သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာတို႔ရဲ႕ “အိမ္ျပန္ၾကဖို႔ ေမွ်ာ္လင့္ခ်က္” လႈပ္ရွားမႈ


ရိုဟင္ဂ်ာဒုကၡသည္မ်ား “အိမ္ျပန္ၾကဖို႔ ေမွ်ာ္လင့္ခ်က္” လႈပ္ရွားမႈ ဆႏၵျပေတာင္းဆိုမႈ ဓါတ္ပံု - ကိုေအာင္ၿမိဳင္ (ရိုဟင္ဂ်ာဒုကၡသည္)

သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာေတြ ျမန္မာႏိုင္ငံကေန တိမ္းေရွာင္ထြက္ေျပးခဲ့ၾကရတာ ငါးႏွစ္တင္းတင္းျပည့္တဲ့ေန႔မွာ “Hope is Home” “အိမ္ျပန္ၾကဖို႔ ေမွ်ာ္လင့္ခ်က္” ဆိုတဲ့ ေခါင္းစဥ္နဲ႔ ေနရပ္ျပန္ေရး ႐ိုဟင္ဂ်ာဒုကၡသည္စခန္းအသီးသီးမွာ စုေဝးဆႏၵျပေတာင္းဆိုခဲ့ၾကပါတယ္။ စိန္ေခၚမႈအခက္ခဲမ်ိဳးစုံနဲ႔ ငါးႏွစ္ၾကာ ပိတ္ပင္ကန႔္သတ္ခံထားရတဲ့ ဒီဒုကၡသည္စခန္းေတြထဲ ေနရတဲ့ဘဝက တကယ့္ငရဲပါပဲ အိမ္ကိုပဲ ျပန္ခ်င္ပါတယ္လို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြက ေတာင္းဆိုေပမဲ့ စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံဘက္ ျပန္ခြင့္ရခဲ့ရင္ေရာ သူတို႔ေမွ်ာ္လင့္ထားသေလာက္ ေရရာတဲ့အနာဂတ္ လုံၿခဳံစိတ္ခ်မႈ ေပးစြမ္းႏိုင္တဲ့ အာမခံခ်က္ေတြ ရႏိုင္ပါ့မလား၊ ဒီသီတင္းပတ္ထဲမွာပဲ ဘဂၤလားေဒ့ရွ္ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြဆီ သြားေလ့လာခဲ့တဲ့ ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီးနဲ႔ ကုလအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ရဲ ႔ ခရီးစဥ္ေတြကေန သူတို႔ ဘာေတြေမွ်ာ္လင့္ပါသလဲ။ ေကာ့ဇ္ဘဇားေဒသက ႐ိုဟင္ဂ်ာဒုကၡသည္စခန္းအသီးသီးမွာ ခိုလႈံေနထိုင္တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ဗြီအိုေအျမန္မာပိုင္းက မဆုမြန္ ေမးျမန္းစုစည္းတင္ျပထားပါတယ္။

၂၀၂၂ ခုႏွစ္ ၾသဂုတ္လ ၂၅ရက္ေန႔မွာ ႐ိုဟင္ဂ်ာေတြ ျမန္မာႏိုင္ငံကေန ထက္ေျပးလာၾကရတဲ့ ငါးႏွစ္တင္းတင္းျပည့္တဲ့ေန႔ ေအာက္ေမ့ဘြယ္အထိမ္းအမွတ္ေန႔အျဖစ္နဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဇ္ဘဇားခ႐ိုင္ထဲက ႐ိုဟင္ဂ်ာဒုကၡသည္စခန္း အသီးသီးက ႐ိုဟင္ဂ်ာဒုကၡသည္ သိန္းနဲ႔ခ်ီ စုေဝးၿပီး၊ ဆႏၵျပေတာင္းဆိုခဲ့ၾကပါတယ္။

ငါးႏွစ္ျပည္ေအာက္ေမ့ဖြယ္ေန႔မွာ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ အဓိကစုေဝးဆႏၵျပခဲ့ရတဲ့ ရည္႐ြယ္ခ်က္နဲ ႔ေတာင္းဆိုခ်က္ေတြကို ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဇ္ဘဇားခ႐ိုင္ ဘာလုခါလီဒုကၡသည္စခန္း အမွတ္(၁) စခန္း (၉) မွာ ခိုလႈွံေနထိုင္တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ဦးေက်ာ္ျမင့္ (ေခၚ) ဦးအီစလံက ေျပာျပပါတယ္။

“ငါးႏွစ္ျပည့္ေျမာက္ Rohingya Genocide Remembrance Day အခမ္းအနားကို ေကာ့ဇ္ဘဇားမွာရွိတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေပါင္း (၁၅) ခုေလာက္မွာ လူေပါင္းေသာင္းသိန္းခ်ီၿပီး စုေဝးက်င္းပခဲ့ၾကပါတယ္။ အခုလို Genocide Remembrance Day က်င္းပျပဳလုပ္ရျခင္း အေၾကာင္းအခ်က္ႏွစ္ခ်က္ထဲ ပထမတခ်က္ကေတာ့ International Court of Justice ICJ ကေန တရားမွ်တမႈကို အျမန္ဆုံးရရွိေစဖို႔ ရည္႐ြယ္လုပ္ေဆာင္ျခင္းျဖစ္တယ္။ ေနာက္တခ်က္ကေတာ့ ေဘးကင္းလုံၿခဳံစြာ ဂုဏ္သိကၡာရွိရွိ အျမန္ဆုံး အမိေျမ ျမန္မာႏိုင္ငံသို႔ ျပန္ႏိုင္ေရး လုပ္ငန္းစဥ္ ျဖစ္ေပၚလာႏိုင္ဖို႔အတြက္ လုပ္ေဆာင္ျခင္း ျဖစ္ပါတယ္ခင္ဗ်။”

႐ိုဟင္ဂ်ာတို႔ ႀကဳံေတြ႔ခံစားခဲ့ရတဲ့ ဆုံးရွႈံးနစ္နာခဲ့ရတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈ အျဖစ္အပ်က္ေတြဟာ ငါးႏွစ္ၾကာလာေပမဲ့ လြယ္လြယ္ကူကူနဲ႔ ေမ့ေပ်ာက္လို႔ မရႏိုင္သလို၊ နစ္နာသူတို႔အေပၚ တရားမွ်တမႈကို ေဆာင္က်ဥ္းေပးေစလိုပါတယ္လို႔လည္း ေကာ့ဇ္ဘဇားခ႐ိုင္ ကုတုပေလာင္ဒုကၡသည္စခန္းအမွတ္ (၇) မွာ ခိုလႈံေနထိုင္တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ကိုေအာင္ၿမိဳင္က ဆိုပါတယ္။

“ဒီေန႔က ငါးႏွစ္ေျမာက္ ႐ိုဟင္ဂ်ာလူမ်ိဳးတုန္း သတ္ျဖတ္ခံရမႈ ေအာက္ေမ့ဖြယ္ေန႔။ က်ေနာ္တို႔ ဒီေန႔မွာ ဘယ္ေလာက့္အထိ ခံခဲ့ရတယ္ဆိုတာ ကမာၻေပၚမွာ ဥပမာ ေဖာ္ျပဖို႔ေတာင္ မလြယ္ဘူး။ ဥပမာ ေပးဖို႔ေတာင္ မရွိဘူး ျဖစ္ေနတယ္။ က်ေနာ္တို႔ေတြ အဲ့ဒီ့ေလာက္အထိကို ခံစားခဲ့ရပါတယ္။ ၿပီးေတာ့ က်ေနာ္တို႔ ဒီဒုကၡသည္ဘဝကို ထပ္မလိုခ်င္ပဲ မိမိတို႔ မူလဌာေန ျမန္မာႏိုင္ငံရွိ မူရင္းေနရာသို႔ လူ႔ဂုဏ္သိကၡာရွိရွိ ေဘးကင္းလုံၿခဳံစြာျပန္ႏိုင္ေရးအတြက္ ကမာၻ႔အသိုင္းအဝိုင္းေရာ ျမန္မာ့အသိုင္းအဝိုင္းေရာ တာဝန္ယူ တာဝန္ခံဖို႔ က်ေနာ္တို႔ တိုက္တြန္းလိုပါတယ္။”

ကုတုပေလာင္ဒုကၡသည္စခန္း အမွတ္ (၅) မွာ ခိုလႈံေနထိုင္တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ဦးေမာင္ေမာင္ကလည္း လြန္ခဲ့တဲ့ ငါးႏွစ္တာကာလ အသက္ဆုံးရွႈံးခဲ့ရသူတို႔အတြက္ က်န္ရစ္သူေတြက ေအာက္ေမ့ဖြယ္ဆုေတာင္းေပးခဲ့ၾကသလို ေနရပ္ရင္းကိုလည္း ေဘးကင္းကင္းနဲ႔ ျပန္လိုေၾကာင္း ေျပာပါတယ္။

“ၾသဂုတ္လ ၂၅ ရက္ေန႔ ေအာက္ေမ့ဖြယ္ေန႔မွာ အသက္ဆုံးသြားၾကတဲ့ ႐ိုဟင္ဂ်ာညီအကိုေမာင္ႏွမမ်ားအတြက္ ဆုေတာင္းပြဲေတြ လုပ္တယ္။ အဲ့ဒီ့မွာ က်ေနာ္တို႔ အျမန္ဆုံးျပန္ႏိုင္ဖို႔ ကမာၻကသိေအာင္ က်ေနာ္တို႔ ပိုစတာေတြမွာ ေရးၿပီးေျပာျပတယ္။ က်ေနာ္တို႔ ေတာင္းဆိုခ်က္ေတြထဲမွာလည္းပါတယ္။ တည္ၿငိမ္မႈ အာမခံမႈရေအာင္ က်ေနာ္တို႔ ေတာင္းဆိုတယ္။ က်ေနာ္တို႔အတြက္ လုံၿခဳံေရး Security ေနာက္ Citizenship ႏိုင္ငံသားေတာင္းဆို ထားတာလည္း ရွိပါတယ္။ က်ေနာ္တို႔ က်န္ခဲ့တဲ့ ဥစၥာပစၥည္း ပိုင္ဆိုင္ခြင့္ေတြအတြက္ကိုလည္း ျမန္မာအစိုးရဆီက ေတာင္းဆိုထားတာ ရွိပါတယ္။ ဒါေပမဲ့ ဒီမွာ ရွိတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြနဲ႔ ျမန္မာအစိုးရကိုယ္စားလွယ္ေတြ အခုအာဏာသိမ္းၿပီးေနာက္ပိုင္း တဦးတေယာက္မွ ႐ိုဟင္ဂ်ာေတြနဲ႔ ေတြ႔ဆုံတာ ေဆြးေႏြးတာ မရွိပါဘူး။ Joint Committee အေနနဲ႔ က်ေနာ္တို႔နဲ႔ လာေဆြးေႏြးမယ္ စာရင္းေတြဘာေတြ ေကာက္မယ္ ဆိုရင္ က်ေနာ္တို႔ ေနရပ္ျပန္ေရး Repatriation က လြယ္ကူသြားႏိုင္ပါမယ္။”

လြန္ခဲ့တဲ့ ငါးႏွစ္၂၀၁၇ ခုႏွစ္ ၾသဂုတ္လကုန္ပိုင္း ျမန္မာႏိုင္ငံေျမာက္ပိုင္း ရခိုင္မွာျဖစ္ခဲ့တဲ့ ARSA အဖြဲ႔ရဲ႕ အၾကမ္းဖက္တိုက္ခိုက္မႈေတြ ေနာက္ပိုင္း လူမ်ိဳးေရး၊ ဘာသာေရး အသြင္ေဆာင္ ပဋိပကၡေတြရဲ႕ ေနာက္ပိုင္း စစ္တပ္နဲ႔ နယ္ျခားေစာင့္တပ္ေတြရဲ႕ နယ္ေျမရွင္းလင္းမႈေတြအတြင္း အသက္ေဘးက စိုးရိမ္ရလို႔ ေဒသခံ ရခိုင္ျပည္သူေတြေရာ မြတ္စလင္ေတြပါ ေဘးလြတ္ရာကို အိုးအိမ္စြန႔္ခြာ ထြက္ေျပးခဲ့ၾကရၿပီး အဲဒီထဲက ႐ိုဟင္ဂ်ာမြတ္စလင္ ၇ သိန္းေက်ာ္ဟာ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ဘက္ကို တိမ္းေရွာင္ထြက္ေျပးသြားၾကတာပါ။ အဲဒီ ဘဂၤလားေဒ့ရွ္ စခန္းေတြထဲမွာ ေနထိုင္ခိုလႈံခဲ့ၾကရတာ ငါးႏွစ္ေက်ာ္လာၿပီ ျဖစ္ေပမယ့္လို႔ သူတို႔ေနရပ္ရင္းျပန္ဖို႔က မေရမရာ အနာဂတ္ကလည္း မေသမခ်ာ ျဖစ္ေနဆဲပါ။

ေနရပ္ျပန္လိုၾကတဲ့ ႐ိုဟင္ဂ်ာတို႔အေရး ႏိုင္ငံတကာအေနနဲ႔ မေမ့ထားပဲ ပိုၿပီးေတာ့မွ ကူညီေပးၾကဖို႔ ကုလသမဂၢရဲ႕ လူ႔အခြင့္ေရးဆိုင္ရာ မဟာမင္းႀကီးတဦးအေနနဲ႔ ပထမဆုံး ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြဆီ ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ သြားေရာက္ခဲ့တဲ့ ကုလသမဂၢ လူ႔အခြင့္ေရးဆိုင္ရာမဟာမင္းႀကီး Michelle Bachelet ကလည္း တိုက္တြန္းပါတယ္။

“႐ိုဟင္ဂ်ာေတြအားလုံးလို႔ပဲ ေျပာရပါလိမ့္မယ္။ သူတို႔အားလုံး ေနရပ္ျပန္ခ်င္ၾကပါတယ္။ ဒါေပမယ့္ သူတို႔ကို ျမန္မာႏိုင္ငံသားပါလို႔ ခိုင္မာတဲ့အသိအမွတ္ျပဳမႈ အေထာက္အထားရမွ၊ သူတို႔ရဲ႕အခြင့္အေရးေတြကို ေလးစားသမႈရွိမွ၊ အရင္ကလို ေန႔စဥ္ အသက္ေမြးဝမ္းေက်ာင္း လုပ္ကိုင္ခဲ့တာေတြကို ျပန္လည္ရရွိမွ၊ သူတို႔ပိုင္ဆိုင္ခဲ့တဲ့ လယ္ယာေျမေတြကို ျပန္ရမွ သူတို႔ျပန္ၾကမွာပါ။ .ကုလသမဂၢဘက္ကေတာ့ ဘယ္လို အေကာင္းဆုံးေထာက္ပံ့ေပးႏိုင္မလဲဆိုတာကို လုပ္ေဆာင္ေပးေနပါတယ္။ က်မတို႔ဆက္ၿပီးေတာ့ လုပ္ေဆာင္သြားမွာပါ။ ဒါေပမဲ့ ေၾကကြဲစိတ္မေကာင္းစရာ ျပႆနာရဲ႕ အရင္းအျမစ္ကို က်မတို႔ ေျဖရွင္းရပါလိမ့္မယ္။ သူတို႔အားလုံး လုံၿခဳံေဘးကင္းၿပီးေတာ့ သူတို႔သေဘာနဲ႔သူတို႔ ျမန္မာႏိုင္ငံကို ျပန္သြားႏိုင္တာေသခ်ာဖို႔ လုပ္ေဆာင္ရပါလိမ့္မယ္။”

အခုလို ကုလသမဂၢကေရာ ႏိုင္ငံတကာကပါ စိုးရိမ္မကင္းျဖစ္ေနတဲ့ ဒီလိုသိန္းခ်ီတဲ့ ဒုကၡသည္ေတြရဲ႕ အနာဂတ္ အထူးသျဖင့္ လူမမည္ကေလးငယ္ေလးေတြနဲ႔ လူငယ္ေလးေတြရဲ႕ အနာဂတ္ ေမွ်ာ္လင့္ခ်က္ေတြ ေပ်ာက္ေနၿပီး ဘာမွ ေရရာမႈမရွိ ေမွးမွိန္ေနဆဲမို႔ အိမ္ျပန္ခ်င္ၿပီလို႔ ေျပာလာသူကေတာ့ ကုတုပေလာင္ ဒုကၡသည္စခန္း အမွတ္ (၇) က ကိုေအာင္ၿမိဳင္ပါ။

“က်ေနာ္တို႔ ဒုကၡသည္ဘဝက လုံေလာက္ပါၿပီ။ ငါးႏွစ္ထက္ ပိုၿပီးေတာ့ ဒုကၡသည္ဘဝကို မလိုခ်င္ေတာ့ဘူး။ လူ႔ဂုဏ္သိကၡာရွိရွိ ေဘးကင္းလုံၿခဳံစြာ အျမန္ဆုံးေနရပ္ရင္း မူရင္းေနရာ ျမန္မာႏိုင္ငံသို႔ က်ေနာ္တို႔ျပန္လိုပါတယ္။ ကမာၻ႔ကုလသမဂၢအေနနဲ႔ က်ေနာ္တို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို လူ႔ဂုဏ္သိကၡာရွိရွိ မူရင္းျမန္မာႏိုင္ငံသို႔ အျမန္ဆုံးျပန္ႏိုင္ေရးအတြက္ အမွန္တကယ္ထိေရာက္မႈရွိတဲ့ လုပ္ေဆာင္ခ်က္ေတြနဲ႔ လုပ္ငန္းေတြကို ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ႏိုင္ေအာင္ လက္ရွိ UN ရဲ႕ အားနည္းခ်က္ေတြကို အားသာခ်က္အျဖစ္ ေျပာင္းလဲလာေအာင္ ေဆာင္႐ြက္ေစခ်င္ပါတယ္။ ပုံစံအသစ္နဲ႔ က်ေနာ္တို႔ ျမန္မာ့အေရးေရာ ႐ိုဟင္ဂ်ာအေရးေရာ စနစ္တက် ေအာင္ျမင္လာေအာင္ UN အေနနဲ႔ ေဆာင္႐ြက္ေပးေစလိုပါတယ္လို႔ က်ေနာ္တို႔မွာ ေမွ်ာ္လင့္ေနပါတယ္။”

ဒီသီတင္းပတ္ထဲမွာပဲ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer နဲ႔အတူ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ဒုကၡသည္စခန္းေတြကို သြားေရာက္ခဲ့တဲ့ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး ဆက္သြယ္ေရးအရာရွိ Regina De La Portilla ကလည္း ႐ိုဟင္ဂ်ာေတြကို ျမန္မာႏိုင္ငံဘက္ ေနရပ္ျပန္ပို႔မယ္ဆိုရင္ သူ႔တို႔ရဲ႕ ေဘးကင္းလုံၿခဳံမႈနဲ႔ အခြင့္အေရးကို အာမခံႏိုင္ဖို႔ လိုတဲ့အေၾကာင္း ေျပာပါတယ္။

“ဒုကၡသည္ေတြရဲ႕လိုအပ္ခ်က္ေတြကို သိဖို႔၊ အနာဂတ္ဆုံးျဖတ္ခ်က္ေတြမွာ အေၾကာင္းၾကားႏိုင္ဖို႔ သိပ္ကိုအေရးႀကီးပါတယ္။ ဒါမွလည္း ေနရပ္ျပန္တဲ့အခါ လုံၿခဳံမႈ ရွိတယ္ဆိုတဲ့အသိ သူတို႔ ရႏိုင္မွာပါ။ မွတ္တမ္းအေထာက္အထားေတြ ရပိုင္ခြင့္၊ ပညာေရးနဲ႔ လြတ္လြတ္လပ္လပ္ သြားလာခြင့္ စတဲ့ အခြင့္အေရးေတြ ရဖို႔နဲ႔ တိုင္းျပည္အတြင္းမွာ ႏိုင္ငံသားအျဖစ္ အသိအမွတ္ျပဳခံရဖို႔ေတြ လိုအပ္ပါတယ္”

႐ိုဟင္ဂ်ာတို႔ ဂုဏ္သိကၡာရွိရွိ ေနရပ္ရင္းျပန္ႏိုင္ေရး အပါအဝင္ ႐ိုဟင္ဂ်ာေတြ ျပန္လည္ေနရာခ်ထားေရး စနစ္တက် ေဆာင္႐ြက္ေပးဖို႔ ႐ိုဟင္ဂ်ာေတြဘက္က ေတာင္းဆိုတဲ့အေၾကာင္းလည္း ဘာလုခါလီဒုကၡသည္စခန္းက ဦးေက်ာ္ျမင့္က ေျပာျပပါတယ္။

“ နံပတ္တစ္ ေတာင္းဆိုခ်က္ကေတာ့ လြတ္လပ္ၿပီး တရားမွ်တၿပီး ႐ိုးသားပြင့္လင္းေသာ ေဆြးေႏြးမႈေတြ စတင္ပါရန္။ နံပတ္၂ အခ်က္ကေတာ့ ဂုဏ္သိကၡာရွိရွိ ျပန္ႏိုင္ေရးနဲ႔ ေဘးကင္းလုံၿခဳံမႈရွိေနေစဖို႔ ျဖစ္ပါတယ္။ နံပတ္ (၃) ကေတာ့ က်ေနာ္တို႔ ႐ိုဟင္ဂ်ာေတြဆီက ႐ုပ္သိမ္းခံထားရတဲ့ ေမြးရာပါအခြင့္အေရးအတြက္ အာမခံခ်က္ ျဖစ္ပါတယ္။ နံပတ္ (၄) အခ်က္ကေတာ့ တာဝန္ယူမႈ တာဝန္ခံမႈ အျပည့္အဝရွိေစဖို႔ ုျဖစ္ပါတယ္။ နံပတ္ (၅) အခ်က္ကေတာ့ ျပည္တြင္းရွိ IDP စခန္းမ်ား ႐ုပ္သိမ္းၿပီး မူလေနရာတြင္ ျပန္လည္ေနရာခ်ထားေပးေရး၊ ေနာက္ ရခိုင္ေဒသတြင္ ႏိုင္ငံတကာအဖြဲ႔အစည္းမ်ားနဲ႔ ႏိုင္ငံတကာသတင္းမီဒီယာမ်ား အကန႔္အသတ္မရွိ ဝင္ခြင့္ျပဳေရး။ နံပတ္ (၆) အခ်က္ကေတာ့ ႐ိုဟင္ဂ်ာမ်ားအား ၾကားခံစခန္းတြင္ မထားဘဲ မိမိ၏ မူလေက်း႐ြာမွာသာ ျပန္လည္ေနရာခ်ထားေရးနဲ႔ က်ေနာ္တို႔ မူလပိုင္ဆိုင္ခဲ့တဲ့ လယ္ယာေျမနဲ႔ တျခားပိုင္ဆိုင္မႈမ်ား ျပန္လည္ရရွိေရးနဲ႔ နံပတ္ (၇) အခ်က္မွာ ယခု ျမန္မာႏိုင္ငံရွိ ျပည္သူျပည္သားမ်ားအေပၚ ျပဳလုပ္ေနသည့္ ညႇင္းပမ္းႏွိပ္စက္ က်ဴးလြန္မႈမ်ားအား အျမန္ဆုံးရပ္တန႔္ေပးေရး စတဲ့အခ်က္ေတြကို ေတာင္းဆိုထားပါတယ္ခင္ဗ်ာ။”

လက္ရွိအေျခအေနမွာေတာ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ပို႔ေရးအစီအစဥ္ဟာ ဒီႏွစ္ကုန္ ဒီဇင္ဘာလေလာက္မွာ ျဖစ္ႏိုင္တယ္လို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ႏိုင္ငံျခားေရးအတြင္းဝန္ Masud Bin Momen က ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ေျပာဆိုပါတယ္။ ဒါေပမဲ့လဲ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း Noeleen Heyzer နဲ႔ ေတြ႔ဆုံခဲ့တဲ့ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းထားတဲ့ စစ္ေကာင္စီ အႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကေတာ့ ဒုကၡသည္ေတြ ေနရပ္ျပန္ပို႔ေရးနဲ႔ ပတ္သက္လို႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္က ႏွစ္ႏိုင္ငံအၾကား သေဘာတူထားတဲ့ ပုံစံအတိုင္း ဒုကၡသည္စာရင္းကို ေပးအပ္ျခင္းမရွိဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

စခန္းေတြထဲ ငါးႏွစ္တိုင္ခိုလႈံေနရဆဲျဖစ္တဲ့ ႐ိုဟင္ဂ်ာေတြအေရး တရားမွ်တမႈရွိေအာင္ ေဆာင္႐ြက္ရမယ္ဆိုတာကိုေတာ့ ငါးႏွစ္ျပည့္ ေအာက္ေမ့ဖြယ္ေန႔မွာ ကုလအတြင္းေရးမႉးခ်ဳပ္အပါအဝင္ ကုလအႀကီးအကဲေတြဘက္က တိုက္တြန္းေျပာဆိုထားၾကပါတယ္။ ဒါေပမဲ့ အဲ့ဒီ့လို ႐ိုဟင္ဂ်ာတို႔ေနရပ္ျပန္ေရး၊ တရားမွ်တမႈရေရး အားလုံးက ေတာင္းဆိုလႈပ္ရွားေနၾကေပမဲ့လို႔ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကိုေတာင္ တရားဝင္လက္ခံမထားတဲ့ ျမန္မာႏိုင္ငံနဲ႔ ႐ိုဟင္ဂ်ာေတြကို ကူညီကယ္ဆယ္ေပးထားတဲ့ ဘဂၤလားေဒ့ရွ္တို႔ၾကား အစိုးရအဆက္ဆက္ အႀကိမ္ႀကိမ္ ေဆြးေႏြးေျပာဆိုမႈေတြ ကတိစကား မေရရာမႈေတြၾကား သိန္းခ်ီတဲ့႐ိုဟင္ဂ်ာတို႔ အိမ္ျပန္လမ္းေမွ်ာ္လင့္ခ်က္ကေတာ့ မေရမရာ ေဝဝါးေနဆဲျဖစ္ပါတယ္ရွင္။

=== Unicode ===

သိန်းချီတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ တိမ်းရှောင်ထွက်ပြေးခဲ့ကြရတာ ငါးနှစ်တင်းတင်းပြည့်တဲ့နေ့မှာ “Hope is Home” “အိမ်ပြန်ကြဖို့ မျှော်လင့်ချက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ နေရပ်ပြန်ရေး ရိုဟင်ဂျာဒုက္ခသည်စခန်းအသီးသီးမှာ စုဝေးဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ စိန်ခေါ်မှုအခက်ခဲမျိုးစုံနဲ့ ငါးနှစ်ကြာ ပိတ်ပင်ကန့်သတ်ခံထားရတဲ့ ဒီဒုက္ခသည်စခန်းတွေထဲ နေရတဲ့ဘဝက တကယ့်ငရဲပါပဲ အိမ်ကိုပဲ ပြန်ချင်ပါတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက တောင်းဆိုပေမဲ့ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံဘက် ပြန်ခွင့်ရခဲ့ရင်ရော သူတို့မျှော်လင့်ထားသလောက် ရေရာတဲ့အနာဂတ် လုံခြုံစိတ်ချမှု ပေးစွမ်းနိုင်တဲ့ အာမခံချက်တွေ ရနိုင်ပါ့မလား၊ ဒီသီတင်းပတ်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီ သွားလေ့လာခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်တွေကနေ သူတို့ ဘာတွေမျှော်လင့်ပါသလဲ။ ကော့ဇ်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းအသီးသီးမှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် မေးမြန်းစုစည်းတင်ပြထားပါတယ်။

၂၀၂၂ ခုနှစ် သြဂုတ်လ ၂၅ရက်နေ့မှာ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ထက်ပြေးလာကြရတဲ့ ငါးနှစ်တင်းတင်းပြည့်တဲ့နေ့ အောက်မေ့ဘွယ်အထိမ်းအမှတ်နေ့အဖြစ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်း အသီးသီးက ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ စုဝေးပြီး၊ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ငါးနှစ်ပြည်အောက်မေ့ဖွယ်နေ့မှာ ရိုဟင်ဂျာဒုက္ခသည်တွေ အဓိကစုဝေးဆန္ဒပြခဲ့ရတဲ့ ရည်ရွယ်ချက်နဲ့တောင်းဆိုချက်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင် ဘာလုခါလီဒုက္ခသည်စခန်း အမှတ်(၁) စခန်း (၉) မှာ ခိုလှုှံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့် (ခေါ်) ဦးအီစလံက ပြောပြပါတယ်။

“ငါးနှစ်ပြည့်မြောက် Rohingya Genocide Remembrance Day အခမ်းအနားကို ကော့ဇ်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းပေါင်း (၁၅) ခုလောက်မှာ လူပေါင်းသောင်းသိန်းချီပြီး စုဝေးကျင်းပခဲ့ကြပါတယ်။ အခုလို Genocide Remembrance Day ကျင်းပပြုလုပ်ရခြင်း အကြောင်းအချက်နှစ်ချက်ထဲ ပထမတချက်ကတော့ International Court of Justice ICJ ကနေ တရားမျှတမှုကို အမြန်ဆုံးရရှိစေဖို့ ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်တယ်။ နောက်တချက်ကတော့ ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ အမြန်ဆုံး အမိမြေ မြန်မာနိုင်ငံသို့ ပြန်နိုင်ရေး လုပ်ငန်းစဉ် ဖြစ်ပေါ်လာနိုင်ဖို့အတွက် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်ခင်ဗျ။”

ရိုဟင်ဂျာတို့ ကြုံတွေ့ခံစားခဲ့ရတဲ့ ဆုံးရှှုံးနစ်နာခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အဖြစ်အပျက်တွေဟာ ငါးနှစ်ကြာလာပေမဲ့ လွယ်လွယ်ကူကူနဲ့ မေ့ပျောက်လို့ မရနိုင်သလို၊ နစ်နာသူတို့အပေါ် တရားမျှတမှုကို ဆောင်ကျဉ်းပေးစေလိုပါတယ်လို့လည်း ကော့ဇ်ဘဇားခရိုင် ကုတုပလောင်ဒုက္ခသည်စခန်းအမှတ် (၇) မှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်က ဆိုပါတယ်။

“ဒီနေ့က ငါးနှစ်မြောက် ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်ခံရမှု အောက်မေ့ဖွယ်နေ့။ ကျနော်တို့ ဒီနေ့မှာ ဘယ်လောက့်အထိ ခံခဲ့ရတယ်ဆိုတာ ကမ္ဘာပေါ်မှာ ဥပမာ ဖော်ပြဖို့တောင် မလွယ်ဘူး။ ဥပမာ ပေးဖို့တောင် မရှိဘူး ဖြစ်နေတယ်။ ကျနော်တို့တွေ အဲ့ဒီ့လောက်အထိကို ခံစားခဲ့ရပါတယ်။ ပြီးတော့ ကျနော်တို့ ဒီဒုက္ခသည်ဘဝကို ထပ်မလိုချင်ပဲ မိမိတို့ မူလဌာနေ မြန်မာနိုင်ငံရှိ မူရင်းနေရာသို့ လူ့ဂုဏ်သိက္ခာရှိရှိ ဘေးကင်းလုံခြုံစွာပြန်နိုင်ရေးအတွက် ကမ္ဘာ့အသိုင်းအဝိုင်းရော မြန်မာ့အသိုင်းအဝိုင်းရော တာဝန်ယူ တာဝန်ခံဖို့ ကျနော်တို့ တိုက်တွန်းလိုပါတယ်။”

ကုတုပလောင်ဒုက္ခသည်စခန်း အမှတ် (၅) မှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်ကလည်း လွန်ခဲ့တဲ့ ငါးနှစ်တာကာလ အသက်ဆုံးရှှုံးခဲ့ရသူတို့အတွက် ကျန်ရစ်သူတွေက အောက်မေ့ဖွယ်ဆုတောင်းပေးခဲ့ကြသလို နေရပ်ရင်းကိုလည်း ဘေးကင်းကင်းနဲ့ ပြန်လိုကြောင်း ပြောပါတယ်။

“သြဂုတ်လ ၂၅ ရက်နေ့ အောက်မေ့ဖွယ်နေ့မှာ အသက်ဆုံးသွားကြတဲ့ ရိုဟင်ဂျာညီအကိုမောင်နှမများအတွက် ဆုတောင်းပွဲတွေ လုပ်တယ်။ အဲ့ဒီ့မှာ ကျနော်တို့ အမြန်ဆုံးပြန်နိုင်ဖို့ ကမ္ဘာကသိအောင် ကျနော်တို့ ပိုစတာတွေမှာ ရေးပြီးပြောပြတယ်။ ကျနော်တို့ တောင်းဆိုချက်တွေထဲမှာလည်းပါတယ်။ တည်ငြိမ်မှု အာမခံမှုရအောင် ကျနော်တို့ တောင်းဆိုတယ်။ ကျနော်တို့အတွက် လုံခြုံရေး Security နောက် Citizenship နိုင်ငံသားတောင်းဆို ထားတာလည်း ရှိပါတယ်။ ကျနော်တို့ ကျန်ခဲ့တဲ့ ဥစ္စာပစ္စည်း ပိုင်ဆိုင်ခွင့်တွေအတွက်ကိုလည်း မြန်မာအစိုးရဆီက တောင်းဆိုထားတာ ရှိပါတယ်။ ဒါပေမဲ့ ဒီမှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ မြန်မာအစိုးရကိုယ်စားလှယ်တွေ အခုအာဏာသိမ်းပြီးနောက်ပိုင်း တဦးတယောက်မှ ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံတာ ဆွေးနွေးတာ မရှိပါဘူး။ Joint Committee အနေနဲ့ ကျနော်တို့နဲ့ လာဆွေးနွေးမယ် စာရင်းတွေဘာတွေ ကောက်မယ် ဆိုရင် ကျနော်တို့ နေရပ်ပြန်ရေး Repatriation က လွယ်ကူသွားနိုင်ပါမယ်။”

လွန်ခဲ့တဲ့ ငါးနှစ်၂၀၁၇ ခုနှစ် သြဂုတ်လကုန်ပိုင်း မြန်မာနိုင်ငံမြောက်ပိုင်း ရခိုင်မှာဖြစ်ခဲ့တဲ့ ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ နောက်ပိုင်း လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် ပဋိပက္ခတွေရဲ့ နောက်ပိုင်း စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း အသက်ဘေးက စိုးရိမ်ရလို့ ဒေသခံ ရခိုင်ပြည်သူတွေရော မွတ်စလင်တွေပါ ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး အဲဒီထဲက ရိုဟင်ဂျာမွတ်စလင် ၇ သိန်းကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင်ထွက်ပြေးသွားကြတာပါ။ အဲဒီ ဘင်္ဂလားဒေ့ရှ် စခန်းတွေထဲမှာ နေထိုင်ခိုလှုံခဲ့ကြရတာ ငါးနှစ်ကျော်လာပြီ ဖြစ်ပေမယ့်လို့ သူတို့နေရပ်ရင်းပြန်ဖို့က မရေမရာ အနာဂတ်ကလည်း မသေမချာ ဖြစ်နေဆဲပါ။

နေရပ်ပြန်လိုကြတဲ့ ရိုဟင်ဂျာတို့အရေး နိုင်ငံတကာအနေနဲ့ မမေ့ထားပဲ ပိုပြီးတော့မှ ကူညီပေးကြဖို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးတဦးအနေနဲ့ ပထမဆုံး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေဆီ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာမဟာမင်းကြီး Michelle Bachelet ကလည်း တိုက်တွန်းပါတယ်။

“ရိုဟင်ဂျာတွေအားလုံးလို့ပဲ ပြောရပါလိမ့်မယ်။ သူတို့အားလုံး နေရပ်ပြန်ချင်ကြပါတယ်။ ဒါပေမယ့် သူတို့ကို မြန်မာနိုင်ငံသားပါလို့ ခိုင်မာတဲ့အသိအမှတ်ပြုမှု အထောက်အထားရမှ၊ သူတို့ရဲ့အခွင့်အရေးတွေကို လေးစားသမှုရှိမှ၊ အရင်ကလို နေ့စဉ် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ခဲ့တာတွေကို ပြန်လည်ရရှိမှ၊ သူတို့ပိုင်ဆိုင်ခဲ့တဲ့ လယ်ယာမြေတွေကို ပြန်ရမှ သူတို့ပြန်ကြမှာပါ။ .ကုလသမဂ္ဂဘက်ကတော့ ဘယ်လို အကောင်းဆုံးထောက်ပံ့ပေးနိုင်မလဲဆိုတာကို လုပ်ဆောင်ပေးနေပါတယ်။ ကျမတို့ဆက်ပြီးတော့ လုပ်ဆောင်သွားမှာပါ။ ဒါပေမဲ့ ကြေကွဲစိတ်မကောင်းစရာ ပြဿနာရဲ့ အရင်းအမြစ်ကို ကျမတို့ ဖြေရှင်းရပါလိမ့်မယ်။ သူတို့အားလုံး လုံခြုံဘေးကင်းပြီးတော့ သူတို့သဘောနဲ့သူတို့ မြန်မာနိုင်ငံကို ပြန်သွားနိုင်တာသေချာဖို့ လုပ်ဆောင်ရပါလိမ့်မယ်။”

အခုလို ကုလသမဂ္ဂကရော နိုင်ငံတကာကပါ စိုးရိမ်မကင်းဖြစ်နေတဲ့ ဒီလိုသိန်းချီတဲ့ ဒုက္ခသည်တွေရဲ့ အနာဂတ် အထူးသဖြင့် လူမမည်ကလေးငယ်လေးတွေနဲ့ လူငယ်လေးတွေရဲ့ အနာဂတ် မျှော်လင့်ချက်တွေ ပျောက်နေပြီး ဘာမှ ရေရာမှုမရှိ မှေးမှိန်နေဆဲမို့ အိမ်ပြန်ချင်ပြီလို့ ပြောလာသူကတော့ ကုတုပလောင် ဒုက္ခသည်စခန်း အမှတ် (၇) က ကိုအောင်မြိုင်ပါ။

“ကျနော်တို့ ဒုက္ခသည်ဘဝက လုံလောက်ပါပြီ။ ငါးနှစ်ထက် ပိုပြီးတော့ ဒုက္ခသည်ဘဝကို မလိုချင်တော့ဘူး။ လူ့ဂုဏ်သိက္ခာရှိရှိ ဘေးကင်းလုံခြုံစွာ အမြန်ဆုံးနေရပ်ရင်း မူရင်းနေရာ မြန်မာနိုင်ငံသို့ ကျနော်တို့ပြန်လိုပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေကို လူ့ဂုဏ်သိက္ခာရှိရှိ မူရင်းမြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်နိုင်ရေးအတွက် အမှန်တကယ်ထိရောက်မှုရှိတဲ့ လုပ်ဆောင်ချက်တွေနဲ့ လုပ်ငန်းတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်အောင် လက်ရှိ UN ရဲ့ အားနည်းချက်တွေကို အားသာချက်အဖြစ် ပြောင်းလဲလာအောင် ဆောင်ရွက်စေချင်ပါတယ်။ ပုံစံအသစ်နဲ့ ကျနော်တို့ မြန်မာ့အရေးရော ရိုဟင်ဂျာအရေးရော စနစ်တကျ အောင်မြင်လာအောင် UN အနေနဲ့ ဆောင်ရွက်ပေးစေလိုပါတယ်လို့ ကျနော်တို့မှာ မျှော်လင့်နေပါတယ်။”

ဒီသီတင်းပတ်ထဲမှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ဆက်သွယ်ရေးအရာရှိ Regina De La Portilla ကလည်း ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံဘက် နေရပ်ပြန်ပို့မယ်ဆိုရင် သူ့တို့ရဲ့ ဘေးကင်းလုံခြုံမှုနဲ့ အခွင့်အရေးကို အာမခံနိုင်ဖို့ လိုတဲ့အကြောင်း ပြောပါတယ်။

“ဒုက္ခသည်တွေရဲ့လိုအပ်ချက်တွေကို သိဖို့၊ အနာဂတ်ဆုံးဖြတ်ချက်တွေမှာ အကြောင်းကြားနိုင်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ ဒါမှလည်း နေရပ်ပြန်တဲ့အခါ လုံခြုံမှု ရှိတယ်ဆိုတဲ့အသိ သူတို့ ရနိုင်မှာပါ။ မှတ်တမ်းအထောက်အထားတွေ ရပိုင်ခွင့်၊ ပညာရေးနဲ့ လွတ်လွတ်လပ်လပ် သွားလာခွင့် စတဲ့ အခွင့်အရေးတွေ ရဖို့နဲ့ တိုင်းပြည်အတွင်းမှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရဖို့တွေ လိုအပ်ပါတယ်”

ရိုဟင်ဂျာတို့ ဂုဏ်သိက္ခာရှိရှိ နေရပ်ရင်းပြန်နိုင်ရေး အပါအဝင် ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားရေး စနစ်တကျ ဆောင်ရွက်ပေးဖို့ ရိုဟင်ဂျာတွေဘက်က တောင်းဆိုတဲ့အကြောင်းလည်း ဘာလုခါလီဒုက္ခသည်စခန်းက ဦးကျော်မြင့်က ပြောပြပါတယ်။

“ နံပတ်တစ် တောင်းဆိုချက်ကတော့ လွတ်လပ်ပြီး တရားမျှတပြီး ရိုးသားပွင့်လင်းသော ဆွေးနွေးမှုတွေ စတင်ပါရန်။ နံပတ်၂ အချက်ကတော့ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးနဲ့ ဘေးကင်းလုံခြုံမှုရှိနေစေဖို့ ဖြစ်ပါတယ်။ နံပတ် (၃) ကတော့ ကျနော်တို့ ရိုဟင်ဂျာတွေဆီက ရုပ်သိမ်းခံထားရတဲ့ မွေးရာပါအခွင့်အရေးအတွက် အာမခံချက် ဖြစ်ပါတယ်။ နံပတ် (၄) အချက်ကတော့ တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိစေဖို့ ုဖြစ်ပါတယ်။ နံပတ် (၅) အချက်ကတော့ ပြည်တွင်းရှိ IDP စခန်းများ ရုပ်သိမ်းပြီး မူလနေရာတွင် ပြန်လည်နေရာချထားပေးရေး၊ နောက် ရခိုင်ဒေသတွင် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ နိုင်ငံတကာသတင်းမီဒီယာများ အကန့်အသတ်မရှိ ဝင်ခွင့်ပြုရေး။ နံပတ် (၆) အချက်ကတော့ ရိုဟင်ဂျာများအား ကြားခံစခန်းတွင် မထားဘဲ မိမိ၏ မူလကျေးရွာမှာသာ ပြန်လည်နေရာချထားရေးနဲ့ ကျနော်တို့ မူလပိုင်ဆိုင်ခဲ့တဲ့ လယ်ယာမြေနဲ့ တခြားပိုင်ဆိုင်မှုများ ပြန်လည်ရရှိရေးနဲ့ နံပတ် (၇) အချက်မှာ ယခု မြန်မာနိုင်ငံရှိ ပြည်သူပြည်သားများအပေါ် ပြုလုပ်နေသည့် ညှင်းပမ်းနှိပ်စက် ကျူးလွန်မှုများအား အမြန်ဆုံးရပ်တန့်ပေးရေး စတဲ့အချက်တွေကို တောင်းဆိုထားပါတယ်ခင်ဗျာ။”

လက်ရှိအခြေအနေမှာတော့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးအစီအစဉ်ဟာ ဒီနှစ်ကုန် ဒီဇင်ဘာလလောက်မှာ ဖြစ်နိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးအတွင်းဝန် Masud Bin Momen က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြောဆိုပါတယ်။ ဒါပေမဲ့လဲ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း Noeleen Heyzer နဲ့ တွေ့ဆုံခဲ့တဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နှစ်နိုင်ငံအကြား သဘောတူထားတဲ့ ပုံစံအတိုင်း ဒုက္ခသည်စာရင်းကို ပေးအပ်ခြင်းမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

စခန်းတွေထဲ ငါးနှစ်တိုင်ခိုလှုံနေရဆဲဖြစ်တဲ့ ရိုဟင်ဂျာတွေအရေး တရားမျှတမှုရှိအောင် ဆောင်ရွက်ရမယ်ဆိုတာကိုတော့ ငါးနှစ်ပြည့် အောက်မေ့ဖွယ်နေ့မှာ ကုလအတွင်းရေးမှူးချုပ်အပါအဝင် ကုလအကြီးအကဲတွေဘက်က တိုက်တွန်းပြောဆိုထားကြပါတယ်။ ဒါပေမဲ့ အဲ့ဒီ့လို ရိုဟင်ဂျာတို့နေရပ်ပြန်ရေး၊ တရားမျှတမှုရရေး အားလုံးက တောင်းဆိုလှုပ်ရှားနေကြပေမဲ့လို့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတောင် တရားဝင်လက်ခံမထားတဲ့ မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာတွေကို ကူညီကယ်ဆယ်ပေးထားတဲ့ ဘင်္ဂလားဒေ့ရှ်တို့ကြား အစိုးရအဆက်ဆက် အကြိမ်ကြိမ် ဆွေးနွေးပြောဆိုမှုတွေ ကတိစကား မရေရာမှုတွေကြား သိန်းချီတဲ့ရိုဟင်ဂျာတို့ အိမ်ပြန်လမ်းမျှော်လင့်ချက်ကတော့ မရေမရာ ဝေဝါးနေဆဲဖြစ်ပါတယ်ရှင်။

XS
SM
MD
LG