သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ျပန္ပို႔ေရး တ႐ုတ္အကူအညီ ဘဂၤလာေတာင္းခံ


BANGLADESH CHINA

ရုိဟင္ဂ် ာဒုကၡသည္ေတြကို ျမန္မာႏိုင္ငံဖက္က ျပန္လည္လက္ခံေရးအတြက္ တရုတ္ႏိုင္ငံ ရဲ႕ အကူအညီကို ဘဂၤလားေဒ့ရွ္အစိုးရက ေတာင္းခံလိုက္ပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္ေတြ ျပန္ပို႔ေရး တ႐ုတ္အကူအညီ ဘဂၤလာေတာင္းခံ

{{Zawgyi/Unicode}}
ရုိဟင္ဂ် ာဒုကၡသည္ေတြကို ျမန္မာႏိုင္ငံဖက္က ျပန္လည္လက္ခံေရးအတြက္ တရုတ္ႏိုင္ငံ ရဲ႕ အကူအညီကို ဘဂၤလားေဒ့ရွ္အစိုးရက ေတာင္းခံလိုက္ပါတယ္။ အေျခခံ အေဆာက္အဦ ဖြံ႔ၿဖိဳးတိုးတက္ေရး ၊ ရင္းႏွီးျမဳပ္ႏွံေရး နဲ႔ ကုန္သြယ္ေရးကိစၥေတြအတြက္ အေထာက္အပံ့ေပးဖို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ေရာက္လာတဲ့ တရုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi ကို ဘဂၤလားေဒ့ရွ္အစိုးရက အဲဒီလို အကူအညီေတာင္းဆိုလိုက္တာျဖစ္ပါတယ္။

"က်ေနာ္တို႔ဟာ ႐ိုဟင္ဂ်ာအေရးနဲ႔ ပတ္သက္ၿပီး အေသးစိတ္ကို ေဆြးေႏြးၾကပါတယ္။ အဲဒီအတြက္ တ႐ုတ္အစိုးရက ႀကိဳးစားေဆာင္႐ြက္ေနပါတယ္လို႔ ထုတ္ျပန္ပါတယ္။ ဘဂၤလားေဒ့ရွ္နဲ႔ တျခားႏိုင္ငံ အေတာ္မ်ားမ်ားဟာ ျမန္မာႏိုင္ငံ ျပည္တြင္းေရး ျပႆနာရဲ႕ ရိုက္ခတ္မႈေတြေၾကာင့္ ထိခိုက္ေနၾကရပါတယ္" လို႔ ဘဂၤလားေဒ့ရွ္ အငယ္တန္း ႏိုင္ငံျခားေရးဝန္ႀကီး Shahriar Alam က ေျပာပါတယ္။

၇ သိန္းဝန္းက်င္ေလာက္ရွိၾကတဲ့ ရုိဟင္ဂ်ာ ဒုကၡသည္ေတြ ေနရပ္ျပန္လာေရးအတြက္ ျမန္မာႏိုင္ငံဖက္က လက္ခံေပးဖို႔ သေဘာတူညီမႈတခုကို ၂ဝ၁၇ ခုႏွစ္ ႏိုဝင္ဘာလအတြင္းက တရုတ္ႏိုင္ငံက ၾကားဝင္ဖိအားေပး လုပ္ေဆာင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ရိုဟင္ဂ်ာ ဒုကၡသည္ေတြက ျမန္မာႏိုင္ငံဖက္က အႏၱရယ္ေတြကို စိုးရိမ္ၿပီး ေနရပ္ျပန္ဖို႔ျငင္းဆိုခဲ့ၾကပါတယ္။

မႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းခဲ့ၿပီးေနာက္ အေျခအေနေတြဟာ ပိုမိုဆိုးဝါးလာခဲ့ၿပီး စုိးရိမ္းမႈေတြ ျဖစ္ေပၚလာၾကပါတယ္။

တရုတ္ႏုိင္ငံျခားေရးဝန္ႀကီး Wang Yi ဟာ စေနေန႔က Dhaka ၿမိဳ႕ကို ေရာက္ရွိလာၿပီး ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ Sheikh Hasina ၊ ႏိုင္ငံျခားေရးဝန္ႀကီး A.K Abdul Momen တို႔နဲ႔ ေတြ႔ဆုံခဲ့ပါတယ္။

ျမန္မာဖက္ကေတာ့ ရိုဟင္ဂ်ာ ဒုကၡသည္ေတြကို ျပန္လည္လက္ခံဖို႔ သေဘာတူခဲ့ေပမယ္ ရိုဟင္ဂ်ာဆိုတဲ့ အမည္ကိုေတာ့ လက္ခံျခင္းမရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

.......................................

ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ပို့ရေး တရုတ်အကူအညီ ဘင်္ဂလာတောင်းခံ

{{Zawgyi/Unicode}}
ရိုဟင်ဂျ ာဒုက္ခသည်တွေကို မြန်မာနိုင်ငံဖက်က ပြန်လည်လက်ခံရေးအတွက် တရုတ်နိုင်ငံ ရဲ့ အကူအညီကို ဘင်္ဂလားဒေ့ရှ်အစိုးရက တောင်းခံလိုက်ပါတယ်။ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး ၊ ရင်းနှီးမြုပ်နှံရေး နဲ့ ကုန်သွယ်ရေးကိစ္စတွေအတွက် အထောက်အပံ့ပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကို ဘင်္ဂလားဒေ့ရှ်အစိုးရက အဲဒီလို အကူအညီတောင်းဆိုလိုက်တာဖြစ်ပါတယ်။

"ကျနော်တို့ဟာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ဆွေးနွေးကြပါတယ်။ အဲဒီအတွက် တရုတ်အစိုးရက ကြိုးစားဆောင်ရွက်နေပါတယ်လို့ ထုတ်ပြန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ တခြားနိုင်ငံ အတော်များများဟာ မြန်မာနိုင်ငံ ပြည်တွင်းရေး ပြဿနာရဲ့ ရိုက်ခတ်မှုတွေကြောင့် ထိခိုက်နေကြရပါတယ်" လို့ ဘင်္ဂလားဒေ့ရှ် အငယ်တန်း နိုင်ငံခြားရေးဝန်ကြီး Shahriar Alam က ပြောပါတယ်။

၇ သိန်းဝန်းကျင်လောက်ရှိကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်လာရေးအတွက် မြန်မာနိုင်ငံဖက်က လက်ခံပေးဖို့ သဘောတူညီမှုတခုကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက တရုတ်နိုင်ငံက ကြားဝင်ဖိအားပေး လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရိုဟင်ဂျာ ဒုက္ခသည်တွေက မြန်မာနိုင်ငံဖက်က အန္တရယ်တွေကို စိုးရိမ်ပြီး နေရပ်ပြန်ဖို့ငြင်းဆိုခဲ့ကြပါတယ်။

မနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့ပြီးနောက် အခြေအနေတွေဟာ ပိုမိုဆိုးဝါးလာခဲ့ပြီး စိုးရိမ်းမှုတွေ ဖြစ်ပေါ်လာကြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ စနေနေ့က Dhaka မြို့ကို ရောက်ရှိလာပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ၊ နိုင်ငံခြားရေးဝန်ကြီး A.K Abdul Momen တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာဖက်ကတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ သဘောတူခဲ့ပေမယ် ရိုဟင်ဂျာဆိုတဲ့ အမည်ကိုတော့ လက်ခံခြင်းမရှိပါဘူး။

XS
SM
MD
LG