သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသား ၁၁၄ ဦး ပြန်ပို့မယ့် မလေးရှားတရားရုံးဆုံးဖြတ်ချက် လူ့အခွင့်အရေးဖွဲ့တွေ ကန့်ကွက်


မလေးရှားမှာ တရားမဝင်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ပို့ဖို့ ခေါ်ဆောင်လာစဉ်။ (၂၀၂၁၊ ဖေဖေါ်ဝါရီ ၂၃)
မလေးရှားမှာ တရားမဝင်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ပို့ဖို့ ခေါ်ဆောင်လာစဉ်။ (၂၀၂၁၊ ဖေဖေါ်ဝါရီ ၂၃)

[[Zawgyi/Unicode]]

မလေးရှားလူဝင်မှုကြီးကြပ်ရေးကဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ၁၁၄ ယောက်ကို မလေးရှားကနေ မြန်မာနိုင်ငံကိုပြန်ပို့မယ့်ကိစ္စ ဆိုင်းငံ့ထားတာကို တရားရုံးကဒီကနေ့ အင်္ဂါနေ့မှာ ရုပ်သိမ်းလိုက်တာကြောင့် လူ့အခွင့်အရေးအဖွဲ့တွေက သူတို့ရဲ့လုံခြုံရေးစိုးရိမ်ပူပန်တဲ့အတွက်ကန့်ကွက်ကြပါတယ်။

ဆိုင်းငံ့ထားတာကိုပယ်ဖျက်ပေးဖို့ မလေးရှားအစိုးရရဲ့တောင်းဆိုမှုကို တရားရုံးကအတည်ပြုခဲ့တာဖြစ်ပါတယ်။ အဲဒီ မြန်မာနိုင်ငံသား ၁၁၄ ယောက်ကို ချက်ချင်း ပြန်ပို့မယ်၊ မပို့ဘူးဆိုတာကိုတော့ မသိရသေးပါဘူး။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်ကအာဏာသိမ်းပြီးနောက် ရက်အနည်းငယ်အတွင်း မြန်မာနိုင်ငံသား ၁,၀၈၆ ယောက်ကို မလေးရှားက မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေကိုပြန်ပို့မယ့် မလေးရှားအစိုးရရဲ့အစီအစဉ်ကို ပြန်လည်စဉ်းစားဖို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး Amnesty International မလေးရှားရုံးနဲ့ နိုင်ငံရေးခိုလှုံခွင့်ဆိုင်ရာအဖွဲ့ဖြစ်တဲ့ Asylum Access တို့က ပူးတွဲကြေငြာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။ မလေးရှားအစိုးရအနေနဲ့ လူ့အခွင့်အရေးနဲ့နိုင်ငံတကာ ဥပဒေတွေ ကိုလေးစားလိုက်နာပြီး မူရင်းနိုင်ငံမှာ အကြမ်းဖက်နှိမ်နင်းမှုတွေရှိနေပြီး အန္တရာယ်ကျရောက်နိုင်တဲ့အခြေအနေမျိုးမှာ ပြန်လည်ပို့ဆောင်တာတွေကိုရပ်ဆိုင်းထားဖို့ တောင်းဆိုပါတယ်လို့လည်း ဒီအဖွဲ့တွေကပြောထားပါတယ်။

ဖမ်းဆီးခံထားရသူတွေရဲ့နေထိုင်ခွင့်နဲ့ပတ်သက်ပြီးသိရှိနိုင်ဖို့ UNHCR ကစုံစမ်းလိုပေမယ့်လည်း မလေးရှား အာဏာပိုင်တွေက ခွင့်မပြုပါဘူး။

ကုလသမဂ္ဂကတော့ခုလို ပြန်ပို့တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ဆိုပါတယ်။ အောက်တိုဘာ လတုန်းကလည်း မြန်မာ ၁၅၀ ကို ပြန်လည်ပို့ခဲ့ရာမှာ နိုင်ငံရေးခိုလှုံခွင့်ရဖို့ ကြိုးစားနေတဲ့ မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်ဟောင်းတချို့ပါဝင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=================


[[Unicode]]








XS
SM
MD
LG