သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးနှိမ်နင်းမှုတွေကြောင့် အိန္ဒိယရောက် ရိုဟင်ဂျာတွေစိုးရိမ်


(Zawgyi / Unicode)

အိန္ဒိယနိုင်ငံမြောက်ပိုင်း Jammu နဲ့ Kashmir ဒေသတွေမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဒါဇင်နဲ့ချီပြီး အဖမ်းခံခဲ့ရပြီး အဲဒီအထဲက ၂ ဦးကိုမြန်မာပြည်ပြန်ပို့ခဲ့တဲ့အတွက် ရိုဟင်ဂျာ ဒုက္ခသည်တွေအကြားမှာ စိုးရိမ်ကြောက်ရွံ့မှုတွေ ဖြစ်နေတယ်လို့ ဒုက္ခသည်အရေး ဆော င်ရွက်သူများကပြောဆိုပါတယ်။
ပြီးခဲ့တဲ့လထဲကလည်း ရိုဟင်ဂျာဒုက္ခသည် ၂,၀၀၀၊ ၃,၀၀၀လောက်ဟာ အဖမ်းခံရမှာနဲ့ မြန်မာပြည် ပြန်ပို့ခံရမှာကို စိုးရိမ်တဲ့အတွက် Jammu ကနေ ထွက်ပြေးခဲ့ကြတယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်တဲ့ အဖွဲ့တွေက ပြောပါတယ်။

တချို့ ဒုက္ခသည်တွေက ဘင်္ဂလားဒေ့ရှ်ကိုပြန်သွားကြသလို တချို့ကတော့ အိန္ဒိယရဲ့ အခြားနေရာတွေမှာ ပုန်းခိုနေကြတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂက ထုတ်ပေးထားတဲ့ ဒုက္ခသည်ကဒ်ရှိလည်း အဖမ်းခံရကြောင်းနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ မြန်မာပြည်ကို ပြန်ပို့မှာ အလွန်စိုးရိမ်ကြတယ်လို့ ဒုက္ခသည်တဦးဖြစ်တဲ့ Noor Mohammad က ဗွီအိုအေ ကိုပြောဆိုခဲ့ပါတယ်။

အိန္ဒိယကနေ ဘင်္ဂလားဒေ့ရှ်ကိုပြန်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်အရေအတွက် တိုးလာနေပြီး လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ ဒုက္ခသည် ၁,၀၀၀ လောက်ဟာ ဘင်္ဂလားဒေ့ရှ် Cox’s Bazar ဘက်ကို ပြန်လာကြတယ်လို့လည်း Noor Mohammad ကပြောဆိုခဲ့ပါတယ်။
အခုလို အိန္ဒိယဘက်က ဒုက္ခသည်တွေ ဝင်ရောက်လာတာ တိုးလာနေတဲ့အကြောင်းကို အိန္ဒိယကို အကြောင်းကြားခဲ့ကြောင်းနဲ့ အိန္ဒိယဘက် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခ သည်တွေကို အိန္ဒိယဘက်ကိုပြန်သွားခိုင်းဖို့ နယ်ခြားစောင့်တပ်တွေကို ညွှန်ကြားထား တယ်လို့ ဘင်္ဂလားေ ဒ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal က ပြောဆို ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အိန္ဒိယဘက်ကတော့ တစုံတရာ ပြောဆိုခြင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

(Unicode)





XS
SM
MD
LG