သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ေဒၚလာေငြလဲႏႈန္း တေဒၚလာ ၁,၈၀၀ က်ပ္နီးပါးအထိျမင့္တက္


ရန္ကုန္ၿမိဳ႕ရွိ CB ဘဏ္ ATM တြင္ ေငြထုတ္ရန္ေစာင့္ေနသူမ်ား။ ေမ ၁၃၊ ၂၀၂၁။

Zawgyi/Unicode

အေမရိကန္ေဒၚလာနဲ႔ ျမန္မာက်ပ္ေငြလဲလွယ္ႏႈန္းက ျပင္ပေငြလဲေဈးကြက္မွာ တေဒၚလာကို ၁၈၀၀ နီးပါးအထိ အျမင့္ဆုံးႏႈန္းကို တေက်ာ့ျပန္ ေရာက္လာပါတယ္။ ဒီရက္ပိုင္းမွာ ျပည္တြင္းဘဏ္ေတြ ပိတ္ထားတာေၾကာင့္ အခုလို တက္လာလို႔ ေျပာေနၾကေပမဲ့ ဗဟိုဘဏ္ကေတာ့ ႏႈန္းတားတခုမွာ တည္ၿငိမ္ေအာင္ ထိန္းေၾကာင္းသြားမယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့ ဒီသတင္းအျပည့္အစုံကို ကိုၿငိမ္းခ်မ္းေျပာျပပါမယ္။

ဩဂုတ္လအစာပိုင္းကစလို႔ တရိပ္ရိပ္တက္လာတဲ့ ေဒၚလာနဲ႔ ျမန္မာေငြလဲလွယ္ႏႈန္းဟာ ဒီေန႔ ဩဂုတ္လ ၁၆ ရက္မွာ ၁၇၄၀ က်ပ္နဲ႔ အျမင့္ဆုံးကို ျပန္ေရာက္လာပါတယ္။ ဗဟိုဘဏ္ကေတာ့ ေငြလဲႏႈန္း ဒီထက္တက္မလာဖို႔ နည္းလမ္းတခ်ိဳ႕နဲ႔ ထိန္းေၾကာင္းသြားမယ္လို႔ ေျပာပါတယ္။

သြင္းကုန္ျဖစ္တဲ့ ေဆးဝါး၊ ေလာင္စာဆီ၊ စားသုံးဆီ၊ စားေသာက္ကုန္ ဒါေတြအတြက္ လိုအပ္တဲ့ ႏိုင္ငံျခားေငြကို လိုအပ္ခ်က္ေပၚ မူတည္ၿပီး ျဖည့္ဆည္းေပးနဲ႔နည္းနဲ႔ ေနာက္တနည္းကေတာ့ လုပ္ငန္းရွင္ေတြနဲ႔ ဘဏ္ေတြ ေငြေၾကးေရာင္းဝယ္တာမွာ ျဖစ္သင့္တဲ့ အတိုင္းအတာထက္ မေက်ာ္ေအာင္ ညႇိႏႈိင္းလုပ္ေဆာင္ေပးတဲ့နည္း စတဲ့နည္းလမ္း ၂ ခုကို အသုံးျပဳသြားမယ္လို႔ ဗဟိုဘဏ္ရဲ႕ ဒုဥကၠ႒ ဦးဝင္းေသာ္က ဗြီအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ ထိန္းခ်ဳပ္မယ္ဆိုတဲ့ အပိုင္းမွာ ႏွစ္ပိုင္းရွိပါတယ္။ ေဒၚလာေစ်းဆိုတာကေတာ့ ကိုယ္လိုခ်င္သလို ေစ်းကိုထိန္းခ်ဳပ္လို႔ေတာ့ မရဘူးေပါ့။ သို႔ေသာ္ ထိုက္သင့္တဲ့ ေစ်းတခုအေပၚမွာပဲ အေရာင္းအဝယ္ျဖစ္ေအာင္ရယ္၊ မလိုအပ္ဘဲနဲ႔ ေဒၚလာေစ်း ျမင့္မားမႈနဲ႔အတူ က်န္တဲ့ကုန္စည္ေစ်းႏႈန္းေတြ မျမင့္မားေအာင္ေတာ့ က်ေနာ္တို႔ ထိန္းရမွာေပါ့။ ဆိုေတာ့ အၾကမ္းဖ်င္းအားျဖင့္ ၁,၇၀၀ အတြင္းမွာပဲရွိေအာင္ က်ေနာ္တို႔ထိန္းဖို႔ လ်ာထားပါတယ္။”

လတ္တေလာ ေဒၚလာေစ်းႏႈန္း ထိန္းခ်ဳပ္ဖို႔အတြက္ေတာ့ ဒီရက္ပိုင္းမွာ ဘဏ္ေတြပိတ္ထားတဲ့အတြက္ မစီစဥ္ရေသးေၾကာင္း သူကေျပာပါတယ္။

ပုဂၢလိက ဘဏ္ေတြကို ဩဂုတ္လ ၁၄ ရက္ကေန ၂၂ ရက္အထိ ပိတ္ထားမယ္လို႔ စစ္ေကာင္စီဘက္က ေၾကညာထားပါတယ္။ ျပည္တြင္း ႏိုင္ငံေရးအေျခအေန အေျပာင္းအလဲနဲ႔ ဘဏ္ပိတ္ရက္ေၾကာင့္ ေဒၚလာေစ်းျပန္တက္လာတယ္လို႔ ခန႔္မွန္းတာလည္း ရွိပါတယ္။ ဒါေၾကာင့္ ဒီရက္ပိုင္းမွာ ေဒၚလာေစ်းက ၁,၈၀၀ က်ပ္ဝန္းက်င္ ကို ေရာက္သြားႏိုင္တယ္လို႔ ေဒၚလာနဲ႔ ေ႐ႊအေရာင္းအဝယ္ လုပ္ငန္းတခုက ေဒၚတင့္တင့္ခိုင္က ဗြီအိုေအကို ေျပာပါတယ္။

“တက္လာတယ္ဆိုတာ ဘဏ္ပိတ္လိုက္လို႔ဆိုတဲ့ သေဘာအေနနဲ႔ သူတို႔ (ေဒၚလာေရာင္းသူေတြ) က အလယ္မွာ ေငြေၾကးကို ကစားေနတာ။ ၆၀၊ ၇၀ ေလာက္ အထိ တက္ဦးမလားမသိဘူး။ ၁,၈၀၀ ေလာက္ကေတာ့ ခန႔္မွန္းၾကည့္တာ မေက်ာ္ေလာက္ဘူးရွင့္။ ရာခိုင္ႏႈန္းအားျဖင့္ေတာ့ နည္းနည္းေလး ျပန္ဆြဲတင္ႏိုင္ေသးတယ္ရွင့္။ ေနာက္တပတ္ေလာက္ဆိုရင္ေတာ့ ပုံမွန္ေလးေတာ့ ျပန္ဆင္းသြားလိမ့္မယ္။ ဘဏ္က ေတာ္႐ုံတန္႐ုံဆို ပိတ္ေလ့မရွိဘူးေလ။ အဲဒီဂယက္ေလးေၾကာင့္လည္း ပါမယ္ထင္တယ္။"

ျမန္မာႏိုင္ငံ ဗဟိုဘဏ္ဟာ ေဒၚလာ ၃ သန္း ဒါမွမဟုတ္ ၂.၅ သန္းဝန္းက်င္ ပမာဏကို ဩဂုတ္လအတြင္း ခန႔္မွန္းေျခ ၁၀ ႀကိမ္နီပါးေလာက္ ေရာင္းခ်ခဲ့ပါတယ္။ ဒါကေတာ့ ေဒၚလာေစ်းႏႈန္း ထိန္းညႇိဖို႔ နည္းလမ္းတခုအေနနဲ႔ အသုံးျပဳတာလည္း ျဖစ္ပါတယ္။

ေဒၚလာေစ်းနဲ႔အတူ ျမန္မာ့ေ႐ႊေစ်းကလည္း ျပန္တက္လာၿပီး အကယ္ဒမီ အေခါက္ေ႐ႊ တက်ပ္သားကို ၁,၆၈၈,၀၀၀ က်ပ္နဲ႔ ေစ်းပိတ္ခဲ့ပါတယ္။ ကမာၻ႔ေ႐ႊေစ်းကလည္း ဆယ္ႏွစ္တာအတြင္း အျမင့္ပိုင္းကို တေက်ာ့ ျပန္ေရာက္လာၿပီး တေအာင္စကို အေမရိကန္ေဒၚလာ ၁,၇၇၄ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


========

Unicode

အမေရိကန်ဒေါ်လာငွေလဲနှုန်း တဒေါ်လာ ၁၈၀၀ ကျပ်နီးပါးအထိမြင့်တက်

အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲလှယ်နှုန်းက ပြင်ပငွေလဲဈေးကွက်မှာ တဒေါ်လာကို ၁,၈၀၀ နီးပါးအထိ အမြင့်ဆုံးနှုန်းကို တကျော့ပြန် ရောက်လာပါတယ်။ ဒီရက်ပိုင်းမှာ ပြည်တွင်းဘဏ်တွေ ပိတ်ထားတာကြောင့် အခုလို တက်လာလို့ ပြောနေကြပေမဲ့ ဗဟိုဘဏ်ကတော့ နှုန်းတားတခုမှာ တည်ငြိမ်အောင် ထိန်းကြောင်းသွားမယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ ဒီသတင်းအပြည့်အစုံကို ကိုငြိမ်းချမ်းပြောပြပါမယ်။

ဩဂုတ်လအစာပိုင်းကစလို့ တရိပ်ရိပ်တက်လာတဲ့ ဒေါ်လာနဲ့ မြန်မာငွေလဲလှယ်နှုန်းဟာ ဒီနေ့ ဩဂုတ်လ ၁၆ ရက်မှာ ၁,၇၄၀ ကျပ်နဲ့ အမြင့်ဆုံးကို ပြန်ရောက်လာပါတယ်။ ဗဟိုဘဏ်ကတော့ ငွေလဲနှုန်း ဒီထက်တက်မလာဖို့ နည်းလမ်းတချို့နဲ့ ထိန်းကြောင်းသွားမယ်လို့ ပြောပါတယ်။

သွင်းကုန်ဖြစ်တဲ့ ဆေးဝါး၊ လောင်စာဆီ၊ စားသုံးဆီ၊ စားသောက်ကုန် ဒါတွေအတွက် လိုအပ်တဲ့ နိုင်ငံခြားငွေကို လိုအပ်ချက်ပေါ် မူတည်ပြီး ဖြည့်ဆည်းပေးနဲ့နည်းနဲ့ နောက်တနည်းကတော့ လုပ်ငန်းရှင်တွေနဲ့ ဘဏ်တွေ ငွေကြေးရောင်းဝယ်တာမှာ ဖြစ်သင့်တဲ့ အတိုင်းအတာထက် မကျော်အောင် ညှိနှိုင်းလုပ်ဆောင်ပေးတဲ့နည်း စတဲ့နည်းလမ်း ၂ ခုကို အသုံးပြုသွားမယ်လို့ ဗဟိုဘဏ်ရဲ့ ဒုဥက္ကဋ္ဌ ဦးဝင်းသော်က ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့ ထိန်းချုပ်မယ်ဆိုတဲ့ အပိုင်းမှာ နှစ်ပိုင်းရှိပါတယ်။ ဒေါ်လာဈေးဆိုတာကတော့ ကိုယ်လိုချင်သလို ဈေးကိုထိန်းချုပ်လို့တော့ မရဘူးပေါ့။ သို့သော် ထိုက်သင့်တဲ့ ဈေးတခုအပေါ်မှာပဲ အရောင်းအဝယ်ဖြစ်အောင်ရယ်၊ မလိုအပ်ဘဲနဲ့ ဒေါ်လာဈေး မြင့်မားမှုနဲ့အတူ ကျန်တဲ့ကုန်စည်ဈေးနှုန်းတွေ မမြင့်မားအောင်တော့ ကျနော်တို့ ထိန်းရမှာပေါ့။ ဆိုတော့ အကြမ်းဖျင်းအားဖြင့် ၁,၇၀၀ အတွင်းမှာပဲရှိအောင် ကျနော်တို့ထိန်းဖို့ လျာထားပါတယ်။”

လတ်တလော ဒေါ်လာဈေးနှုန်း ထိန်းချုပ်ဖို့အတွက်တော့ ဒီရက်ပိုင်းမှာ ဘဏ်တွေပိတ်ထားတဲ့အတွက် မစီစဉ်ရသေးကြောင်း သူကပြောပါတယ်။

ပုဂ္ဂလိက ဘဏ်တွေကို ဩဂုတ်လ ၁၄ ရက်ကနေ ၂၂ ရက်အထိ ပိတ်ထားမယ်လို့ စစ်ကောင်စီဘက်က ကြေညာထားပါတယ်။ ပြည်တွင်း နိုင်ငံရေးအခြေအနေ အပြောင်းအလဲနဲ့ ဘဏ်ပိတ်ရက်ကြောင့် ဒေါ်လာဈေးပြန်တက်လာတယ်လို့ ခန့်မှန်းတာလည်း ရှိပါတယ်။ ဒါကြောင့် ဒီရက်ပိုင်းမှာ ဒေါ်လာဈေးက ၁,၈၀၀ ကျပ်ဝန်းကျင် ကို ရောက်သွားနိုင်တယ်လို့ ဒေါ်လာနဲ့ ရွှေအရောင်းအဝယ် လုပ်ငန်းတခုက ဒေါ်တင့်တင့်ခိုင်က ဗွီအိုအေကို ပြောပါတယ်။

“တက်လာတယ်ဆိုတာ ဘဏ်ပိတ်လိုက်လို့ဆိုတဲ့ သဘောအနေနဲ့ သူတို့ (ဒေါ်လာရောင်းသူတွေ) က အလယ်မှာ ငွေကြေးကို ကစားနေတာ။ ၆၀၊ ၇၀ လောက် အထိ တက်ဦးမလားမသိဘူး။ ၁,၈၀၀ လောက်ကတော့ ခန့်မှန်းကြည့်တာ မကျော်လောက်ဘူးရှင့်။ ရာခိုင်နှုန်းအားဖြင့်တော့ နည်းနည်းလေး ပြန်ဆွဲတင်နိုင်သေးတယ်ရှင့်။ နောက်တပတ်လောက်ဆိုရင်တော့ ပုံမှန်လေးတော့ ပြန်ဆင်းသွားလိမ့်မယ်။ ဘဏ်က တော်ရုံတန်ရုံဆို ပိတ်လေ့မရှိဘူးလေ။ အဲဒီဂယက်လေးကြောင့်လည်း ပါမယ်ထင်တယ်။"

မြန်မာနိုင်ငံ ဗဟိုဘဏ်ဟာ ဒေါ်လာ ၃ သန်း ဒါမှမဟုတ် ၂.၅ သန်းဝန်းကျင် ပမာဏကို ဩဂုတ်လအတွင်း ခန့်မှန်းခြေ ၁၀ ကြိမ်နီပါးလောက် ရောင်းချခဲ့ပါတယ်။ ဒါကတော့ ဒေါ်လာဈေးနှုန်း ထိန်းညှိဖို့ နည်းလမ်းတခုအနေနဲ့ အသုံးပြုတာလည်း ဖြစ်ပါတယ်။

ဒေါ်လာဈေးနဲ့အတူ မြန်မာ့ရွှေဈေးကလည်း ပြန်တက်လာပြီး အကယ်ဒမီ အခေါက်ရွှေ တကျပ်သားကို ၁,၆၈၈,၀၀၀ ကျပ်နဲ့ ဈေးပိတ်ခဲ့ပါတယ်။ ကမ္ဘာ့ရွှေဈေးကလည်း ဆယ်နှစ်တာအတွင်း အမြင့်ပိုင်းကို တကျော့ ပြန်ရောက်လာပြီး တအောင်စကို အမေရိကန်ဒေါ်လာ ၁,၇၇၄ ရှိနေပါတယ်။

#MyanmarCurrency #CurrencyExchange #USD #MyanmarBusiness #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG