သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အထားမဲ့မြန်မာ (၇၀) ကျော် ၄ ရက်အတွင်း ထိုင်းဖမ်းဆီး


အထောက်အထားမဲ့မြန်မာတွေ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်စဉ်ဖမ်းဆီးရခဲ့မိပုံ။ (ဖေဖေါ်ဝါရီလ ၁၉ ၊ ၂၀၂၃)
အထောက်အထားမဲ့မြန်မာတွေ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်စဉ်ဖမ်းဆီးရခဲ့မိပုံ။ (ဖေဖေါ်ဝါရီလ ၁၉ ၊ ၂၀၂၃)

[[Zawgyi/Unicode]]

ထိုင်းနိုင်ငံတဆင့် မလေးရှားနိုင်ငံထိသွားမယ့်သူတွေအပါအဝင် ထိုင်းနိုင်ငံထဲမှာတရားမဝင် ဝင်ရောက်လာသူတွေဟာ ၄ ရက်အတွင်းလူ ၇၀ ကျော်ဖမ်းမိခဲ့ပြီး လူကုန်ကူးသူတွေကိုလည်း ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ် တာ့ခ်ပြည်နယ်နဲ့ ထိုင်းမလေးနယ်စပ် ဆုန်ခလာပြည်နယ်တွေမှာ ၄ ရက်အတွင်း အထောက်အထားမဲ့မြန်မာ ၇၀ ကျော် ဖမ်းဆီးခံရကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“ ဖေဖေါ်ဝါရီလ ၁၈၊ ၁၆၊ ၁၅၊ ၁၄ စတဲ့ အဲဒီလေးရက်အတွင်းမှာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး တချို့ဆို ဆုန်ခလာပြည်နယ်ကနေ မလေးရှားထိသွားကြမယ့် တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူ စုစုပေါင်း ၇၄ ယောက်ရယ်၊ လူမှောင်ခို ၂ ယောက်၊ ထိုင်းယာဉ်မောင်း ၂ ယောက်ရယ်ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းမိခဲ့ပါတယ်။”

ပြည်နယ် ၃ ခုမှာ ဖမ်းမိတဲ့ အထောက်အထားမဲ့မြန်မာအရေအတွက်နဲ့ပတ်သက်ပြီးတော့လည်း အခုလိုပြောသွားပါတယ်။

“ကမ်ချနဘူရီပြည်နယ် ဆိုင်ရို့မြို့နယ်ထဲမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာ ၁၅ ယောက်၊ ထိုင်း မလေးနယ်စပ် ဆုန်ခလာပြည်နယ်၊ စဒေါင်မြို့နယ်ထဲမှာ မလေးရှားနိုင်ငံကို တရားမဝင် ဝင်ရောက်မယ့် မြန်မာ ၁၃ ယောက် တာ့ခ်ပြည်နယ်ထဲမှာတော့ တရားမဝင်မြန်မာ ၁၉ ယောက် ရနောင်းပြည်နယ် ထဲမှာ ၂၇ ယောက်ကိုဖမ်းမိခဲ့ပါတယ်။”

ဖမ်းမိတဲ့မြန်မာတွေဟာ လူကုန်ကူးတဲ့သူတွေကို အခကြေးငွေ ဘတ်ငွေ ၃ သောင်းကနေ ၄ သောင်းအထိပေးခဲ့ရပြီး အလုပ်အကိုင်ကောင်းတွေရဖို့အတွက် လာကြသူတွေဖြစ်ပါတယ်။ သူတို့တွေမှာ မြန်မာနိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးပဋိပက္ခတွေကြောင့် တိမ်းရှောင်လာကြသူတွေဖြစ်ပြီး လူပွဲစားတွေရဲ့ဖျားယောင်းသွေးဆောင်မှုတွေကြောင့် ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံထိခိုးဝင်ဖို့ လုပ်ဆောင်နေကြသူတွေလည်း ပါဝင်ပါတယ်။ သူတို့ကိုတော့ ထိုင်းနိုင်ငံရဲ့ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]








XS
SM
MD
LG