သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေလွစီးေျပး ႐ိုဟင္ဂ်ာ ၅ဝ ေက်ာ္ ထိုင္းေရလုပ္သားေတြ ကယ္တင္ 


ပင္လယ္ျပင္မွာေမ်ာပါေနတဲ့ ရိုဟင္ဂ်ာမ်ား (06-09-22)

Koh Bulone  ပင္လယ္ျပင္ထဲမွာ ေမ်ာပါေနတဲ့ ရုိဟင္ဂ်ာ ဆယ္ဦးကုိ ထုိင္းငါးဖမ္းေလွ လုပ္သားေတြက ေတြရွိတာေႀကာင့္ ကယ္ဆယ္ခဲ့ျပီး  ေနာက္ထပ္ အဲဒီပင္လယ္ျပင္နဲ႔ နီးတဲ့က်ြန္းတက်ြန္းေပၚမွာ ရိုဟင္ဂ်ာ ၄၁ဦးကို ထပ္ေတြ႔ခဲ႔ပါတယ္။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ ထားပါတယ္။

ေလွစီးေျပး ႐ိုဟင္ဂ်ာ ၅ဝ ေက်ာ္ ထိုင္းေရလုပ္သားေတြ ကယ္တင္

{{Zawgyi/Unicode}}

Koh Bulone ပင္လယ္ျပင္ထဲမွာ ေမ်ာပါေနတဲ့ ရုိဟင္ဂ်ာ ဆယ္ဦးကုိ ထုိင္းငါးဖမ္းေလွ လုပ္သားေတြက ေတြရွိတာေႀကာင့္ ကယ္ဆယ္ခဲ့ျပီး ေနာက္ထပ္ အဲဒီပင္လယ္ျပင္နဲ႔ နီးတဲ့က်ြန္းတက်ြန္းေပၚမွာ ရိုဟင္ဂ်ာ ၄၁ဦးကို ထပ္ေတြ႔ခဲ႔ပါတယ္။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ ထားပါတယ္။

ထိုင္းေတာင္ပိုင္း Satun ျပည္နယ္ထဲက ပင္လယ္ျပင္မွာ ေဖာ့တံုးေတြကို ေဖာင္လုပ္ျပီး ေရထဲေမ်ာေနတဲ့ ရိုဟင္ဂ်ာ ၁၀ ဦးကုိ ထုိင္းငါးဖမ္းေလွ က ကယ္ဆယ္ခဲ့တာပါ။ သူတိုေတြဟာ ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ကေနတဆင့္ ဘဂၤလားေဒရွ္နိုင္ငံကုိ ေရာက္ရွိလာခဲ့ျပီး အဲဒီကတဆင့္ အင္ဒိုနီးရွားႏိုင္ငံ ဘက္ကိုသြားဖို႔အတြက္ လာႀကတဲ့ ေလွစီးေျပး ဒုကၡသည္ေတြ ျဖစ္ႀကပါတယ္။

ရိုဟင္ဂ်ာေတြ ေတြ့ရွိခဲ့တာနဲ႔ ပတ္သက္လုိ႔ ထိုင္းေတာင္ပုိင္း အေျခစိုက္ ပညာေရးနဲ႔ ဖြံျဖိုးတုိးတက္ေရး ေဖာင္ေဒးရွင္း က အလုပ္သမားေရးရာတာ၀န္ခံ ဦးမင္းဦး က အခုလိုေျပာပါတယ္။

" စထြန္္အပိုင္မွာ ရိုဟင္ဂ်ာေတြကို ငါးဖမ္းသေဘၤာ က ေတြ႔ လို႔ကယ္ထုတ္ႏို္င္တာ ရိုဟင္ဂ်ာ ၁၀ ေယာက္က ေဖာ့တုံးေလးေတြ နဲ႔ ေဖာင္ေလးေတြ ျဖစ္သလို လုပ္ထားတဲ့ ဟာေလးေတြနဲ႔ ေဖာင္လိုဟာေလးေတြနဲ႔ ေတြ႔တာ။ ပင္လယ္ျပင္မွာ ေမ်ာေနတာေပါ့ ။ ငါးဖမ္းေလွက ေတြ႔ျပီး ကယ္ထုတ္တာ ၁၀ေယာက္ကို ေတြ႔ၿပီးေနာက္ ဆက္ရွာေတာ့ ေနာက္ထပ္ ၄၁ေယာက္ကို က်ြန္းမွာေတြ႔တယ္ ။ ထပ္ေတြ႔တယ္။ ေနာက္ထပ္ ၄၁ေယာက္က ကေလး၂ေယာက္ အပါအ၀င္ ေယာက္က်ားက ၃၁ေယာက္။ မိန္းမက ၈ေယာက္ ထပ္ျပီးေတြ႔တယ္။ အဲဒီ အုပ္စုနဲ႕ ပင္လယ္ထဲက ၁၀ေယာက္က အတူတူပဲလားဆိုတာ ထပ္ျပီ းစံုစမ္းစစ္ေဆးေနတယ္။ ေလာေလာဆယ္ေတာ့ ရိုဟင္ဂ်ာေတြကို ယာယီထိမ္းသိမ္းထားတ့ဲ စခန္းမွာပဲ သူတို့ကုိထားတယ္"

ရိုဟင္ဂ်ာေတြ ဟာ ေလွစီးေျပး ဒုကၡသည္ေတြအျဖစ္ လာရင္းနဲ႔ လမ္းခရီးမွာ ေလျပင္းမုန္တိုင္းက်တဲ့အတြက္ ပင္လယ္ထဲမွာ ေမ်ာပါခဲ့ရတာ ၄ရက္ေလာက္ရွိျပီ လုိ့လည္းဆိုပါတယ္။

စထြန္းျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး အာ႐ိုနီဆိုင္းယန္ ကေတာ့ သတင္းေထာက္ေတြကို အခုလို ေျပာသြားပါတယ္ ။

" သူတို့ေတြကို ရိုဟင္ဂ်ာေတြ ကို လိုအပ္တာေတြ အကူညီေပးေနပါတယ္ ။ အစားအေသာက္နဲ႔ ေဆး၀ါးေတြ က်န္းမာေရး ေစာင့္ေရွာက္မူေတြ လုပ္ေပးေနပါတယ္။ သူတို႔ေတြဟာ လူကုန္ကူးမူေတြ ပတ္သက္မူ႔ ရွိမရွိကို စစ္ေဆးရမွာပါ " ဆိုျပီး ထုိင္းဘာသာနဲ႔ ေျပာသြားခဲ့တာပါ ။

ပင္လယ္ျပင္မွာ ေတြ႔ရတဲ့ေလွစီးေျပး ဒုကၡသည္ ရိုဟင္ဂ်ာေတြေကာ၊ ပင္လယ္ျပင္းအနီးက်ြန္းမွာ ဖမ္းမိတဲ့ ရိုဟင္ဂ်ာေတြကိုပါ ေနာက္ထပ္စစ္ေဆးမူေတြ လုပ္သြားအုန္းမွာ ျဖစ္တယ္လုိ႔ ဆုိပါတယ္ ။ ျပီးခဲ့တဲ့ ဇြန္လက စထြန္ျပည္နယ္ထဲ က ေကာ့ေဒါင္က်ြန္း ကမ္းေျခမွာလည္း ရိုဟင္ဂ်ာ ၅၉ဦး ကို လည္း ဖမ္းမိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.........................................................

လှေစီးပြေး ရိုဟင်ဂျာ ၅ဝ ကျော် ထိုင်းရေလုပ်သားတွေ ကယ်တင်

{{Zawgyi/Unicode}}

Koh Bulone ပင်လယ်ပြင်ထဲမှာ မျောပါနေတဲ့ ရိုဟင်ဂျာ ဆယ်ဦးကို ထိုင်းငါးဖမ်းလှေ လုပ်သားတွေက တွေရှိတာကြောင့် ကယ်ဆယ်ခဲ့ပြီး နောက်ထပ် အဲဒီပင်လယ်ပြင်နဲ့ နီးတဲ့ကျွန်းတကျွန်းပေါ်မှာ ရိုဟင်ဂျာ ၄၁ဦးကို ထပ်တွေ့ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

ထိုင်းတောင်ပိုင်း Satun ပြည်နယ်ထဲက ပင်လယ်ပြင်မှာ ဖော့တုံးတွေကို ဖောင်လုပ်ပြီး ရေထဲမျောနေတဲ့ ရိုဟင်ဂျာ ၁၀ ဦးကို ထိုင်းငါးဖမ်းလှေ က ကယ်ဆယ်ခဲ့တာပါ။ သူတိုတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေတဆင့် ဘင်္ဂလားဒေရှ်နိုင်ငံကို ရောက်ရှိလာခဲ့ပြီး အဲဒီကတဆင့် အင်ဒိုနီးရှားနိုင်ငံ ဘက်ကိုသွားဖို့အတွက် လာကြတဲ့ လှေစီးပြေး ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။

ရိုဟင်ဂျာတွေ တွေ့ရှိခဲ့တာနဲ့ ပတ်သက်လို့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း က အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦး က အခုလိုပြောပါတယ်။

" စထွန်အပိုင်မှာ ရိုဟင်ဂျာတွေကို ငါးဖမ်းသင်္ဘော က တွေ့ လို့ကယ်ထုတ်နိုင်တာ ရိုဟင်ဂျာ ၁၀ ယောက်က ဖော့တုံးလေးတွေ နဲ့ ဖောင်လေးတွေ ဖြစ်သလို လုပ်ထားတဲ့ ဟာလေးတွေနဲ့ ဖောင်လိုဟာလေးတွေနဲ့ တွေ့တာ။ ပင်လယ်ပြင်မှာ မျောနေတာပေါ့ ။ ငါးဖမ်းလှေက တွေ့ပြီး ကယ်ထုတ်တာ ၁၀ယောက်ကို တွေ့ပြီးနောက် ဆက်ရှာတော့ နောက်ထပ် ၄၁ယောက်ကို ကျွန်းမှာတွေ့တယ် ။ ထပ်တွေ့တယ်။ နောက်ထပ် ၄၁ယောက်က ကလေး၂ယောက် အပါအဝင် ယောက်ကျားက ၃၁ယောက်။ မိန်းမက ၈ယောက် ထပ်ပြီးတွေ့တယ်။ အဲဒီ အုပ်စုနဲ့ ပင်လယ်ထဲက ၁၀ယောက်က အတူတူပဲလားဆိုတာ ထပ်ပြီ းစုံစမ်းစစ်ဆေးနေတယ်။ လောလောဆယ်တော့ ရိုဟင်ဂျာတွေကို ယာယီထိမ်းသိမ်းထားတဲ့ စခန်းမှာပဲ သူတို့ကိုထားတယ်"

ရိုဟင်ဂျာတွေ ဟာ လှေစီးပြေး ဒုက္ခသည်တွေအဖြစ် လာရင်းနဲ့ လမ်းခရီးမှာ လေပြင်းမုန်တိုင်းကျတဲ့အတွက် ပင်လယ်ထဲမှာ မျောပါခဲ့ရတာ ၄ရက်လောက်ရှိပြီ လို့လည်းဆိုပါတယ်။

စထွန်းပြည်နယ် အုပ်ချုပ်ရေးမှူး အာရိုနီဆိုင်းယန် ကတော့ သတင်းထောက်တွေကို အခုလို ပြောသွားပါတယ် ။

" သူတို့တွေကို ရိုဟင်ဂျာတွေ ကို လိုအပ်တာတွေ အကူညီပေးနေပါတယ် ။ အစားအသောက်နဲ့ ဆေးဝါးတွေ ကျန်းမာရေး စောင့်ရှောက်မူတွေ လုပ်ပေးနေပါတယ်။ သူတို့တွေဟာ လူကုန်ကူးမူတွေ ပတ်သက်မူ့ ရှိမရှိကို စစ်ဆေးရမှာပါ " ဆိုပြီး ထိုင်းဘာသာနဲ့ ပြောသွားခဲ့တာပါ ။

ပင်လယ်ပြင်မှာ တွေ့ရတဲ့လှေစီးပြေး ဒုက္ခသည် ရိုဟင်ဂျာတွေကော၊ ပင်လယ်ပြင်းအနီးကျွန်းမှာ ဖမ်းမိတဲ့ ရိုဟင်ဂျာတွေကိုပါ နောက်ထပ်စစ်ဆေးမူတွေ လုပ်သွားအုန်းမှာ ဖြစ်တယ်လို့ ဆိုပါတယ် ။ ပြီးခဲ့တဲ့ ဇွန်လက စထွန်ပြည်နယ်ထဲ က ကော့ဒေါင်ကျွန်း ကမ်းခြေမှာလည်း ရိုဟင်ဂျာ ၅၉ဦး ကို လည်း ဖမ်းမိခဲ့ပါတယ်။

XS
SM
MD
LG