သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ ခိုင်းစေခံရသူ ၂၆၀ ကျော် ထိုင်းနိုင်ငံထံ DKBA လွှဲပြောင်း


ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ထိန်းချုပ်ရာဒေသတွင်း တရားမဝင်လောင်းကစားရုံတွေမှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသားတွေကို DKBA အဖွဲ့က ရှာဖွေပြီး ထိုင်းနိုင်ငံဘက်ကို လွှဲပြောင်းပေးစဥ်။ (ဓာတ်ပုံ-DKBA/ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ထိန်းချုပ်ရာဒေသတွင်း တရားမဝင်လောင်းကစားရုံတွေမှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသားတွေကို DKBA အဖွဲ့က ရှာဖွေပြီး ထိုင်းနိုင်ငံဘက်ကို လွှဲပြောင်းပေးစဥ်။ (ဓာတ်ပုံ-DKBA/ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)

မြန်မာနိုင်ငံနယ်စပ်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ရာဇဝတ်လုပ်ငန်းတွေမှာ အဓမ္မခိုင်းစေခံထားရတဲ့ နိုင်ငံခြားသား ၂၆၀ ကျော်ကို ထိုင်းအာဏာပိုင်တွေထံ လွှဲပြောင်းပေးလိုက် ကြောင်း DKBA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ပြောပါတယ်။ ကျားဖြန့်လို့ လူသိများတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ထိုင်းနိုင်ငံက ဖိအားပေးနေပြီး DKBA အဖွဲ့ခေါင်းဆောင်တွေကိုပါ ဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းနေချိန်မှာ ရာဇဝတ်လုပ်ငန်းတွေမှာ ခိုင်းစေခံရသူတွေ အခုလို ပြန်လွတ်လာ တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်းက DKBA ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် ထိန်းချုပ်ရာနယ်မြေတွေက ကာစီနိုလောင်းကစားရုံတွေမှာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေကိုရှာဖွေဖို့ဆိုပြီး ဒီကေဘီအေခေါင်းဆောင်တွေက ကာစီနိုရုံတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှာ ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ ဒီနောက် လိမ်လည်တဲ့ဂိုဏ်းတွေနဲ့ ကာစီနိုရုံတွေထဲမှာ ရောင်းစာခံထားရတဲ့နိုင်ငံခြားသား၂၆၁ ဦးကို ထိုင်းအာဏာပိုင်တွေထံကို ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ DKBA ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် စစ်ဦးစီးအရာရှိချုပ် ဗိုလ်မူးဆန်းအောင်က VOA ကိုပြောပါတယ်။

“ကျနော်တို့ရှာဖွေတွေ့ရှိတဲ့သူမှန်သမျှကို လွှဲအပ်လိုက်ပါတယ်၊ ဒီကနေ့မှာပဲ၊ လွှဲအပ်တဲ့နေရာမှာ လည်း အခက်အခဲများစွာရှိတယ်။ စစ်ကောင်စီရဲ့ဥပဒေကို အပြည့်အ၀အတိအကျလိုက်နာဖို့လည်း ခက်ခဲတယ်၊ ဘာဖြစ်လဲဆိုတော့ စစ်ကောင်စီဘက်က လူဝင်မှုကြီးကြပ်ရေးလ၀က ကလည်း သူတို့က တောင်းဆိုတယ်။ ကျနော်တို့ကလည်း သွားပို့ဖို့က ကျနော်တို့ကလမ်းခရီးကခက်ခဲတယ်။ ဒီတော့ အနီးဆုံးထိုင်းဘက်ကိုပဲ ကျနော်တို့လွှဲပြောင်းပေးလိုက်ပါတယ်။”

ဖိလစ်ပိုင်က ၂၆ ဦး၊ ဘင်္ဂလားဒေ့ရှ်က ၁၃ ဦး၊ ဘရာဇီးက ၂ ဦး၊ နီပေါက ၁ ဦး၊ ကင်ညာ ၃၃ ဦး၊ လာအို ၁၉ ဦး၊ အီသီယိုးပီးယား ၄၆ ဦး၊ ပါကစ္စတန် ၃၁ ဦး၊ တန်ဇန်းနီးယား ၁ ဦး၊ သီရိလင်္ကာ ၁ ဦး၊ ယူဂန်ဒါ ၂ ဦး၊ ထိုင်ဝမ်မှ ၄ ဦးအပါအဝင် နိုင်ငံခြားသား ၂၆၀ ကျော်ကိုလွှဲပြောင်းပေးခဲ့တယ်လို့ DKAB က ပြော ပါတယ်။ လူကုန်ကူးခံရပြီး ပြန်လည်လွတ်မြောက်လာသူတွေကိုတော့ တာ့ခရိုင် ဖွတ်ဖရမြို့နယ်ကနေ ထိုင်းစစ်တပ်တွေက ကားတွေနဲ့ခေါ်ဆောင်ခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၆ ရက်နေ့ကတော့ မြန်မာနယ်ခြားစောင့်တပ်ကလည်း လူကုန်ကူးခံရသူ နိုင်ငံခြားသား ၆၁ ဦးကို ထိုင်းနိုင်ငံဘက် ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG