သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း-ျမန္မာ ခ်စ္ၾကည္ေရးတံတား အမွတ္ ၂ စတင္အသံုးျပဳႏုိင္ေတာ့မည္


ထိုင္း-ျမန္မာခ်စ္ၾကည္ေရး အမွတ္ (၁) တံတား။ ေအာက္တိုဘာ ၃၊ ၂၀၀၇။

(Zawgyi/Unicode)

ထိုင္းႏုိင္ငံ မဲေဆာက္ၿမိဳ႕နဲ႔ ျမန္မာႏုိင္ငံ ျမ၀တီၿမိဳ႕တို႔ကို ခ်ိတ္ဆက္ထားတဲ႔ ထိုင္း-ျမန္မာ အမွတ္ ၂ ခ်စ္ၾကည္ေရးတံတားနဲ႔ နယ္စပ္ ထိန္းခ်ဳပ္ေရးဇံု (Border Control Facilities Zone) တို႔ကို ဒီကေန႔ ေအာက္တိုဘာလ ၃၀ ရက္ေန႔မွာ တရား၀င္ စတင္ ဖြင့္လွစ္ အသံုးျပဳမွာျဖစ္ပါတယ္။

ၿပီးခဲ႔တဲ႔ မတ္လ ၁၉ ရက္ေန႔က တံတား တည္ေဆာက္ၿပီးစီးမႈ အထိမ္းအမွတ္ ဖြင့္ပြဲက်င္းပခဲ့ၿပီးျဖစ္ၿပီး ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ထိုင္း၀န္ႀကီးခ်ဳပ္ Prayut Chan-o-cha တို႔ တက္ေရာက္ခဲ႔ၾကတာပါ။

ဒီကေန႔ အသံုးျပဳႏုိင္ေတာ့မယ့္ ထိုင္း - ျမန္မာ အမွတ္ ၂ ခ်စ္ၾကည္ေရးတံတားကို မဟာမဲေခါင္းေဒသ ၆ ႏုိင္ငံ စီးပြားေရးစၾကၤန္လမ္း နယ္စပ္ျဖတ္ေက်ာ္ သယ္ယူပို႔ေဆာင္ေရး စာခ်ဳပ္အရ တည္ေဆာက္ခဲ့တာျဖစ္ၿပီး ထိုင္းဘက္က ထိုင္းဘတ္ေငြ သန္း ၄,၀၀၀ ေက်ာ္ ကုန္က်ခံ တည္ေဆာက္ခဲ႔တာ ျဖစ္ပါတယ္။

မဲေဆာက္နဲ႔ ျမ၀တီကို ခ်ိတ္ဆက္ထားတဲ႔ အမွတ္ ၁ ထိုင္း-ျမန္မာ ခ်စ္ၾကည္ေရးတံတားရဲ႕ ေျမာက္ဘက္ ၃ မိုင္ေက်ာ္မွာ တည္ေဆာက္ထားတဲ့ အခု အမွတ္ ၂ ထိုင္း-ျမန္မာ ခ်စ္ၾကည္ေရးတံတားကေတာ့ ျမ၀တီၿမိဳ႕နယ္ ေရပူေက်းရြာကေန ေသာင္ရင္းျမစ္ကိုျဖတ္ၿပီး ထိုင္းႏုိင္ငံဘက္ျခမ္းက မဲေဆာက္ၿမ္ိဳ႕နဲ႔ ခ်ိတ္ဆက္ထားတာျဖစ္ပါတယ္။

အခု ထိုင္း-ျမန္မာ အမွတ္ ၂ ခ်စ္ၾကည္ေရးတံတား ဖြင့္လွစ္ၿပီးရင္ေတာ့ ႏွစ္ႏုိင္ငံကုန္သြယ္ေရး သိသိသာ တိုးတက္လာမယ္လို႔လည္း ႏွစ္ႏုိင္ငံ စီးပြားေရး အသိုင္းအ၀ိုင္းက ေမွ်ာ္လင့္ထားပါတယ္။ အခု အသစ္ဖြင့္လွစ္မယ့္ ခ်စ္ၾကည္ေရးတံတားသစ္နဲ႔ အေကာက္ခြန္ စစ္ေဆးေရးဂိတ္ကိုေတာ့ မနက္ ၅ နာရီခြဲကေန ည ၈ နာရီခြဲအထိ ဖြင့္လွစ္မွာျဖစ္ၿပီး ေဒသခံ စီးပြားေရးလုပ္ငန္းရွင္ေတြကေတာ့ သန္းေခါင္အထိဖြင့္ဖို႔ ေတာင္းဆိုေနၾကပါတယ္။

.....................

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ စတင်အသုံးပြုနိုင်တော့မည်

(Unicode)

ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ မြန်မာနိုင်ငံ မြဝတီမြို့တို့ကို ချိတ်ဆက်ထားတဲ့ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားနဲ့ နယ်စပ် ထိန်းချုပ်ရေးဇုံ (Border Control Facilities Zone) တို့ကို ဒီကနေ့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ တရားဝင် စတင် ဖွင့်လှစ် အသုံးပြုမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က တံတား တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ် ဖွင့်ပွဲကျင်းပခဲ့ပြီးဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha တို့ တက်ရောက်ခဲ့ကြတာပါ။

ဒီကနေ့ အသုံးပြုနိုင်တော့မယ့် ထိုင်း - မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကို မဟာမဲခေါင်းဒေသ ၆ နိုင်ငံ စီးပွားရေးစင်္ကြန်လမ်း နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စာချုပ်အရ တည်ဆောက်ခဲ့တာဖြစ်ပြီး ထိုင်းဘက်က ထိုင်းဘတ်ငွေ သန်း ၄,၀၀၀ ကျော် ကုန်ကျခံ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

မဲဆောက်နဲ့ မြဝတီကို ချိတ်ဆက်ထားတဲ့ အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားရဲ့ မြောက်ဘက် ၃ မိုင်ကျော်မှာ တည်ဆောက်ထားတဲ့ အခု အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကတော့ မြဝတီမြို့နယ် ရေပူကျေးရွာကနေ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းက မဲဆောက်ြမို့နဲ့ ချိတ်ဆက်ထားတာဖြစ်ပါတယ်။

အခု ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတား ဖွင့်လှစ်ပြီးရင်တော့ နှစ်နိုင်ငံကုန်သွယ်ရေး သိသိသာ တိုးတက်လာမယ်လို့လည်း နှစ်နိုင်ငံ စီးပွားရေး အသိုင်းအဝိုင်းက မျှော်လင့်ထားပါတယ်။ အခု အသစ်ဖွင့်လှစ်မယ့် ချစ်ကြည်ရေးတံတားသစ်နဲ့ အကောက်ခွန် စစ်ဆေးရေးဂိတ်ကိုတော့ မနက် ၅ နာရီခွဲကနေ ည ၈ နာရီခွဲအထိ ဖွင့်လှစ်မှာဖြစ်ပြီး ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ သန်းခေါင်အထိဖွင့်ဖို့ တောင်းဆိုနေကြပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG