သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာ ဒုကၡသည္အေရး တိုင္းျပည္ ‘၀န္ထုပ္၀န္ပိုး’ ျဖစ္ေန (ဘဂၤလားေဒ့ရွ္၀န္ႀကီးခ်ဳပ္)


(Zawgyi/ Unicode)

႐ိုဟင္ဂ်ာဒုကၡသည္အေရးဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြက္ ႀကီးမားတဲ့ ၀န္ထုပ္၀န္ပိုးတခု ျဖစ္ေနတာေၾကာင့္ ႏိုင္ငံတကာ အသိုင္းအဝိုင္းက ကူညီေျဖရွင္းၾကဖို႔ ဘဂၤလားေဒ့ရွ္၀န္ႀကီးခ်ဳပ္ တိုက္တြန္းလိုက္ပါတယ္။

“႐ိုဟင္ဂ်ာျပႆနာဟာ ဘဂၤလားေဒ့ရွ္အတြက္ႀကီးမားတဲ့၀န္ထုပ္၀န္ပိုးတခုျဖစ္ေနပါတယ္။ ႏိုင္ငံႀကီး တခုျဖစ္တဲ့ အိႏၵိယက လက္ခံထားလို႔ ရေပမဲ့ သိပ္မ်ားမ်ားစားစား မရွိပါဘူး။ ဘဂၤလားေဒ့ရွ္မွာေတာ့ ႐ိုဟင္ဂ်ာ ၁ ဒသမ ၁ သန္းေက်ာ္ရွိေနပါတယ္။ ဒါေၾကာင့္ ႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ႏိုင္မယ့္ အစီအစဥ္ေတြ လုပ္ၾကဖို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းနဲ႔ေရာ၊ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ပါ တိုင္ပင္ေဆြးေႏြး ေနရတယ္။” လို႔ ANI သတင္းဌာနနဲ ႔ေတြ႕ဆုံေမးျမန္းစဥ္ ၀န္ႀကီးခ်ဳပ္ Sheikh Hasina ကေျပာဆိုသြားတာပါ။

၂၀၁၇ ခုႏွစ္က ရခိုင္ျပည္နယ္အတြင္း ပဋိပကၡေတြျဖစ္ခဲ့ၿပီး စစ္တပ္က နယ္ေျမရွင္းလင္းမႈ လုပ္စဥ္ သိန္းနဲ႔ခ်ီတဲ့ ႐ိုဟင္ဂ်ာ ေတြထြက္ေျပးသြားခဲ့ပါတယ္။ ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အသိုင္းအဝိုင္းက လူမ်ိဳးတုန္း ေစတဲ့ ရည္ရြယ္ခ်က္နဲ႔ လုပ္ေဆာင္တ ယ္လို႔ ေျပာဆိုခဲ့ေပမယ့္၊ ျမန္မာဘက္ကေတာ့ျငင္းဆိုခဲ့ၿပီး၊ ရဲစခန္းေတြကို အၾကမ္းဖက္ တိုက္ခဲ့တဲ့အတြက္ တရား၀င္လုပ္ ေဆာင္တဲ့ နယ္ေျမရွင္းလင္းမႈ တခုလို႔ ေျပာဆိုထားပါတယ္။ ဒီကိစၥတြက္ ICJ ႏိုင္ငံတကာခုံ႐ုံးမွာ လူမ်ိဳးတုန္းေအာင္လုပ္ ေဆာင္မႈစဲြခ်က္နဲ႔ ျမန္မာႏိုင္ငံကို တရားစဲြဆိုထားပါတယ္။

႐ိုဟင္ဂ်ာ ဒုကၡသည္ျပႆနာဟာ ၀န္ထုပ္၀န္ပိ္ုးအျဖစ္ ဘဂၤလားေဒ့ရွ္ ၀န္ႀကီးခ်ဳပ္က ေျပာဆိုလိုက္တဲ့ တခ်ိန္တည္းမွာပဲ တိုင္းျပည္စီးပြားေရးဟာ ခိုင္မာအားေကာင္းေနၿပီး သီရိလကၤာႏိုင္ငံလို အက်ပ္အတည္းမ်ဳိး ၾကံဳရမွာ မဟုတ္ေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။

ဘဂၤလားေဒ့ရွ္ ႏိုင္ငံရဲ႕စီးပြားေရးဟာ အေမရိကန္ေဒၚလာ ၄၁၆ ဘီလီယံဘိုးရွိၿပီး ကမာၻေပၚမွာ စီးပြားေရးအလ်င္အျမန္ တိုးတက္ေနတဲ့ႏိုင္ငံေတြထဲမွာ တခုအပါအ၀င္ျဖစ္ပါတယ္။ ကိုဗစ္ကပ္ေရာဂါနဲ႔ ႐ုရွားယူကရိန္းစစ္ပဲြေၾကာင့္ ထိခိုက္မႈေတြ ရွိေနေပမဲ့၊ စီးပြားေရး အက်ပ္အတည္းနဲ႔ ရင္ဆိုင္ရတဲ့ အေျခအေနမ်ဳိးအထိ မျဖစ္ႏိုင္ဘူးလို႔လည္း ဘဂၤလားေဒ့ရွ္ ၀န္ႀကီးခ်ဳပ္က ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရိုဟင်ဂျာ ဒုက္ခသည်အရေး တိုင်းပြည် ‘ဝန်ထုပ်ဝန်ပိုး’ ဖြစ်နေ (ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်)

ရိုဟင်ဂျာဒုက္ခသည်အရေးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတခု ဖြစ်နေတာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီဖြေရှင်းကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တိုက်တွန်းလိုက်ပါတယ်။

“ရိုဟင်ဂျာပြဿနာဟာ ဘင်္ဂလားဒေ့ရှ်အတွက်ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးတခုဖြစ်နေပါတယ်။နိုင်ငံကြီးတခုဖြစ်တဲ့ အိန္ဒိယက လက်ခံထားလို့ ရပေမဲ့ သိပ်များများစားစား မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်မှာတော့ ရိုဟင်ဂျာ ၁ ဒသမ ၁ သန်းကျော်ရှိနေပါတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်မယ့် အစီအစဉ်တွေ လုပ်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ရော၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ တိုင်ပင်ဆွေးနွေး နေရတယ်။” လို့ ANI သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းစဉ် ဝန်ကြီးချုပ် Sheikh Hasina ကပြောဆိုသွားတာပါ။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေဖြစ်ခဲ့ပြီး စစ်တပ်က နယ်မြေရှင်းလင်းမှု လုပ်စဉ် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ တွေထွက်ပြေးသွားခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက လူမျိုးတုန်း စေတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တ ယ်လို့ ပြောဆိုခဲ့ပေမယ့်၊ န်မာဘက်ကတော့ငြင်းဆိုခဲ့ပြီး၊ ရဲစခန်းတွေကို အကြမ်းဖက် တိုက်ခဲ့တဲ့အတွက် တရားဝင်လုပ် ဆောင်တဲ့ နယ်မြေရှင်းလင်းမှု တခုလို့ ပြောဆိုထားပါတယ်။ ဒီကိစ္စတွက် ICJ နိုင်ငံတကာခုံရုံးမှာ လူမျိုးတုန်းအောင်လုပ် ဆောင်မှုစွဲချက်နဲ့ မြန်မာနိုင်ငံကို တရားစွဲဆိုထားပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာဟာ ဝန်ထုပ်ဝန်ပိုးအဖြစ် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ပြောဆိုလိုက်တဲ့ တချိန်တည်းမှာပဲ တိုင်းပြည်စီးပွားရေးဟာ ခိုင်မာအားကောင်းနေပြီး သီရိလင်္ကာနိုင်ငံလို အကျပ်အတည်းမျိုး ကြုံရမှာ မဟုတ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့စီးပွားရေးဟာ အမေရိကန်ဒေါ်လာ ၄၁၆ ဘီလီယံဘိုးရှိပြီး ကမ္ဘာပေါ်မှာ စီးပွားရေးအလျင်အမြန် တိုးတက်နေတဲ့နိုင်ငံတွေထဲမှာ တခုအပါအဝင်ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ ရုရှားယူကရိန်းစစ်ပွဲကြောင့် ထိခိုက်မှုတွေ ရှိနေပေမဲ့၊ စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့ အခြေအနေမျိုးအထိ မဖြစ်နိုင်ဘူးလို့လည်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG