သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူ႔အခြင့္အေရးေကာင္စီ ဆုံးျဖတ္ခ်က္အေပၚ တုံ႔ျပန္ခ်က္မ်ား


ျမန္မာႏိုင္ငံကို ျပန္ပို႔ေပးေရးအတြက္ ႐ိုဟင္ဂ်ာလူမ်ိဳးေတြဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ တနဂၤေႏြေန႔က ေသာင္းခ်ီ ဆႏၵျပခဲ့ၾကပါတယ္။

ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းေတြမွာ ခိုလႈံေနတဲ့ ႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရးအစီအစဥ္ေတြစဖို႔ ကုလလူ႔အခြင့္အေရး ေကာင္စီက ျမန္မာႏိုင္ငံကို တိုက္တြန္းလိုက္ပါတယ္။ ျမန္မာႏိုင္ငံတြင္းမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ဆက္ျဖစ္ေနၿပီး ဒီခ်ိဳးေဖာက္မႈေတြကို ႏိုင္ငံတကာအေနနဲ႔ လြတ္လပ္ပြင့္လင္း တရားမွ်တတဲ့ စုံစမ္းစစ္ေဆးမႈေတြလုပ္ဖို႔ လူ႔အခြင့္အေရးေကာင္စီမွာ မဲခြဲစရာမလိုဘဲ တညီတၫြတ္တည္း အတည္ျပဳလိုက္တာပါ။ ဇူလိုင္လ (၇)ရက္ေန႔က ဆုံးျဖတ္ခဲ့တဲ့ ကုလလူ႔အခြင့္အေရးေကာင္စီရဲ႕ ျမန္မာႏိုင္ငံအေပၚ ဆုံးျဖတ္ခ်က္အေပၚ ႐ိုဟင္ဂ်ာအေရး တက္ႂကြလႈပ္ရွားသူေတြနဲ႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြဘက္က တုန႔္ျပန္ခ်က္ သေဘာထားအျမင္ေတြကို မဆုမြန္က စုစည္းတင္ျပထားပါတယ္။

ဇူလိုင္လ (၇) ရက္ေန႔က ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီမွာ ျမန္မာႏိုင္ငံအေရး မဲခြဲစရာမလိုဘဲ၊ တညီတၫြတ္တည္း ဆုံးျဖတ္အတည္ျပဳလိုက္တာပါ။ အဓိက ဆုံးျဖတ္ခ်က္ေတြကေတာ့ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြမွာ ခိုလႈံေနရတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေဘးကင္းလုံၿခဳံစြာ ဂုဏ္သိကၡာရွိရွိနဲ႔ ေနရပ္ျပန္ႏိုင္ေရး အစီအစဥ္ေတြ စတင္ဖို႔ ျမန္မာႏိုင္ငံကို တိုက္တြန္းလိုက္တာနဲ႔ ျမန္မာႏိုင္ငံအတြင္း အထူးသျဖင့္ ႐ိုဟင္ဂ်ာေတြနဲ႔ တျခားလူနည္းစု တိုင္းရင္းသားေတြအေပၚ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ျပင္းျပင္းထန္ထန္ ဆက္လုပ္ေနၿပီး ဒီလူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို ႏိုင္ငံတကာအေနနဲ႔ လြတ္လပ္တရားမွ်တၿပီး ပြင့္လင္းျမင္သာမႈရွိတဲ့ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ႏိုင္ဖို႔ ေတာင္းဆိုလိုက္တာပါ။

ျမန္မာႏိုင္ငံအေနနဲ႔ ကုလသမဂၢနဲ႔ အျပည့္အဝ ပူးေပါင္းေဆာင္႐ြက္ဖို႔၊ လြတ္လပ္တဲ့ ႏိုင္ငံတကာအခ်က္အလက္ ရွာေဖြေရးေကာ္မရွင္က တင္သြင္းတဲ့ အႀကံျပဳခ်က္ေတြ အေကာင္အထည္ေဖာ္တာနဲ႔ ပတ္သက္ၿပီး ကုလလူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး႐ုံးက ေစာင့္ၾကည့္ေလ့လာခြင့္ေပးဖို႔ ေတာင္းဆိုတာပါ။ အခုလို ျမန္မာ့အေရး ကုလလူ႔အခြင့္အေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္ဟာ ျမန္မာႏိုင္ငံမပါဘဲ တဖက္သတ္ျဖစ္တဲ့အတြက္ လက္မခံႏိုင္ဘူးလို႔ ျမန္မာစစ္ေကာင္စီ ႏိုင္ငံျခားေရးဌာနက တုံ႔ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံအတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို စုံစမ္းစစ္ေဆးမႈလုပ္ႏိုင္ေရး ကုလလူ႔အခြင့္အေရးေကာင္စီရဲ႕ တိုက္တြန္း ေတာင္းဆိုခ်က္အေပၚ ျမန္မာ႐ိုဟင္ဂ်ာမ်ားအဖြဲ႕ ( UK) ရဲ႕ ဥကၠ႒ - လက္ရွိ ျမန္မာစစ္တပ္ကို အာဂ်င္တီးနားတရားစြဲဆိုမႈ ဦးေဆာင္သူ ဦးထြန္းခင္က အခုလိုသုံးသပ္ပါတယ္။

“လူ႔အခြင့္အေရးေကာင္စီရဲ႕ ဒီလိုဆုံးျဖတ္ခ်က္ခ်တဲ့အေပၚ ႀကိဳဆိုတယ္။ ဒါက တကယ့္ကို ျမန္မာႏိုင္ငံအတြက္ လိုအပ္ေနတဲ့ အဓိကအခ်က္ေပါ့ေနာ္။ ဒီစစ္အာဏာသိမ္းေကာင္စီက ႐ိုဟင္ဂ်ာအပါအဝင္ လူနည္းစုအားလုံးကို ရက္စက္မႈေပါင္းစုံနဲ႔ အခုေန႔စဥ္နဲ႔အမွ် ႏိုင္ငံသားႏိုင္ငံသားေတြကို သတ္ျဖတ္မႈေတြ က်ဴးလြန္ေနတယ္ ရာဇဝတ္မႈေတြ က်ဴးလြန္ေနတယ္။ အဲ့ဒီ့လို လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ႏိုင္ငံတကာက စုံစမ္းစစ္ေဆးေရးေကာ္မရွင္ဖြဲ႕ေပးဖို႔ အေရးတႀကီးလိုအပ္တယ္။ ဒီဘက္မွာ က်ေနာ္တို႔က EU, US, UK စတဲ့ ႏိုင္ငံေတြကို ေလာ္ဘီလုပ္ဖို႔ ႀကိဳးစားေနပါတယ္။ အဓိက ဒီႏိုင္ငံေတြဘက္ကလည္း Support လုပ္ဖို႔ အမ်ားႀကီးလိုအပ္တယ္။ ဒီအျဖစ္ေတြကို စစ္အာဏာသိမ္း ေကာင္စီကေတာ့ အကုန္လုံးကို ျငင္းပယ္မွာပဲေလ သူတို႔က ရာဇဝတ္မႈက်ဴးလြန္တာေတြကို အရင္ကလည္း ျငင္းပယ္တာပဲေလ။ အခုလည္း ျငင္းမွာပဲ ဒါေပမဲ့ ဒါကို ႐ိုဟင္ဂ်ာအပါအဝင္ လူနည္းစု Activistsေတြ ေနာက္ NUG ၾကားကာလအမ်ိဳးသားညီၫြတ္ေရးအစိုးရ အားလုံးေပါင္းၿပီး Unified Voice ဆိုတဲ့ တသံတည္းထြက္ၿပီး တြန္းအားေပးဖို႔ က်ေနာ္တို႔ေတြ လုပ္ေနပါတယ္။ ဒီရာဇဝတ္မႈက်ဴးလြန္ထားတဲ့ စစ္အုပ္စုကို ဖမ္းဝရမ္းေတြ ထုတ္ၿပီး အင္တာပိုလ္ကေနတဆင့္ ဖမ္းဝရမ္းေတြထုတ္ ဖမ္းဖို႔ အစီအစဥ္ေတြေတာ့ရွိတယ္။ အထူးသျဖင့္ UN Security Council ကုလသမဂၢ လုံၿခဳံေရးေကာင္စီကေန ICC ကို Refer လုပ္ဖို႔လည္း လိုအပ္တယ္။ အခုက ႐ိုဟင္ဂ်ာနဲ႔ပတ္သက္လို႔ ICC မွာလည္း အမႈရွိေနတယ္ ICJ မွာလည္း လူမ်ိဳးတုန္းသတ္ျဖတ္တဲ့အမႈေပါ့။ သူတို႔ အမႈေတြေတာ္ေတာ္မ်ားမ်ား ရင္ဆိုင္ေနရတယ္ ဒီလို Universal Jurisdiction လို႔ေခၚတဲ့ ဒီလိုအမႈေတြကို တျခားႏိုင္ငံေတြမွာလည္းဖြင့္ဖို႔ လိုအပ္တယ္။ အဲ့လိုဖြင့္မွ သူတို႔ ႏိုင္ငံတကာမွာ သြားဖို႔လာဖို႔ ပိုပိုၿပီး ပိတ္ပင္သြားမယ္ သူတို႔ ဘယ္သြားသြား ဖမ္းႏိုင္တဲ့အေနအထားမ်ိဳး က်ေနာ္တို႔ လုပ္ႏိုင္ဖို႔ လိုအပ္တယ္ အဲ့တာကို လုပ္ႏိုင္ဖို႔ကိုလည္း က်ေနာ္တို႔ ေမွ်ာ္လင့္္တယ္။"

႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုန္းသတ္ျဖတ္မႈအျဖစ္ အေမရိကန္ျပည္ေထာင္စုက တရားဝင္သတ္မွတ္မႈခံရေလာက္ေအာင္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ အႀကီးအက်ယ္ခံခဲ့ရတဲ့ သိန္းနဲ႔ခ်ီတဲ့ ႐ိုဟင္ဂ်ာမူဆလင္ေတြ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြထဲ ခိုလႈံေနထိုင္ေနရတာက ငါးႏွစ္ေက်ာ္လာၿပီ ျဖစ္ပါတယ္။ သူတို႔ေနရပ္ျပန္ေရးက ေမွ်ာ္လင့္ခ်က္မဲ့ေနခ်ိန္ အခုလို သူတို႔ေနရပ္ျပန္ေရးအစီအစဥ္ေတြ ျပန္စပါလို႔ ကုလလူ႔အခြင့္အေရးေကာင္စီရဲ႕ ျမန္မာႏိုင္ငံအေပၚ တိုက္တြန္းေတာင္းဆိုခ်က္အေပၚ ႐ိုဟင္ဂ်ာဒုကၡသည္ေတြက ႀကိဳဆိုပါတယ္။

ဒုကၡသည္စခန္းေတြထဲမွာ မေနခ်င္ေတာ့ဘူး ႐ိုဟင္ဂ်ာေတြ ေနရပ္အျမန္ဆုံးျပန္လိုပါၿပီ ေနရပ္ျပန္ေရးအစီအစဥ္ေတြကို စနစ္တက် စတင္ပါေတာ့လို႔ ေတာင္းဆိုလာသူကေတာ့-ဘဂၤလားေဒ့ရွ္ ေကာ့ဇ္ဘဇားခ႐ိုင္ထဲက ကုတုပေလာင္ဒုကၡသည္စခန္း အမွတ္ (၇) မွာ ခိုလႈံေနထိုင္သူ ႐ိုဟင္ဂ်ာဒုကၡသည္ ကိုေအာင္ၿမိဳင္ ျဖစ္ပါတယ္။

“က်ေနာ္တို႔ ျပန္ဖို႔ အဆင္သင့္ရွိပါတယ္။ အဆင့္သင့္ဆိုတာ က်ေနာ္တို႔ ေရာက္ကတည္းကစ ေနာက္ေန႔ကတည္းကကို ျပန္ဖို႔အဆင္သင့္ရွိတာပါ။ ဒါေပမဲ့ က်ေနာ္တို႔ကိုေခၚမယ့္သူ မရွိဘူး ျဖစ္ေနတယ္။ က်ေနာ္တို႔အတြက္ တာဝန္ယူမယ့္သူ မရွိဘူး ျဖစ္ေနတယ္။ ျမန္မာဘက္ကေန ဘဂၤလားေဒ့ရွ္ဘက္ကို လူဦးေရ (၈) သိန္းေက်ာ္ စာရင္းဇယားကို ငါးႏွစ္မွာ စိစစ္လုပ္ေဆာင္ေပးတာ က်ေနာ္တို႔ မေတြ႔ဘူး။ အနည္းဆုံးေတာ့ က်ေနာ္တို႔ကို ေခၚဖို႔ ဆႏၵရွိမယ္ဆိုရင္ အဲ့ဒီ့လူဦးေရ စာရင္းကို စိစစ္ရမွာ ဒီအခ်ိန္က။ အခုက ဒီလူဦးေရစာရင္းကိုေတာင္ စိစစ္မၿပီးႏိုင္ဘူးဆိုရင္ က်ေနာ္တို႔ကို သူတို႔ တကယ္တမ္း ေခၚမလား။ မေခၚဘူးလားဆိုတာကို က်ေနာ္တို႔ သံသယျဖစ္ေနတယ္။ ေလာေလာဆယ္ က်ေနာ္တို႔ ယုံၾကည္လို႔ မရဘူး။ က်ေနာ္တို႔က ျပန္ခ်င္တယ္ က်ေနာ္တို႔ကို တာဝန္ယူၿပီးေခၚမယ့္သူမရွိဘူးျဖစ္ေနတာ။ က်ေနာ္တို႔ ဂုဏ္သိကၡာရွိရွိ၊ ေဘးကင္းလုံၿခဳံစြာ ျပန္ႏိုင္ဖို႔ က်ေနာ္တို႔ေတြက အဆင္သင့္ရွိတယ္ က်ေနာ္တို႔ကို အျမန္ဆုံးေခၚပါလို႔ က်ေနာ္တို႔ရဲ႕ဆႏၵအတိုင္း ေတာင္းဆိုၿပီးၿပီ။ ဒါေပမဲ့ အခုအခ်ိန္အထိ က်ေနာ္တို႔ကို ေနရပ္ျပန္ေရးကိစၥ စတင္ဖို႔လုပ္တာ တာဝန္ယူဖို႔လုပ္တာ ဘယ္မွာမွ မေတြ႔ဘူး။ က်ေနာ္တို႔နဲ႔ ေတြ႕ဆုံတာလည္း မရွိဘူး။ ဘာမွ ညႇိႏွိႈင္းတာလည္း မရွိဘူး အခုအခ်ိန္အထိ။ က်ေနာ္တို႔ေတြနဲ႔မွ ညႇိႏွိႈင္းမႈ မရွိဘူးဆိုရင္ က်ေနာ္တို႔က ဘယ္လိုလုပ္ၿပီး ျပန္လို႔ရမွာတုန္း။ သူတို႔ညႇိႏႈိင္းမယ္ဆိုရင္ က်ေနာ္တို႔က အခုျပန္ဆို အခုျပန္မွာပါ။”

ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဇ္ဘဇားခ႐ိုင္ထဲက ဘာလုခါလီဒုကၡသည္စခန္း အမွတ္(၁၀) မွာ ခိုလႈံေနထိုင္သူ ဦးေစာျမင့္ကလည္း ေနရပ္ကို အျမန္ဆုံးျပန္ခ်င္ၾကၿပီး ေနရပ္ျပန္ေရာက္ခ်ိန္ လြတ္လပ္စြာ လႈပ္ရွားသြားလာခြင့္လို ႏိုင္ငံသားအခြင့္အေရး အျပည့္အဝရဖို႔ လိုလားတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြရဲ႕ သေဘာထားကို အခုလို ေျပာျပပါတယ္။

“က်ေနာ္တို႔ဘက္က သေဘာထားက ရွင္းရွင္းေလးပါ။ ဘာမွလည္း အထူးအေထြ ေတာင္းဆိုေနတာ မဟုတ္ပါဘူး။ က်ေနာ္တို႔ေတြ ေနရပ္ကို အေဆာတလ်င္ ျပန္ခ်င္တယ္။ လူတိုင္းျပန္ခ်င္တယ္။ ဒီဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းမွာ ေနၾကတဲ့သူတိုင္း ျပန္ခ်င္တယ္။ ႐ိုဟင္ဂ်ာဒုကၡသည္တိုင္း တေယာက္မက်န္ ျပန္ခ်င္တယ္။ ျမန္မာႏိုင္ငံအစိုးရဘက္က က်ေနာ္တို႔အတြက္ အျပဳသေဘာေဆာင္တဲ့ လုပ္ေဆာင္ခ်က္ေတြ လုပ္ေပးဖို႔ လိုလိမ့္မယ္ထင္တယ္။ နံပတ္တစ္အခ်က္ကေတာ့ ဒီ IDP ဒုကၡသည္စခန္းမွာ ေနလာရတာ ႏွစ္ေပါင္းမ်ားစြာ ၾကာလာၿပီျဖစ္တဲ့ ဒီလူေတြ ေနရပ္ရင္းျပန္ဖို႔ ကိစၥကို အျမန္ဆုံးေဆာင္႐ြက္ေပးရပါလိမ့္မယ္။ နံပတ္ႏွစ္အခ်က္ကေတာ့ က်ေနာ္တို႔ ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းထဲကို ေရာက္ေနၾကတဲ့သူေတြရဲ႕ အေျခခံလူ႔အခြင့္အေရး Basic Rights လြတ္လပ္စြာ သြားလာခြင့္၊ ႏိုင္ငံသားအခြင့္အေရးနဲ႔အညီ လြတ္လပ္စြာပညာသင္ၾကားခြင့္၊ ေနာက္ ေနရပ္ရင္းကိုျပန္ၾကတဲ့အခါ လူ႔အခြင့္အေရးနဲ႔အညီ အေျခခံမူ အခ်က္ေတြေတြ မူတည္ၿပီးေတာ့ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြ ႏိုင္ငံတကာအသိုက္အဝိုင္းက ခိုင္မာတဲ့အာမခံခ်က္ေပးမယ္ဆိုရင္ က်ေနာ္တို႔ အားလုံး တေယာက္မက်န္ ျမန္မာႏိုင္ငံကို အျမန္ဆုံးျပန္ၾကမယ့္သူေတြပါ။”

စစ္အာဏာသိမ္းခံထားရတဲ့ ျမန္မာႏိုင္ငံဘက္ကို ျပန္ရင္ေရာ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ ခိုင္မာတဲ့ လုံၿခဳံမႈေပးႏိုင္ပါ့မလားဆိုတာကိုလည္း ႐ိုဟင္ဂ်ာဒုကၡသည္ေတြကေတာ့ စိုးရိမ္ေနၾကဆဲ ျဖစ္ပါတယ္။

႐ိုဟင္ဂ်ာဆိုတဲ့အသုံးကို လက္ခံမထားတဲ့ ျမန္မာႏိုင္ငံဘက္ကေတာ့ ဘဂၤလားေဒ့ရွ္ဘက္ တိမ္းေရွာင္သြားတဲ့ ႐ိုဟင္ဂ်ာမူဆလင္ေတြကို ျပန္ၿပီးေတာ့ စိစစ္လက္ခံႏိုင္ေရး ကုလအပါအဝင္ ျမန္မာ-ဘဂၤလား ႏွစ္ႏိုင္ငံၾကား ညႇိႏွႈိင္း ေဆြးေႏြးေနတယ္လို႔ ဆိုထားပါတယ္။ လတ္တေလာမွာေတာ့ ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးသုဥ္း သတ္ျဖတ္တယ္ဆိုၿပီး ဂမ္ဘီယာႏိုင္ငံက စြဲဆိုတဲ့အမႈနဲ႔ပတ္သက္လို႔ ျမန္မာႏိုင္ငံရဲ႕ကန႔္ကြက္ခ်က္ကို အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICC) က ဇူလိုင္ ၂၂ ရက္ေန႔ မွာ အဆုံးအျဖတ္ေပးမွာျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္ရွင္။

==== Unicode ====

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအစီအစဉ်တွေစဖို့ ကုလလူ့အခွင့်အရေး ကောင်စီက မြန်မာနိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေပြီး ဒီချိုးဖောက်မှုတွေကို နိုင်ငံတကာအနေနဲ့ လွတ်လပ်ပွင့်လင်း တရားမျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ လူ့အခွင့်အရေးကောင်စီမှာ မဲခွဲစရာမလိုဘဲ တညီတညွတ်တည်း အတည်ပြုလိုက်တာပါ။ ဇူလိုင်လ (၇)ရက်နေ့က ဆုံးဖြတ်ခဲ့တဲ့ ကုလလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်အပေါ် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဘက်က တုန့်ပြန်ချက် သဘောထားအမြင်တွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ဇူလိုင်လ (၇) ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံအရေး မဲခွဲစရာမလိုဘဲ၊ တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုလိုက်တာပါ။ အဓိက ဆုံးဖြတ်ချက်တွေကတော့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိနဲ့ နေရပ်ပြန်နိုင်ရေး အစီအစဉ်တွေ စတင်ဖို့ မြန်မာနိုင်ငံကို တိုက်တွန်းလိုက်တာနဲ့ မြန်မာနိုင်ငံအတွင်း အထူးသဖြင့် ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစု တိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြင်းပြင်းထန်ထန် ဆက်လုပ်နေပြီး ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာအနေနဲ့ လွတ်လပ်တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ဖို့ တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့၊ လွတ်လပ်တဲ့ နိုင်ငံတကာအချက်အလက် ရှာဖွေရေးကော်မရှင်က တင်သွင်းတဲ့ အကြံပြုချက်တွေ အကောင်အထည်ဖော်တာနဲ့ ပတ်သက်ပြီး ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက စောင့်ကြည့်လေ့လာခွင့်ပေးဖို့ တောင်းဆိုတာပါ။ အခုလို မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမပါဘဲ တဖက်သတ်ဖြစ်တဲ့အတွက် လက်မခံနိုင်ဘူးလို့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာနက တုံ့ပြန်ထားပါတယ်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမှုလုပ်နိုင်ရေး ကုလလူ့အခွင့်အရေးကောင်စီရဲ့ တိုက်တွန်း တောင်းဆိုချက်အပေါ် မြန်မာရိုဟင်ဂျာများအဖွဲ့ ( UK) ရဲ့ ဥက္ကဋ္ဌ - လက်ရှိ မြန်မာစစ်တပ်ကို အာဂျင်တီးနားတရားစွဲဆိုမှု ဦးဆောင်သူ ဦးထွန်းခင်က အခုလိုသုံးသပ်ပါတယ်။

“လူ့အခွင့်အရေးကောင်စီရဲ့ ဒီလိုဆုံးဖြတ်ချက်ချတဲ့အပေါ် ကြိုဆိုတယ်။ ဒါက တကယ့်ကို မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ အဓိကအချက်ပေါ့နော်။ ဒီစစ်အာဏာသိမ်းကောင်စီက ရိုဟင်ဂျာအပါအဝင် လူနည်းစုအားလုံးကို ရက်စက်မှုပေါင်းစုံနဲ့ အခုနေ့စဉ်နဲ့အမျှ နိုင်ငံသားနိုင်ငံသားတွေကို သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ် ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်။ အဲ့ဒီ့လို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာက စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပေးဖို့ အရေးတကြီးလိုအပ်တယ်။ ဒီဘက်မှာ ကျနော်တို့က EU, US, UK စတဲ့ နိုင်ငံတွေကို လော်ဘီလုပ်ဖို့ ကြိုးစားနေပါတယ်။ အဓိက ဒီနိုင်ငံတွေဘက်ကလည်း Support လုပ်ဖို့ အများကြီးလိုအပ်တယ်။ ဒီအဖြစ်တွေကို စစ်အာဏာသိမ်း ကောင်စီကတော့ အကုန်လုံးကို ငြင်းပယ်မှာပဲလေ သူတို့က ရာဇဝတ်မှုကျူးလွန်တာတွေကို အရင်ကလည်း ငြင်းပယ်တာပဲလေ။ အခုလည်း ငြင်းမှာပဲ ဒါပေမဲ့ ဒါကို ရိုဟင်ဂျာအပါအဝင် လူနည်းစု Activistsတွေ နောက် NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ အားလုံးပေါင်းပြီး Unified Voice ဆိုတဲ့ တသံတည်းထွက်ပြီး တွန်းအားပေးဖို့ ကျနော်တို့တွေ လုပ်နေပါတယ်။ ဒီရာဇဝတ်မှုကျူးလွန်ထားတဲ့ စစ်အုပ်စုကို ဖမ်းဝရမ်းတွေ ထုတ်ပြီး အင်တာပိုလ်ကနေတဆင့် ဖမ်းဝရမ်းတွေထုတ် ဖမ်းဖို့ အစီအစဉ်တွေတော့ရှိတယ်။ အထူးသဖြင့် UN Security Council ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ICC ကို Refer လုပ်ဖို့လည်း လိုအပ်တယ်။ အခုက ရိုဟင်ဂျာနဲ့ပတ်သက်လို့ ICC မှာလည်း အမှုရှိနေတယ် ICJ မှာလည်း လူမျိုးတုန်းသတ်ဖြတ်တဲ့အမှုပေါ့။ သူတို့ အမှုတွေတော်တော်များများ ရင်ဆိုင်နေရတယ် ဒီလို Universal Jurisdiction လို့ခေါ်တဲ့ ဒီလိုအမှုတွေကို တခြားနိုင်ငံတွေမှာလည်းဖွင့်ဖို့ လိုအပ်တယ်။ အဲ့လိုဖွင့်မှ သူတို့ နိုင်ငံတကာမှာ သွားဖို့လာဖို့ ပိုပိုပြီး ပိတ်ပင်သွားမယ် သူတို့ ဘယ်သွားသွား ဖမ်းနိုင်တဲ့အနေအထားမျိုး ကျနော်တို့ လုပ်နိုင်ဖို့ လိုအပ်တယ် အဲ့တာကို လုပ်နိုင်ဖို့ကိုလည်း ကျနော်တို့ မျှော်လင့်တယ်။"

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် အမေရိကန်ပြည်ထောင်စုက တရားဝင်သတ်မှတ်မှုခံရလောက်အောင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ်ခံခဲ့ရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမူဆလင်တွေ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲ ခိုလှုံနေထိုင်နေရတာက ငါးနှစ်ကျော်လာပြီ ဖြစ်ပါတယ်။ သူတို့နေရပ်ပြန်ရေးက မျှော်လင့်ချက်မဲ့နေချိန် အခုလို သူတို့နေရပ်ပြန်ရေးအစီအစဉ်တွေ ပြန်စပါလို့ ကုလလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံအပေါ် တိုက်တွန်းတောင်းဆိုချက်အပေါ် ရိုဟင်ဂျာဒုက္ခသည်တွေက ကြိုဆိုပါတယ်။

ဒုက္ခသည်စခန်းတွေထဲမှာ မနေချင်တော့ဘူး ရိုဟင်ဂျာတွေ နေရပ်အမြန်ဆုံးပြန်လိုပါပြီ နေရပ်ပြန်ရေးအစီအစဉ်တွေကို စနစ်တကျ စတင်ပါတော့လို့ တောင်းဆိုလာသူကတော့-ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားခရိုင်ထဲက ကုတုပလောင်ဒုက္ခသည်စခန်း အမှတ် (၇) မှာ ခိုလှုံနေထိုင်သူ ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင် ဖြစ်ပါတယ်။

“ကျနော်တို့ ပြန်ဖို့ အဆင်သင့်ရှိပါတယ်။ အဆင့်သင့်ဆိုတာ ကျနော်တို့ ရောက်ကတည်းကစ နောက်နေ့ကတည်းကကို ပြန်ဖို့အဆင်သင့်ရှိတာပါ။ ဒါပေမဲ့ ကျနော်တို့ကိုခေါ်မယ့်သူ မရှိဘူး ဖြစ်နေတယ်။ ကျနော်တို့အတွက် တာဝန်ယူမယ့်သူ မရှိဘူး ဖြစ်နေတယ်။ မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို လူဦးရေ (၈) သိန်းကျော် စာရင်းဇယားကို ငါးနှစ်မှာ စိစစ်လုပ်ဆောင်ပေးတာ ကျနော်တို့ မတွေ့ဘူး။ အနည်းဆုံးတော့ ကျနော်တို့ကို ခေါ်ဖို့ ဆန္ဒရှိမယ်ဆိုရင် အဲ့ဒီ့လူဦးရေ စာရင်းကို စိစစ်ရမှာ ဒီအချိန်က။ အခုက ဒီလူဦးရေစာရင်းကိုတောင် စိစစ်မပြီးနိုင်ဘူးဆိုရင် ကျနော်တို့ကို သူတို့ တကယ်တမ်း ခေါ်မလား။ မခေါ်ဘူးလားဆိုတာကို ကျနော်တို့ သံသယဖြစ်နေတယ်။ လောလောဆယ် ကျနော်တို့ ယုံကြည်လို့ မရဘူး။ ကျနော်တို့က ပြန်ချင်တယ် ကျနော်တို့ကို တာဝန်ယူပြီးခေါ်မယ့်သူမရှိဘူးဖြစ်နေတာ။ ကျနော်တို့ ဂုဏ်သိက္ခာရှိရှိ၊ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ဖို့ ကျနော်တို့တွေက အဆင်သင့်ရှိတယ် ကျနော်တို့ကို အမြန်ဆုံးခေါ်ပါလို့ ကျနော်တို့ရဲ့ဆန္ဒအတိုင်း တောင်းဆိုပြီးပြီ။ ဒါပေမဲ့ အခုအချိန်အထိ ကျနော်တို့ကို နေရပ်ပြန်ရေးကိစ္စ စတင်ဖို့လုပ်တာ တာဝန်ယူဖို့လုပ်တာ ဘယ်မှာမှ မတွေ့ဘူး။ ကျနော်တို့နဲ့ တွေ့ဆုံတာလည်း မရှိဘူး။ ဘာမှ ညှိနှှိုင်းတာလည်း မရှိဘူး အခုအချိန်အထိ။ ကျနော်တို့တွေနဲ့မှ ညှိနှှိုင်းမှု မရှိဘူးဆိုရင် ကျနော်တို့က ဘယ်လိုလုပ်ပြီး ပြန်လို့ရမှာတုန်း။ သူတို့ညှိနှိုင်းမယ်ဆိုရင် ကျနော်တို့က အခုပြန်ဆို အခုပြန်မှာပါ။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ထဲက ဘာလုခါလီဒုက္ခသည်စခန်း အမှတ်(၁၀) မှာ ခိုလှုံနေထိုင်သူ ဦးစောမြင့်ကလည်း နေရပ်ကို အမြန်ဆုံးပြန်ချင်ကြပြီး နေရပ်ပြန်ရောက်ချိန် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်လို နိုင်ငံသားအခွင့်အရေး အပြည့်အဝရဖို့ လိုလားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ သဘောထားကို အခုလို ပြောပြပါတယ်။

“ကျနော်တို့ဘက်က သဘောထားက ရှင်းရှင်းလေးပါ။ ဘာမှလည်း အထူးအထွေ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ကျနော်တို့တွေ နေရပ်ကို အဆောတလျင် ပြန်ချင်တယ်။ လူတိုင်းပြန်ချင်တယ်။ ဒီဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ နေကြတဲ့သူတိုင်း ပြန်ချင်တယ်။ ရိုဟင်ဂျာဒုက္ခသည်တိုင်း တယောက်မကျန် ပြန်ချင်တယ်။ မြန်မာနိုင်ငံအစိုးရဘက်က ကျနော်တို့အတွက် အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ပေးဖို့ လိုလိမ့်မယ်ထင်တယ်။ နံပတ်တစ်အချက်ကတော့ ဒီ IDP ဒုက္ခသည်စခန်းမှာ နေလာရတာ နှစ်ပေါင်းများစွာ ကြာလာပြီဖြစ်တဲ့ ဒီလူတွေ နေရပ်ရင်းပြန်ဖို့ ကိစ္စကို အမြန်ဆုံးဆောင်ရွက်ပေးရပါလိမ့်မယ်။ နံပတ်နှစ်အချက်ကတော့ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းထဲကို ရောက်နေကြတဲ့သူတွေရဲ့ အခြေခံလူ့အခွင့်အရေး Basic Rights လွတ်လပ်စွာ သွားလာခွင့်၊ နိုင်ငံသားအခွင့်အရေးနဲ့အညီ လွတ်လပ်စွာပညာသင်ကြားခွင့်၊ နောက် နေရပ်ရင်းကိုပြန်ကြတဲ့အခါ လူ့အခွင့်အရေးနဲ့အညီ အခြေခံမူ အချက်တွေတွေ မူတည်ပြီးတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေ နိုင်ငံတကာအသိုက်အဝိုင်းက ခိုင်မာတဲ့အာမခံချက်ပေးမယ်ဆိုရင် ကျနော်တို့ အားလုံး တယောက်မကျန် မြန်မာနိုင်ငံကို အမြန်ဆုံးပြန်ကြမယ့်သူတွေပါ။”

စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံဘက်ကို ပြန်ရင်ရော ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ခိုင်မာတဲ့ လုံခြုံမှုပေးနိုင်ပါ့မလားဆိုတာကိုလည်း ရိုဟင်ဂျာဒုက္ခသည်တွေကတော့ စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ မြန်မာနိုင်ငံဘက်ကတော့ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာမူဆလင်တွေကို ပြန်ပြီးတော့ စိစစ်လက်ခံနိုင်ရေး ကုလအပါအဝင် မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံကြား ညှိနှှိုင်း ဆွေးနွေးနေတယ်လို့ ဆိုထားပါတယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက စွဲဆိုတဲ့အမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ကန့်ကွက်ချက်ကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICC) က ဇူလိုင် ၂၂ ရက်နေ့ မှာ အဆုံးအဖြတ်ပေးမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်ရှင်။

XS
SM
MD
LG