သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး နိုင်ငံတကာအကူညီပေးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း


MALAYSIA-MYANMAR-PRISON-IMMIGRATION-ROHINGYA This handout taken and released by the Royal Malaysia Police on April 20, 2022 shows Rohingya refugees, who had escaped from Malaysian Immigration's temporary Sungai Bakap depot, detained on the side of a highw
MALAYSIA-MYANMAR-PRISON-IMMIGRATION-ROHINGYA This handout taken and released by the Royal Malaysia Police on April 20, 2022 shows Rohingya refugees, who had escaped from Malaysian Immigration's temporary Sungai Bakap depot, detained on the side of a highw

မြန်မာနိုင်ငံကိုပြန်ဖို့ ရုန်းကန်ကြိုးစားနေကြတဲ့ ရိုဟင်ဂျာတွေကို မလေးရှားက အားပေးထောက်ခံကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က မနေ့ညဘက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်း နိုင်ငံတွေကို ထွက်ပြေးခိုလှုံရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နိုင်ငံတကာအသိုင်းဝိုင်းက ပစ်မထားဖို့လည်း ပန်ကြားလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာတင် ရိုဟင်ဂျာဒုက္ခသည်က တသန်းကျော်လာနေပြီဖြစ်သလို မလေးမှာ ၁ သိန်းခွဲကျော်နဲ့ တခြားနိုင်ငံတွေမှာလည်း အများအပြား ရောက်နေပြီ ဖြစ်တဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာတွေဒုက္ခသည်တွေကို မေ့မထားသင့်ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ဒီဒုက္ခသည်တွေအပေါ် ကျူးလွန်ခဲ့သူတွေ ထိုက်သင့်တဲ့ အပြစ်ဒဏ်ခံရဖို့နဲ့ တရားမျှတမူပြန်ရရေး ဝိုင်းကူပေးကြတာအပြင်၊ မြန်မာနိုင်ငံသားအဖြစ်ကနေ ငြင်းပယ်ခံထားရတဲ့သူတွေ နိုင်ငံသားဖြစ်လာနိုင်ရေး ကြိုးပမ်းနေမူအတွက်လည်း ကူညီပေးသင့်ပါတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောပါတယ်။

အခုလို ကူညီရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းတခုလုံးက ပူးပေါင်းဆောင်ရွက်သင့်ကြောင်းနဲ့ ဒီကိစ္စဟာ မြန်မာ့အရေးအတွက် ပြဿနာကြီးအခု ဖြစ်နေတဲ့အတွက် အထူးသဖြင့် အာဆီယံအနေနဲ့ ပိုလုပ်ပေးသင့်တယ်လို့လည်း ဝန်ကြီး Saifuddin က ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ တရားဝင် လက်မခံတဲ့ မြန်မာစစ်ကောင်စီကတော့ သေသေချာချာ စိစစ်ပြီးမှ ပြန်လက်ခံမှာ ဖြစ်ကြောင်း ပြောကြားထားတာပါ။

===Unicode ===







XS
SM
MD
LG