သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်မှာ ကျားဖြန့်ဂိုဏ်းဝင်တွေ ဖမ်းမိ


ဘန်ကောက်မှာ ကျားဖြန့်ဂိုဏ်းဝင်တွေ ဖမ်းမိ
ဘန်ကောက်မှာ ကျားဖြန့်ဂိုဏ်းဝင်တွေ ဖမ်းမိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က စုထိစန်နယ်မြေတွင်းမှာ ရှိတဲ့ ၈ ထပ်တိုက် တလုံးကို ထိုင်း လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀၀ လောက်နဲ့ ဝင်ရောက်စီးနင်းမှု အတွင်း ကျားဖြန့် အွန်လိုင်း လိမ်လည်ဂိုဏ်း ခေါင်းဆောင်တွေ အပါအဝင် တရုတ်နိုင်ငံသား ၁၄ ဦး ဖမ်းဆီးခံရပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းအစိုးရအနေနဲ့ ကျားဖြန့် အွန်လိုင်း လိမ်လည်ဂိုဏ်း Call Center တွေကိုအပူတပြင်းနှိမ်နင်းနေတာမှာ သူတို့သတင်းရထားတဲ့နေရာဖြစ်တဲ့ စူထိစန်နယ်မြေက အထပ် ၂၅ ထပ်ရှိတဲ့အဆောက်အဦးမှာ နေထိုင်နေတဲ့ လိမ်လည်ဂိုဏ်းကိုဖမ်းဆီးဖို့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ကျားဖြန့် အွန်လိုင်းလိမ်လည်ဂိုဏ်းဟာ အထပ် ၈ထပ်မြောက်နေရာကို ဌားရမ်းနေထိုင်နေတာဖြစ်ပြီး သူတို့ကိုဝင်ရောက်ဖမ်းဆီးဖို့အတွက် ရဲအယောက် ၁၀၀လောက် သုံးခဲ့ပါတယ်။ ရဲတွေဟာ ရဲကားတွေနဲ့မလာကြပဲ အဲဒီနေရာကို ဘတ်စကားလိုင်းကားတွေကို သုံးပြီးလာကြတာဖြစ်ပါတယ်။ အဲဒီ အဆောက်အဦးကိုရောက်တဲ့အချိန်ကျမှ ရုတ်တရက်ဝင်ရောင်စီးနင်းဖမ်းဆီးခဲ့တာပါ ။

ဝင်ရောက်စီးနင်'ချိန်မှာအသက် ၂၉နှစ်အရွယ် Mr. YE Wanyou၊ အသက် ၃၀အရွယ် Mr. Li Weijie ကို ဖမ်းမိပြီးသူတို့ဟာ အဓိက ကြိုးကိုင်လုပ်ဆောင်နေတဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်။ သူတို့နဲအတူ အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသား ၁၂ဦးကိုလည်းဖမ်းဆီးမိပြီး တခြားသူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုပါတယ်။

အခုထိုင်းရဲကဖမ်းဆီးနိုင်ခဲ့တဲ့ တရုတ်နိုင်ငံသားနစ်ဦးဟာ နိုင်ငံတကာက အလုပ်ရှာနေတဲ့ သူတွေကို အွန်လိုင်း ကက်စီနိုနဲ့ ဂိမ်းကစားတဲ့ လုပ်ငန်းတွေမှာ ဝင်ငွေ ကောင်းကောင်းရမယ်ဆိုတဲ့ မက်လုံးတွေပေးပြီး စည်ရုံးကာ ဆက်သွယ်လာတဲ့သူတွေကို မြန်မာနိုင်ငံဘက်ကို ပို့ပေးနေတာလည်းဖြစ်တယ်လို့ Metropolitan Police Bureau က Pol. Maj. Gen. Noppasin Poolsawat ရဲချုပ်နော့ပဆင် ပိုးစဝပ်က ထိုင်းဘာသာနဲ့ ပြောသွားပါတယ်။

Call Center လိမ်လည်ဂိုဏ်း ဟာ အွန်လိုင်းနဲ့ ဂိမ်းကစားလုပ်ငန်းတွေ ကာစီနို လောင်းကစားလုပ်ငန်းတွေပြီးဆက်သွယ်လာတဲ့သူတွေရဲ့ အချက်အလက်တွေ ဘဏ်စာရင်းတွေ နိုင်ငံသားမှတ်ပုံတင် အချက်အလက်တွေကို စတင်ခိုးယူခဲ့တာပါ။ နောက်တဆင့်က အလုပ်အကိုင်ရှာနေတဲ့ သူတွေကိုပါ ဝင်ငွေကောင်းတဲ့ အလုပ်တွေနဲ့ဆက်သွယ်ပေးမယ် ဆိုပြီး မြန်မာနိုင်ငံဘက်က လိမ်လည်ဂိုဏ်းတွေဆီကို ရောင်းစားခဲ့ကြတာဖြစ်ပါတယ် လို့ ရဲချုပ်က ပြောသွားပါတယ်။

အဲဒီ အဓိကကြိုးကိုင်သူ တရုတ်နိုင်ငံသားနစ်ဦး ပိုင်ဆိုင်တဲ့ ပစ္စည်း သန်း၁၀၀ကျော် ကိုလည်း ရဲတပ်ဖွဲ့ ကကသိမ်းဆည်းလိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ဟာ Luck King Co., Ltd. ကုမ္ပဏီကို ဟန်ပြဖွင့်ထားပြီး ထိုင်းနိုင်ငံ အတွင်းက လူဦးရေ ၈၈၀၀၀ လောက်ရဲ့ကိုယ်ရေးအချက်အလက်တွေကို ခိုးယူသွားပြီးဖြစ်တယ်လို့ဆိုက်ဘာရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

စီးနင်းမှုအတွင်းမှာ ကွန်ပျူတာလက်တော့အလုံး ၂၀၊ မိုဘိုင်းဖုန်းမျိုးစုံ ၂၅ လုံး၊ ထိုင်းဘတ်ငွေသား ၂၆၅,၉၅၀ ဘတ်နဲ့ တရုတ်ယွမ်ငွေတွေလည်းသိမ်းဆည်းရမိခဲ့ပါတယ်။

မြ၀တီခရိုင်ရွှေကုက္ကိုလ်ကလိမ်လည်ဂိုဏ်းတွေဆီမှာတရုတ်သရုပ်ဆောင် လူကုန်ကူးခံရတာနဲ့ပတ်သက်လို့အလိုရှိနေတဲ့ သံသယရှိသူ တရုတ်နိုင်ငံသား (၁၀)ဦးကို လည်းပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထိုင်း က ပြည်နှင်ဒဏ်ပေး ပြီးနေရပ်ပြန်ပို့လိုက်တယ်လို့ ထိုင်း ဆိုက်ဘာရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးဗျူရို ကလည်းသတင်းထုတ်ပြန်ထားပါတယ်။

ဘန်ကောက်မှာ ကျားဖြန့်ဂိုဏ်းဝင်တွေ ဖမ်းမိ
please wait

No media source currently available

0:00 0:02:44 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG