သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေတိုက်ဖျက်ရေး အားပေးဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin တိုက်တွန်း


ထိုင်းဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ လက်ရှိထိုင်းဝန်ကြီးချုပ်ရဲ့ဖခင်လည်းဖြစ်တဲ့ Thaksin Shinawatra (ယခင်မှတ်တမ်းဓာတ်ပုံ)
ထိုင်းဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ လက်ရှိထိုင်းဝန်ကြီးချုပ်ရဲ့ဖခင်လည်းဖြစ်တဲ့ Thaksin Shinawatra (ယခင်မှတ်တမ်းဓာတ်ပုံ)

မြန်မာနိုင်ငံနယ်ခြားက အွန်လိုင်းငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေကို တိုက်ဖျက်ရေးမှာ မပြီးဆုံးသေးသလို ထောက်ခံပေးကြဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra က မြန်မာနိုင်ငံအတွင်းက လူ့မှုအဖွဲ့အစည်းတွေကို တိုက်တွန်းပြောဆိုလိုက်တာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။

ငွေကြေးလိမ်လည်တဲ့ ရာဇဝတ်ဂိုဏ်းတွေကို အမြစ်ဖြတ်ချေမှုန်းပြီးချိန်မှာ မြန်မာနိုင်ငံကိုပေးပို့နေတဲ့ လျှပ်စစ်မီးနဲ့ အင်တာနက်တွေ ပုံမှန်ပြန်လည်ပေးသွားမယ်လို့လည်းလည်း ဝန်ကြီးချုပ်ဟောင်း Thaksin က ဘန်ကောက်မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြား လက်နက်ကိုင်သူပုန်အဖွဲ့တချို့ဟာ အွန်လိုင်းငွေကြေးလိမ်လည်လုပ်ငန်းတွေနဲ့ မူးယစ်ဆေးဂိုဏ်းတွေဆီက ဝင်ငွေရဖို့ ကြိုးစားခဲ့တယ်လို့လည်း ပြောပါတယ်။ ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းဖို့လိုတယ်လို့လည်း ဝန်ကြီးချုပ်ဟောင်း Thaksin က ပြောပါတယ်။

စနေနေ့က မြန်မာနိုင်ငံ မြဝတီမြို့မှာ ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးဖြတ်တောက်တာကို ဆန့်ကျင်ပြီး မြန်မာနိုင်ငံသား ၁၀၀ ဆန္ဒပြခဲ့ကြပါတယ်။ ထိုင်းဘက်က လျှပ်စစ်မီးဖြတ်တောက်တဲ့အတွက် လာအိုနိုင်ငံကဝယ်ဖို့ မြန်မာနိုင်ငံက ကြိုးစားနေတဲ့အကြောင်းလည်း သတင်းမှာ ရေးပါတယ်။

အွန်လိုင်ငွေကြေးလိမ်လည်တဲ့ အဓိကဂိုဏ်းတွေဟာ ထိုင်းနိုင်ငံ Sa Kaeo ပြည်နယ်နဲ့ နယ်ခြား ကမ္ဘောဒီးယားနိုင်ငံ Poipet မြို့တော်အဆောက်အဦးတခုရဲ့ ၁၅ ထပ်အမြင့်ကနေပြီး လုပ်ငန်းတွေကို ထိန်းချုပ် လည်ပတ်နေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေရရှိထားတဲ့အကြောင်း၊ တိုက်ဖျက်ရေးအတွက် ကမ္ဘောဒီးယားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားသွားမယ့်အကြောင်း ဝန်ကြီးချုပ်ဟောင်း Taksin က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG