သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္ပသြားမယ့္ ရိုဟင္ဂ်ာေတြ ဖမ္းဆီးခံရ


(မွတ္တမ္းပုံ - ေလွစီးေျပး ဒုကၡသည္အျဖစ္ အင္ဒိုနီးရွားႏိုင္ငံသို႔ ေရာက္လာၾကသည့္ ရုိဟင္ဂ်ာမ်ား )

=== [[ ZAWGYI ]] ===

ျပည္ပသြားမယ့္ ရိုဟင္ဂ်ာေတြ ဖမ္းဆီးခံရ

ရခိုင္ျပည္နယ္ကေန ျပည္ပကုိ သြားဖုိ႔ႀကိဳးစားၾကတယ္လုိ႔ဆုိတဲ့ ဒါဇင္နဲ႔ခ်ီတဲ့ ႐ုိဟင္ဂ်ာမြတ္ဆလင္ေတြကုိ စစ္ေတြၿမိဳ႕အနီးမွာ အာဏာပိုင္ေတြက ဖမ္းဆီးလုိက္ပါတယ္။ အလုပ္အကိုင္ရွားပါးမွုေတြနဲ႔ စားဝတ္ေနေရး အခက္အခဲေတြေၾကာင့္ ပြင့္လင္းရာသီ ေရာက္ၿပီဆိုရင္ ျပည္ပႏုိင္ငံေတြမွာ အခြင့္အလန္းရွာဖုိ႔ ႐ုိဟင္ဂ်ာေတြ အႏၱရာယ္မ်ားတဲ့ ေရေၾကာင္းကေန သြားေလ့ ရွိၾကတာပါ။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို မခြာညိဳကတင္ျပေပးပါမယ္။


အသြားအလာကန္႔သတ္ခံထားရတဲ့ ရခုိင္ျပည္နယ္က ႐ုိဟင္ဂ်ာေတြဟာ နွစ္စဥ္ပြင့္လင္းရာသီေရာက္ၿပီဆိုရင္ ျပည္ပႏုိင္ငံေတြကုိ သြားဖုိ႔ ႀကိဳးစားေလ့ ရွိၾကၿပီး၊ မၾကာခဏလမ္းခရီးမွာ ဖမ္းဆီးခံရတာ၊ အသက္ဆုံးပါးရတာေတြလည္း ႀကံဳရေလ့ရွိပါတယ္။ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔မွာလည္း စစ္ေတြၿမိဳ႕အနီး ပင္လယ္ျပင္မွာ ေရေၾကာင္းကေန တရားမ၀င္ သြားေရာက္ဖုိ႔ ႀကိဳးစားခဲ့ၾကသူ ၃၆ ဦးကုိ ဖမ္းဆီးလုိက္ေၾကာင္း စစ္ေတြၿမိဳ႕နယ္ အုပ္ခ်ုပ္ေရးမွဴး ဦးေက်ာ္လြင္က အတည္ျပဳေပမဲ့ အတိအက်ေတာ့ မသိဘူးလုိ႔ ေျပာပါတယ္။

“သူတို႔အဲဒီမွာ ၃၆ေယာက္မိတာေတာ့ ဟုတ္တယ္။”

ဖမ္းဆီးခံရသူေတြဟာ စစ္ေတြ ရေသ့ေတာင္ ဘူးသီးေတာင္နဲ႔ ေမာင္ေတာၿမို႕နယ္ေတြက ျဖစ္ၿပီး ပြဲစားေတြအခ်ိန္အဆက္နဲ႔ မေလးရွားႏိုင္ငံကို သြားဖို႔ ႀကိဳးစားၾကတာလုိ႔လည္း နီးစပ္သူေတြက ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာက်န္တဲ့ မြတ္ဆလင္အမ်ားအျပားဟာ ဒုကၡသည္စခန္းေတြမွာ ေနထိုင္ေန ရတာ အခုဆိုရင္ ဆယ္စုႏွစ္တခုအထိ ရွိေနၿပီျဖစ္ပါတယ္။ ဒုကၡစခန္းေတြထဲမွာ အလုပ္အ ကိုင္မရွိဘဲ စားဝတ္ေနေရးၾကပ္တည္းၾကတဲ့အတြက္ တျခားႏိုင္ငံေတြကို ထြက္ေျပးခ်င္ၾက တာျဖစ္တယ္လို႔ စစ္ေတြၿမိဳ႕နယ္ သက္ကယ္ျပင္မြတ္ဆလင္ ဒုကၡသည္ စခန္းက ဦးေမာင္ေလး ကေျပာပါတယ္။

“အဓိက ထြက္ေျပးေနတာက အလုပ္အကိုင္အဆင္မေျပဘူး စားဝတ္ေနေရး အဆင္မေျပဘူး၊ ေနာက္ ေနေရးထုိင္ေရးအဆင္မေျပဘူး။ အဲတာေၾကာင့္ တဖက္နိုင္ငံကို အလုပ္လုပ္ဖို႔ သြားၾကတာ၊ ဒီႏို္င္ငံမွာ ဘာအလုပ္တခုမွ မရွိတာကို ဘယ္မွလည္းထြက္လို႔မရ၊ သြားရင္လည္း ပိုက္ဆံ ေတာင္းတယ္ ပို္က္ဆံေပးရတယ္၊ ဟိုနားကေန ဒီနားသြားရင္ ရဲေတြ ဖမ္းတယ္၊ ဟိုဖက္က သြားရင္လဲ စစ္သားေတြ ဖမ္းတယ္၊ အဲလိုပဲမြတ္ဆလင္ေတြက တျခားၿမိဳ႕နယ္ကို သြားလို႔ မရဘူးေလ။”

ဒုကၡသည္စခန္းေတြမွာ ရွိတဲ့ မြတ္ဆလင္ေတြကို ႏိုင္ငံျခားပို႔ေပးမယ္လို႔ လူကုန္ကူးေတြက လာေရာက္ ျဖားေယာင္းတာေတြရွိတယ္လို႔လဲ မြတ္ဆလင္ဒုကၡသည္ ဦးေမာင္ေလး ကေျပာပါတယ္။

“ပြဲစားေတြ လာၿပီးေတာ့ စည္းရံုးတာေတြ ေနာက္ၿပီးေတာ့ အာဏာပိုင္ေတြနဲ႔အဆင္ေျပသလိုလို လုပ္ေနတာပြဲစားေတြက၊ ပြဲစားေတြကို ဒီမွာကတည္းပိုက္ဆံေပးရတာရွိသလို မေပးရင္လဲ တဖက္ႏို္င္ငံကုိေရာက္မွ ပိုက္ဆံေပးရတာေတြရွိတယ္၊ အဓိက ပြဲစားေတြကို မဖမ္းဘူး အမွန္ေတာ့ ပြဲစားေတြကို ဖမ္းရမွာ၊ ဖမ္းရင္လဲ လြတ္လုိက္တယ္၊ ရဲကဖမ္းရင္လဲ လြတ္တယ္၊ စစ္တပ္ကဖမ္းရင္လဲ တရားရံုးမွာ လြတ္လိုက္တယ္။”

ရခိုင္ျပည္နယ္မွာ အသြားအလာကန႔္သတ္ခံထားရတဲ့ ႐ိုဟင္ဂ်ာေတြဟာ သူတို႔ရဲ႕ စားဝတ္ေနေရးအတြက္ လူကုန္ကူးေတြရဲ႕ အကူအညီနဲ႔ တရားမဝင္လမ္းေၾကာင္းကေနျပည္ပႏိုင္ငံေတြကို မၾကာခဏဆိုသလို ထြက္ေျပးဖို႔ ႀကိဳးစားေလ့ရွိပါတယ္။ အဲလို သြားၾကသူေတြကို ျမန္မာ့ပိုင္နက္ထဲမွာ ဖမ္းမိသူတခ်ိဳ႕တခ်ိဳ႕ရွိသလို အိမ္နီးခ်င္း ထိုင္း၊ မေလးရွား စတဲ့ႏိုင္ငံေတြရဲ႕ ပိုင္နက္ေတြမွာ ဖမ္းဆီးမိတာမ်ိဳးေတြလည္း ရွိခဲ့ပါတယ္။

ျပည္ပသြားမယ့္ ရိုဟင္ဂ်ာေတြ ဖမ္းဆီးခံရ
please wait

No media source currently available

0:00 0:02:35 0:00
တိုက္႐ိုက္ လင့္ခ္

=== {{ UNICODE }} ===

ပြည်ပသွားမယ့် ရိုဟင်ဂျာတွေ ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်ကနေ ပြည်ပကို သွားဖို့ကြိုးစားကြတယ်လို့ဆိုတဲ့ ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို စစ်တွေမြို့အနီးမှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ အလုပ်အကိုင်ရှားပါးမှုတွေနဲ့ စားဝတ်နေရေး အခက်အခဲတွေကြောင့် ပွင့်လင်းရာသီ ရောက်ပြီဆိုရင် ပြည်ပနိုင်ငံတွေမှာ အခွင့်အလန်းရှာဖို့ ရိုဟင်ဂျာတွေ အန္တရာယ်များတဲ့ ရေကြောင်းကနေ သွားလေ့ ရှိကြတာပါ။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မခွာညိုကတင်ပြပေးပါမယ်။


အသွားအလာကန့်သတ်ခံထားရတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ နှစ်စဉ်ပွင့်လင်းရာသီရောက်ပြီဆိုရင် ပြည်ပနိုင်ငံတွေကို သွားဖို့ ကြိုးစားလေ့ ရှိကြပြီး၊ မကြာခဏလမ်းခရီးမှာ ဖမ်းဆီးခံရတာ၊ အသက်ဆုံးပါးရတာတွေလည်း ကြုံရလေ့ရှိပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာလည်း စစ်တွေမြို့အနီး ပင်လယ်ပြင်မှာ ရေကြောင်းကနေ တရားမဝင် သွားရောက်ဖို့ ကြိုးစားခဲ့ကြသူ ၃၆ ဦးကို ဖမ်းဆီးလိုက်ကြောင်း စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က အတည်ပြုပေမဲ့ အတိအကျတော့ မသိဘူးလို့ ပြောပါတယ်။

“သူတို့အဲဒီမှာ ၃၆ယောက်မိတာတော့ ဟုတ်တယ်။”

ဖမ်းဆီးခံရသူတွေဟာ စစ်တွေ ရသေ့တောင် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက ဖြစ်ပြီး ပွဲစားတွေအချိန်အဆက်နဲ့ မလေးရှားနိုင်ငံကို သွားဖို့ ကြိုးစားကြတာလို့လည်း နီးစပ်သူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာကျန်တဲ့ မွတ်ဆလင်အများအပြားဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေ ရတာ အခုဆိုရင် ဆယ်စုနှစ်တခုအထိ ရှိနေပြီဖြစ်ပါတယ်။ ဒုက္ခစခန်းတွေထဲမှာ အလုပ်အ ကိုင်မရှိဘဲ စားဝတ်နေရေးကြပ်တည်းကြတဲ့အတွက် တခြားနိုင်ငံတွေကို ထွက်ပြေးချင်ကြ တာဖြစ်တယ်လို့ စစ်တွေမြို့နယ် သက်ကယ်ပြင်မွတ်ဆလင် ဒုက္ခသည် စခန်းက ဦးမောင်လေး ကပြောပါတယ်။

“အဓိက ထွက်ပြေးနေတာက အလုပ်အကိုင်အဆင်မပြေဘူး စားဝတ်နေရေး အဆင်မပြေဘူး၊ နောက် နေရေးထိုင်ရေးအဆင်မပြေဘူး။ အဲတာကြောင့် တဖက်နိုင်ငံကို အလုပ်လုပ်ဖို့ သွားကြတာ၊ ဒီနို်င်ငံမှာ ဘာအလုပ်တခုမှ မရှိတာကို ဘယ်မှလည်းထွက်လို့မရ၊ သွားရင်လည်း ပိုက်ဆံ တောင်းတယ် ပို်က်ဆံပေးရတယ်၊ ဟိုနားကနေ ဒီနားသွားရင် ရဲတွေ ဖမ်းတယ်၊ ဟိုဖက်က သွားရင်လဲ စစ်သားတွေ ဖမ်းတယ်၊ အဲလိုပဲမွတ်ဆလင်တွေက တခြားမြို့နယ်ကို သွားလို့ မရဘူးလေ။”

ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ မွတ်ဆလင်တွေကို နိုင်ငံခြားပို့ပေးမယ်လို့ လူကုန်ကူးတွေက လာရောက် ဖြားယောင်းတာတွေရှိတယ်လို့လဲ မွတ်ဆလင်ဒုက္ခသည် ဦးမောင်လေး ကပြောပါတယ်။

“ပွဲစားတွေ လာပြီးတော့ စည်းရုံးတာတွေ နောက်ပြီးတော့ အာဏာပိုင်တွေနဲ့အဆင်ပြေသလိုလို လုပ်နေတာပွဲစားတွေက၊ ပွဲစားတွေကို ဒီမှာကတည်းပိုက်ဆံပေးရတာရှိသလို မပေးရင်လဲ တဖက်နို်င်ငံကိုရောက်မှ ပိုက်ဆံပေးရတာတွေရှိတယ်၊ အဓိက ပွဲစားတွေကို မဖမ်းဘူး အမှန်တော့ ပွဲစားတွေကို ဖမ်းရမှာ၊ ဖမ်းရင်လဲ လွတ်လိုက်တယ်၊ ရဲကဖမ်းရင်လဲ လွတ်တယ်၊ စစ်တပ်ကဖမ်းရင်လဲ တရားရုံးမှာ လွတ်လိုက်တယ်။”

ရခိုင်ပြည်နယ်မှာ အသွားအလာကန့်သတ်ခံထားရတဲ့ ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက် လူကုန်ကူးတွေရဲ့ အကူအညီနဲ့ တရားမဝင်လမ်းကြောင်းကနေပြည်ပနိုင်ငံတွေကို မကြာခဏဆိုသလို ထွက်ပြေးဖို့ ကြိုးစားလေ့ရှိပါတယ်။ အဲလို သွားကြသူတွေကို မြန်မာ့ပိုင်နက်ထဲမှာ ဖမ်းမိသူတချို့တချို့ရှိသလို အိမ်နီးချင်း ထိုင်း၊ မလေးရှား စတဲ့နိုင်ငံတွေရဲ့ ပိုင်နက်တွေမှာ ဖမ်းဆီးမိတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

XS
SM
MD
LG