သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုက္ပြဲေတြၾကားက ဌာေနတိုင္းရင္းသားတို႔ရဲ႕ အသက္ေမြး၀မ္းေက်ာင္းမႈ


(Zawgyi / Unicode)

ကမ ၻာတလႊားမွာ ရွိေနၾကတဲ႔ ဌာေနတိုင္းရင္းသားမ်ားဟာ ဆင္းရဲႏြမ္းပါးမႈနဲ႔ လူမႈစီးပြား မမွ်တမႈေတြ၊ ခြဲျခားဆက္ဆံရမႈေတြ ၾကံဳလာရႏိုင္ေၾကာင္း ၾသဂုတ္လ ၉ ရက္ေန႔က က်ေရာက္ခဲ႔တဲ႔ ႏိုင္ငံတကာ ဌာေနတိုင္းရင္းသားမ်ားေန႔မွာ ကုလသမဂၢ စားနပ္ရိကၡာနဲ႔ စိုက္ပ်ိဳးေရး အဖြဲ႔ FAO က သတိေပးထားပါတယ္။

ျမန္မာႏိုင္ငံတြင္း တိုက္ပြဲေတြၾကား တိမ္းေရွာင္ေနရခ်ိန္ စစ္အာဏာသိမ္းမႈ၊ Covid-19 ကပ္ေဘးကာေတြနဲ႔ပါ ၾကံဳလာရတဲ႔ ကရင္ျပည္နယ္တြင္းက ဌာေနတိုင္းရင္းသားမ်ားရဲ႕ အသက္ေမြး၀မ္းေၾကာင္း အလုပ္အကိုင္ေတြလည္း ဆိုးဆိုးရြားရြား ထိခိုက္သက္ေရာက္ေနတယ္လို႔ ကရင္ ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳကြန္ရက္ ရဲ႕ ဒါ႐ိုက္တာ ေနာ္ဝါးခူရွီး က ေျပာပါတယ္။

မသိဂၤ ီထိုက္ ဆက္သြယ္ ေမးျမန္းၿပီး ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ တင္ျပထားပါတယ္။

ေနာ္ဝါးခူရွီး ။ ။ ကရင္ရဲ႕ ဌာေနတိုင္းရင္းသားေတြရဲ႕ ႐ိုးရာက သူတို႔က ေအးေဆး ေနၿပီးေတာ့ ေတာင္ယာေတြ လုပ္မယ္၊ ေမြးျမဴေရး လုပ္မယ္။ ၿပီးေတာ့ ကိုယ့္ဟာကိုယ္ ေနမယ္။ အစိုးရရဲ႕ အေထာက္အကူေတြလည္း သူတို႔က မရဘူး။ တကယ္လို႔ လာၿပီးေတာ့ ဗံုးက်ဲတာေတြ လက္နက္ႀကီးနဲ႔ မပစ္လို႔ ရွိရင္ေတာ့ သူတို႔ အတြက္က ေအးေဆး ေနလို႔ ရတာေပါ့ေနာ္။

သိဂၤ ီထိုက္ ။ ။ အခု အခါမွာ စစ္အာဏာလည္း သိမ္းထားတယ္။ Covid-19 လည္း ျဖစ္ေနတယ္ဆိုေတာ့ သူတို႔ရဲ႕ အသက္ေမြး ၀မ္းေက်ာင္း အလုပ္အကိုင္ေတြ အေျပာင္းအလဲ ရွိပါလား။ ဘာမ်ား ထိခိုက္ သက္ေရာက္မႈ ရွိပါလဲရွင့္။

ေနာ္ဝါးခူရွီး ။ ။ အခုကေတာ့ အရင္လိုမ်ိဳး မဟုတ္ဘူးေပါ့ေနာ္။ အထူးသျဖင့္ ဌာေန တိုင္းရင္းသားေတြက က်မတို႔က ေတာင္ယာေတြ၊ စိုက္ပ်ိဳးေရးေတြ အထူးသျဖင့္ လုပ္တာေပါ့။ ဒါေပမယ့္ အခု စစ္အာဏာသိမ္းၿပီးတဲ႔ ေနာက္မွာ က်မတို႔ ေဒသမွာ အထူးသျဖင့္ တပ္မဟာ ၅၊ တပ္မဟာ ၃၊ တပ္မဟာ ၁ ေဒသေတြမွာ စစ္တပ္ေတြ တိုးလာတာ ရွိတယ္။ ၿပီးေတာ့ စစ္ပြဲေတြ ျဖစ္တယ္။ ၿပီးေတာ့ ေလယာဥ္နဲ႔ ဗံုးလာက်ဲတာ ရွိတယ္။ က်မတို႔ ရြာသားေတြ အထူးသျဖင့္ ဌာေန တိုင္းရင္းသားေတြကေတာ့ အရင္လိုမ်ိဳး ေတာင္ယာ စိုက္တာေတြ ဘာေတြ လုပ္လို႔ မရေတာ့ဘူးေပါ့ေနာ္။ အဲဒါ ထြက္ေျပးရတယ္။ အခုလည္း သူတို႔ ေတာင္ယာ ျပန္လုပ္ဖို႔လည္း အရင္လိုမ်ိဳး ျပန္လုပ္လို႔ မရေတာ့ဘူးေပါ့ေနာ္။

သိဂၤ ီထိုက္ ။ ။ ေထာက္ပံ႔တာနဲ႔ တင္ သူတို႔ လံုေလာက္ဖို႔ ေရရွည္ ရပ္တည္ဖို႔ကေတာ့ ခက္ခဲမယ္ ထင္ပါတယ္။ ဆိုေတာ့ ဒီလို ထြက္ေျပးရတဲ႔ တိမ္းေရွာင္ရတဲ႔ ဌာေန တိုင္းရင္းသားမ်ား အတြက္ အစားထိုး အလုပ္အကိုင္ အစီအစဥ္ေတြမ်ား ရွိပါသလားရွင္။

ေနာ္ဝါးခူရွီး ။ ။ အရင္က ဆိုရင္ က်မတို႔က အသက္ေမြး ၀မ္းေက်ာင္း စိုက္ပ်ိဳးေရးေတြ ကူညီတာေတြ ရွိတယ္။ ၿပီးေတာ့ ဟင္းသီး ဟင္းရြက္၊ ေမြးျမဴေရးေပါ့ေနာ္ အဲဒါေတြ လုပ္တာ ရွိတယ္။ ဒါေပမယ့္ အခုကေတာ့ လံုျခံဳေရးေပါ့ေနာ္။ မလံုျခံဳဘူးေလ။ အခု ရြာ ျပန္လည္း အဆင္မေျပဘူး။ ေန႔တိုင္း လက္နက္ႀကီး ပစ္တယ္ဆိုေတာ့ တခ်ိဳ႕ရြာေတြက ခနေလး ျပန္ၾကည့္တာေတြ ရွိတယ္။ ဒါေပမယ့္ ေတာမွာဘဲ ဆက္ၿပီးေတာ့ ရွိေနတုန္းဘဲ ေပါ့ေနာ္။ အဲဒါေတာ့ ခက္ခဲတာေပါ့။

သိဂၤ ီထိုက္ ။ ။ ဟုတ္ကဲ႔။ ဌာေနတိုင္းရင္းသားမ်ား အေနနဲ႔ အခုလို ေတာင္ယာ မလုပ္ဘူး၊ ေမြးျမဴေရး မလုပ္ဘူးဆိုရင္ တျခား အသက္ေမြး၀မ္းေက်ာင္း အလုပ္အကိုင္ေရာ ျဖစ္ႏိုင္ပါသလား။ သူတို႔က လြယ္လြယ္ကူကူနဲ႔ အလုပ္အကိုင္ ေျပာင္းႏိုင္တဲ႔ အေနအထားမ်ိဳး ရွိပါသလားရွင့္။

ေနာ္ဝါးခူရွီး ။ ။ အခုကေတာ့ ႏိုင္ငံေရး တည္ၿငိမ္မႈ ရွိလို႔ ရွိရင္ သူတို႔ အတြက္ကေတာ့ အခက္အခဲ မရွိဘူးေပါ့။ အစိုးရရဲ႕ အေထာက္အပံ႔ မရရင္ေတာင္မွ သူတို႔ ဟာနဲ႔ သူတို႔ ေနလို႔ ရတယ္ေလ။ အခုဟာက ျပသနာက တည္ၿငိမ္မႈနဲ႔ လံုျခံဳေရးေပါ့ေနာ္။ တျခား တခုခု အစားထိုးဖို႔ကေတာ့ မလြယ္ဘူးေပါ့ေနာ္။ အခု အေရးႀကီးဆံုးက လံုျခံဳေရးေပါ့ေနာ္။ ေနာက္ၿပီးေတာ့ စစ္တပ္ေတြက သူတို႔ေနရာက ထြက္ခြာေပးဖို႔ရယ္။ ၿပီးေတာ့ သူတို႔ ရြာမွာ ျပန္ေနလို႔ ရလို႔ ရွိရင္ေတာ့ သူတို႔ အတြက္ အဆင္ေျပတယ္။ ဘာမွ အစားထိုးစရာ မလိုဘူးေပါ့ေနာ္။

သိဂၤ ီထိုက္ ။ ။ အခုလက္ရွိမွာေရာ ဘယ္ေဒသေတြက ဌာေန ေဒသခံေတြ ထြက္ေျပးေနရပါသလဲရွင့္။

ေနာ္ဝါးခူရွီး ။ ။ တပ္မဟာ ၅ ဆိုတာက ဒီ ဖာပြန္၊ အဲဒီမွာက ရြာေတြ အမ်ားႀကီး ရွိတယ္ေလ။ ကမေမာင္း ကေန တေလွ်ာက္ ဖာပြန္ အထိေပါ့။ ၿပီးေတာ့ သံလြင္ျမစ္ အထိေပါ့။

သိဂၤ ီထိုက္ ။ ။ ဆိုေတာ့ သူတို႔က အေထာက္အပံ႔ကို မွီခိုေနရတယ္ ဘာ အသက္ေမြး ၀မ္းေက်ာင္းမွ မရွိဘူးဆိုတဲ႔ သေဘာေပါ့ေနာ္။

ေနာ္ဝါးခူရွီး ။ ။ တခ်ိဳ႕က ျပန္လို႔ ရဲရင္ေတာ့ သူတို႔ ၀က္ေတြ၊ ကြ်ဲေတြ၊ ႏြားေတြ ရွိတာေပါ့။ ဒါေပမယ့္ ေတာင္ယာ ေတြကေတာ့ တခ်ိဳ႕က ေတာင္ယာ လုပ္တာေတြ ရွိတယ္။ တကယ္လို႔ လက္နက္ႀကီး က်ရင္ေတာ့ ေတာင္ယာေတြ ထားခဲ႔ရတာေတြ ရွိတယ္။ အေျခအေန ေကာင္းရင္ေတာ့ သူတို႔က ျပန္ၾကည့္တာေတြ ရွိတယ္။ အဲလိုမ်ိဳး အေျခအေနေပါ့။ အရင္လိုမ်ိဳး ရြာမွာ ေနၿပီး ေန႔တိုင္း ေတာင္ယာ သြားတာမ်ိဳး မဟုတ္ေတာ့ဘူးေပါ့။ အခုကေတာ့ ေတာထဲမွာဘဲ။

အထူးသျဖင့္ ေလယာဥ္နဲ႔ လာႀကဲၿပီးေနာက္မွာ ဆိုရင္ ဒီ ကေလးေတြဘဲ ျဖစ္ျဖစ္ ရြာသားေတြဘဲ ျဖစ္ျဖစ္ သူတို႔ ထိတ္လန္႔ေၾကာက္ရြံ႔တာေပါ့။ အသံေတြက အရမ္း က်ယ္တယ္ဆိုေတာ့ သူတို႔ အရမ္းေၾကာက္တယ္။ အခုလည္း Drone ေတြ ေန႔တိုင္းလာၿပီး ေစာင့္ၾကည့္တာေပါ့ေနာ္။ ဆိုေတာ့ သူတို႔က ေၾကာက္တယ္။ အဲဒါ ျပန္လို႔ ရွိရင္ လူႀကီးေတြဘဲ ျပန္ၿပီးေတာ့ သူတို႔ရြာေတြ ျပန္ၾကည့္၊ ဒါမွမဟုတ္လည္း တည ၂ ည ျပန္အိပ္။ ၿပီးေတာ့ ကေလးေတြက အမ်ိဳးသမီးေတြက ေတာမွာ သူတို႔ အိမ္လိုမ်ိဳး ျဖစ္သြားတာေပါ့ေနာ္။ ေတာမွာ သူတို႔ ေနခဲ႔တယ္။ သူတို႔ အမ်ိဳးသားေတြ၊ အေဖေတြကေတာ့ ရြာမွာ ျပန္ၿပီးေတာ့ တိရိစာၦန္ေတြ ျပန္ၾကည့္တာ၊ ေတာင္ယာေတြ ျပန္ၾကည့္တာေတြ ရွိတာေပါ့။


သိဂၤ ီထိုက္ ။ ။ ဆိုေတာ့ အလုပ္ကေတာ့ အရင္ေလာက္ေတာ့ လုပ္လို႔ မရေတာ့ဘူး။ ဆက္ေတာ့ လုပ္ေနဆဲဘဲေပါ့ေနာ္။

ေနာ္ဝါးခူရွီး ။ ။ ဟုတ္တယ္။ တခ်ိဳ႕ေတြက သူတို႔ ေတာမွာ ေနတဲ႔ အခ်ိန္မွာ သူတို႔နဲ႔ နီးတဲ႔ ေနရာမွာ ေတာင္ယာ ျပန္လုပ္။ အဲလိုမ်ိဳးေတာ့ ရွိတာေပါ့။ ဒါေပမယ့္ ေရရွည္ အတြက္ေတာ့ အခက္အခဲ ရွိမွာေပါ့။

သိဂၤ ီထိုက္ ။ ။ ႐ိုးရာ အသက္ေမြး ၀မ္းေက်ာင္း အလုပ္အကိုင္ေတြမွာ အမ်ိဳးသမီးေတြ ပါ၀င္မႈ ဘယ္ေလာက္ ရွိပါလဲရွင့္။

ေနာ္ဝါးခူရွီး ။ ။ သူတို႔ေတြ ေတာင္ေပၚမွာ ဆိုရင္ေတာ့ အကုန္လံုး ဝိုင္းၿပီးေတာ့ လုပ္ၾကတာဘဲ။ အသက္ေမြး ၀မ္းေက်ာင္း အကုန္လံုး တာ၀န္ယူၾကတာဘဲ။ အမ်ိဳးသမီးလည္း ေတာင္ယာ လုပ္တာဘဲ။ ေယာက္်ားလည္း ေတာင္ယာ လုပ္တာဘဲ။ အမ်ိဳးသမီးေတြက အထူးသျဖင့္ေတာ့ သူတို႔က တာ၀န္ကေတာ့ ႀကီးတာေပါ့။ ဒီ ကေလးေတြ တဖက္ရယ္။ ေနာက္ အလုပ္အကိုင္ အသက္ေမြး ၀မ္းေက်ာင္း တဖက္ရယ္။ ပိုၿပီးေတာ့ အလုပ္ရႈပ္တာေပါ့။

တိုက္႐ိုက္ လင့္ခ္

(Unicode)

တိုက်ပွဲတွေကြားက ဌာနေတိုင်းရင်းသားတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှု

ကမ ္ဘာတလွှားမှာ ရှိနေကြတဲ့ ဌာနေတိုင်းရင်းသားများဟာ ဆင်းရဲနွမ်းပါးမှုနဲ့ လူမှုစီးပွား မမျှတမှုတွေ၊ ခွဲခြားဆက်ဆံရမှုတွေ ကြုံလာရနိုင်ကြောင်း သြဂုတ်လ ၉ ရက်နေ့က ကျရောက်ခဲ့တဲ့ နိုင်ငံတကာ ဌာနေတိုင်းရင်းသားများနေ့မှာ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ FAO က သတိပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေကြား တိမ်းရှောင်နေရချိန် စစ်အာဏာသိမ်းမှု၊ Covid-19 ကပ်ဘေးကာတွေနဲ့ပါ ကြုံလာရတဲ့ ကရင်ပြည်နယ်တွင်းက ဌာနေတိုင်းရင်းသားများရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်တွေလည်း ဆိုးဆိုးရွားရွား ထိခိုက်သက်ရောက်နေတယ်လို့ ကရင် ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် ရဲ့ ဒါရိုက်တာ နော်ဝါးခူရှီး က ပြောပါတယ်။

မသိင်္ဂ ီထိုက် ဆက်သွယ် မေးမြန်းပြီး ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ တင်ပြထားပါတယ်။

နော်ဝါးခူရှီး ။ ။ ကရင်ရဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ ရိုးရာက သူတို့က အေးဆေး နေပြီးတော့ တောင်ယာတွေ လုပ်မယ်၊ မွေးမြူရေး လုပ်မယ်။ ပြီးတော့ ကိုယ့်ဟာကိုယ် နေမယ်။ အစိုးရရဲ့ အထောက်အကူတွေလည်း သူတို့က မရဘူး။ တကယ်လို့ လာပြီးတော့ ဗုံးကျဲတာတွေ လက်နက်ကြီးနဲ့ မပစ်လို့ ရှိရင်တော့ သူတို့ အတွက်က အေးဆေး နေလို့ ရတာပေါ့နော်။

သိင်္ဂ ီထိုက် ။ ။ အခု အခါမှာ စစ်အာဏာလည်း သိမ်းထားတယ်။ Covid-19 လည်း ဖြစ်နေတယ်ဆိုတော့ သူတို့ရဲ့ အသက်မွေး ဝမ်းကျောင်း အလုပ်အကိုင်တွေ အပြောင်းအလဲ ရှိပါလား။ ဘာများ ထိခိုက် သက်ရောက်မှု ရှိပါလဲရှင့်။

နော်ဝါးခူရှီး ။ ။ အခုကတော့ အရင်လိုမျိုး မဟုတ်ဘူးပေါ့နော်။ အထူးသဖြင့် ဌာနေ တိုင်းရင်းသားတွေက ကျမတို့က တောင်ယာတွေ၊ စိုက်ပျိုးရေးတွေ အထူးသဖြင့် လုပ်တာပေါ့။ ဒါပေမယ့် အခု စစ်အာဏာသိမ်းပြီးတဲ့ နောက်မှာ ကျမတို့ ဒေသမှာ အထူးသဖြင့် တပ်မဟာ ၅၊ တပ်မဟာ ၃၊ တပ်မဟာ ၁ ဒေသတွေမှာ စစ်တပ်တွေ တိုးလာတာ ရှိတယ်။ ပြီးတော့ စစ်ပွဲတွေ ဖြစ်တယ်။ ပြီးတော့ လေယာဉ်နဲ့ ဗုံးလာကျဲတာ ရှိတယ်။ ကျမတို့ ရွာသားတွေ အထူးသဖြင့် ဌာနေ တိုင်းရင်းသားတွေကတော့ အရင်လိုမျိုး တောင်ယာ စိုက်တာတွေ ဘာတွေ လုပ်လို့ မရတော့ဘူးပေါ့နော်။ အဲဒါ ထွက်ပြေးရတယ်။ အခုလည်း သူတို့ တောင်ယာ ပြန်လုပ်ဖို့လည်း အရင်လိုမျိုး ပြန်လုပ်လို့ မရတော့ဘူးပေါ့နော်။

သိင်္ဂ ီထိုက် ။ ။ ထောက်ပံ့တာနဲ့ တင် သူတို့ လုံလောက်ဖို့ ရေရှည် ရပ်တည်ဖို့ကတော့ ခက်ခဲမယ် ထင်ပါတယ်။ ဆိုတော့ ဒီလို ထွက်ပြေးရတဲ့ တိမ်းရှောင်ရတဲ့ ဌာနေ တိုင်းရင်းသားများ အတွက် အစားထိုး အလုပ်အကိုင် အစီအစဉ်တွေများ ရှိပါသလားရှင်။

နော်ဝါးခူရှီး ။ ။ အရင်က ဆိုရင် ကျမတို့က အသက်မွေး ဝမ်းကျောင်း စိုက်ပျိုးရေးတွေ ကူညီတာတွေ ရှိတယ်။ ပြီးတော့ ဟင်းသီး ဟင်းရွက်၊ မွေးမြူရေးပေါ့နော် အဲဒါတွေ လုပ်တာ ရှိတယ်။ ဒါပေမယ့် အခုကတော့ လုံခြုံရေးပေါ့နော်။ မလုံခြုံဘူးလေ။ အခု ရွာ ပြန်လည်း အဆင်မပြေဘူး။ နေ့တိုင်း လက်နက်ကြီး ပစ်တယ်ဆိုတော့ တချို့ရွာတွေက ခနလေး ပြန်ကြည့်တာတွေ ရှိတယ်။ ဒါပေမယ့် တောမှာဘဲ ဆက်ပြီးတော့ ရှိနေတုန်းဘဲ ပေါ့နော်။ အဲဒါတော့ ခက်ခဲတာပေါ့။

သိင်္ဂ ီထိုက် ။ ။ ဟုတ်ကဲ့။ ဌာနေတိုင်းရင်းသားများ အနေနဲ့ အခုလို တောင်ယာ မလုပ်ဘူး၊ မွေးမြူရေး မလုပ်ဘူးဆိုရင် တခြား အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ရော ဖြစ်နိုင်ပါသလား။ သူတို့က လွယ်လွယ်ကူကူနဲ့ အလုပ်အကိုင် ပြောင်းနိုင်တဲ့ အနေအထားမျိုး ရှိပါသလားရှင့်။

နော်ဝါးခူရှီး ။ ။ အခုကတော့ နိုင်ငံရေး တည်ငြိမ်မှု ရှိလို့ ရှိရင် သူတို့ အတွက်ကတော့ အခက်အခဲ မရှိဘူးပေါ့။ အစိုးရရဲ့ အထောက်အပံ့ မရရင်တောင်မှ သူတို့ ဟာနဲ့ သူတို့ နေလို့ ရတယ်လေ။ အခုဟာက ပြသနာက တည်ငြိမ်မှုနဲ့ လုံခြုံရေးပေါ့နော်။ တခြား တခုခု အစားထိုးဖို့ကတော့ မလွယ်ဘူးပေါ့နော်။ အခု အရေးကြီးဆုံးက လုံခြုံရေးပေါ့နော်။ နောက်ပြီးတော့ စစ်တပ်တွေက သူတို့နေရာက ထွက်ခွာပေးဖို့ရယ်။ ပြီးတော့ သူတို့ ရွာမှာ ပြန်နေလို့ ရလို့ ရှိရင်တော့ သူတို့ အတွက် အဆင်ပြေတယ်။ ဘာမှ အစားထိုးစရာ မလိုဘူးပေါ့နော်။

သိင်္ဂ ီထိုက် ။ ။ အခုလက်ရှိမှာရော ဘယ်ဒေသတွေက ဌာနေ ဒေသခံတွေ ထွက်ပြေးနေရပါသလဲရှင့်။

နော်ဝါးခူရှီး ။ ။ တပ်မဟာ ၅ ဆိုတာက ဒီ ဖာပွန်၊ အဲဒီမှာက ရွာတွေ အများကြီး ရှိတယ်လေ။ ကမမောင်း ကနေ တလျှောက် ဖာပွန် အထိပေါ့။ ပြီးတော့ သံလွင်မြစ် အထိပေါ့။

သိင်္ဂ ီထိုက် ။ ။ ဆိုတော့ သူတို့က အထောက်အပံ့ကို မှီခိုနေရတယ် ဘာ အသက်မွေး ဝမ်းကျောင်းမှ မရှိဘူးဆိုတဲ့ သဘောပေါ့နော်။

နော်ဝါးခူရှီး ။ ။ တချို့က ပြန်လို့ ရဲရင်တော့ သူတို့ ဝက်တွေ၊ ကျွဲတွေ၊ နွားတွေ ရှိတာပေါ့။ ဒါပေမယ့် တောင်ယာ တွေကတော့ တချို့က တောင်ယာ လုပ်တာတွေ ရှိတယ်။ တကယ်လို့ လက်နက်ကြီး ကျရင်တော့ တောင်ယာတွေ ထားခဲ့ရတာတွေ ရှိတယ်။ အခြေအနေ ကောင်းရင်တော့ သူတို့က ပြန်ကြည့်တာတွေ ရှိတယ်။ အဲလိုမျိုး အခြေအနေပေါ့။ အရင်လိုမျိုး ရွာမှာ နေပြီး နေ့တိုင်း တောင်ယာ သွားတာမျိုး မဟုတ်တော့ဘူးပေါ့။ အခုကတော့ တောထဲမှာဘဲ။

အထူးသဖြင့် လေယာဉ်နဲ့ လာကြဲပြီးနောက်မှာ ဆိုရင် ဒီ ကလေးတွေဘဲ ဖြစ်ဖြစ် ရွာသားတွေဘဲ ဖြစ်ဖြစ် သူတို့ ထိတ်လန့်ကြောက်ရွံ့တာပေါ့။ အသံတွေက အရမ်း ကျယ်တယ်ဆိုတော့ သူတို့ အရမ်းကြောက်တယ်။ အခုလည်း Drone တွေ နေ့တိုင်းလာပြီး စောင့်ကြည့်တာပေါ့နော်။ ဆိုတော့ သူတို့က ကြောက်တယ်။ အဲဒါ ပြန်လို့ ရှိရင် လူကြီးတွေဘဲ ပြန်ပြီးတော့ သူတို့ရွာတွေ ပြန်ကြည့်၊ ဒါမှမဟုတ်လည်း တည ၂ ည ပြန်အိပ်။ ပြီးတော့ ကလေးတွေက အမျိုးသမီးတွေက တောမှာ သူတို့ အိမ်လိုမျိုး ဖြစ်သွားတာပေါ့နော်။ တောမှာ သူတို့ နေခဲ့တယ်။ သူတို့ အမျိုးသားတွေ၊ အဖေတွေကတော့ ရွာမှာ ပြန်ပြီးတော့ တိရိစ္ဆာန်တွေ ပြန်ကြည့်တာ၊ တောင်ယာတွေ ပြန်ကြည့်တာတွေ ရှိတာပေါ့။

သိင်္ဂ ီထိုက် ။ ။ ဆိုတော့ အလုပ်ကတော့ အရင်လောက်တော့ လုပ်လို့ မရတော့ဘူး။ ဆက်တော့ လုပ်နေဆဲဘဲပေါ့နော်။

နော်ဝါးခူရှီး ။ ။ ဟုတ်တယ်။ တချို့တွေက သူတို့ တောမှာ နေတဲ့ အချိန်မှာ သူတို့နဲ့ နီးတဲ့ နေရာမှာ တောင်ယာ ပြန်လုပ်။ အဲလိုမျိုးတော့ ရှိတာပေါ့။ ဒါပေမယ့် ရေရှည် အတွက်တော့ အခက်အခဲ ရှိမှာပေါ့။

သိင်္ဂ ီထိုက် ။ ။ ရိုးရာ အသက်မွေး ဝမ်းကျောင်း အလုပ်အကိုင်တွေမှာ အမျိုးသမီးတွေ ပါဝင်မှု ဘယ်လောက် ရှိပါလဲရှင့်။

နော်ဝါးခူရှီး ။ ။ သူတို့တွေ တောင်ပေါ်မှာ ဆိုရင်တော့ အကုန်လုံး ဝိုင်းပြီးတော့ လုပ်ကြတာဘဲ။ အသက်မွေး ဝမ်းကျောင်း အကုန်လုံး တာဝန်ယူကြတာဘဲ။ အမျိုးသမီးလည်း တောင်ယာ လုပ်တာဘဲ။ ယောက်ျားလည်း တောင်ယာ လုပ်တာဘဲ။ အမျိုးသမီးတွေက အထူးသဖြင့်တော့ သူတို့က တာဝန်ကတော့ ကြီးတာပေါ့။ ဒီ ကလေးတွေ တဖက်ရယ်။ နောက် အလုပ်အကိုင် အသက်မွေး ဝမ်းကျောင်း တဖက်ရယ်။ ပိုပြီးတော့ အလုပ်ရှုပ်တာပေါ့။

XS
SM
MD
LG