သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ၂၁ ဦး ထိုင်း-မလေးရှားနယ်စပ်မှာ ဖမ်းဆီးခံရ


၂၀၀၈ တုန်းက တရားမဝင် ဝင်ရောက်လာသူကို ဖမ်းဆီးစဉ်
၂၀၀၈ တုန်းက တရားမဝင် ဝင်ရောက်လာသူကို ဖမ်းဆီးစဉ်

ထိုင်း- မလေးနယ်စပ်ဆုံခလာရိုင်ဟတ်ရိုင်မြို့မှာ မလေးရှားကိုခိုးဝင်ဖို့ ကြိုးစားနေတဲ့မြန်မာ ၂၁ဦးကို ဇွန်လ ၂ရက်နေ့က ဖမ်းဆီးမိခဲ့ပါတယ်။ ဒီနှစ်အစကနေ အဲဒီ လမ်ကြောင်းကနေ ဖမ်းဆီမိတဲ့ လူဦးရေဟာ ၅၀၀ထက်မနည်းရှိနေပြီလို့အလုပ်သမားရေးဆောင်ရွက်နေသူတွေကဆိုပါတယ်။ ထိုင်းအခြေစိုက် VOA မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲမှာ အစစ်ဆေးအဖမ်းအဆီးတွေ များလာပြီးမှတ်ပုံမတင်ထားတဲ့ အလုပ်သမားကို ထိုင်းအစိုးရက တင်းတင်းကြပ်ကြပ်ကိုင်တွယ်နေချိန်မှာပဲ ထိုင်းနိုင်ငံဆုံခလာခရိုင် ၊ ဟတ်ရိုင်မြို တဆင့်မလေးရှားကို ခိုးဝင်ဖို့ကြိုးစားတဲ့မြန်မာတွေကို အစုလိုက်အပြုံလိုက်ဖမ်းဆီးမူတွေရှိလာပါတယ်။ ဇွန်လ ၂ရက်နေ့ ကတော့ ဆုံခလာခရိုင် ဟတ်ရိုင်မြိုမှာ မလေးရှားကို ခိုးဝင်ဖို့ လူပွဲစားတွေက စီစဉ်ပေးထားတာကို ထိုင်းရဲတွေက ဖမ်းဆိးမိခဲ့တယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံဖြိုးရေးဖောင်ဒေးရှင်းကမှတ်တမ်းနဲ့အလုပ်သမားရေးရာတာဝန်ခံဦးမင်းဦးကပြောပါတယ်။

"ဆုံခလာခရိုင်ထဲမှာအခုက ၂၁ယောက် ယောက်ကျားလေး ၁၉ယောက်မိန်းကလေး ၂ယောက်ပေါ့ တောက်လျောက်ပဲ ၂၅ရက်နေ့တုန်းကလည်း ၃၆ယောက် ၂၄ရက်နေတုန်းက ရယောက် ၂၆ ရက်နေတုန်းကတော့ အဲဒီ ရယောက်ကတရားမဝင်ခိုးဝင်မူ ရိုးရိုးအမူနဲပြန်လွတ်တယ် ၆၆ယောက်တုန်းကတော့လူကုန်ကူးမူမြောက်မယ်ထင်တယ် သူတို့က ပိတ်လှောင်ခံထားရတယ်လေ။ လမ်းကြောင်းက များတာကတော့ကော့သောင်းရနောင်းကနေ လာတာများတယ် ဒါပေမဲ့ရယောက်အုပ်စုတုန်းကတော့ပကျွတ်ပဲကနေလာတာလို့ ပြောတယ် ဒီဟာတွေကအများအပြားတွေရဲ့အုပ်စုတွေနဲ့လာတာများတယ် ကျနော်တို သိတဲ့ ၅စုလောက်တင်ကို လူ ၁၅၀လောက်ရှိတယ်"

အခုဆိုရင် ကော့သောင်းရနောင်းလမ်းကနေ လူခိုးသွင်းမူတွေ လူကုန်ူကူးမူတွေအများအပြားဖြစ်နေပြီး ၂၀၁၈ခုနှစ် နှစ်စကစလို့ ရာနဲ့ချီရှိတဲ့ မြန်မာတွေဟာ မလေးရှားနယ်စပ်ကို ခိုးဝင်ဖို့အတွက် လူပွဲစားတွေနဲ့ လာရောက်တာကြောင့် ဖမ်းဆီးခံရမူတွေရှိနေတာပါ။

အလုပ်သမားအသင်းအဖွဲ့တွေသိရှိတဲ့ အစုအဖွဲ့တွေအပြင်တခြား အာဏာပိုင်တွေက ဖမ်းဆီးမိတဲ့ အစုအဝေးအရေအတွက်ပေါင်း ၂၀ကျော်ရှိပြီး ၅လတွင်းအားလုံးပေါင်းရင် လူဦးရေ ၅၀၀ထက်မနည်း ရှိတယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေကပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG