သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းစက္ရုံပိတ္လုိ႔ ျမန္မာအလုပ္သမား ၂၀၀ ေက်ာ္ အခက္ေတြ႔


(ပံု-အလုပ္ျဖဳတ္ခံရတဲ့ အလုပ္သမားေတြကို ေရႊ႕ေျပာင္းအလုပ္သမားအခြင့္ေရးကြန္ယက္က ၀န္ထမ္းမ်ားက သြားေရာက္ ေဆြးေႏြူေနပံု)

(Zawgyi/Unicode)

ဒီႏွစ္အတြင္း စက္ရံုေပါင္း တေထာင္ေက်ာ္ ပိတ္ပစ္ခဲ့ရတဲ့ ထိုင္းနိုင္ငံမွာ ဒီဇင္ဘာလ ၂၃ရက္ေန႔က ျမန္မာအလုပ္သမား ၂၀၀ ေလာက္ အလုပ္လုပ္ေနတဲ့ ကားပစၥည္း ထုတ္စက္ရံု တရံု ရုတ္တရက္ ပိတ္လိုက္တဲ့အတြက္ ျမန္မာအပါအဝင္ အဲဒီစက္ရံုမွာ အလုပ္လုပ္ေနတဲ့ အလုပ္သမားေတြ အခက္ႀကံဳေနရပါတယ္။ အျပည့္အစံုကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းပို႔ထား ပါတယ္။

စမုစခြန္ ခရိုင္ ၊ က်လန္ရခ်ဒါလမ္း က အလုပ္သမား တေထာင္ေက်ာ္ ရွိတဲ့ Pong Parodan ရာဘာကုမၸဏီ လီမိတက္ စက္ရံု ကို ပိတ္သိမ္းလိုက္ေၾကာင္း ရုတ္တရက္ ေၾကညာလိုက္တာေၾကာင့္ အလုပ္သမားေတြကို ထိုင္း အေျခစိုက္ ေရႊ႕ေျပာင္းအလုပ္သမား အခြင့္ေရး ကြန္ယက္က သြားေရာက္ေတြ႔ဆံုခဲ့ၿပီး သူတို႔အတြက္ နစ္နာေၾကးရရွိေအာင္ ကူညီ ေဆာင္ရြက္ေပးဖို႔ လုပ္ေဆာင္ေနတယ္လုိ႔ ေရြေျပာင္း အလုပ္သမား အခြင့္ေရး ကြန္ယက္ ဥကၠဌ ဦးေအာင္ေက်ာ္က ခုလို ေျပာပါတယ္။

စက္ရံုကုိပိတ္သိမ္းလိုက္ၿပီလို႕ ေၾကညာလိုက္တာ စက္ရံုကုိ ဆက္လက္ လည္ပတ္ႏိုင္စြမ္း မရွိဘူးဆိုၿပီး ပိတ္လိုက္တာ။ ထုိင္းအစိုးရ ဌာနဆိုင္ရာတို႔နဲ႔ ထုိင္းအလုပ္သမားသမဂၢ ေတြ ေပါင္းျပီး ဆက္လက္ျပီးအခြင့္ေရး အျပည့္အ၀ရိွေအာင္ ဆက္လက္ေဆာင္ရြက္မယ္ေပါ့။ အလုပ္သမား ၁၀၀၀ေက်ာ္ထဲမွာ ျမန္မာအလုပ္သမား ၂၀၀ေက်ာ္ရိွပါတယ္။ ျမန္မာအလုပ္သမားေတြက လည္း က်ေနာ္တို႔ အလုပ္သမားေရးလုပ္ေနတဲ့ အဖဲြ ့ေတြနဲ႔ တသံတည္း လိုက္ပါမွျဖစ္မွာပါ ။ နစ္နာေၾကး ရေအာင္ လုပ္ေပးလို႔ ရမယ္ ၃ႏွစ္လုပ္ထားရင္ ၃ႏွစ္နစ္နာေၾကးရေအာင္ လုပ္မယ္ တႏွစ္္ဆုိ တႏွစ္ ၊ ၆ ႏွစ္ဆုိ ၆ႏွစ္စာရေအာင္ နစ္နာေၾကးရေအာင္ လုပ္ေပးဖို႔ ရွိတယ္။”

ေလာေလာဆည္မွာေတာ့ စက္ရံုပိုင္ရွင္က ျမန္မာအလုပ္သမားေတြကို ၁၅ ရက္စာ လုပ္အားခေပးမယ့္ အေၾကာင္းနဲ႔ ေနာက္ႏွစ္က်မွ အလုပ္ထပ္ခန္႔မယ္ ဆုိတာမ်ိဳးေတြ ေျပာၿပီး စည္းရံုး ေနတာေၾကာင့္ အလုပ္သမားေတြဟာ ဘာဆက္လုပ္ရမယ္ ဆိုတာ တိတိက်က် မဆံုးျဖတ္ႏိုင္ပဲ ျဖစ္ေနတယ္လို႔လည္း ေျပာပါတယ္။

ျမန္မာအလုပ္သမား အမ်ားစုကို ၾကည့္လုိက္ေတာ့ MOU လုပ္သားက ၅၀ ေလာက္ရွိျပီး တျခား စာရြက္စာတမ္းေတြနဲ့ လုပ္ကုိင္ေနတာက ဒီႏိုင္ငံမွာ လုပ္ထားတဲ့ယာယီ စာအုပ္ေတြနဲ႔ ရွိတယ္။ လုပ္သားေတြက မညီမညြတ္ျဖစ္ေနတာက ၁၅ ရက္စာ အလုပ္ရွင္ က ေပးမဲ့ဟာကုိ ယူလိုက္မယ္ ။ အလုပ္ရွင္က ငါတုိ႔ ကို ေနာက္ထပ္ အလုပ္ျပန္ခန္႔မယ္လို႔ ေျပာတယ္၊ အလုပ္ပံုမွန္ရွိဖို့ လိုအပ္တယ္ ဆုိတဲ့ ဆံုးျဖတ္တာမ်ိဳးေတြလည္း ရွိေနတယ္”

ျမန္မာလုပ္သားေတြထဲမွာ ၁၀ႏွစ္ေက်ာ္ လုပ္သက္ရွိတဲ့ အလုပ္သမားေတြလည္း ပါဝင္ေနတာ ျဖစ္ၿပီး ဒီလိုအလုပ္သမားေတြ အတြက္ နစ္နာေၾကး ေပးရမယ္ဆုိရင္ တဦးကုိ ဘတ္ေငြ ၉ေသာင္းေက်ာ္ေလာက္ ေပးရမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အလုပ္ရွင္ေတြ အေနနဲ႔ ႏွစ္ရွည္ အလုပ္သမားေတြကုိ နစ္နာေၾကး ေပးရမွာ စိုးၿပီး ေလာေလာဆည္ ၁၅ရက္စာ လုပ္အားခ ေပးမယ္ဆိုတာနဲ႔ အလုပ္အသစ္ ခန္႔ေပးမယ္ ဆုိၿပီး ျမန္မာအလုပ္သမားေတြကုိ ေျပာဆုိ ေနတယ္လို႔လည္း ဦးေအာင္ေက်ာ္က ေျပာပါတယ္။

အလုုပ္သမားေတြၾကားမွာေတာ့ အလုပ္ရွင္ ေျပာတာကို လက္မွတ္ထိုး လက္ခံမယ့္ အုပ္စုနဲ႔ နစ္နာေၾကးရေအာင္ ႀကိဳးစားမယ္ ဆုိတဲ့အုပ္စု ေတြ ျဖစ္ေနတာေႀကာင့္ ထပ္ၿပီး ေဆြးေႏြးရမယ္လို႔လည္း ေျပာပါတယ္။

စက္ရံုဘက္ကေတာ့ စီပြားေရးရင္းႏွီးျမွဳပ္နွံမွု အၾကပ္အတည္းေၾကာင့္ အခုလို စက္ရံုပိတ္ဖို႔ ဆံုးျဖတ္ရတာ ျဖစ္ၿပီး စက္ရံုအလုပ္သမားေတြ အတြက္ စာခ်ဳပ္ပါအတိုင္း ရပိုင္ခြင့္မ်ားကို ရွင္းေပးမွာျဖစ္တယ္လို ့ ထုတ္ျပန္ထားပါတယ္။ ဒါ့အျပင္ တကယ္လို ့ ၂၀၂၀ ခုႏွစ္မွာ စက္ရံုျပန္ၿပီး လည္ပတ္နိုင္မယ္ဆိုရင္ အလုပ္သမားေတြအေနနဲ ့ အလုပ္ ျပန္ၿပီး ေလွ်ာက္ထားနိုင္တယ္လို ့လည္း ႏႈတ္ကတိေပး ေျပာဆိုထားတာပါ။

နို၀င္ဘာလ အတြင္း မွာလုပ္တဲ့ ထိုင္း ၀န္ႀကီးခ်ဳပ္ ပရာယြတ္က်န္အိုခ်ာရဲ ့ သတင္းစာ ရွင္းလင္းပြဲမွာေတာ့ ၂၀၁၉ ခုနွစ္ ၁၁ လအတြင္း စက္ရံုေပါင္း ၁၄၀၀ေက်ာ္ ပိတ္ခဲ့ရတယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။ လက္ရွိမွာေတာ့ ထိုင္းႏိုင္ငံသားနဲ႔ ႏိုင္ငံျခားသား အလုပ္သမား စုစုေပါင္း ၄ ေသာင္းေက်ာ္ဟာ ၂၀၁၉ခုႏွစ္အတြင္း အလုပ္လက္မဲ့ ျဖစ္ခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ထိုင်းစက်ရုံပိတ်လို့ မြန်မာအလုပ်သမား ၂၀၀ ကျော် အခက်တွေ့

(Unicode)

ဒီနှစ်အတွင်း စက်ရုံပေါင်း တထောင်ကျော် ပိတ်ပစ်ခဲ့ရတဲ့ ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလ ၂၃ရက်နေ့က မြန်မာအလုပ်သမား ၂၀၀ လောက် အလုပ်လုပ်နေတဲ့ ကားပစ္စည်း ထုတ်စက်ရုံ တရုံ ရုတ်တရက် ပိတ်လိုက်တဲ့အတွက် မြန်မာအပါအဝင် အဲဒီစက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ အခက်ကြုံနေရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပို့ထား ပါတယ်။

စမုစခွန် ခရိုင် ၊ ကျလန်ရချဒါလမ်း က အလုပ်သမား တထောင်ကျော် ရှိတဲ့ Pong Parodan ရာဘာကုမ္ပဏီ လီမိတက် စက်ရုံ ကို ပိတ်သိမ်းလိုက်ကြောင်း ရုတ်တရက် ကြေညာလိုက်တာကြောင့် အလုပ်သမားတွေကို ထိုင်း အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်ရေး ကွန်ယက်က သွားရောက်တွေ့ဆုံခဲ့ပြီး သူတို့အတွက် နစ်နာကြေးရရှိအောင် ကူညီ ဆောင်ရွက်ပေးဖို့ လုပ်ဆောင်နေတယ်လို့ ရွေပြောင်း အလုပ်သမား အခွင့်ရေး ကွန်ယက် ဥက္ကဌ ဦးအောင်ကျော်က ခုလို ပြောပါတယ်။

“စက်ရုံကိုပိတ်သိမ်းလိုက်ပြီလို့ ကြေညာလိုက်တာ စက်ရုံကို ဆက်လက် လည်ပတ်နိုင်စွမ်း မရှိဘူးဆိုပြီး ပိတ်လိုက်တာ။ ထိုင်းအစိုးရ ဌာနဆိုင်ရာတို့နဲ့ ထိုင်းအလုပ်သမားသမဂ္ဂ တွေ ပေါင်းပြီး ဆက်လက်ပြီးအခွင့်ရေး အပြည့်အဝရှိအောင် ဆက်လက်ဆောင်ရွက်မယ်ပေါ့။ အလုပ်သမား ၁၀၀၀ကျော်ထဲမှာ မြန်မာအလုပ်သမား ၂၀၀ကျော်ရှိပါတယ်။ မြန်မာအလုပ်သမားတွေက လည်း ကျနော်တို့ အလုပ်သမားရေးလုပ်နေတဲ့ အဖွဲ့တွေနဲ့ တသံတည်း လိုက်ပါမှဖြစ်မှာပါ ။ နစ်နာကြေး ရအောင် လုပ်ပေးလို့ ရမယ် ၃နှစ်လုပ်ထားရင် ၃နှစ်နစ်နာကြေးရအောင် လုပ်မယ် တနှစ်ဆို တနှစ် ၊ ၆ နှစ်ဆို ၆နှစ်စာရအောင် နစ်နာကြေးရအောင် လုပ်ပေးဖို့ ရှိတယ်။”

လောလောဆည်မှာတော့ စက်ရုံပိုင်ရှင်က မြန်မာအလုပ်သမားတွေကို ၁၅ ရက်စာ လုပ်အားခပေးမယ့် အကြောင်းနဲ့ နောက်နှစ်ကျမှ အလုပ်ထပ်ခန့်မယ် ဆိုတာမျိုးတွေ ပြောပြီး စည်းရုံး နေတာကြောင့် အလုပ်သမားတွေဟာ ဘာဆက်လုပ်ရမယ် ဆိုတာ တိတိကျကျ မဆုံးဖြတ်နိုင်ပဲ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

“မြန်မာအလုပ်သမား အများစုကို ကြည့်လိုက်တော့ MOU လုပ်သားက ၅၀ လောက်ရှိပြီး တခြား စာရွက်စာတမ်းတွေနဲ့ လုပ်ကိုင်နေတာက ဒီနိုင်ငံမှာ လုပ်ထားတဲ့ယာယီ စာအုပ်တွေနဲ့ ရှိတယ်။ လုပ်သားတွေက မညီမညွတ်ဖြစ်နေတာက ၁၅ ရက်စာ အလုပ်ရှင် က ပေးမဲ့ဟာကို ယူလိုက်မယ် ။ အလုပ်ရှင်က ငါတို့ ကို နောက်ထပ် အလုပ်ပြန်ခန့်မယ်လို့ ပြောတယ်၊ အလုပ်ပုံမှန်ရှိဖို့ လိုအပ်တယ် ဆိုတဲ့ ဆုံးဖြတ်တာမျိုးတွေလည်း ရှိနေတယ်”

မြန်မာလုပ်သားတွေထဲမှာ ၁၀နှစ်ကျော် လုပ်သက်ရှိတဲ့ အလုပ်သမားတွေလည်း ပါဝင်နေတာ ဖြစ်ပြီး ဒီလိုအလုပ်သမားတွေ အတွက် နစ်နာကြေး ပေးရမယ်ဆိုရင် တဦးကို ဘတ်ငွေ ၉သောင်းကျော်လောက် ပေးရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အလုပ်ရှင်တွေ အနေနဲ့ နှစ်ရှည် အလုပ်သမားတွေကို နစ်နာကြေး ပေးရမှာ စိုးပြီး လောလောဆည် ၁၅ရက်စာ လုပ်အားခ ပေးမယ်ဆိုတာနဲ့ အလုပ်အသစ် ခန့်ပေးမယ် ဆိုပြီး မြန်မာအလုပ်သမားတွေကို ပြောဆို နေတယ်လို့လည်း ဦးအောင်ကျော်က ပြောပါတယ်။

အလုပ်သမားတွေကြားမှာတော့ အလုပ်ရှင် ပြောတာကို လက်မှတ်ထိုး လက်ခံမယ့် အုပ်စုနဲ့ နစ်နာကြေးရအောင် ကြိုးစားမယ် ဆိုတဲ့အုပ်စု တွေ ဖြစ်နေတာကြောင့် ထပ်ပြီး ဆွေးနွေးရမယ်လို့လည်း ပြောပါတယ်။

စက်ရုံဘက်ကတော့ စီပွားရေးရင်းနှီးမြှုပ်နှံမှု အကြပ်အတည်းကြောင့် အခုလို စက်ရုံပိတ်ဖို့ ဆုံးဖြတ်ရတာ ဖြစ်ပြီး စက်ရုံအလုပ်သမားတွေ အတွက် စာချုပ်ပါအတိုင်း ရပိုင်ခွင့်များကို ရှင်းပေးမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် တကယ်လို့ ၂၀၂၀ ခုနှစ်မှာ စက်ရုံပြန်ပြီး လည်ပတ်နိုင်မယ်ဆိုရင် အလုပ်သမားတွေအနေနဲ့ အလုပ် ပြန်ပြီး လျှောက်ထားနိုင်တယ်လို့လည်း နှုတ်ကတိပေး ပြောဆိုထားတာပါ။

နိုဝင်ဘာလ အတွင်း မှာလုပ်တဲ့ ထိုင်း ဝန်ကြီးချုပ် ပရာယွတ်ကျန်အိုချာရဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ၂၀၁၉ ခုနှစ် ၁၁ လအတွင်း စက်ရုံပေါင်း ၁၄၀၀ကျော် ပိတ်ခဲ့ရတယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံသားနဲ့ နိုင်ငံခြားသား အလုပ်သမား စုစုပေါင်း ၄ သောင်းကျော်ဟာ ၂၀၁၉ခုနှစ်အတွင်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG