သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

NUG ရဲ႕ ေငြတိုက္စာခ်ဳပ္ ၀ယ္ယူသူေတြရဲ႕ ေမွ်ာ္လင့္ခ်က္ 


(Zawgyi / Unicode)

အတိုးမရဘဲ ၂ ႏွစ္သက္တမ္းျပည့္ခ်ိန္မွာ ေငြရင္းအတိုင္း ျပန္လည္ ထုတ္ယူႏုိင္မယ့္ ေငြတိုက္ စာခ်ဳပ္ေတြကို ၾကားကာလ အမ်ိဳးသား ညီညြတ္ေရး အစိုးရ (NUG) က ေရာင္းခ်ေနၿပီး ေဒၚလာ သန္းခ်ီ ရေနၿပီလို႔ ေျပာဆိုထားပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ NUG ရဲ႕ ေငြတိုက္ စာခ်ဳပ္ေတြကို ၀ယ္သူေတြ အေရးယူ အျပစ္ေပးခံရႏုိင္တယ္လို႔ ေျပာဆိုထားပါတယ္။ ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထိုက္ စုစည္းတင္ျပထားပါတယ္။

စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး အတြက္ ရန္ပံုေငြ အျဖစ္ ၾကားကာလ အမ်ိဳးသား ညီညြတ္ေရး အစိုးရ NUG က ေဒၚလာ ၁၀၀၊ ေဒၚလာ ၅၀၀၊ ေဒၚလာ ၁,၀၀၀ နဲ႔ ေဒၚလာ ၅,၀၀၀ တန္ ေငြတိုက္ စာခ်ဳပ္ ၄ မ်ိဳးကို ႏို၀င္ဘာလ ၂၂ ရက္ေန႔ တနလာၤေန႔က စတင္ ေရာင္းခ်ပါတယ္။ ျပည္တြင္းမွာေရာ ျပည္ပမွာပါ NUG ရဲ႕ ေငြတိုက္စာခ်ဳပ္ေတြကို စိတ္၀င္စားေနၾကပါတယ္။ ရန္ကုန္က ကိုေဇယ်ာေက်ာ္က ဗီြအိုေအကို အခုလို ေျပာပါတယ္။

“ဝယ္တာေကာင္းတာေပါ့။ အခုဆိုရင္ပဲ ႏိုင္ငံတကာမွာ သတင္းေတြမွာ ေခါင္းႀကီးပိုင္းမွာ ပါလာၿပီေလ။ ဘာပဲေျပာေျပာ NUG အတြက္ ရံပုံေငြရတယ္။ နံပတ္၂ အခ်က္က ဒါ ျပည္သူလူထုက NUG ကို တရားဝင္ အသိအမွတ္ျပဳတယ္ဆိုတဲ့- ဒါ အတိုးမရဘူးဆိုတာေတာင္မွ ဝိုင္းဝန္းေထာက္ခံတယ္ဆိုတာ ပိုၿပီးေတာ့ လက္ေတြ႔ပါတဲ့ သက္ေသျပခ်က္လို႔ပဲလို႔ က်ေနာ္က ယူဆတယ္ေလ။”

အေမရိကန္က စီးပြားေရး ပညာရွင္ တဦး ျဖစ္သူ ဦးစိန္ေဌးကလည္း သူ႔ အသိေတြထဲမွာလည္း NUG ရဲ႕ ေငြတိုက္ စာခ်ဳပ္ကို ၀ယ္ယူဖို႔ စိတ္အားထက္သန္သူေတြ ရွိတယ္လို႔ ဗီြအိုေအကို ေျပာပါတယ္။

“ မနက္ကဆို ႏုိင္ငံျခားမွာ ေရာက္ေနတဲ႔ က်ေနာ္႔ သူငယ္ခ်င္းေတြက ဒါေတြ ၀ယ္ဖို႔ သူတို႔ လုပ္ေနၾကၿပီ။ ”

NUG က ေရာင္းတဲ႔ ေငြတိုက္ စာခ်ဳပ္က အတိုးမရပါဘူး။ ေငြတိုက္ စာခ်ဳပ္ သက္တမ္း ၂ ႏွစ္ ျပည့္ခ်ိန္မွာ ေငြရင္း အတိုင္း ျပန္လည္ ေရြးႏုိင္တယ္လို႔ ေဖာ္ျပပါတယ္။ ေငြတိုက္ စာခ်ဳပ္ကိုလည္း သက္တမ္း ၂ ႏွစ္ မျပည့္ခင္ ပိုင္ရွင္ ေျပာင္းလို႔လည္း မရပါဘူး။ NUG က ဖြင့္ထားတဲ႔ ျပည္ပ ဘဏ္စာရင္းကို ေငြလႊဲ ၀ယ္ယူၾကရမွာ ျဖစ္တယ္လို႔လည္း ေဖာ္ျပထားပါတယ္။ ေငြတိုက္ စာခ်ဳပ္ေတြ ေရာင္းခ်ၿပီး ၂ ရက္အတြင္းမွာ အေမရိကန္ေဒၚလာ ၉ သန္းေက်ာ္ရရွိထားၿပီလို႔ NUG ရဲ႕ အြန္လိုင္းေရဒီယိုကေန ေၾကညာခဲ့သလို ႏိုင္ငံတကာ သတင္းမီဒီယာေတြမွာလည္း ဒီအေၾကာင္း စိတ္ဝင္စားမႈရခဲ့ပါတယ္။

စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကလည္း NUG ရဲ႕ ေငြတိုက္ စာခ်ဳပ္ အေရာင္းအ၀ယ္နဲ႔ ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲမွာ အခုလို ေျဖၾကားသြားပါတယ္။

“ သူတို႔ အေနနဲ႔ ေငြတိုက္ စာခ်ဳပ္ ေရာင္းေနတယ္ဆိုတဲ႔ဟာေတြ ရွိပါတယ္။ တခ်ိဳ႕ သူတို႔ အတြက္ ေလာ္ဘီ လုပ္ေနတဲ႔ မီဒီယာေတြလည္း ရွိပါတယ္။ ဒါ ေလာ္ဘီ လုပ္ေနတဲ႔ မီဒီယာေတြက ဘယ္ေလာက္ ေရာင္းလုိက္ရၿပီ ဘာညာ ဆိုၿပီးေတာ့ အေျခအျမစ္။ ဒါေတာ့ သူတို႔ အေျခအျမစ္နဲ႔ သူတို႔ေပါ့ေလ။ ဒါ ေျပာတာေတြလည္း ရွိပါတယ္။ ”

NUG ရဲ႕ ေငြတိုက္စာခ်ဳပ္ ၀ယ္သူေတြလည္း အၾကမ္းဖက္ တိုက္ဖ်က္ေရး ဥပေဒ ကန္႔သတ္ခ်က္ေတြနဲ႔ ညိစြန္းႏုိင္တယ္လို႔လည္း စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။ NUG ရဲ႕ ေငြတိုက္စာခ်ဳပ္ကို ျပည္တြင္းမွ ၀ယ္ယူသူ သိပ္မရွိဘူးလို႔လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

“ က်ေနာ္ သိသေလာက္ကေတာ့ ဒီ ႏုိင္ငံတြင္းကေန ၀ယ္ယူတဲ႔ဟာကေတာ့ ရွားပါတယ္။ သူ႔ဘာသာ ျပည္ပက ေနၿပီးမွ ျပည္ပကေန ေထာက္ပံ႔တဲ႔ဟာကို တနည္း အားျဖင့္ ျပည္ပကေန ေထာက္ပံ႔တဲ႔ဟာကို ေငြမည္းကို ေငြျဖဴ လုပ္ဖို႔ အတြက္ အဓိက ရည္ရြယ္တယ္လို႔ဘဲ က်ေနာ္တို႔ကေတာ့ ယူဆပါတယ္။ ”

ျပည္ပက ေထာက္ပံ႔မႈလို႔ ဆိုေပမယ့္လည္း ျပည္ပ ဘယ္လို ေထာက္ပံ႔မႈလဲ ဆိုတာကိုေတာ့ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက မေျပာပါဘူး။ ျပည္တြင္းကေန ေငြလႊဲ၀န္ေဆာင္မႈနဲ႔ လုပ္ေနသူေတြလည္း ရွိတယ္လို႔လည္း သူက ေျပာပါတယ္။

“ တခ်ိဳ႕လည္း သိလ်က္နဲ႔ လုပ္ေနတာေတာ့ ရွိတယ္။ တခ်ိဳ႕လည္း သိတာေတာ့ ေလာ္ဘီ အေနနဲ႔ လုပ္တဲ႔ဟာေတြလည္း ရွိတာေပါ့။ ဒါေတြကေတာ့ ဘာတုန္း ဆိုေတာ့က် Kpay ကေန တဆင့္ ေငြေတြ သြားေပးတာတို႔ ၊ K Pay ကေန တဆင့္ ေဆာင္ရြက္တာတို႔ ဒါေတြကလည္း ဒီ ဥပေဒနဲ႔ အညီ ဥပေဒနဲ႔ ညိစြန္းႏုိင္ေၾကာင္း ဒါ ျပည္သူ လူထုကိုလည္း အသိေပးလိုပါတယ္။”

ဒါေပမယ့္ ျပည္တြင္းမွာေရာ ျပည္ပေရာက္ ျမန္မာေတြ ၾကားမွာပါ NUG ရဲ႕ ေငြတိုက္ စာခ်ဳပ္ကို ၀ယ္ယူေနသူေတြ ၀ယ္ယူလိုသူေတြ ရွိေနပါတယ္။ ဂ်ပန္ေရာက္ ျမန္မာေတြထဲမွာလည္း NUG ကေရာင္းခ်တဲ့ ေငြတိုက္စာခ်ဳပ္ကို ဝယ္ယူထားသူေတြရွိေၾကာင္း ဂ်ပန္ေရာက္ ျမန္မာႏိုင္ငံသားမ်ားအသင္းရဲ႕ ဥကၠ႒ ဦးသန္းေဆြက ဗီြအိုေအကို ေျပာပါတယ္။

“ဒီေငြတိုက္စာခ်ဳပ္ကို သူတို႔ဝယ္ခ်င္တယ္၊ ဒါသူတို႔ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအတြက္ကို သူတို႔ ပါဝင္ပတ္သက္ခြင့္ရတဲ့ အခြင့္အေရး တရပ္အေနနဲ႔ေပါ့ေလ။ ဒါကို အက်ိဳးအျမတ္လည္းမၾကည့္ဘူး။ ဒါေပမဲ့ သူတို႔ဘယ္လိုလုပ္ရမယ္ဆိုတာကို မသိဘူး။ ”

အတိုးလည္း မရ၊ သတ္မွတ္ သက္တမ္း ျပည့္မွ ေငြအရင္း ျပန္ရမယ့္ NUG ရဲ႕ ေငြတိုက္ စာခ်ဳပ္ဟာ နုိင္ငံတကာ ဗဟိုဘဏ္ေတြက ထုတ္ေရာင္းေနတဲ႔ ေငြတိုက္ စာခ်ဳပ္ေတြနဲ႔ ဘာကြားျခားမႈ ရွိေနပါသလဲ။ အေမရိကန္ အေျခစိုက္ စီးပြားေရး ပညာရွင္ ဦးစိ္န္ေဌးက အခုလို ေျပာပါတယ္။

“ အဲဒီ ေနရာမွာ လက္ရွိ က်ေနာ္တို႔ သိသေလာက္ NUG အစိုးရ အဖြဲ႔ အေနနဲ႔လည္းဘဲ အတိုးအေနနဲ႔ေတာ့ သူတို႔ မေပးဘူး။ သာမန္ ဆိုရင္ေတာ့ ဒီလို Bond ေတြ ဘာေတြက အတိုးေပးတာေပါ့ေလ။ ဒါေပမယ့္ သူတို႔က အတိုးမေပးေတာ့ဘဲနဲ႔ သက္တမ္း ကာလ သူတို႔က က်ေနာ္ သိသေလာက္ ၂ ႏွစ္ အတြင္းမွာ ဒီဟာကို သူတို႔ မွန္းတာက ၂ ႏွစ္ အတြင္းမွာ သူတို႔ အစိုးရ ျဖစ္လာတဲ႔ အခါမွာ ဒါေတြကို ျပန္အမ္းမယ္။ အဲဒီ သေဘာနဲ႔ လုပ္တာ ျဖစ္တဲ႔ အတြက္ေၾကာင့္ အတိုး အေနနဲ႔ သူတို႔က မေပးဘူးေပါ့ဗ်ာ။ ဒီသေဘာပါဘဲ။ ”

NUG ရဲ႕ ေငြတိုက္ စာခ်ဳပ္ ၀ယ္ယူသူေတြဟာ အက်ိဳးအျမတ္ထက္ ႏုိင္ငံေရး အရ အားေပးမႈက ပိုမ်ားတယ္လို႔လည္း ဦးစိန္ေဌးက ရႈျမင္ပါတယ္။

“ ျပည္တြင္း ျပည္ပမွာ ရွိေနတဲ႔ ျပည္သူ လူထုေတြက တိုင္းျပည္ရဲ႕ ဒီမိုကေရစီ လမ္းေၾကာင္းကို သြားဖို႔ အတြက္ လက္ရွိ လႈပ္ရွားေနတဲ႔ ရည္ရြယ္ခ်က္က ဒါကို ကူညီတဲ႔ သေဘာနဲ႔ ၀ယ္ေပးတဲ႔ သေဘာဘဲ။ ေျပာခ်င္တာကေတာ့ ဘ႑ာေငြကို ျပည္သူေတြက ျပန္ျဖည့္ေပးတဲ႔ သေဘာပါ ခင္ဗ်။ ”

NUG ဘက္က ေငြတိုက္ စာခ်ဳပ္ ေရာင္းရေငြေတြကို ဘယ္လို အသံုးခ်မလဲ ဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း ေျပာဆိုမထားပါဘူး။ ၂ ႏွစ္ သက္တမ္း ျပည့္ခ်ိန္မွာ ေငြတိုက္ စာခ်ဳပ္ ၀ယ္ယူထားသူေတြ ျပန္ေရြးယူႏုိင္မယ့္ အေျခအေနကေရာ ဘယ္လို ရွိႏုိင္ပါသလဲ။ စီးပြားေရး ပညာရွင္ ဦးစိန္ေဌးက အခုလို ရႈျမင္ပါတယ္။

“ ျပည္သူ လူထုကို အကူအညီ ေတာင္းတာ။ ဒါေၾကာင့္လည္း ျပည္သူ လူထုကလည္း စာခ်ဳပ္စာတမ္းကို ၀ယ္တာ မတူတာ ဗမာျပည္ရဲ႕ အေျခအေနက။ ေတာ္လွန္ေရး အတြက္ လိုအပ္တဲ႔ ကူညီမႈကို ေပးတဲ႔ အတြက္ေၾကာင့္ ၀ယ္တဲ႔ သူေတြကလည္း အတိုးကို မေမွ်ာ္ကိုးဘူး။ တခ်ိဳ႕ဆို က်ေနာ္တို႔ ၾကားတာ တခ်ိန္မွာ အကယ္၍ အစိုးရ ျဖစ္လာရင္ တရား၀င္ေပါ့ေနာ္။ ၂ ႏွစ္ေလာက္ အတြင္းမွာ သူျဖစ္မယ္လို႔ မွန္းထားတယ္။ အဲဒီ အတြင္းမွာ ျဖစ္လာခဲ႔ရင္ တခ်ိဳ႕လူေတြက ဒီပိုက္ဆံကို ျပန္ေတာင္ သူတို႔က မယူေတာ့ဘူး။ လွဴတယ္လို႔ေတာင္ ဆံုးျဖတ္တဲ႔သူေတြ ရွိတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

NUG ရဲ့ ငွေတိုက်စာချုပ် ဝယ်ယူသူတွေရဲ့ မျှော်လင့်ချက်

အတိုးမရဘဲ ၂ နှစ်သက်တမ်းပြည့်ချိန်မှာ ငွေရင်းအတိုင်း ပြန်လည် ထုတ်ယူနိုင်မယ့် ငွေတိုက် စာချုပ်တွေကို ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ရောင်းချနေပြီး ဒေါ်လာ သန်းချီ ရနေပြီလို့ ပြောဆိုထားပါတယ်။ စစ်ကောင်စီဘက်ကတော့ NUG ရဲ့ ငွေတိုက် စာချုပ်တွေကို ဝယ်သူတွေ အရေးယူ အပြစ်ပေးခံရနိုင်တယ်လို့ ပြောဆိုထားပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အတွက် ရန်ပုံငွေ အဖြစ် ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ဒေါ်လာ ၁၀၀၊ ဒေါ်လာ ၅၀၀၊ ဒေါ်လာ ၁,၀၀၀ နဲ့ ဒေါ်လာ ၅,၀၀၀ တန် ငွေတိုက် စာချုပ် ၄ မျိုးကို နိုဝင်ဘာလ ၂၂ ရက်နေ့ တနလာၤနေ့က စတင် ရောင်းချပါတယ်။ ပြည်တွင်းမှာရော ပြည်ပမှာပါ NUG ရဲ့ ငွေတိုက်စာချုပ်တွေကို စိတ်ဝင်စားနေကြပါတယ်။ ရန်ကုန်က ကိုဇေယျာကျော်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဝယ်တာကောင်းတာပေါ့။ အခုဆိုရင်ပဲ နိုင်ငံတကာမှာ သတင်းတွေမှာ ခေါင်းကြီးပိုင်းမှာ ပါလာပြီလေ။ ဘာပဲပြောပြော NUG အတွက် ရံပုံငွေရတယ်။ နံပတ်၂ အချက်က ဒါ ပြည်သူလူထုက NUG ကို တရားဝင် အသိအမှတ်ပြုတယ်ဆိုတဲ့- ဒါ အတိုးမရဘူးဆိုတာတောင်မှ ဝိုင်းဝန်းထောက်ခံတယ်ဆိုတာ ပိုပြီးတော့ လက်တွေ့ပါတဲ့ သက်သေပြချက်လို့ပဲလို့ ကျနော်က ယူဆတယ်လေ။”

အမေရိကန်က စီးပွားရေး ပညာရှင် တဦး ဖြစ်သူ ဦးစိန်ဌေးကလည်း သူ့ အသိတွေထဲမှာလည်း NUG ရဲ့ ငွေတိုက် စာချုပ်ကို ဝယ်ယူဖို့ စိတ်အားထက်သန်သူတွေ ရှိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ မနက်ကဆို နိုင်ငံခြားမှာ ရောက်နေတဲ့ ကျနော့် သူငယ်ချင်းတွေက ဒါတွေ ဝယ်ဖို့ သူတို့ လုပ်နေကြပြီ။ ”

NUG က ရောင်းတဲ့ ငွေတိုက် စာချုပ်က အတိုးမရပါဘူး။ ငွေတိုက် စာချုပ် သက်တမ်း ၂ နှစ် ပြည့်ချိန်မှာ ငွေရင်း အတိုင်း ပြန်လည် ရွေးနိုင်တယ်လို့ ဖော်ပြပါတယ်။ ငွေတိုက် စာချုပ်ကိုလည်း သက်တမ်း ၂ နှစ် မပြည့်ခင် ပိုင်ရှင် ပြောင်းလို့လည်း မရပါဘူး။ NUG က ဖွင့်ထားတဲ့ ပြည်ပ ဘဏ်စာရင်းကို ငွေလွှဲ ဝယ်ယူကြရမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ ငွေတိုက် စာချုပ်တွေ ရောင်းချပြီး ၂ ရက်အတွင်းမှာ အမေရိကန်ဒေါ်လာ ၉ သန်းကျော်ရရှိထားပြီလို့ NUG ရဲ့ အွန်လိုင်းရေဒီယိုကနေ ကြေညာခဲ့သလို နိုင်ငံတကာ သတင်းမီဒီယာတွေမှာလည်း ဒီအကြောင်း စိတ်ဝင်စားမှုရခဲ့ပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း NUG ရဲ့ ငွေတိုက် စာချုပ် အရောင်းအဝယ်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို ဖြေကြားသွားပါတယ်။

“ သူတို့ အနေနဲ့ ငွေတိုက် စာချုပ် ရောင်းနေတယ်ဆိုတဲ့ဟာတွေ ရှိပါတယ်။ တချို့ သူတို့ အတွက် လော်ဘီ လုပ်နေတဲ့ မီဒီယာတွေလည်း ရှိပါတယ်။ ဒါ လော်ဘီ လုပ်နေတဲ့ မီဒီယာတွေက ဘယ်လောက် ရောင်းလိုက်ရပြီ ဘာညာ ဆိုပြီးတော့ အခြေအမြစ်။ ဒါတော့ သူတို့ အခြေအမြစ်နဲ့ သူတို့ပေါ့လေ။ ဒါ ပြောတာတွေလည်း ရှိပါတယ်။ ”

NUG ရဲ့ ငွေတိုက်စာချုပ် ဝယ်သူတွေလည်း အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ကန့်သတ်ချက်တွေနဲ့ ညိစွန်းနိုင်တယ်လို့လည်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ NUG ရဲ့ ငွေတိုက်စာချုပ်ကို ပြည်တွင်းမှ ဝယ်ယူသူ သိပ်မရှိဘူးလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“ ကျနော် သိသလောက်ကတော့ ဒီ နိုင်ငံတွင်းကနေ ဝယ်ယူတဲ့ဟာကတော့ ရှားပါတယ်။ သူ့ဘာသာ ပြည်ပက နေပြီးမှ ပြည်ပကနေ ထောက်ပံ့တဲ့ဟာကို တနည်း အားဖြင့် ပြည်ပကနေ ထောက်ပံ့တဲ့ဟာကို ငွေမည်းကို ငွေဖြူ လုပ်ဖို့ အတွက် အဓိက ရည်ရွယ်တယ်လို့ဘဲ ကျနော်တို့ကတော့ ယူဆပါတယ်။ ”

ပြည်ပက ထောက်ပံ့မှုလို့ ဆိုပေမယ့်လည်း ပြည်ပ ဘယ်လို ထောက်ပံ့မှုလဲ ဆိုတာကိုတော့ ဗိုလ်ချုပ် ဇော်မင်းထွန်းက မပြောပါဘူး။ ပြည်တွင်းကနေ ငွေလွှဲဝန်ဆောင်မှုနဲ့ လုပ်နေသူတွေလည်း ရှိတယ်လို့လည်း သူက ပြောပါတယ်။

“ တချို့လည်း သိလျက်နဲ့ လုပ်နေတာတော့ ရှိတယ်။ တချို့လည်း သိတာတော့ လော်ဘီ အနေနဲ့ လုပ်တဲ့ဟာတွေလည်း ရှိတာပေါ့။ ဒါတွေကတော့ ဘာတုန်း ဆိုတော့ကျ Kpay ကနေ တဆင့် ငွေတွေ သွားပေးတာတို့ ၊ K Pay ကနေ တဆင့် ဆောင်ရွက်တာတို့ ဒါတွေကလည်း ဒီ ဥပဒေနဲ့ အညီ ဥပဒေနဲ့ ညိစွန်းနိုင်ကြောင်း ဒါ ပြည်သူ လူထုကိုလည်း အသိပေးလိုပါတယ်။”

ဒါပေမယ့် ပြည်တွင်းမှာရော ပြည်ပရောက် မြန်မာတွေ ကြားမှာပါ NUG ရဲ့ ငွေတိုက် စာချုပ်ကို ဝယ်ယူနေသူတွေ ဝယ်ယူလိုသူတွေ ရှိနေပါတယ်။ ဂျပန်ရောက် မြန်မာတွေထဲမှာလည်း NUG ကရောင်းချတဲ့ ငွေတိုက်စာချုပ်ကို ဝယ်ယူထားသူတွေရှိကြောင်း ဂျပန်ရောက် မြန်မာနိုင်ငံသားများအသင်းရဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက ဗွီအိုအေကို ပြောပါတယ်။

“ဒီငွေတိုက်စာချုပ်ကို သူတို့ဝယ်ချင်တယ်၊ ဒါသူတို့မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအတွက်ကို သူတို့ ပါဝင်ပတ်သက်ခွင့်ရတဲ့ အခွင့်အရေး တရပ်အနေနဲ့ပေါ့လေ။ ဒါကို အကျိုးအမြတ်လည်းမကြည့်ဘူး။ ဒါပေမဲ့ သူတို့ဘယ်လိုလုပ်ရမယ်ဆိုတာကို မသိဘူး။ ”

အတိုးလည်း မရ၊ သတ်မှတ် သက်တမ်း ပြည့်မှ ငွေအရင်း ပြန်ရမယ့် NUG ရဲ့ ငွေတိုက် စာချုပ်ဟာ နိုင်ငံတကာ ဗဟိုဘဏ်တွေက ထုတ်ရောင်းနေတဲ့ ငွေတိုက် စာချုပ်တွေနဲ့ ဘာကွားခြားမှု ရှိနေပါသလဲ။ အမေရိကန် အခြေစိုက် စီးပွားရေး ပညာရှင် ဦးစိန်ဌေးက အခုလို ပြောပါတယ်။

“ အဲဒီ နေရာမှာ လက်ရှိ ကျနော်တို့ သိသလောက် NUG အစိုးရ အဖွဲ့ အနေနဲ့လည်းဘဲ အတိုးအနေနဲ့တော့ သူတို့ မပေးဘူး။ သာမန် ဆိုရင်တော့ ဒီလို Bond တွေ ဘာတွေက အတိုးပေးတာပေါ့လေ။ ဒါပေမယ့် သူတို့က အတိုးမပေးတော့ဘဲနဲ့ သက်တမ်း ကာလ သူတို့က ကျနော် သိသလောက် ၂ နှစ် အတွင်းမှာ ဒီဟာကို သူတို့ မှန်းတာက ၂ နှစ် အတွင်းမှာ သူတို့ အစိုးရ ဖြစ်လာတဲ့ အခါမှာ ဒါတွေကို ပြန်အမ်းမယ်။ အဲဒီ သဘောနဲ့ လုပ်တာ ဖြစ်တဲ့ အတွက်ကြောင့် အတိုး အနေနဲ့ သူတို့က မပေးဘူးပေါ့ဗျာ။ ဒီသဘောပါဘဲ။ ”

NUG ရဲ့ ငွေတိုက် စာချုပ် ဝယ်ယူသူတွေဟာ အကျိုးအမြတ်ထက် နိုင်ငံရေး အရ အားပေးမှုက ပိုများတယ်လို့လည်း ဦးစိန်ဌေးက ရှုမြင်ပါတယ်။

“ ပြည်တွင်း ပြည်ပမှာ ရှိနေတဲ့ ပြည်သူ လူထုတွေက တိုင်းပြည်ရဲ့ ဒီမိုကရေစီ လမ်းကြောင်းကို သွားဖို့ အတွက် လက်ရှိ လှုပ်ရှားနေတဲ့ ရည်ရွယ်ချက်က ဒါကို ကူညီတဲ့ သဘောနဲ့ ဝယ်ပေးတဲ့ သဘောဘဲ။ ပြောချင်တာကတော့ ဘဏ္ဍာငွေကို ပြည်သူတွေက ပြန်ဖြည့်ပေးတဲ့ သဘောပါ ခင်ဗျ။ ”

NUG ဘက်က ငွေတိုက် စာချုပ် ရောင်းရငွေတွေကို ဘယ်လို အသုံးချမလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောဆိုမထားပါဘူး။ ၂ နှစ် သက်တမ်း ပြည့်ချိန်မှာ ငွေတိုက် စာချုပ် ဝယ်ယူထားသူတွေ ပြန်ရွေးယူနိုင်မယ့် အခြေအနေကရော ဘယ်လို ရှိနိုင်ပါသလဲ။ စီးပွားရေး ပညာရှင် ဦးစိန်ဌေးက အခုလို ရှုမြင်ပါတယ်။

“ ပြည်သူ လူထုကို အကူအညီ တောင်းတာ။ ဒါကြောင့်လည်း ပြည်သူ လူထုကလည်း စာချုပ်စာတမ်းကို ဝယ်တာ မတူတာ ဗမာပြည်ရဲ့ အခြေအနေက။ တော်လှန်ရေး အတွက် လိုအပ်တဲ့ ကူညီမှုကို ပေးတဲ့ အတွက်ကြောင့် ဝယ်တဲ့ သူတွေကလည်း အတိုးကို မမျှော်ကိုးဘူး။ တချို့ဆို ကျနော်တို့ ကြားတာ တချိန်မှာ အကယ်၍ အစိုးရ ဖြစ်လာရင် တရားဝင်ပေါ့နော်။ ၂ နှစ်လောက် အတွင်းမှာ သူဖြစ်မယ်လို့ မှန်းထားတယ်။ အဲဒီ အတွင်းမှာ ဖြစ်လာခဲ့ရင် တချို့လူတွေက ဒီပိုက်ဆံကို ပြန်တောင် သူတို့က မယူတော့ဘူး။ လှူတယ်လို့တောင် ဆုံးဖြတ်တဲ့သူတွေ ရှိတယ်။

XS
SM
MD
LG