သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗဟိုဘဏ္က အမ်ားျပည္သူကုိ ပထမဆံုးအႀကိမ္ ေဒၚလာထုတ္ေရာင္း


ရန္ကုန္ၿမိဳ႕ရွိ ဘဏ္တခုမွာ ေဒၚလာေငြမ်ား လဲလွယ္ၿပီး ေရတြက္ေနတဲ့ ျမင္ကြင္း။ (ေမ ၂၃၊ ၂၀၁၃)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံ ဗဟိုဘဏ္က အေမရိကန္ေဒၚလာေငြစကၠဴေတြကို အမ်ားျပည္သူကို ဒီေန႔ ပထမဆံုး စတင္ထုတ္ေရာင္းပါတယ္။ သတ္မွတ္ထားတဲ့ ေငြလႊဲေကာင္တာေတြကေန ေဒၚလာ ၁.၆ သန္းဖိုး ေရာင္းခ်မွာျဖစ္ၿပီး တေယာက္ကို ေဒၚလာ ၁,၀၀၀ အထိ ဝယ္ယူႏိုင္မယ္လို႔ ဗဟိုဘဏ္က ေၾကညာထားပါတယ္။ ေဒၚလာနဲ႔ လဲလွယ္တဲ့ ျမန္မာေငြတန္ဖုိး က်ဆင္းေနတဲ့အတြက္ ဗဟိုဘဏ္က ဝင္ထိန္းတာျဖစ္တယ္လို႔ ဗဟိုဘဏ္တာဝန္႐ွိသူက ဗီြအိုေအကိုေျပာပါတယ္။ ဒီလိုလုပ္လို႔တကယ္ပဲ ျမန္မာေငြတန္ဖုိး တက္လာပါသလား။ ရန္ကုန္ကလာတဲ့သတင္းအျပည့္အစံုကို ကိုခင္ေမာင္စိုးမင္းကေျပာျပပါမယ္။

ရန္ကုန္ၿမိဳ႕ရွိ ဗဟိုဘဏ္။ (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)
ရန္ကုန္ၿမိဳ႕ရွိ ဗဟိုဘဏ္။ (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)

အေမရိကန္ေဒၚလာ ၁.၆ သန္းကို ဗဟိုဘဏ္သတ္မွတ္ေပးထားတဲ့ ႏိုင္ငံျခားေငြလဲလွယ္တဲ့လုပ္ငန္း ၁၀ ခုကေန တေဒၚလာကို ၁,၆၄၅ က်ပ္နဲ႔ ဒီေန႔ ေမလ ၁၃ ရက္က စၿပီး ေရာင္းခ်ပါတယ္။ သတ္မွတ္ေငြလဲ ေနရာေတာ္ေတာ္မ်ားမ်ား မနက္ထဲကစလို႔ ေဒၚလာဝယ္ခ်င္သူေတြကို တိုကင္ထုတ္ေပးတာမွာ တခ်ဳိ႕ေနရာေတြမွာ တိုကင္ ၅၀၊ တခ်ဳိ႕ေနရာေတြမွာ တိုတင္ ၁၅၀ အထိ ထုတ္ေပးခဲ့ၾကပါတယ္။ တိုကင္လက္မွတ္ေတြ စထုတ္ၿပီး မၾကာခင္မွာပဲ တုိကင္ကုန္သြားတယ္လို႔ ေငြလဲေကာင္တာကသူေတြက ဗီြအိုေအကို ေျပာပါတယ္။

ဒါေပမဲ့ ညေနပိုင္း ေဒၚလာေရာင္းတဲ့အခ်ိန္မွာ တခ်ဳိ႕ေကာင္တာေတြမွာ တိုတင္ ၅၀ ေလာက္အထိပဲ ေရာင္းႏိုင္ခဲ့ပါတယ္။ ေဒၚလာေငြ ဝယ္ခ်င္သူေတြအေနနဲ႔ ဘဏ္စာရင္း အလြဲအေျပာင္းနဲ႔ မဟုတ္ဘဲ ေငြသားနဲ႔ေပးေခ်ရမွာျဖစ္ပါတယ္။ ေဒၚလာေငြသားကလည္း ေ႐ြးခ်ယ္လို႔မရဘဲ ဗဟိုဘဏ္ကေပးတဲ့ ေဒၚလာေငြအ႐ြက္ေတြပဲ ရ႐ွိၾကပါတယ္။ ေဒၚလာနဲ႔ ျမန္မာေငြလဲလွယ္ႏႈန္းက တေဒၚလာကို ၁,၈၀၀ က်ပ္အထိ ျဖစ္ခဲ့တာေၾကာင့္ ျမန္မာေငြတန္ဖုိး ျပန္တက္လာေအာင္ ျပင္ပထက္နည္းတဲ့ ဗဟိုဘဏ္ရဲ႕ ရည္ၫႊန္းေစ်းႏႈန္းအတိုင္း ထုတ္ေရာင္းဖို႔ ဆုံးျဖတ္လိုက္တာလို႔ ဗဟိုဘဏ္ ဒုတိယဥကၠ႒ ဦးဝင္းေသာ္က ဗြီအိုေအ ျမန္မာပိုင္းကို ေျပာပါတယ္။

“တကယ္တမ္းက်ေတာ့ money changer ေတြမွာ အေရာင္းအဝယ္ သိပ္မရွိပါဘူး။ သို႔ေသာ္ မလိုအပ္ဘဲ cash ေတြကို ဝယ္ယူစုေဆာင္းတာေတြ၊ ေစ်းကစားတဲ့သေဘာနဲ႔ ေစ်းႏႈန္းေတြ ျမႇင့္တင္ေနတယ္လို႔ သုံးသပ္တဲ့အတြက္ေၾကာင့္ ဒီေစ်းကြက္ထဲကို ဝင္ၿပီးေတာ့ ဒါလိုအပ္တာကို ေရာင္းေပးတာ ျဖစ္ပါတယ္။ ဒါ ပထမဦးဆုံးအႀကိမ္ ေရာင္းလိုက္တာ ျဖစ္ပါတယ္။ ေနာက္လည္း ဆက္ၿပီးေတာ့ လိုအပ္သေလာက္ ေရာင္းသြားမွာပါ။"

ဒီေန႔ ေဒၚလာေငြသားေတြကို ဗဟိုဘဏ္ သတ္မွတ္ေနရာေတြကေန အမ်ားျပည္သူကို စတင္ထုတ္ေရာင္းေပးေနခ်ိန္မွာပဲ တျခား ႏိုင္ငံျခားေငြေၾကး လဲလွယ္တဲ့ေနရာေတြမွာလည္း အေရာင္းအဝယ္ေတြ ပံုမွန္အတိုင္း ႐ွိေနပါတယ္။ ဝယ္မယ္ဆုိရင္ တေဒၚလာကို ၁,၇၂၀ က်ပ္ ျပင္ပေပါက္ေစ်း ႐ွိပါတယ္။

ဗဟိုဘဏ္က ေဒၚလာအ႐ြက္ေတြ ထုတ္ေရာင္းလို႔ အေမရိကန္ေဒၚလာေစ်း အနည္းငယ္ ျပန္က်သြားတယ္ဆိုေပမဲ့ အကန႔္အသတ္နဲ႔ပဲ ေရာင္းႏိုင္တာျဖစ္လို႔ သိပ္အမ်ားႀကီးက်မွာ မဟုတ္ဘူးလို႔ ေငြလဲလုပ္ငန္းတခ်ိဳ႕က ခန္႔မွန္းပါတယ္။ ေတာင္ဇလပ္ ႏိုင္ငံျခားေငြေရာင္းဝယ္ေရး လုပ္ငန္းက ဦးတိုးျမင့္ကေတာ့ ေရတိုေျဖရွင္းနည္းပဲ ျဖစ္လိမ့္မယ္လို႔ ျမင္ပါတယ္။

“ကာလတိုေပါ့၊ ကာလတိုေျဖရွင္းနည္း တခုပါပဲ။ သူထုတ္ေရာင္းလည္း လူေတြက ဝယ္ၾကမွာပဲ။ ထုတ္ေရာင္းတာ မေကာင္းဘူးလားဆိုေတာ့ ေကာင္းပါတယ္။ ဘာလို႔လဲဆိုေတာ့ ျပင္ပေစ်းကြက္ တခုတည္းကို အားထားေနရေတာ့။ ျပင္ပေစ်းကြက္က ေစ်းကို ဆြဲတင္မွာပဲ။ အရင္ကဆို အဝယ္လည္းရွိတယ္။ အေရာင္းလည္း ရွိတယ္။ ေစ်းကြက္ဆိုတာ အဝယ္လည္းရွိရမယ္။ အေရာင္းလည္း ရွိရမယ္။”

ဗဟိုဘဏ္က ေဒၚလာေငြေတြကို ေလလံစနစ္နဲ႔ ပုဂၢလိကဘဏ္ေတြကို အရင္ထဲက ပံုမွန္ေရာင္းခ်တာမ်ဳိး႐ွိပါတယ္။ မေန႔ ေမလ ၁၂ ရက္ေန႔က ေဒၚလာ ၆,၀၀၀,၀၀၀၊ ဒီေန႔ ေမလ ၁၃ ရက္ေန႔မွာ ေဒၚလာ ၆,၀၀၀,၀၀၀ ေလလံစနစ္နဲ႔ ေရာင္းခ်ခဲ့တယ္လို႔ ဗဟိုဘဏ္က ထုတ္ျပန္ထားပါတယ္။

အမ်ားျပည္သူကို ဒီေန႔ စတင္ေရာင္းတဲ့ ေဒၚလာ ၁.၆ သန္းအပါအဝင္ အေမရိကန္ေဒၚလာေငြေတြ ထုတ္ေရာင္းတာဟာ ေငြေၾကးအက်ပ္အတည္းကို ေျဖ႐ွင္းဖုိ႔ ထုတ္ေရာင္းေနတာလို႔ ျမင္သူေတြလည္း႐ွိပါတယ္။ စီးပြားေရးပညာရွင္ ဦးမင္းခင္ကေတာ့ ခုလို သံုးသပ္ပါတယ္။

“အမ်ားျပည္သူကို ထုတ္ေရာင္းတဲ့ဟာကေတာ့ အမ်ားျပည္သူ စိုးရိမ္ၿပီးဝယ္တာမ်ိဳး၊ လိုအပ္တဲ့ဟာေတြ လိုက္ဝယ္လို႔ ေစ်းတက္တာကို ထိန္းတာ ျဖစ္ႏိုင္တာကိုး။ ေငြသား တခ်ိဳ႕တေလကို ျပန္ၿပီးေတာ့ လည္ပတ္ႏိုင္ေအာင္ ျပန္ၿပီးေတာ့ ႀကိဳးစားတာလည္း ျဖစ္ႏိုင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ အျပင္လူကိုေရာင္းတာ ေဒၚလာ ၁.၆ သန္းက ဗမာေငြ ဘယ္ေလာက္မွ မရႏိုင္ဘူးေလ။ အမ်ားႀကီးမရႏိုင္ဘူး။ က်ပ္ေငြ ဘီလီယံနဲ႔တြက္ရင္ ဘီလီယံ ၂၀ ေက်ာ္ ဒီေလာက္ပဲ ရႏိုင္တာကိုး။ ဒါေပမဲ့ ဒီဟာက ဆက္လုပ္မလား ပိုၿပီးမ်ားမ်ားေရာင္းလာမလားဆိုတာ မေျပာတတ္ဘူးေပါ့။ ေနာက္ၿပီး ေစ်းကြက္ကေရာ အမ်ားျပည္သူကေရာ အဲဒီေလာက္ဝယ္လိုအား ရွိပါ့မလား။ ဒါလည္း ေမးစရာရွိတယ္။ အဓိကေတာ့ ေစ်းႏႈန္းကို ထိန္းတာပါပဲ။”

ဗဟိုဘဏ္က ေဒၚလာေတြကို ခုလုိထုတ္ေရာင္းတဲ့ သက္ေရာက္မႈေၾကာင့္ ျပည္တြင္းအေခါက္ေ႐ႊေစ်းႏႈန္းဟာ မေန႔က အျမင့္ေစ်းထက္စာရင္ ဒီေန႔ က်ပ္ ၁၀၀,၀၀၀ ေလာက္ေစ်းက်ၿပီး ၁,၆၃၀,၀၀၀ ေစ်းေပါက္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဗဟိုဘဏ်က အများပြည်သူကို ပထမဆုံးအကြိမ် ဒေါ်လာထုတ်ရောင်း

မြန်မာနိုင်ငံ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာငွေစက္ကူတွေကို အများပြည်သူကို ဒီနေ့ ပထမဆုံး စတင်ထုတ်ရောင်းပါတယ်။ သတ်မှတ်ထားတဲ့ ငွေလွှဲကောင်တာတွေကနေ ဒေါ်လာ ၁.၆ သန်းဖိုး ရောင်းချမှာဖြစ်ပြီး တယောက်ကို ဒေါ်လာ ၁,၀၀၀ အထိ ဝယ်ယူနိုင်မယ်လို့ ဗဟိုဘဏ်က ကြေညာထားပါတယ်။ ဒေါ်လာနဲ့ လဲလှယ်တဲ့ မြန်မာငွေတန်ဖိုး ကျဆင်းနေတဲ့အတွက် ဗဟိုဘဏ်က ဝင်ထိန်းတာဖြစ်တယ်လို့ ဗဟိုဘဏ်တာဝန်ရှိသူက ဗွီအိုအေကိုပြောပါတယ်။ ဒီလိုလုပ်လို့တကယ်ပဲ မြန်မာငွေတန်ဖိုး တက်လာပါသလား။ ရန်ကုန်ကလာတဲ့သတင်းအပြည့်အစုံကို ကိုခင်မောင်စိုးမင်းကပြောပြပါမယ်။

အမေရိကန်ဒေါ်လာ ၁.၆ သန်းကို ဗဟိုဘဏ်သတ်မှတ်ပေးထားတဲ့ နိုင်ငံခြားငွေလဲလှယ်တဲ့လုပ်ငန်း ၁၀ ခုကနေ တဒေါ်လာကို ၁,၆၄၅ ကျပ်နဲ့ ဒီနေ့ မေလ ၁၃ ရက်က စပြီး ရောင်းချပါတယ်။ သတ်မှတ်ငွေလဲ နေရာတော်တော်များများ မနက်ထဲကစလို့ ဒေါ်လာဝယ်ချင်သူတွေကို တိုကင်ထုတ်ပေးတာမှာ တချို့နေရာတွေမှာ တိုကင် ၅၀၊ တချို့နေရာတွေမှာ တိုတင် ၁၅၀ အထိ ထုတ်ပေးခဲ့ကြပါတယ်။ တိုကင်လက်မှတ်တွေ စထုတ်ပြီး မကြာခင်မှာပဲ တိုကင်ကုန်သွားတယ်လို့ ငွေလဲကောင်တာကသူတွေက ဗွီအိုအေကို ပြောပါတယ်။

ဒါပေမဲ့ ညနေပိုင်း ဒေါ်လာရောင်းတဲ့အချိန်မှာ တချို့ကောင်တာတွေမှာ တိုတင် ၅၀ လောက်အထိပဲ ရောင်းနိုင်ခဲ့ပါတယ်။ ဒေါ်လာငွေ ဝယ်ချင်သူတွေအနေနဲ့ ဘဏ်စာရင်း အလွဲအပြောင်းနဲ့ မဟုတ်ဘဲ ငွေသားနဲ့ပေးချေရမှာဖြစ်ပါတယ်။ ဒေါ်လာငွေသားကလည်း ရွေးချယ်လို့မရဘဲ ဗဟိုဘဏ်ကပေးတဲ့ ဒေါ်လာငွေအရွက်တွေပဲ ရရှိကြပါတယ်။ ဒေါ်လာနဲ့ မြန်မာငွေလဲလှယ်နှုန်းက တဒေါ်လာကို ၁,၈၀၀ ကျပ်အထိ ဖြစ်ခဲ့တာကြောင့် မြန်မာငွေတန်ဖိုး ပြန်တက်လာအောင် ပြင်ပထက်နည်းတဲ့ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းဈေးနှုန်းအတိုင်း ထုတ်ရောင်းဖို့ ဆုံးဖြတ်လိုက်တာလို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“တကယ်တမ်းကျတော့ money changer တွေမှာ အရောင်းအဝယ် သိပ်မရှိပါဘူး။ သို့သော် မလိုအပ်ဘဲ cash တွေကို ဝယ်ယူစုဆောင်းတာတွေ၊ ဈေးကစားတဲ့သဘောနဲ့ ဈေးနှုန်းတွေ မြှင့်တင်နေတယ်လို့ သုံးသပ်တဲ့အတွက်ကြောင့် ဒီဈေးကွက်ထဲကို ဝင်ပြီးတော့ ဒါလိုအပ်တာကို ရောင်းပေးတာ ဖြစ်ပါတယ်။ ဒါ ပထမဦးဆုံးအကြိမ် ရောင်းလိုက်တာ ဖြစ်ပါတယ်။ နောက်လည်း ဆက်ပြီးတော့ လိုအပ်သလောက် ရောင်းသွားမှာပါ။"

ဒီနေ့ ဒေါ်လာငွေသားတွေကို ဗဟိုဘဏ် သတ်မှတ်နေရာတွေကနေ အများပြည်သူကို စတင်ထုတ်ရောင်းပေးနေချိန်မှာပဲ တခြား နိုင်ငံခြားငွေကြေး လဲလှယ်တဲ့နေရာတွေမှာလည်း အရောင်းအဝယ်တွေ ပုံမှန်အတိုင်း ရှိနေပါတယ်။ ဝယ်မယ်ဆိုရင် တဒေါ်လာကို ၁,၇၂၀ ကျပ် ပြင်ပပေါက်ဈေး ရှိပါတယ်။

ဗဟိုဘဏ်က ဒေါ်လာအရွက်တွေ ထုတ်ရောင်းလို့ အမေရိကန်ဒေါ်လာဈေး အနည်းငယ် ပြန်ကျသွားတယ်ဆိုပေမဲ့ အကန့်အသတ်နဲ့ပဲ ရောင်းနိုင်တာဖြစ်လို့ သိပ်အများကြီးကျမှာ မဟုတ်ဘူးလို့ ငွေလဲလုပ်ငန်းတချို့က ခန့်မှန်းပါတယ်။ တောင်ဇလပ် နိုင်ငံခြားငွေရောင်းဝယ်ရေး လုပ်ငန်းက ဦးတိုးမြင့်ကတော့ ရေတိုဖြေရှင်းနည်းပဲ ဖြစ်လိမ့်မယ်လို့ မြင်ပါတယ်။

“ကာလတိုပေါ့၊ ကာလတိုဖြေရှင်းနည်း တခုပါပဲ။ သူထုတ်ရောင်းလည်း လူတွေက ဝယ်ကြမှာပဲ။ ထုတ်ရောင်းတာ မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ပြင်ပဈေးကွက် တခုတည်းကို အားထားနေရတော့။ ပြင်ပဈေးကွက်က ဈေးကို ဆွဲတင်မှာပဲ။ အရင်ကဆို အဝယ်လည်းရှိတယ်။ အရောင်းလည်း ရှိတယ်။ ဈေးကွက်ဆိုတာ အဝယ်လည်းရှိရမယ်။ အရောင်းလည်း ရှိရမယ်။”

ဗဟိုဘဏ်က ဒေါ်လာငွေတွေကို လေလံစနစ်နဲ့ ပုဂ္ဂလိကဘဏ်တွေကို အရင်ထဲက ပုံမှန်ရောင်းချတာမျိုးရှိပါတယ်။ မနေ့ မေလ ၁၂ ရက်နေ့က ဒေါ်လာ ၆,၀၀၀,၀၀၀၊ ဒီနေ့ မေလ ၁၃ ရက်နေ့မှာ ဒေါ်လာ ၆,၀၀၀,၀၀၀ လေလံစနစ်နဲ့ ရောင်းချခဲ့တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

အများပြည်သူကို ဒီနေ့ စတင်ရောင်းတဲ့ ဒေါ်လာ ၁.၆ သန်းအပါအဝင် အမေရိကန်ဒေါ်လာငွေတွေ ထုတ်ရောင်းတာဟာ ငွေကြေးအကျပ်အတည်းကို ဖြေရှင်းဖို့ ထုတ်ရောင်းနေတာလို့ မြင်သူတွေလည်းရှိပါတယ်။ စီးပွားရေးပညာရှင် ဦးမင်းခင်ကတော့ ခုလို သုံးသပ်ပါတယ်။

“အများပြည်သူကို ထုတ်ရောင်းတဲ့ဟာကတော့ အများပြည်သူ စိုးရိမ်ပြီးဝယ်တာမျိုး၊ လိုအပ်တဲ့ဟာတွေ လိုက်ဝယ်လို့ ဈေးတက်တာကို ထိန်းတာ ဖြစ်နိုင်တာကိုး။ ငွေသား တချို့တလေကို ပြန်ပြီးတော့ လည်ပတ်နိုင်အောင် ပြန်ပြီးတော့ ကြိုးစားတာလည်း ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အပြင်လူကိုရောင်းတာ ဒေါ်လာ ၁.၆ သန်းက ဗမာငွေ ဘယ်လောက်မှ မရနိုင်ဘူးလေ။ အများကြီးမရနိုင်ဘူး။ ကျပ်ငွေ ဘီလီယံနဲ့တွက်ရင် ဘီလီယံ ၂၀ ကျော် ဒီလောက်ပဲ ရနိုင်တာကိုး။ ဒါပေမဲ့ ဒီဟာက ဆက်လုပ်မလား ပိုပြီးများများရောင်းလာမလားဆိုတာ မပြောတတ်ဘူးပေါ့။ နောက်ပြီး ဈေးကွက်ကရော အများပြည်သူကရော အဲဒီလောက်ဝယ်လိုအား ရှိပါ့မလား။ ဒါလည်း မေးစရာရှိတယ်။ အဓိကတော့ ဈေးနှုန်းကို ထိန်းတာပါပဲ။”

ဗဟိုဘဏ်က ဒေါ်လာတွေကို ခုလိုထုတ်ရောင်းတဲ့ သက်ရောက်မှုကြောင့် ပြည်တွင်းအခေါက်ရွှေဈေးနှုန်းဟာ မနေ့က အမြင့်ဈေးထက်စာရင် ဒီနေ့ ကျပ် ၁၀၀,၀၀၀ လောက်ဈေးကျပြီး ၁,၆၃၀,၀၀၀ ဈေးပေါက်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG