သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ အလုပ်ရှင်က သေနတ်နဲ့ပစ်လို့ မြန်မာတဦးသေ


ထိုင်းနိုင်ငံတွင် အလုပ်သွားလုပ်ရန် မဲဆောက် လူဝင်မှုကြီးကြပ်ရေးရုံးတွင် စောင့်ဆိုင်းနေကြသည့် မြန်မာလုပ်သားများ။ (ဇူလိုင် ၃၊ ၂၀၁၇)
ထိုင်းနိုင်ငံတွင် အလုပ်သွားလုပ်ရန် မဲဆောက် လူဝင်မှုကြီးကြပ်ရေးရုံးတွင် စောင့်ဆိုင်းနေကြသည့် မြန်မာလုပ်သားများ။ (ဇူလိုင် ၃၊ ၂၀၁၇)

(Zawgyi / Unicode)

ထိုင်းနိုင်ငံ ဖန်းငခရိုင် ရာဘာခြံမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သားတွေကို အလုပ်ရှင်ရဲ့ မြေးဖြစ်သူက အကြောင်းပြချက်မရှိဘဲ ဒီဇင်ဘာလ ၁၀ ရက်နေ့က သေနတ်နဲ့ လိုက်လံပစ်ခတ်ပြီး ဓားနဲ့ထိုးခဲ့တာကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ ဦး ဒဏ်ရာရပြီး ဖန်းငဆေးရုံကြီးနဲ့ ဖူးခက်ဆေးရုံကြီးကို ပို့ထားရပြီး မျက်နှာကို သေနတ်နဲ့ပစ်ခတ်ခံရသူ မြန်မာအလုပ်သမားတဦးကတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့က ဖန်းငဆေးရုံမှာ သေဆုံးသွားပြီဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ဖန်းငခရိုင် ကုန်စီရီကျေးရွာ အမှတ် ၇ က ရာဘာခြံမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေဟာ အဆောင်မှာ အိပ်နေကြတဲ့အချိန် အလုပ်ရှင်ရဲ့ မြေးဖြစ်သူက မြန်မာနိုင်ငံသား ရာဘာလုပ်သားတွေကို သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဓားနဲ့လည်း လိုက်ထိုးခဲ့တာကြောင့် မြန်မာနိုင်ငံသားသုံးဦး ပြင်းထန်တဲ့ဒဏ်ရာတွေ ရသွားခဲ့ပါတယ်။ အဲဒီထဲက မျက်နှာကို သေနတ်နဲ့ပစ်ခတ်ခံရတဲ့ မြန်မာအလုပ်သမားတဦး သေဆုံးသွားကြောင်း ဖန်းငအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာ တာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

“သေတာကတော့ ဖန်းငဆေးရုံမှာပဲသေတာ။ စတက်ကတည်းက ဖန်းငမှာ တက်တာလေ။ သေသွားတဲ့သူတွေက ကိုရွှေသန်းတဲ့၊ ကိုငယ်လို့ပဲခေါ်ကြတယ်။ သေသွားတဲ့သူက သူတို့လိုပဲ ခြံလုပ်သားတွေပဲ။”

သေနတ်နဲ့အပစ်ခံရတဲ့ အလုပ်သမားတွေ နေထိုင်ရာ နေရာတွေမှာ ရာဘာခြံ ၆ ခုရှိပြီး အဲဒီထဲက မြန်မာအလုပ်သမား ၁၄ ဦးဟာ သေနတ်နဲ့ ပစ်ခတ်သွားတဲ့သူကို ဖမ်းမမိသေးတာကြောင့် စိုးရိမ်မှုနဲ့ ခြံတွေထဲမှာ မနေရဲဘဲ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

“ခြံတွေက ကပ်နေကြတာ။ ခြံဝန်း ၆ ခုမှာ ခြံလုပ်သား ၁၄ ယောက်ရှိတယ်။ အခုတော့ ထွက်ပြေးနေကြတယ်၊ ပြန်မလာရဲကြဘူး။ အထူးသဖြင့် တရားခံက မမိသေးဘူး ဆိုတော့လေ၊ လောလောဆယ်တော့ ဖမ်းမမိသေးဘူး။ ပတ်ဝန်းကျင်မှာရှိတဲ့ မြန်မာတွေ တယောက်မှ မနေရဲဘူး။ အလုပ်ရှင်တွေကလည်း မနေခိုင်းဘူး။ အခြေအနေက အဲဒီလိုဖြစ်နေတာပေါ့။”

အသက် ၅၀ အရွယ် ဦးလှိုင်ဝင်းကတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ဆေးရုံက ဆင်းလာခဲ့ပြီး ဒဏ်ရာက သက်သာလာတဲ့ မြန်မာအလုပ်သမားတွေကတော့ ဒီရာဘာတောမှာပဲ ဆက်ပြီး အလုပ်လုပ်ရဦးမှာမို့ အမှုဖွင့်ရင် သူတို့ကို ရန်ငြိုးထားမှာကိုလည်း စိုးရိမ်ကြောင်း ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

အခု သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ အလုပ်သမားတွေဟာ တရားဝင် အထောက်အထား စာရွက်စာတမ်းရှိတဲ့ အလုပ်သမားတွေ ဖြစ်ကြပါတယ်။

-------------------------------------

(Unicode)









တိုက်ရိုက် လင့်ခ်


XS
SM
MD
LG