သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်နွယ်မှုနဲ့ ထိုင်းရဲအရာရှိတချို့ စစ်ဆေးအရေးယူခံရ


ကရင်ပြည်နယ် မြဝတီခရိုင် ကျောက်ခက်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရသူတွေကို ထိုင်း-မြန်မာနယ်စပ်မှာ ထိုင်းစစ်တပ်က လာရောက်ခေါ်ယူနေစဉ် (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)
ကရင်ပြည်နယ် မြဝတီခရိုင် ကျောက်ခက်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရသူတွေကို ထိုင်း-မြန်မာနယ်စပ်မှာ ထိုင်းစစ်တပ်က လာရောက်ခေါ်ယူနေစဉ် (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)

မြန်မာနယ်စပ် အွန်လိုင်းငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေနဲ့ ဆက်နွယ်ပတ်သက်နိုင်ခြေ စုံစမ်းစစ်ဆေးဖို့ Tak ခရိုင် နယ်ခြားဒေသက ထိုင်းရဲတပ်ဖွဲ့အကြီးအကဲတွေကို နေရာရွှေ့ပြောင်း တာဝန် ထမ်းဆောင်ခိုင်းထားကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာရေးပါတယ်။

တပ်ခ်ခရိုင်ထဲက လူသိများတဲ့ ရဲချုပ်အဆင့်တာဝန်ရှိသူနှစ်ယောက်ကို ဘန်ကောက်ဌာနချုပ်မှာ တာဝန် ရွှေ့ပြောင်းထမ်းဆောင်ဖို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ Kittharath Punpetch က အမိန့်ထုတ်လိုက်တာပါ။

တချိန်တည်းမှာ Mae Sot, Mae Ramat နဲ့ Phob Phra ရဲစခန်း နယ်မြေမှူးအားလုံး အမှတ် ၆ ပြည်နယ် ရဲဌာနချုပ်မှာ ချက်ခြင်း ရွှေ့ပြောင်းတာဝန်ယူဖို့လည်း ရဲတပ်ဖွဲ့အကြီးအကဲက ညွှန်ကြားလိုက်ပါတယ်။

အသက် ၅၃ နှစ်အရွယ် မဲဆောက်ရဲချုပ် Ekkarat ဟာ မြေဧက ၂ ဧကလောက် ကျယ်တဲ့မြေပေါ်မှာ ရေတံခွန်နဲ့ ကိုယ်ပိုင် ဂေါက်ဖ်ကစားကွင်းပါတဲ့ ဇိမ်ခံအိမ်ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူ့နဲ့အတူ ရဲအရာရှိ အတော်များများကို မြန်မာနိုင်ငံအတွင်းက လူကုန်ကူးမှုတွေ၊ အွန်လိုင်းငွေကြေး လိမ်လည်တဲ့ လောင်းကစားရုံတွေနဲ့ ဆက်နွယ်ပတ်သက်မှုရှိမရှိ စစ်ဆေးသွားမယ့်အကြောင်း သတင်းမှာ ဖေါ်ပြပါတယ်။

ထိုင်း ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai ကလည်း နယ်ခြားဒေသ တရားမဝင်လုပ်ငန်းနဲ့ ဆက်နွယ်ပတ်သက်တဲ့ ရဲအရာရှိအားလုံးကို ဖယ်ရှားသွားမယ်ဆိုပြီး မနေ့က အင်္ဂါနေ့မှာ ပြောဆို သတိပေးထားပါတယ်။

Forum

XS
SM
MD
LG