သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရနောင်း အနီးမှာ မြန်မာ ငါးဖမ်းစက်လှေ ဖမ်းဆီးခံရ


The Thai Navy has seized a Myanmar fishing boat.
The Thai Navy has seized a Myanmar fishing boat.

ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ ကော့ချန်းကျွန်းအနီး ထိုင်းရေပိုင်နက် အတွင်းကိုဝင်လာတဲ့ မြန်မာငါးဖမ်း စက်လှေတစီးနဲ့အတူ လှေပေါ်မှာလိုက်ပါလာသူ ၆ ဦးကို ထိုင်းရေတပ်က ဖမ်းဆီးထားပါတယ်။ ကနဦး စစ်ဆေးချက်တွေအရ လူကုန်ကူးသူတွေအဖြစ် သံသယရှိထားကြောင်းလည်း ပြောဆိုထားပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ ကော့ချန်းကျွန်းအနီးမှာ ဖမ်းဆီးရမိတဲ့စက်လှေကတော့ အဏ္ဏဝါမင်း ၉၉၉ အမည်ရှိတဲ့လှေဖြစ်ပြီး ထိုင်းရေပိုင်နက်ထဲမှာပဲ အဲဒီလှေနဲ့အတူ မြန်မာနိုင်ငံသား (၆)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့တွေကိုဖမ်းဆီးပြီးစစ်ဆေးနေတဲ့အကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက်ပညာရေးနဲ့ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကအလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးကအခုလိုပြောပါတယ်။

" လှည့်ပတ်သွားနေတယ်၊ ထိုင်းဘက်ခြမ်းကိုဝင်လာတယ်၊ ဝင်လာချိန်မှာလှည့်ပတ်သွားချိန်မှာပဲစောင့်ကြည့်နေတာ မသင်္ကာဘူး။ ပြီးတော့ထိုင်းဘက်ကို ဝင်လာတယ်။ ၆ယောက်ကိုဖမ်းလိုက်တယ်။ အခုသူတို့ကိုစစ်ဆေးနေတယ်။ သူတို့ထိုင်းဘက်ကိုဝင်လာတဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာရယ်၊ လှေပေါ်မှာဘာကုန်ပစ္စည်းတွေပါသလဲဆိုတာစစ်ဆေးနေတယ်။ ရေပိုင်နက်ကို ကျော်တဲ့အမှုကတော့ကျိန်းသေနေပြီ"

ဖမ်းဆီးရမိတဲ့စက်လှေဟာ ငါးဖမ်းစက်လှေဆိုပေမယ့် ငါးဖမ်းရာမှာ အသုံးပြုတဲ့ ပစ္စည်းမျိုးတွေကို တင်ဆောင်တာမျိုးကို မတွေ့ရဘူးလို့လည်း ထိုင်းအာဏာပိုင်တွေကကဆိုပါတယ်။ သူတို့တွေကိုတော့ ဥပဒေအရ အရေးယူနိုင်ဖို့ သက်ဆိုင်ရာအာဏာပိုင်တွေက လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်တုန်းကတော့ ထိုင်းဘက်က ငါးဖမ်းလှေတစီး မြန်မာရေပိုင်နက်ထဲရောက်သွားခဲ့ချိန်မှာမြန်မာဘက်က ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ထိုင်းလှေလုပ်သား ၄ဦးကိုပါဖမ်းဆီးခဲ့ပါတယ်။ ထိုင်းလှေလုပ်သားတွေပြန်လွတ်မြောက်ရေးအတွက် ထိုင်းဝန်ကြီးချုပ်အပါအဝင် ထိုင်းအစိုးရတာဝန်ရှိသူတွေကြိုးစားခဲ့ပေမယ့် အခုထိပြန်လွတ်မြောက်တာတော့မရှိသေးပါဘူး။ ဒီဖြစ်ရပ်အပြီးမြန်မာဘက်ကလှေတွေကို ဖမ်းဆီးတာဟာအခု တကြိမ်ဟာ ဒုတိယမြောက်ဖြစ်ပါတယ်။ အခုဆိုရင်ထိုင်းနိုင်ငံသား၄ယောက်ကိုကော့သောင်းထောင်မှာဖမ်းဆီးထားတုန်းပဲလို့ ဦးမင်းဦးကပြောပါတယ်။

"ထိုင်းဘက်ကလူတွေကတော့ ၄ယောက်ကတော့ကော့သောင်းထောင်မှာပဲဖမ်းထားတုန်းပါပဲ"

ထိုင်းသတင်းတွေမှာဖေါ်ပြနေတာကတော့ အခုမြန်မာဘက်က စစ်လှေဟာ လူကုန်ကူးသူတွေကအသုံးပြုနေတဲ့ စစ်လှေလို့ယူဆရကြောင်း ဒီစစ်လှေနဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းဖက်ကိုပို့ဆောင်ပေးနေတဲ့ စစ်လှေဖြစ်တယ်လို့လည်း ထိုင်းရေတပ် သတင်းရပ်ကွက်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG