သုံးရလွယ်ကူစေသည့် Link များ

 
မြန်မာနယ်စပ်လျှပ်စစ်မီးနဲ့ လူသုံးကုန်ဖြတ်တောက်မှုရပ်ဆိုင်းဖို့ ထိုင်းလုပ်ငန်းရှင်တွေတောင်းဆို
နောက်ဆုံးရသတင်း

မြန်မာနယ်စပ်လျှပ်စစ်မီးနဲ့ လူသုံးကုန်ဖြတ်တောက်မှုရပ်ဆိုင်းဖို့ ထိုင်းလုပ်ငန်းရှင်တွေတောင်းဆို


ထိုင်းနိုင်ငံဘက်ကနေ လျှပ်စစ်မီးဖြတ်တောက်ထားတဲ့ မြန်မာနိုင်ငံ၊ မြဝတီခရိုင်ထဲက ကာစီနိုလောင်းကစားရုံတွေနဲ့ ခရီးသွားလုပ်ငန်းတွေရှိရာ ရွှေကုက္ကိုမြို့။ (ဖေဖေါ်ဝါရီ ၁၉၊ ၂၀၂၅)
ထိုင်းနိုင်ငံဘက်ကနေ လျှပ်စစ်မီးဖြတ်တောက်ထားတဲ့ မြန်မာနိုင်ငံ၊ မြဝတီခရိုင်ထဲက ကာစီနိုလောင်းကစားရုံတွေနဲ့ ခရီးသွားလုပ်ငန်းတွေရှိရာ ရွှေကုက္ကိုမြို့။ (ဖေဖေါ်ဝါရီ ၁၉၊ ၂၀၂၅)

မြန်မာနိုင်ငံနယ်စပ်အခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရေး အစီအစဉ်တစိတ်တပိုင်း အဖြစ် ထိုင်းနိုင်ငံက လျှပ်စစ်မီး၊ အင်တာနက်၊ စက်သုံးဆီအပြင် လူသုံးကုန်တွေပါ တင်ပို့မှုပိတ်ထားတဲ့ အမိန့်ကို ဖယ်ရှားဖို့ ထိုင်းလုပ်ငန်းရှင်တွေ ဒီကနေ့ပဲ တောင်းဆိုလိုက်ကြပါတယ်။ တားမြစ်ကန့်သတ်မှု တွေကို ဖယ်ရှားဖို့ မြန်မာနယ်ခြားစောင့်တပ် BGF က တိုက်တွန်းခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ထိုင်း လုပ်ငန်းရှင်တွေကလည်း တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ဗွီအိုအေမြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ အပြည့်အစုံတင်ပြထားပါတယ်။

မြန်မာဘက်ခြမ်း ကို လျှပ်စစ်မီး၊ စက်သုံးဆီတွေ ရောင်းချမှု ဖြတ်တောက်ထားတာတွေကိုပယ်ဖျက်ဖို့ အတွက် မြန်မာဘက်က နယ်ခြားစောင့်ကမတ်လ (၁) ရက်နေ့က တောင်းဆိုလိုက်ပြီး မဲဆောက် ကုန်သည်ကြီးများအသင်းကလည်း လောင်စာဆီလုပ်ငန်းတွေလည်း ထိခိုက်ဆုံးရှုံးမှုတွေရှိနေတယ်လို့ ပြောလိုက်ပါတယ်။

မဲဆောက်ကုန်သည်အသင်း ‌ပြောရေးဆိုခွင့်ရှိသူ နိုင် ဆူချသရီ ဝပ်ထနာကတော့ ထိုင်းအစိုးရရဲ့ လောင်စာဆီဖြတ်တောက်ထားတာတွေကြောင့် ထိုင်းကုန်သည်တွေဘက်က အရှုံးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ်။

“နိုင် ဆူချပြောသွားတာကတော့ ခုလိုထိုင်းဘက်ကပိတ်ပင်ထားတာဟာ နှစ်ဘက်ကုန်သွယ်ရေး နစ်နာမှုတွေဖြစ်လာနေကြောင်း အထူးသဖြင့်လယ်ယာလုပ်ငန်းကုန်တွေနဲ့ လောင်စာဆီ တင်သွင်ခွင့်မရလို့ ထိုင်းဘက်ကလုပ်ငန်းရှင်တွေပါ ထိခိုက်နစ်နာနေရတာမို့ ပြန်ဖွင့်ပေးသင့်တယ်လို့ ပြောဆိုခဲ့တာပါ။”

လူကုန်ကူးခံရသူတွေကိုကယ်ထုတ်ထားတဲ့နယ်ခြားစောင့်တပ်အနေနဲ့ နိုင်ငံပေါင်း (၃၀) ကျော်က နိုင်ငံခြားသား(၇,၀၀၀) ကျော်အတွက်နေထိုင်စားသောက်ရေး၊ လုံခြုံရေးကျန်းမာရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးနေပြီး သက်ဆိုင်ရာနိုင်ငံတွေကလာခေါ်ရင် အဆင့်သင့်ဖြစ်အောင် လုပ်ဆောင် ထားတယ်လို့ဆိုပါတယ်။

ထိုင်းဘက်က လျှပ်စစ်၊ စက်သုံးဆီနဲ့ အင်တာနက် ဖြတ်တောက်မှုတွေကြောင့် လူသားချင်းစာနာမှု အကူအညီတွေ ဆောင်ရွက်ရာမှာ အခက်အခဲဖြစ်စေတယ်လို့လည်း BGF က ပြောထားပါတယ်။

မြ၀တီမြို့က ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းနိုင်ဖို့ ထိုင်းဘက်က လျှပ်စစ်မီးနဲ့လောင်စာဆီတွေကို ဖေဖေါ်ဝါရီလ (၄) ရက်နေ့ကစပြီး ဖြတ်တောက်ထားခဲ့တာကြောင့်လည်း ကျားဖြန့်လုပ်ငန်းတွေမှာ အခက်အခဲတွေဖြစ်နေသလို မြ၀တီမြို့က ပြည်သူတွေလည်း အခက်အခဲတွေရင်ဆိုင်နေရတာပါ။

နိုင်ငံတကာရဲ့ဖိအား၊ ထိုင်းနိုင်ငံကလျှပ်စစ်နဲ့ လောင်စာဆီဖြတ်တောက်မှုတွေကြောင့် ကျားဖြန့် လိမ်လည်ဂိုဏ်းတွေရဲ့ လုပ်ငန်းလည်ပတ်မှုတွေအားနည်းသွားပေမယ့် မြ၀တီမြို့မှာ လိမ်လည်ဂိုဏ်းတွေနဲ့ ကာစီနိုလုပ်ငန်းတွေကတော့ဆက်လက်လည်ပတ်နေဆဲဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG