သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေတြအေပၚ ျမန္မာစစ္တပ္ရဲ႕ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈ ႏိုင္ငံတကာရဲ႕ ျပႆနာျဖစ္


ကမၻာ့ဒုကၡသည္မ်ားေန႔အထိမ္းအမွတ္အျဖစ္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြ စုေဝးဆႏၵျပေနပံု။ (ဓာတ္ပံု ကိုေအာင္ၿမိဳင္-ကုတုပေလာင္ဒုကၡသည္စခန္း အမွတ္ (၇))

႐ိုဟင္ဂ်ာေတြအေပၚ ျမန္မာစစ္တပ္ရဲ႕ လူမ်ိဳးသုဥ္း သတ္ျဖတ္မႈ အတြက္ တာဝန္ခံမႈ ရွိေရးဟာ ႏိုင္ငံတကာ နဲ႔ အာဆီယန္ ရဲ႕ ျပႆနာလည္း ျဖစ္တယ္လို႔ ဘဂၤလားေဒ့ရွ္ ဆိုင္ရာ အေမရိကန္ သံအမတ္ႀကီးက ေျပာၾကားလိုက္ပါတယ္။

ဗြီအိုေအဘဂၤလာဌာနနဲ႔ ဝါရွင္တန္ဒီစီမွာ လုပ္ခဲ့တဲ့ ေတြ႔ဆုံေမးျမန္းခန္းမွာ ဒါဟာ ႏိုင္ငံတကာကိစၥျဖစ္တယ္လို႔ သံအမတ္ႀကီးက ဇြန္လ (၂၄) ရက္ေန႔က အခုလို ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

“႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ႏိုင္မယ့္ အေျခအေန ဖန္တီးေရး၊ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈေတြအတြက္ တာဝန္ခံမႈရွိေရးကို ကုလသမဂၢနဲ႔တကြ ႏိုင္ငံတကာနဲ႔ အေမရိကန္က ေဆာင္႐ြက္ေနတဲ့ အခန္းက႑ရွိေၾကာင္း၊ ဒါဟာ အာဆီယန္ရဲ႕ အေရးကိစၥလည္း ျဖစ္ပါတယ္။” လို႔ သံအမတ္ႀကီးက ေျပာသြားခဲ့တာပါ။ ႐ိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္ခဲ့တဲ့ ျမန္မာစစ္တပ္ရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈေတြဟာ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈ ေျမာက္တယ္လို႔ အေမရိကန္ျပည္ေထာင္စုက သတ္မွတ္ခဲ့တဲ့အတိုင္း ႐ိုဟင္ဂ်ာေတြ ျမန္မာျပည္ ျပန္ႏိုင္ဖို႔အတြက္ အေမရိကန္နဲ႔ ဘဂၤလားေဒ့ရွ္က အတူတကြ လုပ္ႏိုင္ၾကမယ္လို႔ ထင္ျမင္ပါသလားဆိုတဲ့ ေမးခြန္းကို သံအမတ္ႀကီးက ေျဖၾကားခဲ့တာပါ။

ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔ဟာ ႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ႏိုင္တဲ့ အေျခအေန ျဖစ္ေပၚေရးအတြက္ တိတ္တိတ္ဆိတ္ဆိတ္ လုပ္ေဆာင္ေနၾကေၾကာင္းကိုလည္း သံအမတ္ႀကီးက ေျပာၾကားသြားပါတယ္။

ဇြန္လ ၁၉ ရက္ေန႔က ႐ိုဟင္ဂ်ာဒုကၡသည္စခန္း အႏွံ႔အျပားမွာ အိမ္ျပန္ေရး လႈပ္ရွားမႈအျဖစ္ ဒုကၡသည္ေတြက ေသာင္းခ်ီၿပီး တစ္ခ်ိန္တည္း ဆႏၵျပခဲ့ၾကပါတယ္။ အဲဒီ အရင္ တစ္ပတ္တုန္းကေတာ့ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အတြင္းဝန္မ်ားရဲ႕ အစည္းအေဝးကို က်င္းပၿပီး ႐ိုဟင္ဂ်ာမ်ား ေနရပ္ျပန္ႏိုင္ေရး လိုအပ္တဲ့ အေျခအေနေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။

===Unicode ===

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှု အတွက် တာဝန်ခံမှု ရှိရေးဟာ နိုင်ငံတကာ နဲ့ အာဆီယန် ရဲ့ ပြဿနာလည်း ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။

ဗွီအိုအေဘင်္ဂလာဌာနနဲ့ ဝါရှင်တန်ဒီစီမှာ လုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒါဟာ နိုင်ငံတကာကိစ္စဖြစ်တယ်လို့ သံအမတ်ကြီးက ဇွန်လ (၂၄) ရက်နေ့က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်မယ့် အခြေအနေ ဖန်တီးရေး၊ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေအတွက် တာဝန်ခံမှုရှိရေးကို ကုလသမဂ္ဂနဲ့တကွ နိုင်ငံတကာနဲ့ အမေရိကန်က ဆောင်ရွက်နေတဲ့ အခန်းကဏ္ဍရှိကြောင်း၊ ဒါဟာ အာဆီယန်ရဲ့ အရေးကိစ္စလည်း ဖြစ်ပါတယ်။” လို့ သံအမတ်ကြီးက ပြောသွားခဲ့တာပါ။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်တယ်လို့ အမေရိကန်ပြည်ထောင်စုက သတ်မှတ်ခဲ့တဲ့အတိုင်း ရိုဟင်ဂျာတွေ မြန်မာပြည် ပြန်နိုင်ဖို့အတွက် အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ်က အတူတကွ လုပ်နိုင်ကြမယ်လို့ ထင်မြင်ပါသလားဆိုတဲ့ မေးခွန်းကို သံအမတ်ကြီးက ဖြေကြားခဲ့တာပါ။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်တဲ့ အခြေအနေ ဖြစ်ပေါ်ရေးအတွက် တိတ်တိတ်ဆိတ်ဆိတ် လုပ်ဆောင်နေကြကြောင်းကိုလည်း သံအမတ်ကြီးက ပြောကြားသွားပါတယ်။

ဇွန်လ ၁၉ ရက်နေ့က ရိုဟင်ဂျာဒုက္ခသည်စခန်း အနှံ့အပြားမှာ အိမ်ပြန်ရေး လှုပ်ရှားမှုအဖြစ် ဒုက္ခသည်တွေက သောင်းချီပြီး တစ်ချိန်တည်း ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီ အရင် တစ်ပတ်တုန်းကတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်များရဲ့ အစည်းအဝေးကို ကျင်းပပြီး ရိုဟင်ဂျာများ နေရပ်ပြန်နိုင်ရေး လိုအပ်တဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG