သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေ႐ႊေစ်းနဲ႔ ေဒၚလာေငြလဲေစ်းထိုးတက္


မႏၲေလးၿမိဳ႕ရွိ ေရႊဆိုင္တခုတြင္ အေရာင္းအမ်ဳိးသမီးတဦး ျပသေနသည့္ ေရႊဆြဲႀကိဳးမ်ား။ (၅ ႏိုဝင္ဘာ ၂၀၁၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံတဝန္း လက္နက္ကိုင္တိုက္ခိုက္မႈေတြ ျဖစ္လာမွာ စိုးရိမ္မႈေတြရွိေနၾကခ်ိန္မွာပဲ ေ႐ႊေဈးနဲ႔ ေဒၚလာေဈးေတြ တက္သြားခဲ့ပါတယ္။ ေ႐ႊေဈးကြက္ စဖြင့္ခ်ိန္မွာ အကယ္ဒမီအေခါက္ေ႐ႊ တက်ပ္သားကို က်ပ္ ၁၈ သိန္းနဲ႔ ေဈးကို စဖြင့္ပါတယ္။ ေနာက္ပိုင္းအေရာင္းအဝယ္လုပ္ခ်ိန္မွာ ၁၈ သိန္းေက်ာ္နဲ႔ အေရာင္းအဝယ္လုပ္ခဲ့ၾကပါတယ္။ ေဒၚလာေဈးကလည္း အနည္းငယ္တက္ခဲ့ပါတယ္။ ခုလို ေ႐ႊေဈးနဲ႔ ေဒၚလာေဈးအေပၚ ဂယက္႐ိုက္ခတ္ေနတဲ့ အေျခအေန ရန္ကုန္ကလာတဲ့သတင္ ကိုသားၫြန႔္ဦးေျပာျပပါမယ္။

တနလၤာေန႔က က်ပ္ ၁,၇၅၀,၀၀၀ စြန္းစြန္းနဲ႔ ေစ်းပိတ္ခဲ့တဲ့ ျမန္မာ့အေခါက္ေ႐ႊ ေစ်းႏႈန္းဟာ ဒီေန႔အဂၤါေန႔မွာေတာ့ ၅၀၀၀၀ ေလာက္ခုန္တက္သြားၿပီး တက်ပ္သားကို က်ပ္ ၁၈ သိန္းဝန္းက်င္ေစ်းျဖစ္ခဲ့ပါတယ္။ NUG ရဲ႕ အေရးေပၚေၾကညာခ်က္ ဒီေန႔မနက္အေစာပိုင္းမွာ ထြက္လာခဲ့ၿပီးေနာက္ တခ်ဳိ႕ေ႐ႊဆိုင္ေတြ ဆိုင္ဖြင့္ေနာက္က်သလို တခ်ဳိ႕ ဆိုင္ေတြဆို ဒီေန႔ လံုးဝပိတ္ထားပါတယ္။ ပံုမွန္အားျဖင့္ ျမန္မာႏိုင္ငံက ေ႐ႊေစ်းဟာ ကမာ႔ၻေ႐ႊေစ်းအတက္အက်ေပၚမွာ မူတည္ေစ်းေျပာင္းတာပါ။ ဒီေန႔မွာ ကမာၻ႔ေ႐ႊေစ်းႏႈန္း မတက္ေပမဲ့ ျပည္တြင္းမွာျဖစ္ေနတဲ့ အေျခအေနေၾကာင့္

အခုလို ေစ်းႏႈန္းအေျပာင္းအလဲေတြ ျဖစ္ေပၚေနတာလို႔ ေ႐ႊလုပ္ငန္းရွင္ေတြက ေျပာပါတယ္။ ေစ်းကြက္ထဲမွာ ေ႐ႊအေရာင္းမထြက္သလို၊ ပစၥည္းလည္းျပတ္ေနေပမဲ့ ထြက္ေပၚေနတဲ့ သတင္းေတြေၾကာင္း ေ႐ႊေစ်းေတြ တက္လာတာလို႔ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က ဗြီအိုေအကို ေျပာပါတယ္။ ဒါကျမန္မာ့ေ႐ႊေစ်းကြက္မွာ ပထမဦးဆုံးအႀကိမ္ ၁၈ သိန္းကို ေက်ာ္လာတာလို႔ သူကေျပာတာပါ။

“က်ေနာ္တို႔ အသင္းက မဖြင့္ခင္မွာ ဟိုဘက္ဆိုင္ႀကီးေတြက ၁၈ သိန္းေက်ာ္ဖြင့္တယ္၊ ေနာက္ ေစ်းကြက္ထဲမွာလည္း ဒီေန႔ကဟို ေကာလာဟလေတြေၾကာင့္ လူေတြက facebook ေတြကေန ေရးတဲ့အခါက်ေတာ့ ဗမာေငြကို ဘယ္သူမွ မကိုင္ၾကေတာ့ဘူး၊ ဗမာေငြအစားကို ေဒၚလာပဲရရ၊ ေ႐ႊပဲရရ အတင္းလိုက္ဝယ္ ေနၾကေတာ့တာပဲ။ ဒါေ႐ႊသမိုင္းမွာ အျမင့္ဆုံးပဲေပါ့ဗ်ာ ပထမဦးဆုံးေရာက္တဲ့ ေစ်းပါပဲ။”

ေစ်းကြက္မွာ ေ႐ႊတက်ပ္သား ၁၈ သိန္းနဲ႔ေပါက္ေနေပမဲ့ ပစၥည္းျပတ္လပ္ၿပီး အေရာင္းေတာ့ မရွိသေလာက္ အေျခအေနပါ။ ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ား အသင္းမွာေတာင္ အကယ္ဒမီ အေခါက္ေ႐ႊ ၁၀ သားအပိုင္း ေလးငါးပိုင္းပဲ ဒီကေန႔ အေရာင္းအဝယ္ျဖစ္ခဲ့တယ္လို႔ေျပာပါတယ္။ လုပ္ငန္းရွင္ေတြက ဗဟိုဘဏ္ရဲ႕ ေဒၚလာေရာင္းခ်မႈ အေျခအေနအေပၚ မျပတ္ေစာင့္ၾကည့္ေလ့ရွိပါတယ္။ ဗဟိုဘဏ္က ၿပီးခဲ့တဲ့ တပတ္က အေမရိကန္ေဒၚလာကို ထုတ္မေရာင္းခ်တာ ေၾကာင့္လည္း တခ်ိဳ႕က ေ႐ႊဝယ္လွည့္ၿပီး ဝယ္ယူလာတာပါ။

လုပ္ငန္းလည္ပတ္ဖို႔ ဝယ္ယူၾကတာထက္ တဦးခ်င္းဝယ္လိုအားေၾကာင့္ ႐ုတ္တရက္ ေစ်းတက္လာျဖစ္ႏိုင္ေၾကာင္း ေ႐ႊေစ်းကြက္အႀကံေပး လုပ္ငန္းတခုရဲ႕ တာဝန္ခံက ဗြီအိုေအကို ေျပာပါတယ္။

“ေ႐ႊေစ်းကေတာ့ လက္ရွိ ၁၈ ( သိန္း) ေလာက္ ေပါက္သြားတာေပါ့၊ မေန႔ကမွ က်ေနာ္ဆို ၁၇၊ ၃ ေသာင္း၊ ၄ ေသာင္းေလာက္ပဲရွိတာ။ အဓိကေတာ့ အဝယ္လိုက္လို႔ပါ။ မယုံတာနဲ႔၊ ျမန္မာေငြအေပၚ ယုံၾကည္မႈ အားနည္းတာေပါ့ေနာ္ ေဒၚလာနဲ႔ေ႐ႊအေပၚ အဝယ္လိုက္တာကေန အဓိကတိုးတာပါ။ ကမာၻ႔ (ေ႐ႊ) ေစ်းကလည္း အဲေလာက္မွ မတက္တာကိုး။ အေျခအေနက မတည္ၿငိမ္တဲ့အခါက်ေတာ့ေလ ျမန္မာေငြေဖာင္းမယ္ဆိုေတာ့ ေဖာင္းပြမယ့္ဟာကို သူတို႔စိုးရိမ္တဲ့အတြက္ အဓိကေတာ့ တဦးခ်င္းအရေပါ့ေနာ္။ လက္ႀကီးသမားေတြကလည္း ဝယ္စုၾကတာရွိတယ္။”

ေ႐ႊေစ်းထိန္းခ်ဳပ္ႏိုင္ေအာင္ ရန္ကုန္နဲ႔ မႏၲေလးက ဝယ္လိုအားမ်ားတဲ့ ေ႐ႊဆိုင္ႀကီးေတြကို လက္ထဲပစၥည္းရွိမွ အေရာင္အဝယ္ လုပ္ၾကဖို႔၊ လုပ္ငန္းလုပ္မယ့္ ပန္းထိမ္သမားေတြကိုပဲ ေ႐ႊကိုေရာင္းခ်ေပးဖို႔၊ ေရာင္းခ်တဲ့အခါမွာလည္း ၅ က်ပ္သား၊ ၁၀ သားပဲ အမ်ားဆုံးသတ္မွတ္ၿပီး ေရာင္းခ်ေပးဖို႔ ေမတၱာရပ္ခံထားေၾကာင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း တာဝန္ရွိသူေတြက ဗြီအိုေအကို ေျပာပါတယ္။

ခုလိုေ႐ႊေစ်းတက္ေနသလို ေဒၚလာေစ်းလည္း အနည္းငယ္ျမင့္တက္ခဲ့ပါတယ္။ ဗဟိုဘဏ္က တရားဝင္သတ္မွတ္ထားတဲ့ ေစ်းႏႈန္းကေတာ့ မေန႔က ေစ်းကြက္ပိတ္ခ်ိန္ေစ်းနဲ႔ သိပ္မကြာဘဲ အနည္းငယ္တက္ၿပီး ဒီေန႔ တေဒၚလာကို ၁၇၁၈ က်ပ္ပဲေစ်းေပါက္ပါတယ္။ အစိုးရခြင့္ျပဳခ်က္နဲ႔ေရာင္းတဲ့ တရားဝင္ ေကာင္တာေတြမွာလည္း ၁ ေဒၚလာကို ၁၇၂၅ က်ပ္ဝန္းက်င္ေစ်း႐ွိပါတယ္။ ဒါေပမဲ့ ျပင္ပေမွာင္ခိုေစ်းမွာေတာ့ ၁ ေဒၚလာကို ၁၈၈၀ က်ပ္ေက်ာ္အထိ ေစ်းျဖစ္ခဲ့ပါတယ္။

............................................................................................

ေ႐ႊေစ်းနဲ႔ ေဒၚလာေငြလဲေစ်းထိုးတက္
please wait

No media source currently available

0:00 0:03:25 0:00
တိုက္႐ိုက္ လင့္ခ္


ရွှေဈေးနဲ့ ဒေါ်လာငွေလဲဈေးထိုးတက်

(Unicode)

မြန်မာနိုင်ငံတဝန်း လက်နက်ကိုင်တိုက်ခိုက်မှုတွေ ဖြစ်လာမှာ စိုးရိမ်မှုတွေရှိနေကြချိန်မှာပဲ ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ တက်သွားခဲ့ပါတယ်။ ရွှေဈေးကွက် စဖွင့်ချိန်မှာ အကယ်ဒမီအခေါက်ရွှေ တကျပ်သားကို ကျပ် ၁၈ သိန်းနဲ့ ဈေးကို စဖွင့်ပါတယ်။ နောက်ပိုင်းအရောင်းအဝယ်လုပ်ချိန်မှာ ၁၈ သိန်းကျော်နဲ့ အရောင်းအဝယ်လုပ်ခဲ့ကြပါတယ်။ ဒေါ်လာဈေးကလည်း အနည်းငယ်တက်ခဲ့ပါတယ်။ ခုလို ရွှေဈေးနဲ့ ဒေါ်လာဈေးအပေါ် ဂယက်ရိုက်ခတ်နေတဲ့ အခြေအနေ ရန်ကုန်ကလာတဲ့သတင် ကိုသားညွန့်ဦးပြောပြပါမယ်။

တနင်္လာနေ့က ကျပ် ၁,၇၅၀,၀၀၀ စွန်းစွန်းနဲ့ ဈေးပိတ်ခဲ့တဲ့ မြန်မာ့အခေါက်ရွှေ ဈေးနှုန်းဟာ ဒီနေ့အင်္ဂါနေ့မှာတော့ ၅၀၀၀၀ လောက်ခုန်တက်သွားပြီး တကျပ်သားကို ကျပ် ၁၈ သိန်းဝန်းကျင်ဈေးဖြစ်ခဲ့ပါတယ်။ NUG ရဲ့ အရေးပေါ်ကြေညာချက် ဒီနေ့မနက်အစောပိုင်းမှာ ထွက်လာခဲ့ပြီးနောက် တချို့ရွှေဆိုင်တွေ ဆိုင်ဖွင့်နောက်ကျသလို တချို့ ဆိုင်တွေဆို ဒီနေ့ လုံးဝပိတ်ထားပါတယ်။ ပုံမှန်အားဖြင့် မြန်မာနိုင်ငံက ရွှေဈေးဟာ ကမာ့္ဘရွှေဈေးအတက်အကျပေါ်မှာ မူတည်ဈေးပြောင်းတာပါ။ ဒီနေ့မှာ ကမ္ဘာ့ရွှေဈေးနှုန်း မတက်ပေမဲ့ ပြည်တွင်းမှာဖြစ်နေတဲ့ အခြေအနေကြောင့်

အခုလို ဈေးနှုန်းအပြောင်းအလဲတွေ ဖြစ်ပေါ်နေတာလို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ ဈေးကွက်ထဲမှာ ရွှေအရောင်းမထွက်သလို၊ ပစ္စည်းလည်းပြတ်နေပေမဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေကြောင်း ရွှေဈေးတွေ တက်လာတာလို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဗွီအိုအေကို ပြောပါတယ်။ ဒါကမြန်မာ့ရွှေဈေးကွက်မှာ ပထမဦးဆုံးအကြိမ် ၁၈ သိန်းကို ကျော်လာတာလို့ သူကပြောတာပါ။

“ကျနော်တို့ အသင်းက မဖွင့်ခင်မှာ ဟိုဘက်ဆိုင်ကြီးတွေက ၁၈ သိန်းကျော်ဖွင့်တယ်၊ နောက် ဈေးကွက်ထဲမှာလည်း ဒီနေ့ကဟို ကောလာဟလတွေကြောင့် လူတွေက facebook တွေကနေ ရေးတဲ့အခါကျတော့ ဗမာငွေကို ဘယ်သူမှ မကိုင်ကြတော့ဘူး၊ ဗမာငွေအစားကို ဒေါ်လာပဲရရ၊ ရွှေပဲရရ အတင်းလိုက်ဝယ် နေကြတော့တာပဲ။ ဒါရွှေသမိုင်းမှာ အမြင့်ဆုံးပဲပေါ့ဗျာ ပထမဦးဆုံးရောက်တဲ့ ဈေးပါပဲ။”

ဈေးကွက်မှာ ရွှေတကျပ်သား ၁၈ သိန်းနဲ့ပေါက်နေပေမဲ့ ပစ္စည်းပြတ်လပ်ပြီး အရောင်းတော့ မရှိသလောက် အခြေအနေပါ။ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်းမှာတောင် အကယ်ဒမီ အခေါက်ရွှေ ၁၀ သားအပိုင်း လေးငါးပိုင်းပဲ ဒီကနေ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ပြောပါတယ်။ လုပ်ငန်းရှင်တွေက ဗဟိုဘဏ်ရဲ့ ဒေါ်လာရောင်းချမှု အခြေအနေအပေါ် မပြတ်စောင့်ကြည့်လေ့ရှိပါတယ်။ ဗဟိုဘဏ်က ပြီးခဲ့တဲ့ တပတ်က အမေရိကန်ဒေါ်လာကို ထုတ်မရောင်းချတာ ကြောင့်လည်း တချို့က ရွှေဝယ်လှည့်ပြီး ဝယ်ယူလာတာပါ။

လုပ်ငန်းလည်ပတ်ဖို့ ဝယ်ယူကြတာထက် တဦးချင်းဝယ်လိုအားကြောင့် ရုတ်တရက် ဈေးတက်လာဖြစ်နိုင်ကြောင်း ရွှေဈေးကွက်အကြံပေး လုပ်ငန်းတခုရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

“ရွှေဈေးကတော့ လက်ရှိ ၁၈ ( သိန်း) လောက် ပေါက်သွားတာပေါ့၊ မနေ့ကမှ ကျနော်ဆို ၁၇၊ ၃ သောင်း၊ ၄ သောင်းလောက်ပဲရှိတာ။ အဓိကတော့ အဝယ်လိုက်လို့ပါ။ မယုံတာနဲ့၊ မြန်မာငွေအပေါ် ယုံကြည်မှု အားနည်းတာပေါ့နော် ဒေါ်လာနဲ့ရွှေအပေါ် အဝယ်လိုက်တာကနေ အဓိကတိုးတာပါ။ ကမ္ဘာ့ (ရွှေ) ဈေးကလည်း အဲလောက်မှ မတက်တာကိုး။ အခြေအနေက မတည်ငြိမ်တဲ့အခါကျတော့လေ မြန်မာငွေဖောင်းမယ်ဆိုတော့ ဖောင်းပွမယ့်ဟာကို သူတို့စိုးရိမ်တဲ့အတွက် အဓိကတော့ တဦးချင်းအရပေါ့နော်။ လက်ကြီးသမားတွေကလည်း ဝယ်စုကြတာရှိတယ်။”

ရွှေဈေးထိန်းချုပ်နိုင်အောင် ရန်ကုန်နဲ့ မန္တလေးက ဝယ်လိုအားများတဲ့ ရွှေဆိုင်ကြီးတွေကို လက်ထဲပစ္စည်းရှိမှ အရောင်အဝယ် လုပ်ကြဖို့၊ လုပ်ငန်းလုပ်မယ့် ပန်းထိမ်သမားတွေကိုပဲ ရွှေကိုရောင်းချပေးဖို့၊ ရောင်းချတဲ့အခါမှာလည်း ၅ ကျပ်သား၊ ၁၀ သားပဲ အများဆုံးသတ်မှတ်ပြီး ရောင်းချပေးဖို့ မေတ္တာရပ်ခံထားကြောင်း ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတွေက ဗွီအိုအေကို ပြောပါတယ်။

ခုလိုရွှေဈေးတက်နေသလို ဒေါ်လာဈေးလည်း အနည်းငယ်မြင့်တက်ခဲ့ပါတယ်။ ဗဟိုဘဏ်က တရားဝင်သတ်မှတ်ထားတဲ့ ဈေးနှုန်းကတော့ မနေ့က ဈေးကွက်ပိတ်ချိန်ဈေးနဲ့ သိပ်မကွာဘဲ အနည်းငယ်တက်ပြီး ဒီနေ့ တဒေါ်လာကို ၁၇၁၈ ကျပ်ပဲဈေးပေါက်ပါတယ်။ အစိုးရခွင့်ပြုချက်နဲ့ရောင်းတဲ့ တရားဝင် ကောင်တာတွေမှာလည်း ၁ ဒေါ်လာကို ၁၇၂၅ ကျပ်ဝန်းကျင်ဈေးရှိပါတယ်။ ဒါပေမဲ့ ပြင်ပမှောင်ခိုဈေးမှာတော့ ၁ ဒေါ်လာကို ၁၈၈၀ ကျပ်ကျော်အထိ ဈေးဖြစ်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG