သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားက ထိုင်းအစားအစာရောင်းပွဲမှာ မြန်မာတချို့ ဖမ်းဆီးခံရ


မလေးရှားနိုင်ငံ၊ မလက္ကာမြို့က ထိုင်း-မလေးရှားအစားအစာရောင်းပွဲမှာ အဖမ်းခံရတဲ့ မြန်မာအပါအဝင် အထောက်အထားမဲ့အလုပ်သမားများ။ (အောက်တိုဘာ ၂၉ ၊ ၂၀၂၂/ ဓာတ်ပုံ-မလေးရှားလဝက)
မလေးရှားနိုင်ငံ၊ မလက္ကာမြို့က ထိုင်း-မလေးရှားအစားအစာရောင်းပွဲမှာ အဖမ်းခံရတဲ့ မြန်မာအပါအဝင် အထောက်အထားမဲ့အလုပ်သမားများ။ (အောက်တိုဘာ ၂၉ ၊ ၂၀၂၂/ ဓာတ်ပုံ-မလေးရှားလဝက)

[[Zawgyi/Unicode]]

မလေးရှားနိုင်ငံမလက္ကာမြို့မှာရှိတဲ့ မလေးရှားနဲ့ထိုင်းအစားအစာရောင်းတဲ့ပွဲတော် ကို မလေးရှားလူဝင်မှုကြီးကြပ်ရေးရဲတွေက စနေနေ့က ဝင်ရောက်ဖမ်းဆီးရာမှာ မြန်မာတွေအပါအဝင် အထောက်အထားမဲ့ ၄၀ ကျော် ဖမ်းဆီးခံရပါတယ်။ ဒီသတင်းကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ မလက္ကာမြို့တွင်းမှာ စနေနေ့က မလေးရှားနဲ့ ထိုင်းအစားအစာရောင်းတဲ့ပွဲတော်ကျင်းပတဲ့နှစ်နေရာကိုမလေးရှားလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ အဲဒီဈေးရောင်းပွဲတော်မှာ စားပွဲထိုးအလုပ်သမားတွေအဖြစ် အလုပ်လုပ်နေကြတဲ့ မြန်မာအပါအဝင် အထာက် အထားမဲ့သူ ၄၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း မလေးရှားနိုင်ငံက အလုပ်သမားရေးဆောင်ရွက်နေသူ ဦးသီဟမောင်မောင်ကပြောပြပါတယ်။

“မလက္ကာမှာရှိတဲ့ နေရာနှစ်ခုမှာ ထိုင်းအစားအစာပွဲတော်ရှိတယ်။ မလေးရှားမှာ ပုံမှန်အားဖြင့် ထိုင်း-မလေးရှားဆိုပြီးပွဲတော်လေးတွေ ရှိတယ်။ ကွာလာလမ်ပူနဲ့အနီးတဝိုက်မှာဆိုလည်း ၉ လပိုင်းလောက်က ထိုင်းအစားအစာပွဲတော်တွေ လုပ်တာရှိတယ်။ အခုလည်း မလက္ကာမှာ နေရာ၂ ခုမှာပွဲတော်လေးတွေလုပ်ကြတယ်။ ထိုင်းအစားအစာပွဲတော်က နေရာ၂ ခုမှာ ပါမစ်တင်ထားတာလည်း မရှိဘူး။ Batu Berendam နဲ့ Ayer Keroh ဆိုတဲ့ နေရာ၂ ခုပေါ့။ စနေ့နေ့က ပွဲကိုစီစစ်လိုက်တဲ့အခါမှာ အထောက်အထားမဲ့ ၄၄ ဦးကိုဖမ်းမိတယ်။ ၄၄ ဦးထဲမှာ ထိုင်းပါတယ်။ မြန်မာပါတယ်။ အင်ဒိုနီးရှားပါတယ်။ သူတို့တွေဟာ အစားအစားပွဲတော်မှာ စားပွဲထိုးလုပ်ကြတဲ့သူတွေဖြစ်ပါတယ်။”

မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့တွေကို ကိုဗစ်ကပ်ဘေးကာလမှာ ဒဏ်ကြေးဈေးနှုံးသက်သာစွာနဲ့နေရပ်ပြန်ခွင့်ပေးခဲ့ပြီး တရားမဝင် အလုပ်သမားပြဿနာတွေကို မလေးရှားအစိုးရဖြေရှင်းခဲ့ပါတယ်။ အခုဆိုရင် နေရပ်ပြန်ခွင့်ရဖို့ ဒဏ်ကြေးဈေးနှုံးကလည်း များသွားသလို လွယ်လွယ်ကူကူနေရပ်ပြန်ခွင့်မရတော့ဘူးလို့လည်းဆိုပါတယ်။

“ပြီးခဲ့တဲ့တခေါက်က ဒဏ်ကြေး မလေးရှားရစ်ဂစ် ၅၀၀ နဲ့ပြန်ရတယ်။ အခုချိန်မှာပြန်မယ်ဆိုရင် အမြင့်ဆုံးဒဏ်ကြေး မလေးရှားရင်းဂစ် ၃,၁၀၀ နဲ့ပြန်ရမှာဖြစ်တယ်။အခုချိန်မှာ ၃,၁၀၀ ပေးရင်တောင် ပြန်ချင်းတိုင်းပြန်လို့မရပါဘူး။”

ဒီအတွက်အဖမ်းဆီးခံရမယ်ဆိုရင် များသောအားဖြင့် ထိန်းသိမ်းရေးစခန်းတွေ၊ ထောင်တွေကိုသာပို့ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အခုဆိုရင်မလေးရှားနိုင်ငံမှာရွေးကောက်ပွဲနီးလာတာကြောင့်ကော နှစ်ကုန်ခါနီးအချိန်ဖြစ်တဲ့အတွက်ပါ အော်ပရာစီစစ်ဆင်ရေးတွေနဲ့ အဖမ်းအဆီးတွေ ဆက်တိုက်လုပ်နေတာပါ။

လက်ရှိ မလေးရှားနိုင်ငံမှာ ထိန်းသိမ်းရေးစခန်း ၁၆ ခုရှိပြီး စခန်းတိုင်းမှာ မြန်မာတွေ ရာဂဏန်းနဲ့ရှိနေပါတယ်။ ပြီးခဲတဲ့ရက်ကလည်း ထိုင်းမလေးနယ်စပ်မှာ လူကုန် ကူးခံရတဲ့မြန်မာတွေအပါအဝင် အထောက်မဲ့ ၅၀ လောက် ဖမ်းဆီးခံရပြီး အောက် တိုဘာလထဲမှာတော့ မလေးရှားနိုင်ငံရဲ့ပြည်နယ်အသီးသီးမှာ မြန်မာ၂၀၀ လောက်အဖမ်းဆီးခံရတယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေက ပြောပြကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]









XS
SM
MD
LG