုန်းကတော့ အရေးကြီးရင် အရေးကြီးသလိုပေါ့နော်။ လူချင်းလည်း မတူကြဘူး။ ၈ ရာခိုင်နှုန်း အထိ ပေးရတဲ့ သူတွေလည်း ရှိတယ်။ သူတို့ရဲ့ ဘဏ်စာရင်းထဲကို ပိုက်ဆံ လိုချင်တဲ့သူက ငွေလွှဲပေါ့။ သူတို့က ငွေသား ထုတ်ပေးတာပေါ့။ သူတို့က ဘဏ်လို ဖြစ်သွားတာပေါ့။ ”

နိုင်ငံရေး အပြောင်းအလဲကြောင့် ဘဏ်တွေ အပြည့်အ၀ မလည်ပတ်နိုင်တာကြောင့် ဖွင့်လှစ် လည်ပတ်တဲ့ ဘဏ်တွေမှာ လူတွေ များသွားရတာ အပြင် ဖျက်စီးလိုသူတွေရဲ့ ပရောဂလည်း မကင်းဘူးဆိုတဲ့ သဘောမျိုး ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးဝင်းသော်က ဗွီှအိုအေကို ပြောဆိုထားပါတယ်။

“အခုဒီလောက်တိုးဝှေ.ဖြစ်နေတဲ့ ဖြစ်စဉ်တွေသည် ဘာကြောင့်လဲဆိုတော့ ဝန်ထမ်းတွေ ဒီလို နိုင်ငံရေးအပြောင်းအလဲဖြစ်တဲ့အပေါ်မှာ မူတည်ပြီးတော့ ရုံးမတက်နိုင်တဲ့အခါမှာ ဘဏ်တွေမှာ ဖွင့်နိုင်တဲ့အင်အားနည်းသွားပါတယ်။ ဒီအချိန်မှာပဲ ဘဏ်တွေမှာ လူတွေတိုးလာတယ်။ တိုးလာတယ်ဆိုတာက ၂ ကြောင်းရှိပါတယ်၊ တစ်ချက်ကတော့ တကယ်ကို လိုအပ်လို့ ထုတ်တာ ။

ဘဏ် ၁၀၀ ရှိတယ်ဆိုရင် ဖွင့်နိုင်တာက ဘဏ် ၂၀ လောက်ပဲ ဖြစ်တဲ့အတွက် အဲဒီထက် ၅ ဆလောက်ရှိတဲ့အင်အားက ဘဏ်မှာ သွားပြီး ပြုံတာပဲ ။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ နောက်တချက် ဖျက်ဆီးလိုသူတွေက ဘဏ်တွေမှာ လူတွေဝိုင်းထုတ်နေပြီ ထုတ်ကြပါဆိုတဲ့ Message ဖြစ်တာကမှ ဒီပြဿနာ ပေါ်လာတဲ့ အရင်းခံပါပဲ။ ဘဏ်တွေပေါ်မှာ ယုံကြည်မှုမရှိနဲ့ဆိုတဲ့ဟာသည် လုံးဝမဟုတ်ဘူး ဆိုတာကို ဗဟိုဘဏ်က ထုတ်ပြန်ချက် ထုတ်ပြီးဖြစ်တယ်။

အခုလတ်တလာတော့ အကန့်အသတ်နဲ့ ဖြစ်သွားတဲ့ ကိစ္စလေးတွေမှာ လူတွေတန်းစီတဲ့ အကြောင်းအရာလေး ၁ ချက်ရှိပါတယ်၊ ကျနော်တို့ အင်တာနက် connection ပါ။ အခု အင်တာနက် connection က အားလုံး ပြန်ပြီးတော့ Data transfer တွေအားလုံး ကျနော်တို့ ပြန်လုပ်လို့ရသွားပါပြီ။”

တကယ်တန်းမှာတော့ ငွေစက္ကူ မရှိရင် လုပ်ငန်း လည်ပတ်လို့ မလွယ်တော့တဲ့ အနေအထားကို ရောက်နေတာပါလို့ လုပ်ငန်းရှင်တွေက ရှင်းပြထားပါတယ်။

“ တချို့ ပစ္စည်းတွေကလည်း ငွေသားနဲ့ဘဲ လက်ခံတော့တယ်။ ပိုက်ဆံ ကောက်တဲ့ ကုန်သည်တွေကလည်း ငွေသားနဲ့ဘဲ ပေးပါဆိုပြီး ဖြစ်လာတယ်။ ရွှေချောင်းတွေ ဘာတွေ ဆိုရင်လည်း ငွေသားဘဲ ပေးရတယ်။ ဘဏ် Payment ကို လက်မခံကြတော့ဘူး။ ”

“ လုပ်နေတဲ့ လုပ်ငန်းပေါ် မူတည်ပြီးတော့မှလေ ဘဏ်ရှေ့မှာ သွားပြီး အချိန် အကြာကြီး ရပ်စောင့်ဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး။ တိုကင် ယူပြီးတော့ ကိုယ့်အလှည့်ရောက်မှ ငွေ ကုန်သွားတာမျိုး ဆိုရင်လည်း တနေကုန်ကြီး ဖြစ်မှာလေ။ အဲလိုကျတော့ ကျမ အနေနဲ့ ဘဏ်မှာသွားပြီး ငွေသွင်း ငွေထုတ်ဖို့ ကျတော့ မရဲဘူး။ မရဲတော့ Wave ကနေဘဲ တသိန်းကို ၄ ထောင် ဆိုလည်း ၄ ထောင်ပေါ့၊ ၅ သိန်းလောက် ဆိုရင်တော့ ၂ သောင်း ဖြစ်သွားပြီပေါ့။ အရှုံးခံပြီးတော့ဘဲ ကိုယ့်ငွေကိုယ် အဲလို အရှုံးခံပြီးတော့ဘဲ ထုတ်နေရတာတွေ ရှိတာပေါ့။ ”

ဘဏ်အပ်ငွေ ထုတ်တာမှာလည်း လူတဦးကို သီတင်းတပတ် အတွင်း အများဆုံး ကျပ်သိန်း ၂၀ သာ ထုတ်ယူနိုင်ကြောင်းနဲ့ ကုမ္ပဏီတွေ အဖွဲ့အစည်းတွေ ကတော့ သီတင်းတပတ်မှာ အများဆုံး ကျပ်သိန်း ၂၀၀ ဘဲ ထုတ်ယူဖို့ ဗဟိုဘဏ်က သတ်မှတ်ကြေညာထားတာပါ။ ဒါပေမယ့်လည်း ၇ ရက်တခါ ဘဏ်မှာ သိန်း ၂၀ ထုတ်ယူခွင့် ရရေးကဘဲ အတော် ခက်ခဲနေတာပါ။ ဒီအခြေအနေမှာ ဘဏ်ကနေ ငွေလွှဲလက်ခံပြီး ရာခိုင်နှုန်း တခု အကျိုးအမြတ် ရယူကာ ငွေစက္ကူ လဲလှယ်သူတွေက ဘယ်သူတွေ ဖြစ်နိုင်ပါသလဲ။

“ ကုမ္ပဏီတွေ ဆိုတာ ဘဏ်မှာ ကုမ္ပဏီ ဘဏ်စရင်းတွေ ဖွင့်ထားတယ်။ ကုမ္ပဏီ ဘဏ်စာရင်းဆိုရင် တပတ်ကို သိန်း ၂၀၀ ထုတ်ပေးတယ်။ အဲလို ကုမ္ပဏီ အကောင့် ရှိတဲ့ လူတွေ။ တချို့ကလည်း ကုမ္ပဏီ အကောင့်ရှိတယ် လုပ်မစားဘူး။ တချို့ လုပ်စားတဲ့သူတွေကို ပေးတယ်။ တချို့ကလည်း သူတို့ကိုယ်တိုင် ကုမ္ပဏီ အကောင့်နဲ့ ထုတ်ပြီး ပြန်ပေးတယ်။
တချို့က ကျတော့လည်း City Mart လိုမျိုးတို့ ဘီယာ စက်ရုံတွေတို့ စက်ရုံ အကြီးတွေက နေ့စဉ် ရောင်းရငွေတွေ ရှိတယ်။ နေ့စဉ် ရောင်းရငွေတွေကို အိမ်ထဲမှာ သိမ်းထားတာမျိုး မဟုတ်ဘူး။ နေ့တိုင်း နေ့တိုင်း ဘဏ် ငွေလွှဲနဲ့ သွားတာဆိုတော့ သူတို့က နေ့စဉ် အသွင်း ရှိတယ်။ ဘဏ်ကို။ အဲလို ပိုက်ဆံ ရှိတဲ့ သူတွေကို လိုက်ရှာပြီး လှယ်တဲ့သူတွေလည်း ရှိတယ်။ ”

MCRB - မြန်မာ့ စီးပွားရေး ကဏ္ဍ တာဝန်ယူမှု ရှိရေး အထောက်အကူပြု ဌာနရဲ့ မြန်မာနိုင်ငံတွင်း လုပ်ငန်း လည်ပတ်နေသော စိုးရိမ်မှု ရှိနေသည့် စီးပွားရေး လုပ်ငန်းများရဲ့ ထုတ်ပြန်ချက်မှာ ပြည်တွင်း ဘဏ် တချို့လည်း ပါဝင် လက်မှတ်ရေးထိုးထားပါတယ်။ စီးပွားရေး လုပ်ငန်းတွေကို တာဝန်ယူမှု ရှိရှိ ဆောင်ရွက်ဖို့၊ နိုင်ငံတကာ စီးပွားရေးနဲ့ လူ့အခွင့်အရေး စံချိန် စံညွန်းတွေနဲ့ အညီ ဆောင်ရွက်မယ်လို့ ကတိပြုထားတဲ့ အဲဒီ ကြေညာချက်ထဲမှာတော့ UAB ဘဏ်၊ ရိုးမဘဏ်၊ KBZ ဘဏ်၊ Wave Money၊ ရွှေဘဏ် တို့ကို ဖော်ပြထားတာ တွေ့ရပါတယ်။

အမေရိကန်၊ ဥရောပ သမဂ္ဂနဲ့ ဗြိတိန်တို့က ဒဏ်ခတ် ပိတ်ဆို့ထားတဲ့ လုပ်ငန်းတွေ၊ ဒါမှမဟုတ်လည်း ပုဂ္ဂိုလ်တွေကို ဘဏ် အနေနဲ့ ဝန်ဆောင်မှု ပေးမထားကြောင်းလည်း အတည်ပြုတဲ့ အကြောင်းလည်း KBZ ဘဏ်ရဲ့ အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ မြန်မာ့ စီးပွားရေး ကဏ္ဍ တာဝန်ယူမှု ရှိရေး အထောက်အကူပြု ဌာန MCRB က ထုတ်တဲ့ ဌာနရဲ့ မြန်မာနိုင်ငံတွင်း လုပ်ငန်း လည်ပတ်နေသော စိုးရိမ်မှု ရှိနေသည့် စီးပွားရေး လုပ်ငန်းများရဲ့ ထုတ်ပြန်ချက်ကို European Chamber of Commerce in Myanmar က ထောက်ခံထားပြီး မြန်မာနိုင်ငံတွင်းက တခြား နိုင်ငံခြား ကုန်သည်ကြီးများ အသင်းတွေထံကိုလည်း ဖြန့်ဝေထားကြောင်း လည်း MCRB - မြန်မာ့ စီးပွားရေး ကဏ္ဍ တာဝန်ယူမှု ရှိရေး အထောက်အကူပြု ဌာန ဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG